သင်္ကြန်သီချင်း (ပြုံးစရာ)

ရာမညApril 10, 20131min26315

သင်္ကြန်တွင် ခေတ်စားမည့်သီချင်းများ

.. မူးကြမယ့်ပုလင်းသံ ပျံ့လွင့်လို့နေ .. ကူးပြောင်းစ တန်ခူးလေမှာ တစ်ယောက်တစ်ခွက်နဲ့ကမ်းကာ သောက်လိုက်ကြစဉ် .. မသောက်ဘူးပြောကာ အန်အောင်သောက်သူရေ ခေါင်းကြီးစိုက်လို့ မသောက်ဘူးပြောကာ

… အန်အောင် သောက်သူရေ ….သည်တန်ခူးရွှင်မြူး အမူးသောက်မယ်လေ ..ကမ်းကုန်အောင်သောက်လိုက်တော့လေ …မောင်မောင်ရယ်တဲ့ ကမ်းကုန်အောင်သောက်လိုက်တော့ ..မူးပါတယ်ခင်ဗျ …မန်မာဘီယာကမူးပါတယ်ဆိုြ

…..ဒဂုံဘီယာက မူးပါတယ်ကွယ် …ရှာပုံတော်မင်းသားကြီး…မဏ္ဍပ်တကာရောက်ခဲ့ပြီ ဘယ်အရပ်သူဇာတိမှန်းလဲ မသိတော့အခက်တွေ့ ….ပြီ မနှစ်ကပေးတဲ့ မင်းလိပ်စာ…ဦးပိုင်မြေကွက်ဖြ စ်နေသည်

…မမှတ်မိတော့ အခတ်သားလှဒေဝီ. သင်္ကြန်နွေဦး ချွတ်ပြ ချွတ်ပြ ချွတ်တဲ့ပွဲတော်ပါ သင်္ကြန်နွေဦး ရူးကြ မူးကြ ဆဲတဲ့ပွဲတော်ပါ ဟိုဘက်မှာလည်း ချွတ်ပြ ချွတ်ပြ sexy ပျိုမေပါ ဒီဘက်မှာလည်း ရူးကြ မူးကြ သေကြေကုန်ပြီ
ခင်ဗျာ ……….

Fb မှကူးယူဖေါ်ပြပါသည် ။

ကြိုးစားပါဦးမည်
ရာမည

15 comments

  • Myo Thant

    April 10, 2013 at 3:01 pm

    တွေးလည်း တွေးတတ်
    ရေးလည်း ရေးတတ်ပါ့ဗျာ

    ကျနော်ကတော့ သင်္ကြန်မှာ ရုံးအောင်း အခန်းအောင်းခဲ့တတ်တာ ကြာခဲ့ပြီပဲလေ ။

  • သူကလေး

    April 10, 2013 at 3:08 pm

    ကိုမျိုးသန့် …
    တစ်ကိုယ်တည်းဘွဆိုတော့ ဂလောက်တော့ရှိမပေါ့နော် .. အဟီး
    သူကလေးကတော့ ရန်ကုန်မှာကြောက်လို့ ဘန်ကောက်ပဲတွားတော့မယ် 😀

  • Myo Thant

    April 10, 2013 at 3:20 pm

    သွားနိူင်သူတွေ သွားပါကွယ်

    ဒို့ကတော့ ဧရာဝတီကမ်းနဘေးမှာ အလွမ်းတေးသမားလေးပဲ သွားလုပ်လိုက်ပါဦးမယ် သူကလေးရယ်

  • မယ်ဘုတ်

    April 10, 2013 at 3:42 pm

    ရူးကြ မူးကြ သေကြေကုန်ပြီခင်ဗျာ ………. ဟဟ အေးရောာာ

  • TNA

    April 10, 2013 at 5:47 pm

    သီချင်းလက်သုတ်။ မိုက်တယ်။

  • မောင် ပေ

    April 10, 2013 at 7:54 pm

    အက်စ်ဆစ်ရေ
    ပက်လို ့ကန်းချိန်ရောက်ပြီ
    အရက်ထဲလဲ အက်စ်ဆစ်ရောတယ်တဲ့…. ။
    ။။။။
    ရဲကိုကို သတင်းကြားမလားတော့ မသိဘူး
    ( မန်းတလေးက နာမည်ကြီးမုန် ့ဆိုင်ပိုင်ရှင်ရဲ ့သားက အရက်ပုလင်းတွေထဲ အက်ဆစ်တွေ ထည့်နေတာကို မိတော့ ၊ ဖအေ က ဝင်ဖမ်းခံတယ် ဆိုပဲ )

  • လူကလေး

    April 11, 2013 at 10:47 am

    ဟာကွာ .. ဂယ်ဂျီးဆိုမှဖြင့် ကမာ္ဘကျော်ကုန်တော့မှာပဲ. .

    ဒိုးတော့မယ် .. တရားစခန်းကို .. :mrgreen:

  • အရိပ်စစ်

    April 11, 2013 at 10:54 am

    အရက်ထဲ အက်ဆစ်ရောတယ် ဖရားး တကြားး
    ဦးကြီးတို့ ဘကြီးတို့ ကိုကြီးတို့ ချိတ်ပူအောင်လုပ်ကြနဲ့နော်

  • ရာမည

    April 11, 2013 at 12:15 pm

    ကိုမျိုးသန် ့ ၊ သူကလေး ၊ မယ်ဘုတ် ၊ TNA ၊ လူကလေး ၊ ဦးပေ ၊ အရိပ်စစ်
    နဲ ့ ဖတ်ရှုအားပေးသူအားလုံးမင်္ဂလာပါခင်ဗျာ ။
    နဲ နဲလေးပြုံးမိသွားရင် ဝမ်းသာပါတယ်
    ကျေးဇူးတင်ပါတယ်ခင်ဗျာ

    • ဗုံ ဗုံ

      April 11, 2013 at 12:29 pm

      ဟယ် မိဗုံလည်း ပြုံးသွားတယ်လေ ဦးလေးရဲကိုကိုကလည်း မိဗုံကို ကျတော့ချန်ထားခဲ့တယ် :harr:

      • ရာမည

        April 11, 2013 at 1:06 pm

        အသက်က မျက်စိကို ရန်ရှာနေလို ့ပါကွယ်
        ခွင့်လွှတ်ပါခင်ဗျာ :mrgreen:

  • cobra

    April 11, 2013 at 5:09 pm

    မှန်လိုက်တဲ့စာသားတွေ
    ဒါပေမယ့် ဟိုမှဟိုမှာမိတယ်
    ဟိုမှာဟိုဟာတွေ ဟိုလို လုပ်နေတယ်
    ဒီလိုသတင်းတွေကြားနေရတော့ဘယ်လိုမှ
    ရန်ကုန် သင်္ကြန်မကဲရဲတော့ဘူး။
    နောက်ဆုံးတော့ တောင်ငူက ဥမင်ကျော် ကျောင်းကိုပဲရောက်တော့မှာ သိနေတယ်။

    • ရာမည

      April 13, 2013 at 12:44 am

      ဥမင်ကျော်ဘုန်းကြီးကျောင်းရောက်ရင် ညောင်ပင်သုံးပင်ကိုဓတ်ပုံရိုက်ပြီး
      ဒီမှာ တင်ပါလား ။ ပေါက်နေပုံက ကြည့်ကောင်းလို့ပါ ။

  • မောင်ထက်ကြီး(မုံရွာ)

    April 12, 2013 at 4:33 am

    ကျုပ်တို့ ရဲ့ချစ်စရာကောင်တဲ့သင်္ကြန်ပွဲကြီးမှာ အပြင်ကိုမထွက်ရဲလောက်အောင်ဖြစ်နေတယ်ဗျာ…..

    • ရာမည

      April 13, 2013 at 12:46 am

      ဘာမှမဖြစ်ပါဘူးဗျာ ။ လုပ်စရာရှိတာလုပ်ပါခင်ဗျာ ။

Leave a Reply