ဂျော်ဂျီယာနည်းပညာတက္ကသိုလ်နှင့် ပါဂျူးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အပင်များမှ ရရှိသော သဘာဝပစ္စည်းများကိုအခြေခံ၍ ဆိုလာဆဲလ်အသစ်ကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ ၄င်းအော်ဂဲနစ် ဆိုလာဆဲလ်များ၏ အကျိုးရရှိမှုမှာ ၂.၇ ရာခိုင်နှုန်းသာရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲဒြပ်ပစ္စည်းများမှ ထုတ်ယူထားသော ဆဲလ်များဖြစ်၍ လွယ်ကူစွာဖြင့် ပြန်လည်သန့်စင်နိုင်ပါသည်။

ဂျော်ဂျီယာတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ ဘားနက်ကီပလန်က ဆိုလာနည်းပညာတွင် အော်ဂဲနစ် ပစ္စည်းများ၏ ဖွံ့ဖြိုးမှုနှင့် အရည်အသွေးကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အင်ဂျင်နီယာများကိုလည်း အနာဂတ်တွင် ဤနည်းပညာအား မည်သို့အသုံးချရမည်ကို ကောင်းမွန်စွာသိရှိနိုင်ရေး ပညာပေးလျက်   ရှိပါသည်ဟု ရှင်းပြပြောဆိုခဲ့ပါသည်။

recycle

အချို့အော်ဂဲနစ် ဆိုလာဆဲလ်များသည် ပြန်လည်အသုံးပြုသင့်ပါသည်။ တစ်နည်းအားဖြင့် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရမှု လျော့နည်းစေရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်မှ စွမ်းအင်ထုတ်လုပ်နိုင်သော နည်းပညာကိုဖန်တီးခြင်းဖြင့်  ပြဿနာတစ်ခုကို ဖြေရှင်း နိုင်မည်ဖြစ်ပြီး ၄င်းအရင်းအမြစ်များသည် သက်တမ်းကုန်ချိန်၌ စွန့်ပစ်စရာမလိုသော အရာများလည်း ဖြစ်ရပါမည်ဟု ကီပလန်မှ ထပ်မံပြောကြားခဲ့ပါသည်။

အော်ဂဲနစ် ဆိုလာဆဲလ်များသည် ပုံမှန်အားဖြင့် လွယ်ကူစွာ ပြန်လည်သန့်စင်မှု မပြုလုပ်နိုင်သော ပလတ်စတစ်နှင့် ဖန်စများမှ ထုတ်လုပ်ထားပါသည်။ ကီပလန်၏ ဆိုလာဆဲလ်များကမူ သစ်ပင်များမှ ရရှိသော Cellulose Nano Crystal (CNC) များမှ ထုတ်လုပ်ထားပါသည်။ ဆဲလ်များ သက်တမ်းကုန်ချိန်၌ ပြန်လည်သန့်စင်ရန် ၄င်းတို့အား အခန်းတွင်းအပူချိန်၌ ရေထဲတွင် ရိုးရှင်းစွာ စိမ်ထားရပါသည်။

မိနစ်အတော်ကြာ ရေစိမ်ထားစဉ်အတွင်း CNC ပစ္စည်းများ ပျော်ဝင်သွားပြီး အခြားအဓိကပစ္စည်းများနှင့် ဆိုလာဆဲလ်များအား လွယ်ကူစွာ ကွဲထွက်သွားစေပါသည်။ CNCပစ္စည်းသည် ဖောက်ထွင်းမြင်နိုင်သော ပစ္စည်းလည်း ဖြစ်ပါ သည်။
၂.၇ ရာခိုင်နှုန်းသာ အကျိုးရရှိမှုသည် ယခင်ထုတ်လုပ်ထားသော ဆိုလာဆဲလ် နည်းပညာနှင့် ယှဉ်ပါက ထိရောက်မှု နည်းပါးသေးသော်လည်း ပြန်လည်သန့်စင်ထုတ်လုပ်နိုင်မှုကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှု အားလုံးမှာမူ ကောင်းမွန်ပါသည်။ ဆက်လက်၍ သုတေသနပညာရှင်များသည် အနာဂတ်တွင် ၄င်းဆိုလာဆဲလ်အသစ်များ၏ အကျိုးရရှိမှုအား မြှင့်တင်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Source:Geogia Tech ;  Scientific Report Journal.

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)