အင်းလေး ဖောင်တော်ဦးဘုရား ရွှေဆိုင်း ကန်ထရိုက်တာနဲ့ တရားမဝင် ရွှေဆိုင်းရောင်းသူတွေ အမှုအကြောင်း သစ်ထူးလွင်မှာ ဖတ်ရတယ်။ ခွင့်ပြုချက် မရှိဘဲ ရွှေဆိုင်းရောင်းသူရဦး အချုပ်ခံရ တရားစွဲခံရတယ်။ ပြည်နယ်ဝံကျီး ကြားဝင်စေ့စပ်တယ်၊ ကန်ထရိုက်က ဂေါပကကို လွှဲချတယ်၊ အမှုကို ကြေအေးမပေးဘူး။ (ဘုရားကို အားနာစရာကြီးဗျာ) ထားပါတော့၊ ဖြစ်တုံးက ဘယ်လောက် ပြင်းထန်ခဲ့သလဲ မသိဘူး။ ဝေဖန်ချင်တာ အာမခံရတဲ့ ရွာသူနှစ်ဦး ကြမ်းပြင်မှာ ကျုံ့ကျုံ့လေး ထိုင်လို့၊ ဓာတ်ပုံထဲမှာ ဆက်တီဆိုဖာ၊ ကြမ်းခင်းကော်ဇောတွေ မြင်ရတယ်၊ လူကြီးတွေ ညှိနှိုင်းပေးတဲ့နေရာမှာ ဖြစ်ဖို့များတယ်။ မြန်မာပြည် တရားစီရင်ရေး ဗျုရိုကရေစီ ယန္တရား ပြယုဂ်တခုများလား သုံးသပ်ရင်း ဂေဇက်ရွာ မှတ်တမ်းသွင်းပါတယ်။ မူရင်းလင့်ခ် – http://www.thithtoolwin.com/2013/04/blog-post_1247.html?utm_source=BP_recent#.UWWUGaBNQdo

ဓာတ်ပုံ - သစ်ထူးလွင်

ဓာတ်ပုံ – သစ်ထူးလွင်

 

လုပ်ငန်းရှင်များ တင်ပြချက် လေထဲပျောက်သွားမည် မဟုတ်ကြောင်း ကုန်သည်ဂျီးများအသင်း ဆွေးနွေးပွဲတွင် လွှတ်တော်ငှက်ကထ ဦးရွှေမန်း မိန့်ကြားခဲ့ပြီးနောက် ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီး ထွက်သွားခဲ့ရာ ဒီတခေါက် ၎င်းဂတိစကား ရေစုံမျောမည့်ဟန်ရှိဂျောင်း ဂေါင်းကြီးကိုယ်သေး လဗြွတ်တုတ် ခရိုနီအသိုင်းအဝန်းမှ သုံးသပ်နေဂျသည်။

မိတ္ထီလာ အရေးအခင်းသည် ကူမြူနစ်များ မီးမွှေး၍ ဖြစ်ရကြောင်း ဒီးပဲရင်းလူသတ်ပွဲ တာဝန်ခံ ကြံ့ဖွတ်လူမိုက် ဦးအောင်သောင်းမှ ပြစ်တင်လိုက်ရာ ဖြတ်လေးဖြတ် အလုပ်ခံထားရ၍ လျှပ်စစ်မီးပင် မသုံးနိုင်သော ဗကပများ ထင်းမီးပင် ထပ်မံဖြတ်တောက် ခံရဖွယ်ရှိကြောင်း စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့မှ ခန့်မှန်းပြောဆိုသည်။

သမီးလေး ရတနာမိုင်မှ သင်္ကြန်ပွဲတော်အတွင်း လွတ်လွတ်လပ်လပ် ဝတ်ရတာ သဘောကျဆို၍ အတွင်းခံ အဝတ်အစား အရောင်းဆိုင်များ စိတ်ပျက်သွားသော်လည်း မိုးကာအင်းကျီ ကုမ္မဏီတခုမှ သင်္ကြန်ခြစ်ကြည်ရေး သံတမန်ခန့်ရန် ကမ်းလှမ်းထားသည်။

ဗြိတိန်နိုင်ငံမှ ဆောက်လုပ်ပေးမည့် ရန်ကုန်ဆေးရုံသစ်ကြီး ကုတင်မည်မျှဆန့်မည် မသေချာသေးသော်လည်း လိုအပ်မည့် ကုတင်များ အလုံအလောက် ရှိစေရန် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့မှ လက်သမားဆရာ ဦးစီးအရာရှိ၁၀ဝ ခေါ်ယူမည်ဖြစ်သည်။ ဆေးရုံသစ်စီမံကိန်း အကြံပေးဆောင်ရွက်သွားမည့် ဗြိတိန် ကြက်မရေး ဝန်ကြီးဟောင်း သမားဒေါ်ဂျီး လော့ဒ်ဒါဇီသည် စက်ရုပ်တွင်ဖြစ်ပွားသော ကင်ဆာရောဂါ ကုရာတွင် နာမည်ကြီး ခွဲစိတ်ပါရဂူဖြစ်ပြီး တရုတ်သံရုံးကမူ စက်ရုပ်တွင် ဖြစ်ပွားသော ပြန့်ပွားတတ်သည့် ကင်ဆာရောဂါဆိုသည်မှာ သံချေးတက်ခြင်း မျှသာဖြစ်ကြောင်း ဝေဖန်လိုက်သည်။

မန်လေးသင်္ကြန်အတွက် လုံခြုံရေးအင်အားကို ယခုနှစ်တွင် တိုးမြင့်ထားရာ မန်းလေဂေဇက်မှ ဆရာ၊ဆရာမများ ဖြစ်သော ဦးပေါက်၊ ကပေ၊ ကရဲစည်၊ ကခင်ခ၊ ဆွိမမ၊ ဗုံဗုံ တို့လွန်စွာ ကြွတက်နေကြသည်။ ယခင်နှစ်များတွင် ပလုံဘီယာဖြင့် စီးပွားဖြစ်သွားသူ ကပေမှ ကိုယ်ပိုင်ခြေလက်မျက်စိနှာခေါင်းတို့အား အသုံးပြုပြီး ရေပက်ခံလာ သမီးလေးများအား လုံခြုံရေးအလို့ငှာ ထိတွေ့ကိုင်တွယ် ပွတ်သပ်နမ်းရှုံ့၍ စကင်န်ဖတ် စစ်ဆေးသွားမည်ဟု သိရသည်။

 

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး