download (1) download (2) download (3) download images (1) images (2) images (3) images (4) images (5) images (6) images (7)

ပြဿနာ၏ အရင်းခံမှာ မလိုမုန်းတီးမှုပင်ဖြစ်သည်။ အတူကွဲပြားခြင်းတွေကို နားမလည်နိုင်ခြင်းကြောင့် ၊ လက်မခံနိုင်ခြင်းကြောင့် ပဋ္ဋိပက္ခဖြစ်ရသည်။ မြန်မာဗုဒ္ဓဘာသာတို့၏ စိတ်ထဲတွင် ဤနိုင်ငံသည် ငါတို့ နိုင် ငံ။ ငါတို့နိုင်ငံ ကိုလည်းလာနေသေးတယ် ၊ လူပါးကလည်း ၀ သေးတယ် ဟု မြင်သည်။ မွတ်စလင်ကုလား တို့၏ စိတ်တွင် ငါတို့ဘာသာကို ဖြစ်စေ ၊ ဘာသာဝင်ကိုဖြစ်စေ လာစော်ကားလျှင် အသက်ကိုပင်ပဓာန မထား အစွမ်းကုန်တုံ့ ပြန်သွားမည်ဟု စိတ်ထဲတွင်ရှိသည်။
ဗမာဗုဒ္ဓဘာသာတို့သည် အလွန်သဘောကောင်းပြီး အားနာတတ်၊ချစ်တတ်၊ ခင်တတ်၊ ဧည့်ဝတ်ကျေတတ် သောလူမျိုးဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး ရိုင်းပင်းကူညီတတ်ပြီး၊ သူတို့ကို လှည့်စားယုတ်မာ သွားမှ သာ နောင်တရတတ်ကြသောသဘောရှိသည်။ ထိုကဲ့သို့ အစော်ကား ခံရ ပါမူ အရင်က သည်းခံထားသမျှ တို့ပါပေါင်းပြီး ဒေါသ နှစ်ဆ ထွက်ကြတော့သည်။ ဒေါသပေါက်ကွဲ လာတော့သည်။ ဗမာသည် ကြောက်လျှင်သူများနှင့်မတူအောင်ကြောက်သော်လည်း သတ္တိရှိလျှင် မည်သည့် လူမျိုးနှင့်မျှ မတူ ရဲဝံ့ပြတ်သားကြသည်။

အပြင်မီဒီယာများတွင်ဖြစ်စေ၊ သတင်းစာ ဆောင်းပါး၊များတွင်ဖြစ်စေ၊ ရေဒီယို တီဗွီများတွင်ဖြစ်စေ ပြောကြားနေသော အချက်များသည် အမှန်တကယ် ရင်တွင်းကစကားများမဟုတ် ကြပါ။ စိတ်ထဲတွင် လိပ်ခဲတည်းလည်းဖြစ်နေကြလျှက် ရုပ်ထွက်ကောင်းစေရန် နှစ်ဖက်စလုံးညှိနှိုင်း၍ ပြော နေကြရသည်။ မွတ်စလင်များဖက်ကလည်း ငါတို့တော့ခံလိုက်ရပြီ ၊ ဒီတစ်ချီတော့ ရှိစေဦးတော့၊ ငါတို့ ညီနောင် များအတွက် တစ်ချိန်ချိန်တွင် နှစ်ဆ ကလဲ့စားချေမည် ဟုစိတ်ထဲတွင်ရှိသည်။ ဗမာ များဖက်က လည်း ဒီကောင်တွေ ဖင်ခေါင်းကျယ်ပြီး စွာနေကြတာ ဒီလောက်နဲ့ မကျေနပ်သေး အခါအခွင့်သင့်လျှင် သင့်သလို ချမည်၊ ဟုစိတ်ထဲတွင် ရှိသည်။
ဗမာများ ဆူပူလှုပ်ရှားမှုများရပ်သွားသည်မှာ မွတ်စလင်များထင်သလို ကမ္ဘာပေါ်တွင် မွတ်စလင်နိုင်ငံနှင့်လူဦးရေ သည် မြန်မာလူဦးရေထက်များနေသောကြောင့် မဟုတ်၊၊ မွတ်စလင်တို့ ကလဲ့စားချေမည်ကိုကြောက်၍ လည်းမဟုတ်။ စစ်တပ်နှင့် ရဲကို ကြောက်၍ ဖြစ်သည်။ စစ်တပ်နှင့်ရဲ သည်လည်း ဗမာ ဗုဒ္ဓဘာသာတွေသာဖြစ်သော်လည်း နိုင်ငံတကာမျက်နှာစာတွေင် အလွန်အမင်း ရုပ်ဆိုးနေမည်ဆိုး၍သာ ထိန်းသိမ်းလိုက်ရခြင်းဖြစ်သည်။ တာဝန်အရ ထိန်းသိမ်းရခြင်း ဖြစ်သည်။ မွတ်စလင်တို့ကို စစ်တပ်နှင့်ရဲကလည်း သိပ်ကြည့်လို့ ရသည်မဟုတ်။
မွတ်စလင်တို့ကလည်း ဒါကို သိသည်။ ထို့ကြောင့် ပြည်ပ အားကိုးသည်။ မီဒီယာ အားကိုးသည်။ အစ္စလမ္မစ် အဖွဲ့အစည်းများကို အားကိုးသည်။ နည်းနည်းလုပ်ခံရလျှင်များများအော်မည်။ များများလုပ်ခံရလျှင် လူမျိုးတုန်းသတ်ဖြတ်သည် ဟု ပြောမည်။ဆူပွက်နေအောင် ၀ါဒဖြန့်မည်။ နိုင်ငံတကာ တွင်လည်း မွတ်စလင်တို့သည် ဤ ဗျူဟာဖြင့်သွားသည်။ မတ်လ ၂၄ ရက်နေ့တွင် ဆော်ဒီအာရေဗျ မှ သူ့ကျွန်းဆွယ်တွင်ရှိသော ခရစ်ယာန် ချက်ခ်ျ ကျောင်းများကို ဖျက်ဆီးပစ်သည်။ ( ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့ အာဘော်တွင် သမ္မတ အိုဘားမားကို ထိုကိစ္စနှင့် ပက်သတ်၍ နှုတ်ပိတ်နေခြင်းကို ဝေဖန်ထားပါသည်။) ပန်နဆူလာကျွန်းဆွယ်တွင် အစ္စလမ်မှ လွဲ၍ မည်သည့် ဘာသာရေးကျောင်းမျှ မရှိရဟုဆိုသည်။ တစ်ပြိုင်နက် တည်းမှာပင် နိုင်ငံပေါင်းစုံမှ မွတ်စလင်များအတွက် အခြေခံလူ့အခွင့် အရေးဖြစ်သော လွတ်လပ်စွာကိုးကွယ်ခွင့် နှင့် ဘာသာရေးကျောင်းများဆောက်လုပ်ခွင့်ကို တောင်းခံသည်။ မည်မျှ တရားကျ ဖို့ကောင်းသနည်း။
မွတ်စလင်များသည် ဆော်ဒီအာရေဗျ အတွက်အလွန်ဂုဏ်ယူကြပါသည်။ ထိုနိုင်ငံတွင် အစ္စလမ်မှလွဲ၍ မည်သည့်ဘာသာမျှ တရားဝင် ကိုးကွယ်ခွင့်မရှိ။ ပုန်းရှိုးကွယ်ရှိုးနှင့် တိတ်တဆိတ် ကိုးကွယ် ရသည်။ ယမန်နှစ်က သီရိလင်္ကာနိုင်ငံသူ ( အိမ်ဖော်) တစ်ယောက်က ဗုဒ္ဓပုံတော်ကို ညရောက်လျှင် ထုတ်၍ ဦးချသည်ကို အိမ်ရှင်မိသားပြီး ရဲကို တိုင်ရာ တရားစွဲ ပြီးထောင်ချခဲ့သည့်  သတင်းမှာ ဟိုးဟိုးလေး ကျော်သွားရသေးသည်။ မြန်မာနိုင်ငံကိုလည်း ထိုကဲ့သို့ဖြစ်စေချင်၍ ပြောနေသည်မဟုတ်ပါ။ လူ့အခွင့်အရေး စကားပြောနေသူများအတွက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို တင်ပြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ခရစ်ယာန်ချက်ခ်ျကျောင်းပေါင်းများစွာ ဗလီပေါင်းများစွာ ဟိန္ဒူ့ ဘုရားရှိခိုးကျောင်းပေါင်းများစွာရှိသည်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုလည်း အခြေခံဥပဒေ တွင်အတိအလင်းပြဌာန်းထားသည်။ သို့သော် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သောကြောင့် အခြားဘာသာဝင်များ၏ ဘာသာရေးကျောင်းများ ဆောက်ချင်တိုင်းဆောက်၍ မရသည်မှာ အံ့သြဖွယ် ရာတော့မဟုတ်ပါ။ အထူးအဆန်းလည်းမဟုတ်ပါ။သည်းခံပြီးနေကြရုံသာရှိသည်။
၉၆၉ လှုပ်ရှားမှုသည် လူတစ်စုက လုပ်နေခြင်းမဟုတ်ပါ။ ၉၆၉ဟူသည်ကို ဘာမှန်းမသိသော သူများပင်ဖြစ်စေ ဗုဒ္ဓဘာသာမှန်ပါက ဘုရားဂုဏ် ၊ တရားဂုဏ်၊ သံဃာဂုဏ် တို့ကို လေးစားပြီးဖြစ်သည်။ ၉၆၉ လှုပ်ရှားမှုနှင့်ပတ်သက်သည်ဖြစ်စေ မပက်သက်သည်ဖြစ်စေ။ဗုဒ္ဓ ဘာသာ မှ အကြီးအမြတ်ထားသော ဘုန်းကြီးတစ်ပါးပါးကို စော်ကားလျှင် မည်သည့်ဗုဒ္ဓဘာသာဝင်မှ သည်းခံနေလိမ့် မည်မဟုတ်။ မွတ်စလင်တို့ က ဗလီဆရာ မော်လ၀ီကို တန်ဖိုးထားသည်ထက် ဘုန်းကြီးကို ဗုဒ္ဓဘာသာဝင် များတန်ဖိုးထားသည်က အဆပေါင်းများစွာ ပိုပါသည်။ ဘုန်းကြီးကို မွတ်စလင်များက လူဟုသာမြင်သော်လည်း ဗုဒ္ဓဘာသာဝင်များက သံဃာဟုမြင်သည်။ သံဃာကို စော်ကားခြင်းသည် သာသနာ ကိုစော်ကားခြင်းဖြစ်သည်။ဘာသာခြားများ မဆိုထားနှင့် မြန်မာအချင်းချင်း ဖြစ်လင့်ကစား ရွှေဝါရောင် အရေးအခင်းနှင့် လက်ပန်းတောင်းတောင်အရေးအခင်းတွင် သံဃာကို စော်ကားသဖြင့် တစ်ပြည်လုံးအုန်းအုန်းကြွက် သွားသေးသည်ပင်ဖြစ်သည်။မွတ်စလင်များကလည်း ဒါကိုတော့ နည်းနည်း ပို အလေးထားသင့်သည်။ တမင်သိရက်နှင့် လုပ်သည်ဆိုရင်ဖြင့်မပြောတတ်ပါ။
ဟောကြားထားသောတရားများအရ အလိုလိုပင်သွေးကြွနေသော ကမ္ဘာအရပ်ရပ် ကမွတ်စလင်တို့သည် လွန်စွာမှ အကိုင်တွယ်ရခက်သော ကမ္ဘာ့ပြဿနာကြီးပင်ဖြစ်နေပါသည်။ နေရာဒေသ မည်မျှပင်ကွဲကွာနေသည်ဖြစ်ပါစေ မွတ်စလင်သည်မွတ်စလင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ ပြဿနာဖြစ်နေသည်ဟုကြားသော ကမ္ဘာအရပ်ရပ်ရှိ မွတ်စလင်များက ရန်ပွဲငြိမ်းရန်၊ငြိမ်းချမ်းရန် ဆန္ဒပြ ခြင်းမဟုတ်၊ မွတ်စလင်များအတွက် လက်စားချေမည် ဟု ချိမ်းခြောက်သည်။ပြည်တွင်းမွတ်စလင်များကို သွေးထိုးပေးသည်။ မွတ်စလင်တို့သည် လွန်စွာစည်းလုံး ကြပေတော့သည်။
မွတ်စလင်သမိုင်းသုတေသီ အစ္စလမ်ဘာသာဝင် တစ်ယောက်က ဗလီများ၊ ဘာသာရေးစာသင်ကျောင်း များကို တစ်ခုပြီးတစ်ခု တိုးဆောက်နေကြသော မွတ်စလင်များကို ဝေဖန်လိုက်သည့် သတင်းထွက်လာသည်။ ဗလီများကို အလွန်အကျွံမွမ်းမံခြင်း၊ ရ၈၆ ဟူသော ဘယ်နိုင်ငံ မှာမှ မသုံးသည့် ကဏာန်းများကို မသုံးကြရန် လိုကြောင်းပြောသည်ကိုလည်း ဖတ်လိုက်ရသည်။ ဗလီများကို အလွန်အကျွံမွမ်းမံခြင်း မမွမ်းမံခြင်းမှာ ပြဿနာမဟုတ်ပါ။ ၇၈၆ ကဏာန်းကတော့ ပြဿနာ ရှိသည်။ ၇၈၆ ဟူသောကဏာန်းကို ဘာမှန်းမသိပဲ အဓိပ္ပါယ်ဖွင့်ဆိုသည်က ပို၍ ဆိုးသွားတော့သည်။ မွတ်စလင်တို့ကလည်း ဘာသာရေး အထိမ်းအမှတ်။အမှတ်အသားဖြစ်၍ ဘာသာခြားများကို ထိုကဏာန်း သုံးခြင်းရည်ရွယ်ချက်ကို ရှင်းပြနေစရာမလိုဟု ထင်သည်။ဗုဒ္ဓဘာသာဝင်များကလည်း လိုရာကို အဓိပ္ပါယ်ဖွင့် ဆိုသည်။ ထိုအခါ ဗုဒ္ဓဘသာဝင်တို့၏ စိတ်ထဲတွင် မွတ်စလင်သည် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးရန်သူသဖွယ် ဖြစ်လာတော့သည်။ ၂၁ ရာစုတွင် ကမ္ဘာပေါ်တွင် မွတ်စလင်ဘာသာ ၀င်တွေချည်းဖြစ်ရမည် ဟုကြေငြာထားသော ကဏာန်းဖြစ်ကြောင်း ထင်ရာမြင်ရာ အဓိပ္ပါယ်ဖွင့်ဆိုလိုက်သောအခါ။ ပိုဆိုးကုန်ပါတော့သည်။
ပွင့်လင်းမြင်သာမှုရှိရန်လိုခြင်းဖြစ်သည်။ခရစ်ယာန်ကျောင်းများ၊ဗုဒ္ဓဘာသာဘုရားကျောင်းကန်များ၊ ဟိန္ဒူ ဘုရားရှိခိုး ကျောင်း များတွင် မည်သူမဆိုဝင်ထွက်သွားလာနိုင်သည်။ ဗလီများတွင် မည်သည့်ဘာသာခြင်းမျှ ၀င်ထွက်သွားလာဖို့နေနေသာသာ အနားပင်ကပ်ခွင့်မရှိ၊ အာဏာပိုင်များပင်ဖြစ်စေ ဗလီအတွင်းသို့ ၀င်ထွက် ရန် လွန်စွာမှခဲရင်းလှပေသည်။ ထိုအတွက်ကြောင့်ပင်လျှင် ယုန်ထင်ကြောင်ထင်များဖြစ်လာရပြန်သည်။ ဗလီအတွင်း မည်သည့်အရာရှိသနည်း။ မည်သည့်အကြောင်းများပြောဆိုဆွေးနွေးသဖြင့် အပြင်လူအ၀င်မခံ ရလေသနည်း။ သို့လော သို့လောများ ၊ သံသယများ ပြည့်နက်လာသည်။ ပိုဆိုးသည်မှာ သောကြာနေ့ ၀တ်ပြု ပြီး လျှင် မွတ်စလင်ပေါင်းများစွားတို့ ညာသံပေး၍ တိုက်ခိုက်တတ်ခြင်းဖြစ်သည်။ မွတ်စလင်များ မည်သည့်အရာများကို ဆွေးနွေးနေသည်ဖြစ်ပါစေ ပွင့်လင်းမြင်သာမှုရှိရန်လိုသည်။ ထိုအချက်ကိုလည်း မြန်မာမွတ်စလင် အဖွဲ့ချုပ်က စဉ်းစားနေပြီဖြစ်ကြောင်း သိရပါသည်။ ဗလီအတွင်း ဘာသာခြားများကို လေ့လာ နိုင်ရန်အခွင့်အလမ်းပေးမည်ဟုဆိုပါသည်။ ထိုသို့ဖြစ်လျှင် ပဋ္ဋိပက္ခဖြစ်နိုင်ခြေနည်း သွားနိုင်ပါသည်။
ဗမာအချင်းချင်း မတည့်လျှင် အကောင်းမမြင် ကွယ်ရာတွင် အတင်းတုတ် တတ်သော သဘာဝ ရှိသည်။ ကြည့်မရသူများ ကောင်းစားလျှင် မနာလိုဝန်တိုတတ်သော သဘောသဘာဝလည်း ရှိ သည်။ ကောင်းလျှင်သူများထက်ကောင်း၍ ဆိုးလျှင် ဘာလုပ်လုပ်အကောင်းမမြင်သည့် အစွန်းရောက်နေ သော သဘောသဘာဝကလည်းရှိနေပြန်သည်။ ထို့အတွက် သူတပါးအပေါ် သံသယ ထားတတ်သော မြန်မာစိတ်ကိုလည်း လျှော့ထားသင့်သည်။ မွတ်စလင်တို့ နွားသတ်လျှင်လည်း သတ်သည့်အတွက်ကြောင့် ကြည့်မရဖြစ်သည်။ ထိုသူတို့ ဘာကြောင့်သတ်သည်၊ သတ်ပြီးဘာလုပ်သည်ကိုလည်း မလေ့လာ။ နွားကို သနားသည့်စိတ်က များနေပြီး နွားကို ရက်ရက်စက်စက် သတ်သည့်အတွက် ထိုသူတို့သည် ရက်စက်သည့် သူများဖြစ်သည်။ မကောင်းသည့်သူများဖြစ်သည်ဟု တစ်ထစ်ချ ခံယူလိုက်တော့သည်။ သတ္တ၀ါအပေါ်တွင် ဖြစ်ပါစေ ကြင်နာစိတ်၊သနားစိတ် ထားရမည်ဟု ဗုဒ္ဓကဟောကြားခဲ့သည်မဟုတ်ပါလော။ သို့သော်ဗမာတို့မှာ မူ အမဲသားကိုတော့ မြိန်ရည်ယှက်ရည် စားကြသည်၊ ဈေးတွင်ရောင်းနေသော အသားများသည် တစ်ဦးတစ်ယောက် ၏ သတ်ဖြတ်ခြင်းကို ခံရ၍ ရောက်လာခြင်းဖြစ်ကြောင်းကိုမူ မစဉ်းစားမိကြချေ။ သူ့ဖာသူ သေသောသတ္တ၀ါ အသားကိုလည်း မစားလိုကြချေ။ ရောဂါကြောင့်လား၊ အသက်ကြီး၍ လား။ ထိုအသားကိုလည်း မစားလို။ စိတ် ၏ ဆန်းကျယ်သော သဘောတရားပင်ဖြစ်သည်။ အားလုံးသား သတ်လွတ် စားကြဖို့ပင်ကောင်းတော့သည်။ မွတ်စလင်များက ထိုကဲ့သို့မြင်မည်မဟုတ်ပါလော။
သင်္ကြန်တွင်လည်း ဘာဖြစ်မည် ဘာဖြစ်မည် ကောလဟလ သတင်းများ တွင်တွင် ကျယ်ကျယ် ပြန့်နှံ့လျက်ရှိပါသည်။ အမူးသမားများကို တစ်နေရာတည်းတွင် သွားစုပေးခြင်း ကြောင့် ပြဿနာဖြစ်လာလျှင် ထိန်းမနိုင်သိမ်းမနိုင်ဖြစ် နိုင်သည်။ မည်သူမျှ တရားချ၍ ရမည်မဟုတ်။ မဖြစ်စ လောက် လုံခြုံရေးအင်အားဖြင့် များပြားလှသော လူအင်အားကို တားနိုင်လိမ့်မည် မဟုတ်ပါ။သင်္ကြန်အပြီးကို စောင့်ကြည့်ရဦးမည်။ အေးအေးချမ်းချမ်းနေလိုသည်လား၊ စိုးရိမ်ကြောင့်ကျ မှုများနှင့် နေလိုသည်လား၊ နှစ်ဦးနှစ်ဖက်စလုံးစဉ်းစားရမည်။ မွတ်စလင်များကလည်း အခြား ဘာသာခြား များနည်းတူ မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်ရန်နေနိုင်အောင်ကြိုးစားရမည်။ သို့မဟုတ်ပါက ကမ္ဘာပေါ်ရှိအခြား မွတ်စလင်တိုင်းပြည်များနည်းတူ ကျီးလန့်စာစားပြီး ကြောက်လန့်တကြားနေကြရပေ တော့မည်။

About သုရှင်

သု ရှင် has written 44 post in this Website..

ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။ ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။ တိုင်းတိုင်းပြည်သူ လူဟူသမျှ ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။ မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း ကျွန်ုပ်မမြင်..မထင်ပါသေး။ ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန် ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား.. တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။ သုရှင်