နှုတ်ခွန်းဆက်ပါတယ်…Thingyan Holiday

ဒီနေ့ ရုံးတက်ပြီးရင်သင်္ကြန်နဲ့ နှစ်သစ်ကူးအတွက် ရုံးရက်ရှည်ပိတ်ပါပြီ….

ဒီနေ့တောင်မှ…စက်ရုံမှာအလုပ်မလုပ်တော့ပါဘူး..မနက်ပိုင်းစက်ရုံသန့်ရှင်းရေးလုပ်ကြပြီး

၉နာရီထိုးတာနဲ့ ဋ္ဌာနအလိုက်ကျွေးကြတဲ့ စတုဒီသာအစီအစဉ်စတင်ပါတော့တယ်….

ရွာသူရွာသားများလည်းစားရအောင် မျှဝေရင်းမြန်မာ့နှစ်သစ်ကူးအကြို အနေနဲ့

သူကြီးနဲ့တကွ ရွာသူရွာသားအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်…

ဒါကတော့ ရခိုင်မုန့်တီပါ..
ဒါကတော့ ရခိုင်မုန့်တီပါ..ချဉ်စပ်ကလေးတပွဲပေးပါ..
ပီးတော့ အစပ်ပြေ မုံ့လက်ဆောင်းအေးအေးလေး..
ပီးတော့ အစပ်ပြေ မုံ့လက်ဆောင်းအေးအေးလေး..
ဒါကတော့ ချိုချိုပူပူသာကူပါ
ဒါကတော့ ချိုချိုပူပူသာကူပါ
ဒါကတော့ ကျနော့အလှူ ဇီးကျောက်ကျောပေါ့ဗျာ
ဒါကတော့ ကျနော့အလှူ ဇီးကျောက်ကျောပေါ့ဗျာ
ဖေါ်ရင်နာတွေတောင်ကြိုက်သဗျ..ဟဟ
ဖေါ်ရင်နာတွေတောင်ကြိုက်သဗျ..ဟဟ

ဒါလေးတွေစားသောက်ပြီး..မပြီးသေးပါဘူး…ကျန်သေးတယ်…

ဒီလို ရေခဲစိမ်အအေးဗူးတွေကိုတော့ ရွာသားတစ်ဦးဖြစ်တဲ့ ဝါးခယ်မသား“ ကွန်ပြူတာ”ကလှူတာပါ
ဒီလို ရေခဲစိမ်အအေးဗူးတွေကိုတော့ ဒီရွာသားတစ်ဦးဖြစ်တဲ့
ဝါးခယ်မသား“ ကောင်းမြတ်သူ”ကလှူတာပါ
ဒီနေ့ကတော့ အလုပ်အင်မတန်ကြိုးစားတဲ့ရွာသားတစ်ဦးဖြစ်တဲ့ ပရိုဒတ်ရှင်းမန်နေဂျာ “အညာတမာ”လည်းအလုပ်မလုပ်ပါဘူး..ကျုပ်လိုပဲ ဖေ့စ်ဘုတ်ပေါ်ပုံတွေတင်နေလေရဲ့..
ဒီနေ့ကတော့ အလုပ်အင်မတန်ကြိုးစားတဲ့ရွာသားတစ်ဦးဖြစ်တဲ့ ပရိုဒတ်ရှင်းမန်နေဂျာ “အညာတမာ”လည်းအလုပ်မလုပ်ပါဘူး..ကျုပ်လိုပဲ ဖေ့စ်ဘုတ်ပေါ်ပုံတွေတင်နေလေရဲ့..

နေ့ခင်း၁၂နာရီထိုးရင်တော့ စက်ရုံက ရုံးအဖွဲ့တွေ စုပေါင်းလှူတဲ့ ဗလာမပါကံစမ်းမဲဖေါက်ရင်း….

ဘိတ်မောင်တိတ် ကတ်ကြေးကိုက်ကျွေးအုံးမှာပါ…ရွာသူားတွေအားလုံးကို သတိရပါတယ်..

ကျွေးလည်းကျွေးချင်ပါတယ်…အခုတော့ပုံထဲကသာနှိုက်စားကြပေတော့ဗျို့..

ကံစမ်းမဲလာနှိုက်ကြနော်..ပေါက်မဲကိုရုံးမှာသွားထုတ်ပါ..
ကံစမ်းမဲလာနှိုက်ကြနော်..ပေါက်မဲကိုရုံးမှာသွားထုတ်ပါ..
စားကြမလား..ကတ်ကြေးကိုက်
စားကြမလား..ကတ်ကြေးကိုက်
ကိုင်း ..စားကြပေတော့..ရော့
ကိုင်း ..စားကြပေတော့..ရော့

 

ဘာရယ်မဟုတ်ပါဘူး..ဒီနေ့တော့ ရုံးအလုပ်လည်းထွေထွေထူးထူးမရှိတာနဲ့ အမှတ်တရ

ပုံလေးတွေမျှဝေတာပါ…..

ကြုံတုန်းကြော်ငြာလေးဝင်လိုက်အုံးမယ်….အာဟိ.. :kwi:

“ဂျန်ဘိုကိုသာသုံးစွဲပါ ခြင်အန္တရာယ်ကင်းဝေးမှာ”

စစ်မှန်မှုများဖြင့် ဂျမ်ဘို ကိုသာ ယုံကြည်စွာသုံးစွဲလိုက်ပါ..
စစ်မှန်မှုများဖြင့် ဂျမ်ဘို ကိုသာ ယုံကြည်စွာသုံးစွဲလိုက်ပါ..

တော်ပြီဗျာ…အောက်မှာ ကတ်ကြေးကိုက်ကျွေးနေပြီပြောတယ်…သွားစားလိုက်အုံးမယ်.. :hee:

အားလုံးကိုခင်မင်လေးစားစွာဖြင့်…

လမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၁၁-၄-၂၀၁၃

 

 

 

 

 

 

 

 

 

 

20 comments

  • ဘဲဥ

    April 11, 2013 at 12:22 pm

    ဗျို့ အူးအူးမိုက်
    တဂျန်မှာ ရိပ်သာလေးဘာလေးဝင်ဘို့ စိတ်မဝင်ချားဘူးယား

  • weiwei

    April 11, 2013 at 12:24 pm

    ဒီနေ့ ကျွန်မတို့ ရုံးမှာလဲ အတူတူပါပဲ … ကျွေးလိုက်ကြတာ ဌာနပေါင်းစုံက ..
    ဒီနေ့တစ်နေ့ထဲ စားမကုန်အောင် ဝိုင်းကြွေးကျတော့ ဘယ်လိုလုပ်စားမတုံး …
    တစ်ပါတ်လုံး တစ်ဌာနခွဲပြီး ကျွေးရင် ပိုကောင်းမှာ …

  • Myo Thant

    April 11, 2013 at 12:34 pm

    ဇီးကျောက်ကျော ဆိုတာ သောက်ဖူးဘူး

    မိုက်မယ်ထင်တယ်

    • P chogyi

      April 11, 2013 at 1:23 pm

      ဇီးကျောက်ကျောဆိုတာ ဇီးဖျော်ရည်ထဲ ကျောက်ကျော(မဲ)ထည့်ထားတာပါ။

  • ဗုံ ဗုံ

    April 11, 2013 at 12:41 pm

    ကတ်ကြေးကိုက်တွေ တဝတပြဲ စားသွားပါတယ် အူးအူးမိုက်စ် ဇီးကျောက်ကျော စားဖူးဘူး စားချင်လို့ ပါဆယ်ပို့ပေးပါနော် :mrgreen:

  • kyeemite

    April 11, 2013 at 12:48 pm

    အပေါ်ပုံတွေက ဖုန်းနဲ့ရိုက်တာဗျာ…
    အောက်ကပုံတချို့က ရုံးကကင်မရာနဲ့ရိုက်တာ..
    ဒိတ်တွေမှားနေတယ်..တကယ်ကဒီနေ့(၁၁-၄-၁၃)ဖြစ်ရမှာ..

  • Kaung Myat Thu

    April 11, 2013 at 12:53 pm

    ဒီနေ့ကတော့ပျော်လည်းပျော် အောက်က ကလေးတွေမုန့်ဖိုးလာတောင်းလို့ပေးရတာ ပါတဲ့ပုဆံ ၃၀၀၀ဝကျော်လည်းကုန်ပါလေရော

  • ရာမည

    April 11, 2013 at 1:01 pm

    အော် ….. စက်ရုံတစ်ရုံထဲမှာ ရွာသားတွေအများကြီးပါလား
    နောက်ထပ်လည်းရှိဦးမယ်ထင်တယ် ။
    ပျော်စရာကောင်းလိုက်တာဗျာ ။

  • ဦး ကျောက်ခဲ

    April 11, 2013 at 1:19 pm

    အား ဟိ…. ကိုမိုက် ပုံတွေကိုကြည့်ပြီး အိုင်ဒီယာရသွားပြီ…
    ဒီမှာ ရာသီဥတုအေးရတဲ့အထဲ မိုးပါရွာလို့ ဂိနေတာ၊ ဒီရုံးပိတ်ရက် ရခိုင်မုန့်တီချက်စားမယ်…
    ဘိတ်မောင်တိတ်တော့ ရွာပြန်တုံးကစားခဲ့တယ်ဗျိုး…ကျန်တာတော့ သိပ်မကြိုက်…
    ဇီးကျောက်ကျောလေး တစ်ခွက်လောက်…
    နှစ်သစ်မှာ ပျော်ရွှင် ကြီးပွါး ကျန်းမာပါစေခင်ဗျား…
    :kwi:

  • P chogyi

    April 11, 2013 at 1:24 pm

    ကိုကြီးမိုက် ကိုကျော်တို့နဲ့ ဆုံတဲ့နေက လာမယ်ဆိုလို့မျှော်နေတာပေါ်မလာဘူး
    အဲဒီအစား ကတ်ကြေးကိုက် ပြန်ဝယ်ကျွေးရမယ်။

  • P chogyi

    April 11, 2013 at 1:25 pm

    ကိုကြီးမိုက် ကိုကျောက်တို့နဲ့ ဆုံတဲ့နေက လာမယ်ဆိုလို့မျှော်နေတာပေါ်မလာဘူး
    အဲဒီအစား ကတ်ကြေးကိုက် ပြန်ဝယ်ကျွေးရမယ်။

  • မယ်ဘုတ်

    April 11, 2013 at 1:41 pm

    တူတူပဲ .. အနော်တို့ ရုံးမှာ လဲမုန့် တွေ များကြီးး :kwi:

  • Ma Ei

    April 11, 2013 at 1:49 pm

    ဂျမ်ဘို ဝယ်ရင် ကတ်ကြေးကိုက် ကျွေးမှာလားဟင်…
    :hee:

  • GaviaGirl

    April 11, 2013 at 2:34 pm

    ပျော်ချာဂျီး… ဦးမိုက်.. မုန့်တီသောက်၊ မုန့်လက်ဆောင်းစား… ကတ်ကျေးကိုက်စား..ပြီးတော့ ဇီးကျောက်ကျောထပ်သောက်…အဲ..ပြီးတော့.. ဟိုရေခဲစိမ်ဗူးလေးတွေ ပါဆယ်ဆွဲသွားပါတယ်.. အော်.. မေ့လို့.. ဂျမ်ဘို တစ်ဘူးလောက်… တရားစခန်းမှာ ခြင်ကိုက်မလားမသိဝူး.. :kwi:

    မင်္ဂလာနှစ်သစ်ပါလို့ တစ်ရွာလုံးကို နှုတ်ခွန်းဆက်ပါတယ်ဗျို့….

    ချစ်တဲ့
    လုံမလေး

  • MaMa

    April 11, 2013 at 2:42 pm

    ကျန်တာတွေတော့ မမျှော်တော့ဘူး။
    ဇီးကျောက်ကျောကတော့ နောင်တချိန်ကြုံကြိုက်ရင် သောက်ရကိန်းရှိတာမို့ မျှော်လိုက်အုံးမယ်။ :kwi:
    ခြင်အန္တရာယ်ကင်းဝေအောင် ဂျမ်ဘိုဆောင်ထားရမယ်။ :hee:

  • kai

    April 11, 2013 at 2:46 pm

    နှစ်သစ်ကူးပွဲတော်ကို.. နှစ်အကုန်ရက်တွေမှာကျင်းပတဲ့..နိုင်ငံတဲ့..။
    ဘာပဲဖြစ်ဖြစ်.. စားရနည်းလား..

    အဟမ်း..
    အယ်လ်အေမှာ.. ၁၄ရက်နေ့ တနင်္ဂနွေသင်္ကြန်ပွဲလုပ်မှာဖြစ်ပြီး. မန်းဂဇက်က.. ခေါက်ဆွဲသုတ်စတုဒီတာ ကျွေးမယ်ဖြစ်ပါတယ်..
    လှီးပေတော့ဟေ့.. စနေနေ့.. :528:

  • Crystalline

    April 11, 2013 at 2:53 pm

    ချားချင်တယ်..ဗိုက်ဆာတယ်….အဲဒီကတ်ကြေးကိုက်ကတခြားမှာဆိုင်ခွဲရှိသေးလားသိချင်လို့.. ဓမစေတီလမ်းကဝေးလို့.. သူများလည်း အိမ်မှာတစ်ယောက်တည်းစားဖို့ ပီဇာအသေးတစ်ဝိုင်း.. လာဇားညာတစ်ခု… တော်ဝင်စင်တာက ရွှေရင်အေးတစ်ဗူးဝယ်ထားတယ်..တစ်ယောက်တည်း အားကျမခံစားမလို့.. အဆီတက်တဲ့အစားတွေစားပြီးရင် သောက်ဖို့ Fitne လက်ဖက်ခြောက်ထုတ်လေး လည်းစိမ်ထားတယ်… ဒန် တန်း တန်… 🙂

  • TNA

    April 11, 2013 at 4:11 pm

    စားတွားဘီဒေါ်ကျီးမိုက်ချင့်။ တကယ်မကျွေးလို့ တော့နဲနဲခုအိ။ စိတ်ပြောဘာဒယ်။

  • မောင် ပေ

    April 11, 2013 at 7:54 pm

    ဂျမ်ဘိုကို သုံးစွဲပါတယ်
    ဒါပေသည့်
    လေးမိုက်သိတဲ့အတိုင်း
    ဗမာ့ခြင်သည် မျိုးရိုးဗီဇ အပြောင်းမြန်ပါသဖြင့်
    တံဆိပ်မျိုးစုံ ပတ်လည်သုံးနေရပါကြောင်း
    မုန် ့တွေကိုတော့ ပုံထဲကနေ စားမရလို ့
    အပြင်မှာ သွားဝယ်စားမည်ဖြစ်ပါကြောင်း
    အဲဒါ အဲဒါ

  • ဦးကြောင်ကြီး

    April 12, 2013 at 9:22 am

    ဂျမ်ဘိုခြင်ဆေး
    သံချိုရင်သွေး
    မှန်ပျိုခင်လေး
    ဟန်ကိုယ်လွင်ငေး
    ပျံဆိုသင်တေး
    ကြံမှိုနွှင်ကျွေး
    ရန်လိုနင်ခွေး
    အံတိုဖျင်ဈေး..။

Leave a Reply