အလွမ်းကဗျာ

 

 

သူပိတ်လိုက်တဲ့ ရုပ်မြင်သံကြားလိုင်းထဲ

ကျွန်တော့်ညနေခင်းလေး ပါသွားတယ်

ကမာ္ဘကြီးက ရွာဆိုပြီး

ငါတို့က ဘာလို့ တစ်ယောက်တစ်မြို့ကွာဝေးနေရတာလဲ

တယ်လီဖုန်း အင်တာနက် ရုပ်ဝတ္ထု ပစ္စည်းတွေကြားက

ကိုယ်ပို့လွတ်တဲ့ မေတ္တာ မင်းဆီ ရောက်ပါရဲ့လား ဂျူနို

စိတ်ကူးကို ယာဉ်အဖြစ် စီးနင်း

ခေတ်ကြီးက ပေးမက်ခဲ့တဲ့ အိပ်မက်အပိုက် (၂၉) ဘယ်တော့ပြီးမယ်

တစ်လွှာပြီး တစ်လွှာသာ ခြုံခဲ့တယ်

ငါတို့ဆောင်းက နွေးမလာဘူး

သံယောဇဉ်ကို ဖုတ်ပူမီးတိုက်နဲ့ပြာပြာသလဲ ဝတ်ဆင်ပြီး

တစ်နေ့တခြား ဝဖီးလာတဲ့ လောဘက

ဟောဒီဆိပ်ကမ်းမြို့ပေါ်က ယောနသံစင်ရော်တွေလိုပဲ

ဇာတိမြို့နဲ့ ဝေးရာမှာ ကိုယ်အပျံသင်ဖြစ်ခဲ့

အတောင်တစ်ချက်ခတ်လိုက်တိုင်း ကိုယ့်မျှော်လင့်ခြင်းတွေ

ဖွာခနဲ လွှင့်စင် …

အရိုးထဲ စိမ့်အောင် ခပ်သိမ့်သိမ့်လေး လွမ်းရင်း

ခိုး .. ခိုး တမ်းတ . သက်ပြင်းများလည်း ချမိခဲ့ပါရဲ့

ဂျူနိုရယ် …….

အလီကျက်ရင်း … ကြက်သွန်အခွံခွာရင်း …

မျက်ရည်ကျရင်း … ကဗျာဖတ်ရင်း…………

သီချင်းဆိုရင်း …………….

တစ်နေ့တစ်ခါ အတိအကျ ငါ့ကို.. (လောဘကြီးစွာ) လွမ်းစေချင်တယ်

ကောင်းကင်ဟာ ရှုပ်ထွေး … ရောင်နီတွေ ကင်းတဲ့ မနက်ခင်းထဲ

အလွမ်းနဲ့ လူဖြစ်နေတဲ့လူ

ဆောင်းတွင်းအအေးနဲ့ ဘယ်လောက်ပဲချမ်းချမ်း

တမ်းတလိုက်ရုံနဲ့ ရင်ထဲမှာ နွေးခနဲ

ဒီလူဟာ ဖြတ်သန်းနေဆဲပါပဲ ဂျူနို …….။         ။

 

ရင်နင့်အောင်

5 comments

  • မောင် ပေ

    April 11, 2013 at 8:32 pm

    ကိုရင်ရေ
    နောက်ဆိုရင်
    ခရမ်းလွန်တွေ ဖြာလင်းနေတဲ့
    နေ ့တွေမှာ
    ဂျူနို ့ကို ဆက် ခံစားရတော့မယ် ထင်ပါရဲ ့ဗျာ

  • မယ်ဘုတ်

    April 12, 2013 at 2:32 pm

    အားပေးသွားပါတယ်ဗျာ …

  • အရိပ်စစ်

    April 12, 2013 at 8:57 pm

    တဂယ့် အလွမ်းကဗျာပီသပါပေ့တော်
    နာတောင် ဘယ်တူလွမ်းလို့ လွမ်းရမှန်း မတိဖြစ်သွားပါရော့လားးး

    (အရမ်းကောင်းပါတယ် အားပေးနေမယ်နော် )

  • သူကလေး

    April 22, 2013 at 12:25 pm

    ဂျူနိုဆိုပါလား …. အဲလိုပဲ ဂျူနိုကို တမ်းတတဲ့ကဗျာလေ ကိုရင်နင့်အောင်မဟုတ်ပဲ သူများရေးတာတွေဖတ်ဖူးတယ် …
    ကိုရင်နင့်အောင် ဂျူနိုကတော့ သက်ရှိလူကိုကိုယ်စားပြုမပြု မသိဘူးပေါ့နော်…
    အတူတူ လာလွမ်းသွားပါတယ်ရှင်

  • အလင်း ဆက်

    July 7, 2013 at 5:37 pm

    တာရာာမင်းဝေ ရဲ့ အရှေ ့မြို့ရိုးမှ မိုးရေစက်များ စာအုပ်ထဲက
    ကချေသည်မလေး (ဇာတ်ကောင်)နာမည်လေးကလည်း
    ဂျူနို ပဲဗျ

    ဒီကဗျာလေး ဖတ်ရင်နဲ့ အဲဒီစာအုပ်ကို လွမ်းလာတယ်
    ပြန်ရှာ ဖန်ဦးမယ်ဗျာ

Leave a Reply