ထူးဆန်းသောနွား (သို ့) လူဝင်စားနွား လော

ရာမညApril 11, 20131min1246

နေပြည်တော်၊ ဧပြီ ၁၁ ၉-၄-၂၀၁၃ ရက်နေ့ ၁၅၀ဝ အချိန်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကိုင်းရွာအုပ်စု၊ ရွှေအိုးရရွာတွင် နွားမကြီးမှထူးဆ န်းသောနွားလေးတစ်ကောင် မွေးဖွားကြောင်း သတင်းအရ ရွှေပန်းကုံးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းခဲ့သည်။ ထိုသို့စုံစမ်းခဲ့ရာ အဆိုပါနွားမကြီးမှာ ရွှေအိုးရရွာနေ လယ်စာရင်းငှား ဦးအေး၊ ဒေါ်ပိန်တို့ပိုင်j နွားမကြီးမှ မွေးဖွားခြင်းဖြစ်ပြီး ဦးချို တစ်မိုက်ခန့်၊ ဒေါက် ၅ ပေခန့် အစိမ်းရောင်ဖြစ် ကာ ယခင်က နွားကလေး (၄)ကြိမ် မွေးဖွားခဲ့ပြီး ယခုအကြိမ်မှာ (၅)ကြိမ်မြောက် ဖြစ်ကြောင်း သိရှိရသည်။ -ယခုမွေးဖွားသော ထူးဆန်းသည့်နွားကလေးအား ၆ ၄-၂၀၁၃ ရက်နေ့ ဝ၆၀ဝ အချိန်တွင် မွေးဖွားခဲ့ရာ အမဖြစ်ပြီး ဦးခေါင်းမှအမြီးအဖျားအထိ ၂၇)လက်မခန့်၊ အမြင့်(၁)ပေခန့်၊ နွားပြာ၊ ရှဉ့်အမြီး( ပုံသဏ္ဍာန်၊ ဦးခေါင်းမှာမျောက်ခေါင်းပုံ၊ မျက်နှာမှာမျောက်မျက်နှာပုံသဏ္ဍာန်ဖြစ်ပြီး နားရွက် တို၊ နှာခေါင်းတို၊ အောက်သွား(၆)ချောင်းပါရှိပြီး ရှေ့ခြေနှင့်နောက်ခြေများ ခွာကွဲပါရှိခြင်းမရှိကြောင်း၊ /မတ်တပ်ရပ်နိုင်ခြင်းမရှိသည့်အပြင် မြက်စားခြင်း စို့ခြင်းလည်းမရှိကြောင်း၊ ဝေဖာမုန့်နှင့် ထမင်းစား့ိုန ကြောင်း၊ ၎င်းင်းထူးဆန်းသည့်နွားမလေးအား ရွှေအိုးရရွာအဝင် ယာစောင့်တဲအတွင်းထားရှိပြီး အနီးပတ် ဝန်းကျင်ရွာများမှ လူအများအပြား လာရောက်ကြည့်ရှုလျက်ရှိကြောင်း

သတင်းရရှိသည်။

မူရင်း …..ရဲဇာနည် page မှကူးယူဖေါ်ပြပါသည် ။

ကြိုးစားပါဦးမည်
ရာမည

6 comments

  • Myo Thant

    April 11, 2013 at 1:53 pm

    ဓါတ်ပုံလေးပါရင်ကောင်းမယ်ဗျာ

  • ရာမည

    April 11, 2013 at 1:59 pm

    http://m.facebook.com/?_rdr#!/profile.php?id=463287083724096&__user=100005562817684

    အထက်ပါလင့်ကကူးခဲ့တာပါ
    နွား ဆိုရင် မနေနိုင်ဘူးလို ့ပဲပြောချင်ပြောပါတောလ့ဗျာ
    ဘာမှမဟုတ်တော ့လည်း ပြီးတာပေါ့ ။
    ဆဲ ချင်ရင်အထက်ကလင့်မှာသွားပြီးဆဲကြပါလေ
    :mrgreen:

  • မောင် ပေ

    April 11, 2013 at 7:32 pm

    ရဲကိုကိုရေ
    သဂျီးကတော့ အူတက်နေဦးမယ်
    သူ ့ကို အဲ့လိုမျိုးပြောရင် သူက သိပ်ဟားတာကလား
    ဟီးး

    • ရာမည

      April 13, 2013 at 12:33 am

      ကျွန်တော်လည်း လက်တွေ့သမားပါ ။
      မယုံကြည်နိုင်ပါ ။

  • mobile

    April 12, 2013 at 1:29 pm

    ပုံလေးပတ်လေးနှင့်တကွဆိုရင်တော့ အဆင်ပြေလှပါ၏………..
    စကားမစပ် နွားပြိုင်ပွဲမှာသုံးဖို့ နွားကောင်းကောင်းလေးများ ငှားဖို့ရှိရင်
    လုပ်ကြပါ့ဦး…………………………………………………………..
    ငှားခကိုတော့ နွားကောင်း မကောင်းကြည့်ပြီး သင့်လျော်အောင်ပေးပါမယ်………..

  • အရိပ်စစ်

    April 12, 2013 at 9:06 pm

    ထူးဆန်းလှတဲ့ လောကကြီး ကြောက်ဖို့ကောင်းလှတဲ့ ကံကြမ္မာ ကြီး…

Leave a Reply