အတာကူးတော့မည်မို့ နှင့် မန္တလေးဂဇက်စာပေချစ်သူများစာပေဆု (၂၀၁၃၊ မတ်လ)

” အတာကူးသောလ… ထန်းခူးသောလ… တန်ခူးလရယ်လို့ သတ်မှတ်စမှုပြုကြရတဲ့နွေလမှာ…

မဟာသင်္ကြန်ရေသဘင်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့် ပုဂံခေတ်ကစတင်ခဲ့တယ်လို့ …………”

အဆိုတော်ဒေါ်တင်တင်မြရဲ့ သင်္ကြန်မိုးရုပ်ရှင်အဖွင့်စကားလေးဟာ မြန်မာ့သင်္ကြန်ရောက်တိုင်း နားထဲပြန်ကြားယောင်တတ်တဲ့…

စကားလေးပါပဲ….

207975_1663849961452_1393320239_31407837_4217978_n

 

 

 

 

 

 

 

 

 

 

 

” မြူးကြွတဲ့တေးသံပျံ့လွှင့်လို့နေ… ကူးပြောင်းစတန်ခူးနွေမှာ… တစ်ယောက်တစ်လှည့်မို့မလှမ်းသာဖျန်းပက်ကြစဉ်… ပိတောက်ဖူးလေးတွေ

ပန်ဆင်ထားသူရေ… ခေါင်းကလေးမော့လို့… ပိတောက်ဖူးလေးတွေ… ပန်ဆင်ထားသူရေ….”

သင်္ကြန်မိုးဆိုတဲ့သီချင်းဟာလဲ ၁၉၈ဝပြည့်နှစ်တွေတုန်းက လူငယ်ဖြစ်ခဲ့တဲ့ အဉ္စလီကိုမောင်မောင်တို့ရဲ့လက်ရာသီချင်းဟာ မြန်မာသင်္ကြန်ရဲ့

အထိန်းအမှတ်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်… ပြန်စဉ်းစားကြည့်လိုက်တိုင်း ခေတ်အဆက်ဆက်ရဲ့ သင်္ကြန်အပေါ်ခံစားချက်ပြောင်းလဲလာမှုတွေပါ….

ပိတောက်

 

 

 

 

 

 

 

 

 

မြန်မာ့တစ်နှစ့်ဟောင်းလို့… မြန်မာ့နှစ်သစ်ကိုပြောင်းတော့မယ့် အခါသမယမှာ…

ကျွန်တော်တို့ ဖတ်ရွေးအဖွဲ့ကြီးလဲ မြန်မာ့နှစ်ဟောင်းက အလုပ်လေးတွေကို လက်စသပ်ပြီးတော့…

မြန်မာ့နှစ်သစ်မှာ ဖတ်ရွေးကြီးလဲ… အစီအစဉ်အသစ်… လမ်းစဉ်အသစ်တွေနဲ့… ရှေ့သို့အင်ရှိအားရှိချီတက်ကြမယ်လို့… စဉ်းစားရင်း…

DSC06658a

 

 

 

 

 

 

 

 

 

 

“ဒို့တတွေမြူးမယ်… ဒီသင်္ကြန်ပွဲ… မြူးကိုမြူးမယ်… ဒီလိုအချိန်မှာကွယ်… ဟိုမှာဒီမှာကွယ် မဏ္ဍာပ်စုံအောင်လျှောက်လည်မယ်…

ဟိုမှာဒီမှာရယ်… အချောအလှတွေပေါတယ်… ကိုယ်လေတစ်ယောက်ပြီး… တစ်ယောက်ပြီး… တစ်ယောက် ငန်းမယ်…

ကြိုက်တဲ့လူတွေ့ရင်… ဖုန်းနံပါတ်နဲ့ Address တောင်း… နို့ဆီခွက်နဲ့ရေထည့်လောင်း… အမှတ်တရလက်ဆောင်လဲတောင်း….”

zwh-yaung-sone-thingyan

 

 

 

 

 

 

 

 

 

ဒါလေးကတော့ ကျွန်တော်တို့ငယ်စဉ်… Rock သီချင်းများခေတ်စားစဉ်အခါက Emperor Band ရဲ့ မှတ်မှတ်ရရ… Rock သင်္ကြန်သီချင်းပါ…

ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း… နှစ်စဉ်နှစ်တိုင်းမဟာသင်္ကြန်ဆိုရင်… ကျွန်တော်တို့ရဲ့နှစ်ဟောင်းတွေကအမှားတွေကို နှစ်သစ်မှာပြုပြင်ဖို့…

နှစ်ဟောင်းတွေက လိုအပ်ချက်တွေကို နှစ်သစ်မှာဖြည့်စွက်ဖို့… သင်ခန်းစာတွေ… ရည်မှန်းချက်အသစ်တွေ… သစ်လွင်တဲ့အတွေးအခေါ်တွေနဲ့

ရှေ့ဆက်ဖို့ နှစ်တစ်နှစ်ကုန်ဆုံးတော့မှာပါ…

 

အဲဒီတော့ ကျွန်တော်တို့ ဖတ်ရွေးကြီးကလဲ… မြန်မာ့နှစ်ဟောင်းအဆုံးအပိုင်းမှာပါဝင်တဲ့ ခရစ်သက္ကရာဇ် ၂၀၁၃ ခုနှစ်၊ မတ်လမှာ ဖတ်ခဲ့သမျှ…

နှစ်သက်ခဲ့သမျှ… ရွေးခဲ့သမျှတွေကို… နှစ်ဟောင်းလဲမကုန်ခင်… နှစ်သစ်လဲမစခင်အချိန်မှာ… ဇကာတင်စာရင်းအဖြစ် ထုတ်ပြန်ပါတယ်… ဇကာပေါ်မှာ ကျန်တဲ့ ပိုစ်တွေကတော့….

(၁) အပိုင်ချည်တဲ့ အိုင်တီ အီကော်နော်မီသင်္ကြန် – ကိုပေါက် (မန္တလေး)

(၂) သင်္ကြန်ဈေး – ကိုပေါက် (မန္တလေး)

(၃) ကြောက်စေသင့်၏မသင့်၏ – ကိုပေါက် (မန္တလေး)

(၄) ကူးချတဲ့အိုင်ဒီယာများ – ကျော်ညိုသွေး

(၅) ပဲပြုတ်… ပဲပြုတ်… – ကိုခင်ခ

(၆) ခေါင်းမြှီးခြုံလို့သာ အိပ်ယုံပေါ့ – ကိုခင်ခ

(၇) အင်တာဗျူး ၁၊ ၂၊ ၃၊ ၄  – ခိုင်ဇာ

(၈) ငါတို့ ကမ္ဘာမြေ – ငှက်ကလေး

(၉) ဂေါက်တယ်လို့မှတ်မှာလား-၁ – ပဒုမ္မာ

(၁၀) VIP အခွင့်ထူးခံသင့်… မခံသင့် – ပဒုမ္မာ

(၁၁) ကချင်ပြည်နယ်သို့တစ်ခေါက် – ပီချိုကြီး

(၁၂) ရင်နင့်အောင်ဘောလုံးကန်ခြင်း – ရင်နင့်အောင်

(၁၃) ထီးမိုးထားတဲ့ ” J” – ရင်နင့်အောင်

(၁၄) ဝေဖန်အကြံပြုသူနှင့်အပြစ်တင်သူ – ဝေအောင်

(၁၅) ေမျှာ်လင့်ခြင်းညနေခင်းလေး – သော်ဇင် (လွိုင်ကော်)

(၁၆) ခွင့် – သော်ဇင်(လွိုင်ကော်)

(၁၇) CHANGE! – အင်ဇာဂီ

(၁၈) ထင်ယောင်ထင်မှား Grammar များ – ဦးကြောင်ကြီး

ဒီတစ်လမှာ ဖတ်ရွေးက ပိုစ့်စုစုပေါင်း (၁၈)ခုကို ဇကာတင်ရွေးချယ်လိုက်ပါတယ်…

အဲဒီထဲကမှ ဘယ်သူက ၂၀၁၃ခုနှစ်၊ မတ်လအတွက် ဖတ်ရွေးအဖွဲ့အကြိုက်ဆုံးပိုစ့်ဖြစ်မယ်ဆိုတာကို ဒီပိုစ့်လေးကိုဖတ်ပြီးခန့်မှန်းနိုင်ပါတယ်…

ပိုစ့်ထဲမှာအရိပ်အမွက်လေးပြောထားပါတယ်… ရှာကြည့်ကြပါ…

ရှာမတွေ့ဘူးဆိုရင်တော့… သင်္ကြန်အကျနေ့…မနက်စောစောမှာ ကြေငြာပေးပါ့မယ်…

ဒါထက်… ဒီတစ်လက ထူးခြားပါတယ်…

အရင်လတွေမှာ ပထမပိုစ့်နဲ့ ဒုတိယပို့က အမှတ်သိသိသာသာမပြတ်ပါဘူး…

ဒီတစ်လမှာတော့ ပိုစ့်နှစ်ပုဒ်က အမှတ်တစ်ဝက်တိတိပြတ်နေတာပါပဲ

ဒီတစ်လမှာ ဆုရသွားသူက… အော်… သင်္ကြန်အကျနေ့မှပြောပါ့မယ်ဆို…

 

” အဖြူကတမျိုး… အနီကတမျိုး… ရေစိုပျိုမေတွေရယ်အလှကတိုး… ဒီမဏ္ဍာပ်ကအလှဆုံး…

ဘယ်လိုများရွေးရမှာတန်း…. အပြာရောင်လေး… အဝါရောင်လေး ဟိုဒီပြိုင်ဆိုင်ဒီလိုလှလို့ငေး…

ဒီမဏ္ဍာပ်ကအလှဆုံး… ဘယ်လိုလဲပြောကြပါဦး…”

 

အော်… ဒါထက်… မေ့တော့မလို့…

သင်္ကြန်တွင်းမှာ ကျွန်တော်လျှောက်လည်နေတာပဲဖြစ်ဖြစ်… မဏ္ဍာပ်မှာကဲနေတာပဲဖြစ်ဖြစ်…

ပန်းခြံထဲမှာ မူးပြီးလဲနေတာပဲဖြစ်ဖြစ်… ဆုရသူကိုကျေငြာဖို့မေ့နေတယ်ဆိုရင်… ဖုန်းဆက်ပြီးတော့ သတိပေးကြပါဦးနော်…

__________________________________________________________

၂၀၁၃ခုနှစ်၊ ဧပြီလ (၁၄)ရက်၊ တနင်္ဂနွေနေ့

မြန်မာရိုးရာအတာသင်္ကြန်အကျနေ့…

မန်းဂဇက်စာပေချစ်သူများဆုကို အမှတ်အများဆုံးနဲ့ သိမ်းပိုက်သွားတဲ့ပိုစ့်ကတော့…

CHANGE!!! ဖြစ်ပါတယ်…

အဲဒီနောက်ကနေ ဝင်ရောက်တန်းစီတဲ့ပိုစ့်ကတော့ ယခင်အမည် ခိုင်ဇာ… ယခုအမည် ကီလိုဇူးလူးဝီစကီရဲ့ အူးတာဗျင်…

အင်တာဗျား အခန်းဆက်ပို့စ်များဖြစ်ပါကြောင်း…

ကျွန်တော်မမူးခင်… ကျေငြာခဲ့ပါတယ်ခင်ဗျာ…

အဲဒီလိုပဲ နောက်လာမယ့် မန်းဂဇက်စာပေချစ်သူများစာပေဆုရွေးချယ်ပွဲမှာ…

ကောက်ချက်အမျိုးမျိုးချပြီး… CHANGE ပိုစ့်ကို ခန့်မှန်းပေးသွားတဲ့ ရွာသားကိုရာမညကို…

ကျွန်တော်ဖက်တီးကက်မှ အမှတ်တရလက်ဆောင်ပေးပါမယ့်… ကိုရာမည ကြွရောက်ပေးပါခင်ဗျား…

” မြန်မြန်လေးလောင်း…. မြန်မြန်လေးလောင်း….”

 

ခင်မင်လျက်-

l

 

 

 

 

ဖက်ဖက်ကက်

(Credit : Fotos from Internet)

38 comments

  • GaviaGirl

    April 11, 2013 at 5:43 pm

    အဟမ်း… မှန်းတိုင်းလွဲနေကျ.. လုံမ..
    ဘောလုံးပွဲလောင်းရင်တောင်…အမြဲတမ်း ငါးကင်ကျွေးရတတ်တဲ့ လုံမ…
    ဒီတစ်ခါလည်း မှန်းလိုက်ဦးမယ်…
    ဦးကြောင်ကြီးပို့စ်ပါဗျို့..
    :harr:

    • GaviaGirl

      April 21, 2013 at 11:52 am

      ဘုရား.. -9 ဆိုလားပါ…. ထားပါလေ..ထားပါ..

      နှစ်ဟောင်းတွေက လိုအပ်ချက်တွေကို နှစ်သစ်မှာဖြည့်စွက်ဖို့… သင်ခန်းစာတွေ… ရည်မှန်းချက်အသစ်တွေ… သစ်လွင်တဲ့အတွေးအခေါ်တွေနဲ့ ရှေ့ဆက်ဖို့ နှစ်တစ်နှစ်ကုန်ဆုံးတော့မှာပါ…

      အဲ့စာလေးပါလို့ Grammar လို့ ရမ်းတုတ်လိုက်တာ…မှားတဲ့အခါလည်း မှားပေမပေါ့..

      အူးလေးဂီအတွက် congratulation ပါလို့… အူးလေးစာတွေက အရမ်းကောင်းတာ ထူးပြောစရာမလိုပါဝူးနော်…

      ခင်တဲ့
      GaviaGirl

  • ရွှေ ကြည်

    April 11, 2013 at 5:59 pm

    ကိုဖက်ကက်ရေ အတာကူးအငွေ့အသက် တွေဝေဝေဆာဆာတွေနဲ့ သိပ်ကိုသာယာတဲ့ပို့စ်လေးပါပဲ
    ဒေါ်တင်တင်မြရဲ့ သင်္ကြန်မိုးအဖွင့်စကားလေးတောင်နားထဲမှာကြားယောင်လာတယ်..။
    ကဲ မဖတ်ဖူးတဲ့ပို့စ်တွေမို့ နောက်မှ ပြန်ဖတ်ရမယ် ဘယ်သူပဲရရ ဝမ်းသာအားရ လက်ခုပ်တီးဖို့ အဖြေကိုငံ့လင့်နေပါ့မယ်ဗျို့…။

  • ရာမည

    April 11, 2013 at 7:14 pm

    မှန်ရင်ဘာဆုပေးမှာလဲ ကိုကြောင်ဝတုတ်ခင်ဗျာ
    ကောက်ချက်ဆွဲတာအကျင့်ပါနေတော ့ အမှုတစ်ခုလိုသုံးသပ်ရရင် ——-
    ပို ့စ်ထဲမှာ အရိတ်အမွက်ပြထားတယ်လို ့ ဆိုထားတာကြောင့် ဖတ်ကြည် ့တဲ့အခါ
    နှစ်သစ်မှာပြောင်းလဲကြဖို ့တိုက်တွန်းထားတယ် ။အပြောင်းအလဲဆိတာကိုလည်း
    အထပ်ထပ် ပြောထားပြန်တယ် ။
    ဒီအခါမှာ အပြောင်းအလဲနဲ့ပတ်သက်တာ လေ့လာတော့ …..
    change ဆိုတာတွေ့ရပြန်တယ် ။
    ဒါနဲ ့ဆိုလုံလောက်ပြီလို ့ပြောနိုင်သော်လည်း သေချာအောင်မဖတ်ရသေးတာများ
    ဖတ်ကြည့်သောအခါမှာ စာရေးသူရဲ့ညွှန်းဆိုချက်နဲ့ကိုက်တာ change တစ်ခုပဲလို ့
    ကောက်ချက်ဆွဲမိပြန်တယ် ။
    change ကိုနှစ်ခါပြန်ဖတ်ပြီးသောအခါမှာ ထိုက်တန်တဲ့ဆုရပို ့စ်ဟာ
    change !!!! change !!!!!!! change !!!!!!!!!!

    ကိုကြောင်ဝတုတ်ခင်ဗျာ — မှန်ရင် ပြန်မပြောပါနဲ့နော် :mrgreen:

    ရဲမဟုတ်သော
    ရာမည

    • ရာမည

      April 11, 2013 at 7:21 pm

      ဂုဏ်ယူပါတယ် ကိုအင်ဇာဂီခင်ဗျာ
      (ပြောဖို ့ကျန်ခဲ့လို ့ :mrgreen: )

      • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

        April 16, 2013 at 2:33 pm

        ရော်ကြည့်ရော် ကြည်
        ခုပဲလေးစားစရာအရည်အချင်းတခု ထုတ်ပြပြန်ပြီ
        လေးစား ရင်း ကျေးကျေးပါဆြာသမားရေ

        :harr:

  • နေဝန်းနီ

    April 11, 2013 at 9:37 pm

    ခုမှ နာမယ်အမှန် ပြန်တွေ့တယ် ချာလီဖက်ကက်ရေ…..။ ချာလီ ဖော့ဆို့က ဖက်ကက် ကိုး….။ နို့ မသိပေါင်

  • ဦးကြောင်ကြီး

    April 12, 2013 at 9:34 am

    ဖက်ကက်
    သတ်မှတ်
    ဇက်ပြတ်
    ရက်စက်
    နတ်ဖွက်
    တပ်မက်
    ကြက်ရက်
    ပက်လက်..။

  • မယ်ဘုတ်

    April 12, 2013 at 12:11 pm

    သိတော့သိနေသလိုပဲ ..
    ပြောလိုက်ရင် လွှဲသွားမှာစိုးလို့ ..ပြောတော့ပါဘူးးး :kwi:

  • mobile

    April 12, 2013 at 12:44 pm

    ဒီလအတွက် ဆုရတဲ့ပို့စ်ကို မှန်းရမယ်ဆိုရင် ကျုပ်လည်း ရွာထဲမရောက်ဖြစ်တာ
    များနေတော့ ပို့စ်တွေအကုန်လုံးကို သေချာမဖတ်ဖြစ်ဘူး……………….
    ပို့စ်ပိုင်ရှင်က ဒီပို့ထဲမှာ ဆုရတဲ့လူကို အရိပ်အမြွတ် ပြောထားသည် ဆိုသောကြောင့်
    နံပါတ် ၁၅ မျှော်လင့်ခြင်း ညနေခင်းလေ -သော်ဇင် (လွိုင်ကော်)
    လင့်ခ်မှာ မျှော်ရေးထားတဲ့ “ေ” က အမဲရောင်ဖြစ်နေတယ်….. ထူးခြားမှုလေးပေါ့……
    (မှတ်ချက်။ ။ ၁၅ ရက်အတွင်း စီးပွားရှာနည်း ဖော်မြူလာအရ)
    ဒီလအတွက် ဆုရမယ့်သူကတော့ သော်ဇင် ဖြစ်မယ်လို့ ခန့်မှန်း ရမ်းတုပ်ခဲ့ပရစေ…………..

  • ဟက်လူ ..
    ကျိကျက်လည်း ပေါဘာအုံး ..
    ခညား မူးမှောက်နေဘာဒယ် ဆိုနေမှ ..
    ဘိုလုပ် ဖုန်းဆက်ရင် ရမဒုံး …

    ခညား အရိပ်အမြွတ် ပြထားဒယ် ဆိုလို့
    ကျုပ် အစအဆုံး လိုက်ရှာကျိဒါ တွေ့ဘာဘူးး
    ကျုပ် တွေ့ဒါဒေါ့ .. ဟို အထက်ဆုံးက ..
    ဟီးး တောင်မလေးဒွေဘဲ … :mrgreen:

  • P chogyi

    April 12, 2013 at 5:42 pm

    ကိုကြီးပေါက် ရမယ်လို့ ခန့်မှန်းပါတယ်။

    • လွဲမယ် နော်
      ကျနော်ပိုစ်တွေက မရနိုင်ပါဘူးဗျ။
      ပုံနှိပ်ဖော်ပြထားပြီးတဲ့ စာမူကို ဆုပေးလို့ မရဆိုတဲ့စည်းကမ်းနဲ့ညှိနေလို့ပါ။

  • Crystalline

    April 12, 2013 at 7:45 pm

    ပစ်စလက်ခတ်မျက်ရည်လို့ထင်ပါတယ်.. နောင်လအတွက်ကတော့ ဆရာမပြုံး.. သူများပေးပေးမပေးပေး ကိုယ့်ဖာသာကိုယ်ပေးတာ 🙂

    • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

      April 16, 2013 at 2:37 pm

      အဲ့သည့်နာမည်ကိုမတ်မိနေတာကို
      ပိုပီးကျေးဇူးတင်မိပါရဲ့

      ခင်တဲ့
      ဂီ

  • ဦးဦးပါလေရာ

    April 13, 2013 at 9:17 am

    အဲဒီတော့ ဆိုလိုတာက
    ဖက်ကက် ဒီသင်္ကြန်မှာ
    လျှောက်လဲလည်မယ်
    မဏ္ဍပ်လဲထိုင်မယ်
    အတွဲလဲချောင်းမယ်… လား…
    :kwi:

  • etone

    April 13, 2013 at 6:36 pm

    ဖွတ်တီးကတ် ၁၂နာရီကျော်လို့ ပိုစ့် အက်ဒစ်မလုပ်လျှင် ဖုန်းဆက် သတိပေးမယ် ချိတ်ချိုးရဝူးနော် ခိခိ :kwi:

  • အရီးခင်လတ်

    April 13, 2013 at 9:20 pm

    ဟဲ့ ဟဲ့ ထလော့ မောင်ဖက်။
    အချိန်စေ့ပြီ။ 😆

  • Mr. MarGa

    April 14, 2013 at 9:21 pm

    ကွန်ဂရက် ကျူလေးရှင်းပါ မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ………….. :mrgreen:
    အခုထိ အဲဒီပို့စ်ကို ဖတ်ဆဲပါ။
    တကယ်ကို အနှစ်သာရ ရှိတာမို့ အသေအချာ နားလည်အောင် ဖတ်နေရသဗျ။
    ဒုတိယ ရတဲ့ မခိုင်ဇာပို့စ်ကလဲ ရှိသင့် ရှိထိုက်တဲ့ ပို့စ်ကောင်းတစ်ပုဒ်ပါပဲနော။

  • အရီးခင်လတ်

    April 14, 2013 at 9:41 pm

    Thanks Fat Fat Cat.

    Congratulations ..
    ကိုပေါက်
    ကျော်ညိုသွေး
    ကိုခင်ခ
    ခိုင်ဇာ
    ငှက်ကလေး
    Ma ပဒုမ္မာ
    ပီချိုကြီး
    ရင်နင့်အောင်
    ဝေအောင်
    သော်ဇင် (လွိုင်ကော်)
    အင်ဇာဂီ
    ဦးကြောင်ကြီး

    :hee:

    • MaMa

      April 17, 2013 at 1:33 pm

      မလတ်နောက်က လိုက်ပါတယ်။
      (လိုတိုရှင်း Congratulaiton) :harr:
      ဖက်ဖက်ကက်ရဲ့ သဲလွန်စပေးပုံပဲ ကောင်းလို့လား။
      စုံထောက်ဝတ္ထုရေးတဲ့ စုံထောက်ခြင်းအတတ်ပညာကိုကျွမ်းကျင်ပိုင်နိုင်တဲ့ ရာမည ကပဲ တော်လို့လား။
      အမှန်တော့ နှစ်ယောက်စလုံးတော်တာပါ။
      ချီးကျူးပါတယ်။ :hee:
      မကြာခဏဆန်ခါတင်ထဲပါနေကြသူတွေထဲက မောင်ဂီတစ်ယောက်တော့ ပန်းဝင်သွားပြန်ပြီပေ့ါ။ :hee:

  • အလင်းဆက်

    April 15, 2013 at 7:42 am

    ရွာနဲ ့ 11 ရက်နေ့ကတည်းက အဆက်ပြတ်သွားတာမို ့.မီအောင်မနည်းလိုက်ပြီး..ဆက်ကြည့်ရတော့မယ်
    ကတုံးတစ်ကောင်..ရွာထဲ..ပြန်ရောက်ပြီး..ရွာလည်ပါတော့မယ် ။
    🙂

  • ရွာစားကျော် မင်းနန္ဓာ

    April 15, 2013 at 3:56 pm

    ကွန်ဂရက် ကျူလေးရှင်းပါ ဂီဂီရေ
    ၁၅% ပြောင်းလဲမှုနောက် ချောက်ထဲမကျဘဲ လှိုင်းလုံးကြီးတွေ ပါလာပါစေ…

  • surmi

    April 15, 2013 at 11:48 pm

    ဗယာကြော်ပါမောင်ဂီရေ ့
    ရသင့်တာကြာပြီမို ့ ဝမ်းသာတယ်ဟေ ့

  • အလင်းဆက်

    April 16, 2013 at 11:04 am

    ကွန်ကရက် ကျူလေးရှင်းပါ ချစ်သော ဂီ
    တကယ့် ကို ဆု ရ သင့် ရ ထိုက်တဲ့ ပိုစ့် ပါပဲ လို့

    ပိတောက်နံ့သင်းသင်း
    ပိတောက်ဆင်း ဝါဝါက လေး နဲအတူ
    စာပေချစ်သူဆု ကို ဖတ် ရ တော့

    ချစ်သော ကိုကြောင် တုတ်တုတ် ကိုလည်း
    ကျေးဇူး ပါလို့ နော့

    🙂

  • mobile

    April 16, 2013 at 12:38 pm

    အင်ဇာဂီဆိုတဲ့လူ ဂဗာပေါ်မှာ နှစ်ယောက်ရှိတယ်…….
    တစ်ယောက်က အေစီမီလန် တိုက်စစ်မှာ ခြေစွမ်းပြတယ်……
    နောက်တစ်ယောက်က မန်းဂေဇတ် ရွာမှာ လက်စွမ်းပြသွားတယ်လို့ ပြောချင်ပါတယ်…..
    ဝမ်းသာတယ်ဗျို့…………………….

  • KZ

    April 16, 2013 at 12:52 pm

    ဟင်း။ ပို့(စ) စတင်ကတည်းက လာပြောမို့ပဲ။
    စိုင်းကို ပြောထားတာတွေ အညင်ကတ်ပြီး လာမပြောတာ။
    :kwi:

    ကွန်ဂလက် ကျူလေးရှင်းပါ ဂီဂီ။
    ဟိုကိတ်စ အတွက်ရော။
    ဒီ ကိတ်စ အတွက်ရောပါ။ :mrgreen:

  • Wow

    April 17, 2013 at 5:12 pm

    ဂီမ စုတ်ရော လာဘ်ရောဝင်ဘီပေါ့… :kwi:

    • S@i S@i Fin K@i

      April 17, 2013 at 5:37 pm

      ဖဆ်ယဆာကျက်သီးထထှာအေ

    • etone

      April 24, 2013 at 11:20 am

      တိန် … သများ အိုက်လို ရေးမလို့ … ဒီထဲဝင်လာဒါ … နောက်ကျဝါးဘီ … ခိခိ … ။
      သူက ကံဇာတာတွေ အတော့်ကို တက်နေတာ မမရဲ့ ….. ။ အိမ်ပင့်ထမင်းကျွေး … နင်းတောင်ပေးဦမယ့် ကံဇာတာမျိုး … :kwi:
      အန်းနီးဝေး congratulation ပါ ဂီစိန်ရေ … စုတ်ဝင်တာရော… လာဘ်ဝင်တာရောအတွက်ပါ … :mrgreen:

  • ဦးကြောင်ကြီး

    April 18, 2013 at 10:33 am

    မောင်ဂီ
    ကောင်စီ
    တောင်အီ
    ဖြောင်သည်
    ရောင်ခြည်
    အောင်ပြီ
    နောင်တည်
    ဆောင်မည်..။

  • ကိုရင်စည်သူ

    April 21, 2013 at 3:57 pm

    အူးဂီ့ ချိန်း ပို့စ်နဲ့ ရသွားလို့.. ဂုဏ်ယူဝံ့ကြွားစွာနဲ့
    သင်္ကြန်တွင်း ရန်ကုန်ကအပြန် ဘန်ကောက်ခဏဝင်ပြီး.. 🙄
    Change လိုက်ပါကြောင်း မြေအောက်သတင်းရရှိထားပါတယ်..
    ဘာချိန်းလိုက်လဲ့ဒေါ့.. သူဂိုသာမေးကြည့်ဘာ..
    ဘန်ကောက်က ဂျီပွန်ထက် ချိန်း တာပိုကောင်းဒယ်ဆိုလားပဲ.. ဟိဟိ.. :kwi: :kwi:

  • Ma Ei

    April 22, 2013 at 12:34 pm

    Change ကိုဖတ်ရထဲက ထင်သားပဲ…
    :hee:
    ဆုပေးပွဲနေ့ကျ တွေ့ချင်ပါတယ်နော်….

  • ဝင့်ပြုံးမြင့်

    April 23, 2013 at 12:31 am

    ဂီဂီက ဂဇက်ဆု ရသင့်တာ ကြာပါပြီနော်။ သူပြောထားတာလည်း ရှိတယ်လေ၊ ဂဇက်ဆုရမှ လူပျိုကြီးဘွကို ချိန်းတော့မယ်တဲ့။ တလောက ဆိုင်းမဆင့်ဗုံမပါ မြန်မာပြည်ပြန်လာသေးတာ ဧကန္တတော့ နားဖောက်ပွဲရှိလို့ ဖြစ်ရမယ်။

    • ဖော့(စ)ထရော့ချာလီ

      April 24, 2013 at 10:55 am

      မြန်မာပြည်ပြန်လာတာ နားဖောက်ပွဲမဟုတ်ဘူးဗျ…
      ရှင်ပြုပွဲ ဆရာမရေ… ရှင်ပြုပွဲ…ခိခိ

      ခင်မင်လျက်-
      ဖက်ဖက်ကက်

    • ဖော့(စ)ထရော့ချာလီ

      April 24, 2013 at 11:40 am

      ဒါထက် စကားမစပ် ဆရာမပို့လိုက်တဲ့စာအုပ်ကို ကျွန်တော်ဝမ်းမြောက်စွာလက်ခံရရှိပါတယ်…
      ကျေးဇူးတင်စကားလဲပြောချင်ပါလျက်… ဘယ်လိုဆက်သွယ်ရမှန်းမသိ…
      ကိုယ်တိုင် ဖုန်းဆက်ပြီးပြောချင်သော်လဲ ဖုန်းနံပါတ်မသိမို့… ရွာထဲမှာပဲ အော်ပြောခဲ့ပါတယ်… ဆရာမပြုံးခင်ဗျား…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • kyeemite

    April 23, 2013 at 8:59 am

    Congratulation ပါ မစ္စတာဂီ…
    ကျနော်လည်း အကြိုက်ဆုံးပို့စ်ပါ…
    ကျန်ဇကာတင်ရွေးခံရသူအားလုံးကိုလည်း လေးစားပါဂျောင်းးးး
    (နောက်ကျနေတာခွေးလွှတ်ကြပါဗျာ)… :hee:

Leave a Reply