ကိုကြီးသိတယ်ညီမလေး

ပြုံးပျော်သွက်လက်

ထက်မြတ်တဲ့ညီမလေး..

စိတ်မညစ်တတ်

ရယ်ရွှင်နေတဲ့ညီမလေး..

အထိမခံ ကတ်ကတ်လန်

ဟန်မဆောင်တတ်သော ညီမလေး..

အကိုမောင်တွေကြား

မိန်းမလည်းမဆန်တတ်တဲ့ညီမလေး..

ကိုကြီးနောက်ရင် စိတ်မကောက်

ငေါက်လိုက်ရင်တော့ အသေကြောက်တဲ့ ညီမလေး..

ဖေမေတို့နဲ့ရန်ဖြစ်

ပြီးရင်တော့ ထိုင်ကန်တော့တတ်တဲ့ ညီမလေး..

စိတ်မာဟန်ဆောင်

လူမမြင်အောင် ငိုကြွေးတတ်တဲ့ ညီမလေး..

ဘယ်လူစိမ်းမှ မကြောက်

ဓားတချောင်းဆောင်လို့ ဖိုက်တာ လုပ်တတ်တဲ့ ညီမလေး..

လောကဓံကို ရဲဝံ့ရင်ဆိုင်

အကောင်ပလောင်မြင်ရင်တော့

ငယ်သံပါအောင် အော်တဲ့ညီမလေး..

ဖေဖေနဲ့ ကိုကြီးကို အချစ်ဆုံးဆိုပြီး

ညာညာချွဲတတ်တဲ့ ညီမလေး..

ကိုကြီးအတွက် ကိုကြီးတို့မောင်နှမတွေအတွက်

အလွန်ချစ်ရပါသော မရှိမဖြစ် စွာတေး ညီမလေး..

ညီမလေး တောင့်တ.. ဆန္ဒအဝဝ

ညီမလေး ရည်ရွယ်.. ဖြစ်စေဖွယ်

ညီမလေး မျှော်လင့်.. ပန်းတိုင်အဆင်ဆင့်

ဖြည့်ဆည်းပါ့မယ်.. အသွယ်သွယ်

ယုံကြည်ပါကွယ်.. ညီမငယ်..

ကိုကြီး နောက်က ပင့်စေမယ် ..

ညီမလေး လည်း မြင့်စေကွယ်..

ကိုကြီး ကတိလည်း တည်စေ့မယ်..

 

လူကလေး

လူကလေး

About လူကလေး

လူကလေး has written 16 post in this Website..