ကိုကြီးသိတယ်ညီမလေး

လူကေလးApril 11, 20131min36337

ကိုကြီးသိတယ်ညီမလေး

ပြုံးပျော်သွက်လက်

ထက်မြတ်တဲ့ညီမလေး..

စိတ်မညစ်တတ်

ရယ်ရွှင်နေတဲ့ညီမလေး..

အထိမခံ ကတ်ကတ်လန်

ဟန်မဆောင်တတ်သော ညီမလေး..

အကိုမောင်တွေကြား

မိန်းမလည်းမဆန်တတ်တဲ့ညီမလေး..

ကိုကြီးနောက်ရင် စိတ်မကောက်

ငေါက်လိုက်ရင်တော့ အသေကြောက်တဲ့ ညီမလေး..

ဖေမေတို့နဲ့ရန်ဖြစ်

ပြီးရင်တော့ ထိုင်ကန်တော့တတ်တဲ့ ညီမလေး..

စိတ်မာဟန်ဆောင်

လူမမြင်အောင် ငိုကြွေးတတ်တဲ့ ညီမလေး..

ဘယ်လူစိမ်းမှ မကြောက်

ဓားတချောင်းဆောင်လို့ ဖိုက်တာ လုပ်တတ်တဲ့ ညီမလေး..

လောကဓံကို ရဲဝံ့ရင်ဆိုင်

အကောင်ပလောင်မြင်ရင်တော့

ငယ်သံပါအောင် အော်တဲ့ညီမလေး..

ဖေဖေနဲ့ ကိုကြီးကို အချစ်ဆုံးဆိုပြီး

ညာညာချွဲတတ်တဲ့ ညီမလေး..

ကိုကြီးအတွက် ကိုကြီးတို့မောင်နှမတွေအတွက်

အလွန်ချစ်ရပါသော မရှိမဖြစ် စွာတေး ညီမလေး..

ညီမလေး တောင့်တ.. ဆန္ဒအဝဝ

ညီမလေး ရည်ရွယ်.. ဖြစ်စေဖွယ်

ညီမလေး မျှော်လင့်.. ပန်းတိုင်အဆင်ဆင့်

ဖြည့်ဆည်းပါ့မယ်.. အသွယ်သွယ်

ယုံကြည်ပါကွယ်.. ညီမငယ်..

ကိုကြီး နောက်က ပင့်စေမယ် ..

ညီမလေး လည်း မြင့်စေကွယ်..

ကိုကြီး ကတိလည်း တည်စေ့မယ်..

 

လူကလေး

37 comments

  • GaviaGirl

    April 11, 2013 at 5:54 pm

    နာလည်း သိဒယ် တနယ်ဂျင်း…

    နာလည်းအိုက်လို ကိုရီးတစ်ယောက်လိုဂျင်ဒယ်.. ဒါမယ့် နာဂ နင့်ကို လိမ်မာပါ့မား မတိဝူး.. :mrgreen:

    • လူကလေး

      April 22, 2013 at 11:14 am

      လိမ္မာပါတယ်.. နှမကလေး မွန်မွန်ရယ်..

  • ရွှေ ကြည်

    April 11, 2013 at 6:14 pm

    လူကလေးက ကျားလား၊ မလား ဟင်င်င်င်င်င်
    ကဗျာလေးက ကောင်းလိုက်တာ နှုတ်တိုက် သံပြိုင်ဆိုလို့လည်းကောင်းမယ် အဓိပ္ပါယ်လည်းပြည့်တယ်
    အင်း တယ်လည်းအားကျဖို့ကောင်တဲ့ မောင်နှမ (or) ညီအမ ပဲ.. 😆

    • လူကလေး

      April 22, 2013 at 11:19 am

      လူကလေးက မိန်းမလေးဖြစ်ပါတယ်ဗျ.. ဟဲဟဲ

  • နေဝန်းနီ

    April 11, 2013 at 9:29 pm

    ညီမလေးက ပြောနေတယ် ကိုကြီးကို မသိဘူးတဲ့လေ……….

    :harr: :harr: :harr: :harr:

    • zarlay

      April 12, 2013 at 3:29 pm

      ကိုကြီး ဘာတွေသိသေးလဲ ပြောပါအုံးကိုကြီးရယ်

    • လူကလေး

      April 22, 2013 at 11:22 am

      ဘာလို့မသိရမှာလဲ.. သိတယ် .. ညီမလေးလည် းကိုကြီးအကြောင်းသိတယ်.. ကိုကြီးလည်း ညီမလေးအကြောင်းသိတယ်..

  • ရာမည

    April 12, 2013 at 11:48 am

    ညီမလေးအတွက်ဘဲစဉ်းစားနေရင်
    လူပျိုကြီးဖြစ်သွားမှ ဟုတ်ပေ့ဖြစ်နေမယ် :mrgreen:
    ကိုယ် ့အတွက်လည်း မလွဲစေနဲ့ ကိုလူကလေး ခင်ဗျာ

    • လူကလေး

      April 22, 2013 at 11:27 am

      ကျေးဇူးပါ ညညရေ.. လူကလေး အကို က မိန်းမရသွားပီဗျို့.. အဲဒါ သူက ညီမလေးကို မေ့သွားသလို ခံစားရလို့ ဒီကဗျာလေးရေးထားတာဗျ..

  • အဲ .. အဲ …
    ကဗျာတွေလည်း ရေးတတ်သဟ …
    ကဗျာလေးက ဂွတ်ထစ်ချယ်ဘဲ ….
    ထင်တောင် မထင်ထားဘူးရယ် ..
    အောက်ဆုံးက “လူကလေး” ဆိုတာကြီးကို တွေ့လိုက်ရမှ
    အံ့အားသင့်သွားရတာ ….
    တကယ် .. တကယ် …
    ခု ကဗျာထဲက ကိုကြီး နဲ့ ညီမလေး တို့ရဲ့
    ဖြူစင်တဲ့ ချစ်ခြင်း မေတ္တာတရားကို ခံစား ဖတ်ရှုသွားပါတယ်ဗျို့ ….။

    • လူကလေး

      April 22, 2013 at 11:52 am

      အဟဲ.. အဲဒါကြောင့်လေ .. အံစာ အတုံးကြီးကိုလေ.. လူကလေးက လေ..
      အံစာ အတုံးကြီးကိုလေ.. လူကလေးက လေ..
      အံစာ အတုံးကြီးကိုလေ.. လူကလေးက လေ..
      အံစာ အတုံးကြီးကိုလေ.. လူကလေးက လေ..
      အံစာ အတုံးကြီးကိုလေ.. လူကလေးက လေ.. ခင်ရတာလို့.. အဟတ် ဟတ် ..
      :mrgreen: :mrgreen:

      • အံစာ အတုံးကြီးကိုလေ .. လူကလေးက လေ ..
        ဆိုလိုက်ဒိုင်း …
        တား ဂို ဘာလုပ်မို့ဒုန်းလို့ လန့်လိုက်ရဒါ ..
        ဟူးးး … တော်ဒေးဒယ် .. ခင်ရတာ ဆိုရို့ … :mrgreen:

        • လူကလေး

          April 23, 2013 at 10:35 am

          စကားထစ်တတ်လို့ပါဗျ.

  • အရိပ်စစ်

    April 12, 2013 at 8:53 pm

    ညီမလေးလည်း တိတယ် ကိုကြီး..ခိခိ
    အရမ်းကောင်းပါတယ်ရှင်

    • လူကလေး

      April 22, 2013 at 12:03 pm

      ညလေး တိပီလားဟင်.. ညလေးရယ် ညလေး တိမှ တိပမလားလို့ ..တိုဂျီးမှာလေ.. ဟင်း…

  • သူကလေး

    April 22, 2013 at 10:49 am

    “ သူသိသွားဘီ .. ဘိုများ သူလေသိ ”
    ခစ်ခစ် … ကိုကြီးရယ် အများကြီးမသိပါနဲ့ နည်းနည်းလေးလျှော့အုံးနော် …
    ချစ်စရာကောင်းပြီး နူးညံ့တဲ့အချစ်မေတ္တာဖွဲ့လေးကို သေချာအားပေးသွားပါတယ်

    • လူကလေး

      April 22, 2013 at 12:14 pm

      “ချစ်စရာကောင်းပြီး နူးညံ့တဲ့အချစ်မေတ္တာဖွဲ့လေး” ဆိုဒါ ဂယ်ရားဟင်.. အဟတ်ဟတ်.. ဝမ်းသာထှာ..

      • သူကလေး

        April 23, 2013 at 9:07 am

        နင်နေအုံးမယ် ဖြည်းဖြည်းရယ် … အဲဂလို မြှောက်ပေးလို့ကိုမရဘူး
        ဒါဘဲနော် နောက်တစ်ခါ မမသိတယ်ဆိုပြီး ထပ်ရေးပေးအုံး 😛

  • KZ

    April 22, 2013 at 11:42 am

    ကိုဂျီး။ ကိုဂျီး။
    ချွဲချွဲ နွဲ့နွဲ့ ခေါ်ချင်တယ်။
    ကိုဂျီး၊ ကိုဂျီး။

    :harr:

    • လူကလေး

      April 22, 2013 at 12:21 pm

      ဂျာ .. ဂျ …. ဘာတုန်း.. ဘာတုန်း..

  • etone

    April 22, 2013 at 12:04 pm

    တီခြားလူတွေတော့ .. အကိုရီးဆိုဒါ .. အားကိုးအားထား ပြုစရာလို့ မှတ်ပီး .. အဓိပ္ပါယ် အမျိုးမျိးဖွင့်ကြတယ် … ။
    အစ်ကိုရီး အဖရာဆိုတဲ့ စကားပုံဒွေတောင် ချိခဲ့ကြတေးတယ် … ။

    ဘဒူတွေ ဘလိုပဲပြောပြော … သများကတော့ .. အကိုရီးဆိုတာ … ကိုယ့်ကို ဆရာဂျီး လုပ်ချင်တဲ့လူ … ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့လူ … နာအကြီးဆိုပြီး ချုပ်ချယ်ချင်တဲ့လူ … ၊ ညီမရဲ့ ရဲစားကို ပါဝါပြချင်တဲ့လူ ၊ အမေ့နားမှာ ကပ်ဖားပြီး .. အချွန်နဲ့ မ၊ လျှောက်ကြပ်ပေးတဲ့လူ … တခုခုခိုင်းလျှင်ပိုက်ဆံတောင်းတတ်သူ …+ + + :kwi:

    • လူကလေး

      April 22, 2013 at 6:05 pm

      အဲဒိ အပိုင်းက နောက်တစ်ပုဒ်အတွက်ချန်ထားတာ.. တုန်တုန်ရေ..

  • Mr. MarGa

    April 22, 2013 at 5:42 pm

    ကိုကြီးသိတယ် ညီမလေး :hee:
    ကိုကြီးသိတယ် ညီမလေး :hee:
    ကိုကြီးသိတယ် ညီမလေး :hee:
    ကိုကြီးသိတယ် ညီမလေး :hee:
    ကိုကြီးသိတယ် ညီမလေး :hee:
    ကိုကြီးသိတယ် ညီမလေး :hee:
    ဘာသိလဲတော့ လာမမေးနဲ့ ခေါင်းခေါက်ခံရမယ်။ ဒါပဲ :mrgreen:

    • လူကလေး

      April 22, 2013 at 6:11 pm

      ဒီမှာ ဒီမှာ ကတွတ်ပီ.. အဲ .. ကမာဂ ..

      ကွန်မန့်လိုလို ဘာလိုလိုနဲ့ ကျုပ်ခေါင်းစဉ်ကိုချည်း ကူးချတွားပလားဗျ..

      ဘိုတကြားမင်းလဲမတိ.. Copy right နဲ ့ညိတော့မယ်.. အင်း

      • Mr. MarGa

        April 22, 2013 at 6:19 pm

        ဒီ လူကလေးကတော့ သေချာမဖတ်ဘဲနဲ့
        အောက်ဆုံးမှာ ကျုပ်ရဲ့ ကို်ယ်ပိုင် တစ်ကြောင်းပါသလေ
        ခေါင်းခေါက်ခံချင်ပြီ ထင်တယ်နော် :mrgreen:

        • လူကလေး

          April 22, 2013 at 6:23 pm

          ဒီလို မဖြစ်စလောက်လေး ကြားညှပ်ရုံနဲ့တော့ . .ကျုပ်ရဲ့ မူရင်းဂျီးက ပျက်မသွားဘူး .. ကမာဂရေ.. လာငြင်းမနေနဲ့ .. ကူးချတယ်ဆိုဒါ.. တိပ်တိတာ နေတယ်.. ဟွင်းဟွင်း

        • Mr. MarGa

          April 22, 2013 at 6:29 pm

          ကဲပါကဲပါ
          ခင်ဗျားက ကူးတယ်လို့ ယူဆချင်တယ် ဆိုရင်တော့လဲ သဘောပေါ့
          ကော်ပီရိုက်နဲ့ တစ်ရာဆွဲချင်ရင်လဲ အချိန်မရွေးပါ လို့
          အဲ ဒါပေမင့်
          လူ့ပြည်က တရားရုံးတွေက လက်ခံမှာ မဟုတ်လို့
          နတ်ပြည် လွှတ်တော်မှာ တစ်ရာလာဆွဲ
          ဒါပဲ :mrgreen:

        • အိမ်းးး
          ဒီကော်ပီရိုက် ကိစန တွင်
          လူဂလေး ကို အနိုင်ပေးလိုက်တီ …။
          သို့ဂျောင့် ..
          သဂျား ခေါင်းကို ငအံစာ က ခေါက်စေဒဒီး …။

          ပုံ/
          မဟာ့မဟာ ဗြဟ္မာမင်းဂျီး

  • သူကလေး

    April 23, 2013 at 10:24 am

    အင်း
    ဒီ တိုတိုအံကတော့ ရတဲ့နေရာမှာ ရသလို ဂွင်ဖန်လိုက်တယ်ပေါ့လေ
    သို့ဂျောင့် …
    တိုတိုအံ့ခေါင်းကို သူကလေး ခေါက်စေသတီး …ဟီး

    • ဂျစ်လို့ ဆိုရင်ဒေါ့ …
      ခေါင်းကို ခေါက်ရုံတင် မကဘူး ..
      အသေပါ သတ်သွား .. စိတ်မဆိုးဘူး ..
      ကျေကျေနပ်နပ်ကြီး သေပေးလိုက်မယ် …

      မုန်းလို့ ဆိုရင်ဒေါ့ဖြင့် …
      ပန်းလေးနဲ့တောင် မပေါက်နဲ့ ..
      ကိုကိုအံ အသက်ထွက်လိမ့်မယ် သူဂလေးရယ် …. :mrgreen:

      • လူကလေး

        April 23, 2013 at 11:16 am

        အမယ်လေး .. ရေးချက်ကတော့ လန်ထွက်နေတာပါလား အံစားအတုံးရေ..
        ကြွေလောက်တယ်ဟ..

  • rain pricess

    April 23, 2013 at 1:17 pm

    အဲ.ဒီလို အကိုမျိူး လိုချင်တယ်…..

    • လူကလေး

      April 23, 2013 at 1:31 pm

      ိမိုး က အားကိုးချင်တယ်ဆိုပါတော့ .. လာလေရော့ .. ကိုကြီးပါတဲ့ ခင်ဗျ..

  • အလင်း ဆက်

    July 7, 2013 at 5:29 pm

    ိုတလောက လူကလေးတို့နဲ ့အပြင်မှာ ဆုံပြီး
    အခုမှ ဒီ ကဗျာလေး လာဖတ်မိတော့

    ကဗျာထဲက ကောင်မလေးဟာ ဘယ်သူ ဆိုတာ
    သ်ိသွားတယ်
    😆

    • လူကလေး

      July 15, 2013 at 9:15 am

      သိပ်အံဩသွားသလား အလက်ဆင်း.. ဟင်းဟင်းဟင်း..
      ဒါဟာဘယ်တူရှိရမလဲ .ဘယ်သူဖြစ်မှာတဲ့လဲ..
      နောက်ဆုံးတော့ မင်းသားလေးနဲ့ ညားမယ့် မင်းသမီးက အီဖေကိုပဲပေါ့ကွယ်.. ငှဲငှဲငှဲ..

    • လူကလေး

      July 15, 2013 at 3:30 pm

      အောင် မာ.. မိုက်ရိုင်းလိုက်တဲ့ အလင်းဆက်. .
      ဗေဗေ့ကို သိက္ခာချတယ်ဗျာ..
      သူကလည်း ဘီလူး မှာတော့ မင်းသားပါပဲ..

      ဒါပေသိ လူကလေးရဲ့ မင်းသားလေးကတော့ .. အိမ်မက်ထဲကမင်းသားလေး.. ဟိုကောင်လေး.. ဟိုဟာလေ.. ဟိုလူ.. ဟိုလူ..

Leave a Reply