အဝေးရောက်နှစ်သစ်ကူး

ရွှေ ကြည်April 11, 20131min25127

မှုန်မှိုင်းနေတဲ့စိတ်က

အိမ်လွမ်းနာကျနေတယ်

မရွာပဲမှိုင်းညို့နေတဲ့မိုးက

ငိုချင်တာကိုချုပ်တည်းထားရသလို

အလို ငါရောက်နေတာဘယ်နေရာလဲ

မိုးတွေပဲရွာတတ်တဲ့ကျွန်း

သိပ်မွန်းကျပ်တယ်။

ဧပရယ်

ပိတောက်

သင်္ကြန်ရောက်ပြီ

အဝေးကသင်္ကြန်

ပျော်စရာတွေဖန်ထားလည်း

လစ်ဟာဆဲကွက်လပ်နဲ့

မပြည့်ဝခဲ့တဲ့ပျော်ရွှင်မှု

ဒါကအတုလေ။

ဒီအချိန် ဒီအခါ

အမိမြေမှာသာဆို

ဘယ်နေရာမှာဖြစ်ဖြစ်

တေးသံသာတွေပျံ့လွင့်

နှစ်သစ်ကူးခံစားချက်စစ်စစ်နဲ့

ပိတောက်တစ်ခက်တော့

ငါ့ခေါင်းထက်ရောက်ရမှာပေါ့..။

 

ကျေးဇူးအထူးတင်ပါတယ်ရှင့်။

 

27 comments

  • သားကြီး ထွဋ်

    April 11, 2013 at 10:37 pm

    ဒီအချိန် ဒီအခါ
    အမိမြေမှာသာဆို
    ဘယ်နေရာမှာဖြစ်ဖြစ်
    တေးသံသာတွေပျံ့လွင့်
    နှစ်သစ်ကူးခံစားချက်စစ်စစ်နဲ့
    ပိတောက်တစ်ခက်တော့
    ငါ့ခေါင်းထက်ရောက်ရမှာပေါ့…
    မမကြီးရွှေကြည် ဒီနှစ်မှာ မျှော်နေရပေမယ့်
    နောက်နှစ်ကြရင် အပီကဲပစ်လိုက်ပေါ့
    တရားစခန်းဝင်တယ်သဘောထားပြီး တာဝန်ေတွေကျေပွန်လိုက်ပါ
    ကမန်တော်တို့ကတော့ ကဲမှာဘဲ ကဲမှာဘဲ နာကိုလာမတားနဲ့ ဟုတ်ပါဘူး အဲလ်လစ် သီချင်း
    နဲ့မှာပြောနေမိပီ ခင်မင်မှုများစွာနဲ့ ———-

    • ရွှေ ကြည်

      April 13, 2013 at 7:59 am

      သားကြီး ထွဋ် ရေ မင်္ဂလာပါနော့
      မမရွှေကြည်ကတော့ သင်္ကြန်ဆိုမကဲပါဘူးကွယ် မိဘအိမ်ပြန်နေပြီးသူများတွေ ကလေးတွေဆော့တာကြည့်ပြီးပျော်နေတတ်တဲ့သူပါ။
      သင်္ကြန်မှာ စိတ်ကြိုက်ပျော်နိုင်ပါစေလို့….။

  • ကျနော်လဲ မန်းသင်္ကြန်နဲ့ တစ်နှစ်ဝေးဘူးတယ်။
    တကယ်ကိုလွမ်းခဲ့ရတာဗျာ။
    ကိုယ်ချင်းစားမိပါ၏

    • ရွှေ ကြည်

      April 13, 2013 at 8:00 am

      လေးပေါက်ရေ တကယ်ကိုလွမ်းပါတယ်ဗျာ

  • ရာမည

    April 12, 2013 at 11:42 am

    နေရစ်တော ့သင်္ကြန်
    ဆဲသံ အော်သံ ညစ်ညမ်းသံတွေ
    ဆပ်ပြာရည် ဓာတုဆေးဝါးရေ
    လူပြောများနေတဲ့အက်ဆစ်
    ပြုသူအသစ်
    ဖြစ်သူအဟောင်း
    ချောင်းကိုပစ်ပြီး မြစ်ကိုရှာပေတော ့
    ပိတောက်တွေဝေလည်းမလွမ်းနဲ့
    ငုဝါတွေ ကြွေလည်း မလွမ်းနဲ့
    ဆန်းပြားတဲ့သင်္ကြန်
    ကြမ်းတမ်းတဲ့သင်္ကြန်
    ရမ်းကားတဲ့သင်္ကြန်
    တရားဝင်မထုတ်တဲ့သေစာရင်းက
    တစ်နိုင်ငံလုံး အလုံးအရင်းတွက်ကြည် ့
    တစ်ရာကျော် နှစ်စဉ် တဲ့
    အရင်လိုမဟုတ်တော ့ဘူးကလေးမ
    မင်းသိတဲ့သင်္ကြန်ကအဝေးမှာကျန်ခဲ့ပြီ
    အဟောင်းတွေဖြစ်သွားပြီပေါ ့
    နေရစ်တော ့သင်္ကြန် ။ ။

    ကြိုးစားပါဦးမည်
    ရာမည

    • ရွှေ ကြည်

      April 13, 2013 at 8:06 am

      ကိုရာမညရေ သိပ်ကောင်းတဲ့ကဗျာလေးပါဗျာ..။ သရုပ်ပျက်သင်္ကြန်ကိုပုံဖေါ်လာကြတာပိုဆိုးလာတယ်နော်။
      ဒီနှစ်လည်း အန္တရာယ်ကင်းကြပါစေလို့သာဆိုတောင်းရမှာပဲ မူးကြ၊ မြူးကြ သင်္ကြန်ကာလမှာ ရန်ပွဲတွေ၊ ယာဉ်တိုက်မှုတွေကလည်းမနည်း..။
      ဒါပေမယ့်ဗျာ တူးပို့သံကြားရင် မရိုးမရွဖြစ်တတ်တဲ့ မြန်မာ့ပိုးကထိန်းမရဘူး၊ ပိတောက်တွေမြင်ရင်လိုချင်စိတ်ကထိန်းမရဘူးဗျာ..။
      ကျေးဇူးတင်ပါတယ်ဗျာ ကဗျာမန့်လေးအတွက်..။

  • အရိပ်စစ်

    April 12, 2013 at 9:10 pm

    တစ်ခါတစ်လေ ဝေးတာပ
    နောက်နှစ်တွေ အပီကဲမည်ဆိုပီး
    အလွမ်းလေးတွေ နည်းနည်းလျှောပါစေကွယ်

    • ရွှေ ကြည်

      April 13, 2013 at 8:08 am

      အရိပ်စစ်ရေ အားပေးတာကျေးဇူးပါနော် ခံစားနားလည်မှုအတွက်ကျေးကျေး
      ခင်မင်လျှက်
      ရွှေကြည်

  • Silver Twig

    April 13, 2013 at 12:16 am

    သင်္ကြန်ရောက်ပြီ, အဝေးကသင်္ကြန်, ပျော်စရာတွေဖန်ထားလည်း, လစ်ဟာဆဲကွက်လပ်နဲ့
    Hello shwe Kyi…you still have an opportunity to fulfill your longing for HomeThyngyan.

    Here I am, lonely deep inside
    knitted by those, who don’t know Thyngyan
    under shower, pouring myself
    tear down stream, singing Mya-nan-dar.

    • ရွှေ ကြည်

      April 13, 2013 at 8:13 am

      Silver Twig ရေ ကိုယ်ချင်းစာမိပါရဲ့ ဒိမှာတော့ သင်္ကြန်ပွဲဆိုပြီး ဘုန်းတော်ကြီးကျောင်းတွေမှာစတုဒီသာပွဲတွေနဲ့ တော့ရှိတယ်ဗျ။ ကိုယ့်အမိမြေလိုတော့မဟုတ်ဘူးပေါ့။
      မငိုပါနဲ့တော့ဗျာ အချင်းချင်းအားပေးကြတာပေါ့။
      ခင်မင်လျှက်
      ရွှေကြည်

  • ကိုရင်စည်သူ

    April 13, 2013 at 1:19 am

    ရွှေကြည်လေး.. တိတ်တိတ် ငိုနဲ့…
    ကိုရင်လည်း အဝေးရောက်မို့ရို့..
    ကိုယ်ချင်းစာပါရဲယ်..။
    ရေပက်ဖို့တောင် လူမရှိတဲ့..
    ကိုရင့်တို့ ဘဝထက်စာရင်တော်သေးဒလယ်မှတ်..
    သင်္ကြန်လွမ်းရင်.. သင်္ကြန်သီချင်းလေးကျယ်ကျယ်ဖွင့်ပြီး ရေကြာကြာချိုးပီး..
    သင်္ကြန်သီချင်းဆိုပလိုက်.. အလွမ်းပြေသွားမယ်..။
    လုပ်နေကျမို့.. အကြံပေးဒါပါ..။ :kwi: :kwi:

    • ရွှေ ကြည်

      April 13, 2013 at 8:17 am

      ကရင်စည်ရေ ကရင်စည်တို့ Silver Twig တို့ပြောတော့လည်း ကိုယ့်ကိုယ်တောင်မတရားသလိုထင်မိပြီ
      ဟုတ်ပ ရွှေကြည်ကမှ ရွှေတွေများတဲ့ ကျွန်းမှာ အမှတ်တရပွဲတွေနွှဲနိုင်သေးတယ်နော်..။
      ကိုချင်းစာပါတယ်ဗျာ။ ကိုရင်စည်ပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ် ကျေးကျေးဗျို့။

  • မမဂျီးးး
    ဘာမှ အားငယ်နဲ့ ..
    တားတား ချိဒယ် …
    မမဂျီးးရဲ့ အဖြစ်ကို စာနာပါတယ်ဂျာ …
    ဖြစ်နိုင်ရင် ပန်းကန်ပြား ပျံကြီးကို ကိုယ်တိုင်မောင်းလို့
    လာခေါ်လိုက်ချင်ပါသေးရဲ့ …
    ဒါနဲ့ စကားမစပ် ..
    ပိတောက် တစ်ခက်က ဘူ လာပေးမှာဒဲ့ဒုန်း … 🙄 :mrgreen:

    • ရွှေ ကြည်

      April 13, 2013 at 1:15 pm

      အဟဲ ငါ့မောင်ရေ အမိမြေမှရှိနေတုန်းကတော့………..(အင်းးးးးးးးး)
      ဈေးကဝယ်တာပေါ့ ငါ့မောင် :mrgreen:

  • ဗုံ ဗုံ

    April 13, 2013 at 3:20 pm

    မမဂျီး နိုနဲ့ မိဗုံလည်း နိုချင်တယ် ဒူးတွေနာလို့ ဟိဟိ အခု တရားထိုင်ချိန် ခိုးသုံးတာ တိရား မမဂျီး အာဘွားးးးးးးး

    • ရွှေ ကြည်

      April 13, 2013 at 4:22 pm

      ဖြစ်ရမယ် မိဗုံရယ် 😆
      အားလုံးကိုမေ့ထားပြီး တရားကိုအာရုံပြုပါကွယ် လုပ်နေတဲ့အတူတူမထူးဘူးလေ ကုသိုလ်ရအောင်ရနိုင်သလောက်ထိန်းပါကွယ်။ ငါ့ညီမလေးက လိမ္မာပါတယ် 😆

    • အရိပ်စစ်

      April 13, 2013 at 4:22 pm

      ဗုံဗုံ တော့်ပျောက်နေပါတယ် မှတ်တာ
      တရားစခန်းရောက်နေတာကိုးး
      သာဓုပါတော်

  • ဦးကြောင်ကြီး

    April 13, 2013 at 9:38 pm

    အဝေးရောက်
    သွေးသောက်
    ကွေးကောက်
    မြေးပေါက်
    ဟေးခြောက်
    ဂွေးထောက်
    တွေးလျောက်
    ဈေးမြောက်..။

    • ရွှေ ကြည်

      April 14, 2013 at 2:06 pm

      ဈေးမြောက်
      ပေးမလောက်
      ဆွေးကြောက်
      ငေးပျောက်
      (ဘာတွေမှန်းတော့သိဝူး လျှောက်ရေးတာ :harr: )

  • Mr. MarGa

    April 15, 2013 at 9:46 pm

    အဝေးရောက်ချိန်ခဏ
    တမ်းတမိ ဒီသင်္ကြန်
    မှန်းဆကာ လွမ်းမိသော်လဲ
    မှန်းကြည့်ရင် ရင်ထဲမချိတာမို့
    စိတ်ရှိသလို ချကာရေးလိုက်သည်
    ကဗျာတစ်ပုဒ် ဖြစ်စေသတည်း
    &&&&&&&&&&&&&&&&&&&&&
    အငှား ခံစားပေးတာ :kwi:

    • ရွှေ ကြည်

      May 1, 2013 at 9:04 am

      သိကြားမင်းရေ တယ်ဟုတ်ပါလားကွယ် တော်လာပြီ တော်လာပြီ :mrgreen:

  • အလင်းဆက်

    April 16, 2013 at 11:24 am

    ဟောဒိမှာ ပိတောက်ပန်းတွေ
    ပန်လိုက်ပါ မမ ရွှေ
    ပိတောက် ရနံ့တွေ သင်းပျံ့လာတိုင်းလည်း
    မငိုချင် ပါနဲ့ မမ ရွှေ
    ချစ်သော မြေကို လွမ်းဆွတ်သတိရ စိတ်က လေး
    မမ ရွှေ ရင် ထဲ ကိန်းအောင်း နေသေးတယ် ဆိုကတည်းက
    ဒီမြေ ဒီရေ ဒီသင်္ကြန်နဲ့
    မမ ရွှေ မ ဝေးပါဘူး
    နီးနီး လေး ရှိ နေပါတယ် မမ ရွှေ

    ကဲ
    နောင် နှစ်သင်္ကြန်မှာ
    ပျော်ရွှင် စွာ ပြန်လည် ဆုံတွေ့ ကြမယ် လို့
    မျှော်လင့်ချက် ထားကြခွင့်လေး
    ရှိပါသေးတယ်
    ချစ်သော မမ ရွှေ

    ငို မ နေနဲ့ မမ ရွှေ

    ချစ်သော အလက်ဆင်း

    • ရွှေ ကြည်

      May 1, 2013 at 9:05 am

      အလက်ဆင်းရေ ပြန်လည်ဆုံတွေ့ကြမယ်ကွယ်ပေါ့ နော် ကျေးကျေးပါကွယ် 😆

  • KZ

    April 16, 2013 at 12:44 pm

    ကျွီ
    ဖတ်ရင်း ငိုသွားပါတယ်လို့။
    :byae:
    အဝေးရောက် နှစ်ကူးခဲ့ရတာ ၅ နှစ်ရှိပြီမို့ပါ။ 🙁

    • ရွှေ ကြည်

      May 1, 2013 at 9:06 am

      အစ်မဇာရေ ငါးနှစ်တောင်ရှိခဲ့ပြီလားကိုယ်ချင်းစာပါရဲ့

  • သူကလေး

    April 22, 2013 at 12:10 pm

    ဒီနှစ်တော့ ရန်ကုန်သင်္ကြန် မြန်မာသင်္ကြန်ကိုလွမ်းလိုက်ရတယ်ဗျို့
    ဘယ်နေရာရောက်ရောက် မြန်မာသင်္ကြန်ရဲ့ပျော်ရွှင်မှုကိုအစားမထိုးနိုင်ပါဘူး

  • ရွှေ ကြည်

    May 1, 2013 at 9:07 am

    သူကလေးရေ ဟုတ်တယ် အစားထိုးလို့မရနိုင်ပါဘူးကွယ် ဒါနဲ့ သူကလေးကဘယ်ရောက်နေလို့လဲကွယ်

Leave a Reply