ရွာသူ ရွာသားများအားလုံး မင်္ဂလာပါ

lady mobileApril 12, 20131min26024

မင်္ဂလာပါရှင့်

ဒီရွာထဲမှာ မန်ဘာဖြစ်ခွင့်ရတာ ပျော်ပါတယ်။

လေဒီက မိုဘိုင်း ရဲ့ ချစ်သူပါ။

ရွာထဲက မန်ဘာတွေကို လေဒီက မိုဘိုင်း ပြောပြထားလို့ အားလုံးကိုရင်းနှီးပြီးသာပါ။

လေဒီက စာတွေကဗျာတွေကိုတော့ တစ်ခါမှ မရေးဖူးပါဘူး စာဖတ်ရကိုတော့ နှစ်သက်ပါတယ်။

ကဗျာတွေကိုကြိုက်တယ်။ နောက်မှပဲ ကြိုးစားပြီးတော့ ပို့စ်တင်နိုင်အောင် ကြိုးစားပါမယ်။

လေဒီက အင်တာနတ်ကို အခုမှစပြီး သုံးဖြစ်တာပါ။

အခုချိန်ကစပြီး ရွာထဲက စာတွေဖတ်မယ် ကွန်မန်းတွေပေးပါမယ်။

အမှတ်တွေရအောင်ယူမယ်။ အမှတ်တစ်သိန်းပြည့်ရင် မုန်တွေဝယ်စားပါမယ်။

မှားတာရှိရင်လည်း ခွင့်လွှတ်ကြပါလို့ လေဒီ ကြိုပြီးတောင်းပန်ပါတယ်။

ဘာတွေရေးရမှန်းမသိလို့ ဒီလောက်ပါပဲနော်

အားလုံးကို ခင်မင်လျှက်………………….

24 comments

  • အရိပ်စစ်

    April 12, 2013 at 8:30 pm

    အမှတ်တစ်သိန်းပြည့်ရင် မုန့်တွေ ဝယ်စားပီး လာကျွေးရင်လည်း ချိတ်ချိုးဘူးနော်
    လာရောက် ကြိုဆိုပါတယ်နော်
    ပျော်ရွှင်ပါစေ

    • lady mobile

      April 14, 2013 at 1:46 pm

      အမှတ်တစ်သိန်ပြည့်ရင်မုန့်ဝယ်ကျွေးဖို့ဘယ်မှာနေလဲပြောလေ။
      လေဒီကခင်တတ်တယ်နော်။ အပေါင်းအသင်းမက်တယ်။အခုလိုကြိူဆိုကြတာ ဝမ်းသာတယ်။
      ကျေးဇူးပဲနော်။

  • TNA

    April 12, 2013 at 8:43 pm

    မင်္ဂလာပါရှင်။

    • lady mobile

      April 14, 2013 at 1:40 pm

      မင်္ဂလာပါ၊

  • သားကြီး ထွဋ်

    April 13, 2013 at 7:48 am

    မုန်တိုင်းရဲ့ ဂျစ်ဂျစ်လေး ဟုတ်ပါဘူးမှားလို့
    mobile ရဲ့ ချစ်ချစ်လေး မင်္ဂလာပါဗျာ

  • ရွှေ ကြည်

    April 13, 2013 at 8:29 am

    လေဒီ မိုဘိုင်းရေ မင်ဂါဘာာာာာာာာာာာာာာာ 😆
    ပျော်ရွှင်ပါစေကွယ်

  • သားကြီး ထွဋ်

    April 13, 2013 at 9:13 am

    မင်္ဂလာပါ ရွာထဲမှာပျော်ရွှင်ပါစေ။
    ရွာမလည်ပါစေနဲ့။

    • lady mobile

      April 14, 2013 at 1:50 pm

      မျက်ခုံးမလှုပ်ပါနဲ့။ မိုဘိုင်းလို ဂျစ်ကပ်ကပ်မဟုတ်ပါဘူး။
      ဖော်ရွေပါတယ်။

  • koyinmaung

    April 13, 2013 at 8:27 pm

    မင်္ဂလာပါ လေမုန်တိုင်း..အဲ့လေမှာလို့
    မင်္ဂလာအတာသင်္ကြန်ကိုကြို့ဆိုလျှက်..
    မင်္ဂလာပါ လေဒီမုန်တိုင်းရေ…အို…လေဒီမိုဘိုင်းလေးရေ..
    စိတ်မဆိုးနဲ့နော်..ခင်လို့စတာပါ…..

    • lady mobile

      April 14, 2013 at 1:52 pm

      ကိုရင်မောင် မရွှေဥနဲ့လျှောက်မလည်ဘူးလား။
      မဆိုးပါဘူး။ခင်တတ်ပါတယ်။

  • ဦးကြောင်ကြီး

    April 13, 2013 at 9:51 pm

    မိုဘိုင်းလ်ခြစ်သူ
    ဆိုတိုင်းအစ်ကြူ
    ပျိုုရှိုှုင်းခေတ်မူ
    ဖိုဝိုင်းရစ်ဆူ
    ချိုလှိုင်းပစ်ယူ
    လျှိုသိုင်းစစ်ကူ
    ဂြိုလ်နိုင်းလှစ်ထူ
    ကိုယ်ဗျိုင်းသစ်ဖြူ..

  • ဦးဦးပါလေရာ

    April 13, 2013 at 10:42 pm

    မင်္ဂလာပါကွယ်
    ဒီရွာကြီးလဲ စုံတွဲလေးတွေ အသီးသီးနဲ့ တကယ်ကို မင်္ဂလာရှိနေတာပါ
    အခုလဲ တစ်စုံတွဲ တိုးပြန်ပေါ့နော….
    🙂

  • မောင်ထက်ကြီး(မုံရွာ)

    April 13, 2013 at 11:09 pm

    ကြိုဆိုပါတယ် ညီမလေး ………

  • mobile

    April 14, 2013 at 12:06 am

    နွေးထွေးပျူငှာလှိုက်လှဲစွာကြိုဇိုဂျသူအပေါင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ
    ကျနော်ရဲ့လေဒီလေးက ဘာနာဂန်းမှသိတာဟုက်ဘူးရယ်….. အဲမှားလို့
    စဂါးပြောတာတွေ ဘာတွေသိပ်တတ်တာမဟုက်လို့ အမှားလေးတွေဘာလေးတွေရှိရင်လည်း
    ခွင့်လွှတ်လိုက်ကြပါဗျာ….. သွန်သင်စရာရှိရင်လည်း သွင်သင်ပေးလိုက်ကြပါအုံး…….
    ဘာလို့ဆိုဒေါ့ဂါ ကြွားတယ်တော့ဟုက်ပါဘူး အလျဉ်းသင့်ရင်
    တစ်ချိန်မှာ ကျနော်နဲ့ အာဝါဟ ဝိဝါဟဖြစ်လာဖို့ရှိနေလို့ပါ… (မစွံ့သေးသူများကို အားနာလှပါ၏)
    စဂါးမစပ် ဟိုတစ်ခါ ကျနော်တင်တဲ့ *67 နဲ့လက်ကမြင်းတဲ့လူ ပို့စ်ထဲမှာပါတဲ့
    လက်စွမ်းပြသွားသူဟာ ယခုပို့ပိုင်ရှင် လေဒီဖြစ်ပါတယ်လို့………………..
    ရွာထဲမှာလည်း ကြုံရင်ကြုံသလို လက်စွမ်းပြပါလိမ့်မယ်
    မလိမ္မာ အခါတစ်ရာမိုက်မယ့် လေဒီလေးကို သည်းခံပေးလိုက်ကြပါအုံးဗျာ………….

  • ကပ္ပိယ မောင်ကြီး

    April 14, 2013 at 2:02 pm

    ကျုပ်လဲ မန်းတလေးဂေဇက်မှာ ဒီနေ ့မှ မှတ်ပုံတင်ပြီး မန်ဘာဖြစ်လာတာပါ
    မိုဘိုင်းချစ်သူကဲ အသစ်ဆိုတော့ ၊ အသစ်အသစ်ချင်း ဟဲဟဲ ၊ ခင်မင်ကြတာပေါ့။

  • GaviaGirl

    April 21, 2013 at 5:16 pm

    မင်ဂါဘာ..ယောင်းမရေ…
    ယောင်းမကချောချောလေး.. ဟိုကောင် မိုဘိုင်းနဲ့တော့…. ဟီး (ဘာမှမဟုတ်တော့ဝူးနာ်.. ပြေးဘီ..)

    ခင်တဲ့
    လုံမလေး

  • အလင်းဆက်

    April 21, 2013 at 8:54 pm

    မုန့်တွေ ဝယ်စားမယ့်နေ ့ကျရင်..
    သားသားကိုလည်း..နည်းနည်းကျွေးနော် ။
    ဟိုလူကြီးမိုဘိုင်း..မတိစေနဲ ့ဗျ ။
    သူ ့ကိုတော့..ကြောက်ဒယ် ။
    🙂
    🙂

  • ရွာစားကျော် မင်းနန္ဓာ

    April 22, 2013 at 11:23 am

    ဪ.. လေဒီမိုဘိုင်းက မိုဘိုင်းရဲ့လေဒီလား… ဟို ဂဲဖရင့်မိုဘိုင်းကျတော့ ဘူတုံး… ဟီဟိ
    တို့မီး ရှိူ့မီး..

  • ဦး ကျောက်ခဲ

    April 22, 2013 at 12:14 pm

    စဂါးမစပ် ဟိုတစ်ခါ ကျနော်တင်တဲ့ *67 နဲ့လက်ကမြင်းတဲ့လူ ပို့စ်ထဲမှာပါတဲ့
    လက်စွမ်းပြသွားသူဟာ ယခုပို့ပိုင်ရှင် လေဒီဖြစ်ပါတယ်လို့………………..

    ဟီ ဟိ လက်သံပြောင်သတဲ့လား…
    ကြိုဆိုပါတယ် လေဒီမိုဘိုင်းလေးရယ်…
    :harr:

  • kai

    April 22, 2013 at 3:53 pm

    စုံတွဲသတင်းလေးတွေကြားတိုင်း.. မင်္ဂလာရှိစွာနဲ့.. စိတ်ချမ်းသာတယ်..
    ပျော်မော်နိုင်ကြပါစေသတည်း.. :harr:

    • etone

      April 22, 2013 at 4:47 pm

      သဂျီးစိတ်ချမ်းသာအောင် … သများ ….စုံတွဲခုတ်ပြီး ဆံတုံးနောက်သျှောင်ပါအောင် … ရွာထဲ ဆွေပြ မျိုးပြ ခေါ်လာပါ့မယ် … တယောက်တည်း ဟုတ်ဝူးနော် …. လေးယောက် … ခိခိ …. :mrgreen:
      F4 မင်းတားယေးဒွေလေ … ခွိခွိ :kwi:

      အန်းနီးဝေး … မစ္စမိုဘိုင်းရေ .. ကြိုဆိုပါဒယ်ချင့် … ။ ရွာရိုးကိုးပေါက် .. ဝင်ဘာ ..ထွက်ဘာကုန် …. :harr:
      သများအရမ်းနောက်လို့ .. ချိတ်မကောက်ပါဇီနဲ့ လို့လဲ .. ချုတောင်းပါအိ… ။ 😆

    • lady mobile

      April 26, 2013 at 3:51 pm

      ပေးတဲ့သူနဲ့ပြည့်ပါစေ….

  • သူကလေး

    April 22, 2013 at 4:07 pm

    မင်္ဂလာပါ လေဒီမိုဘိုင်းရေ
    ကိုမိုဘိုင်းနဲ့ သိပ်မရင်းနှီးပေမယ့် ရွာထဲကိုအသစ်ဝင်လာတာကို ကြိုဆိုပါတယ်နော်
    စာဖတ်တာ ဝါသနာပါတော့ သူကလေးရေးတာလေးတွေလဲ လာဖတ်ရင်း ဝေဖန်လေကန်ပေးအုံးနော်
    ပွိုင့်တစ်သိန်းရအောင်စုချင်တာတော့ အတွေးချင်းတူသွားဘီဟေ့
    ဘယ်သူအရင်ပြည့်မလဲ တူတူကြိုးစားကြမယ်နော်
    အရင်ပြည့်တဲ့လူက မုန့်ဝယ်ကျွေးကြေး 😀

Leave a Reply