နေနဲ့နှင်း

naywoon niApril 12, 20131min1307

နေရဲ့ အပူချိန်ရလာပေပြီ
နှင်းတို့သည်လည်း ပါးလျ ပြိုကွဲစပြုလာပေပြီ
နှင်းတို့ရဲ့ သွေးစက်တို့ စွန်းထင်း
မြက်နဲ့ သစ်ရွက်တို့ အပေါ်ဝယ် ကျရစ်နေသဖြင့်
ပေရေ စုတ်ပြတ် နေချေပြီ
စိတ်ညစ်ညူးဖွယ်ကောင်းလှပေစွ……။
ငါတို့ ချစ်သော မြေအပြင်မှာလည်း
နှင်းစက်တို့ဖြင် ပေရေ စွတ်စို ထိုင်းမှိုင်းလျှက်
နေရဲ့ အပူချိန်နဲ့
ခြောက်သွေ့သန့်စင်ပါလော့…….။
မြောက်လေ တစ်ချက်အဝေ့မှာ
နှင်းတို့ တစ်ခေါက်ပြန်လာချေပြီ

အသင်နေမင်း
သင့် ခွန်အားနဲ့ နှင်းတို့ကို ဖယ်ဖျောက်ပါလော့
သင့် အပူဓါတ်တို့ဖြင့်
ငါတို့ချစ်တဲ့ မြေအပြင်ကို
သန့်စင်သွေ့ခြောက်အောင်
ဆောင်ကျဉ်းပါလော့…..။
အနောက်လေဖြင့်
ဆွတ်ပျံ့ဖွယ်ရာ မိုးရေ စက်တို့အားသယ်ဆောင်ပါလော့

ငါတို့ချစ်သောမြေအပြင်မှာကား
နေနဲ့ နှင်းတို့ရဲ့ ဖြစ်စဉ်တရားကို
မမှိတ်မသုန် ငေးကြည့်နေတကား………..။
နေဝန်းနီ

7 comments

  • အရိပ်စစ်

    April 12, 2013 at 9:00 pm

    နှင်း ကြောက်တဲ့ နေ…

  • ဦးကြောင်ကြီး

    April 13, 2013 at 9:30 pm

    နှင်းမကြောက်တဲ့နေ
    ထင်းပေါက်ခဲ့လေ
    သင်းခြောက်တဲ့မြွေ
    ရှင်းပျောက်သွဲ့ပြေ
    ခင်းအောက်ထည့်ချေ
    လင်းသောက်လှည့်ဝေ
    ဝင်းမောက်နွဲ့ရွှေ
    ကင်းထောက်မယ့်ဖေ..။

  • အလင်း ဆက်

    July 16, 2013 at 5:55 pm

    သဘာဝ တရားကို
    ကဗဗျာ စာသားထဲက
    မြင်အောင်ပြသွာားတဲ့အဘနီရေ

    လေးစားစွာ ဖတ်ရှုခံစားသွားပါကြောင်းး

  • မဟာရာဇာ အံစာတုံး

    July 16, 2013 at 6:53 pm

    နေက ပူဒယ် …
    နှင်းက အေးဒယ် …
    စကားမစပ် …
    နှင်းချစ်သူ တစ်ယောက်ဒေါ့ စွံဒေါ့မယ် … ဒဲ့ …
    :mrgreen: :mrgreen:

  • kotun winlatt

    July 16, 2013 at 7:59 pm

    နှင်းပျောက်တဲ့နွေ..သီချင်းလေးတော့ ကြားဘူးသား….
    အထုဟာတော့ နေနဲ့ နှင်းးးးကဗျာ..ကြားးဘူးးသွားးးပြန်ရော…။

  • padonmar

    July 16, 2013 at 9:01 pm

    အဘနီ
    ရွာထဲ အခုခေတ်စားနေတာတော့
    ကျောက်စ်နဲ့ နှင်း ပဲ။

Leave a Reply