မှတ်တမ်းမရှိဘာမှ မသိသောဟိုတယ်

ရာမညApril 13, 20131min16610

သင်္ကြန်တွင်းကာလမှာ လူဝင်လူထွက်လည်း နည်းမယ်ထင်ပါတယ် ။ တွေးမိတာလေး တစ်ခုကိုရေးချင်တာနဲ့

ရေးမိတာပါ ။ အားလုံးသော အွန်လိုင်းဝင်သူများလည်းသိပြီးသားဖြစ်ပေမယ့်လို့ စဉ်းစားစရာလေးပါနေလို ့ပါ ။

MGM ဟိုတယ်မှာ လူသတ်မှု ဖြစ်တာသိပြီးရောပေါ ့ ။ ထူးဆန်း နေတာက ဟိုတယ်က သေဆုံးသူကို မသိပါဘူး

လို့ငြင်းထားတယ် ။ ကို.ယ့် ဟိုတယ်မှာလာတည်းသူကို ဘယ်သူမှန်းမသိဘဲ လက်ခံသလား ။ ဖြစ်နိုင်ပါ့လား ။

သစ်ထူးလွင် သတင်းမှာ ကွန်မန့် သွားရေးချင်ပေမယ့် သူတို့က တင်မပေးပါဘူး။

 

ကျွန်တော်တို့ နိုင်ငံမှာ မှတ်ပုံတင်အလွန်အရေးကြီးပါတယ် ။ နေရာတကာ စစ်ဆေးလွန်းလို့ အများစုက အမြင်

မကြည်ပါဘူး ။ အချို ့သောကားလက်မှတ်တွေဟာ မှတ်ပုံတင်ပါမှဝယ်ရတာပါ ။ ဟိုတယ် မဆိုထားနဲ့

တည်းခိုခန်းအသေးလေးတွေတောင်မှ မှတ်ပုံတင်ပေးမှ အခန်းလက်ခံတာ။ တည်းခိုခန်းတွေ ဧည့်စာရင်းတိုင်

ပါကလည်း မှတ်ပုံတင် ပါရပါတယ် ။ ဒီလိုအခြေအနေမှာ လူသတ်မှုဖြစ်မှ ကျွန်တော်မသိပါဘူး ဆိုပြီး ငြင်းလို့

ရသလား ၊။ တကယ်တော့ ဧည့်သည် လာတည်းစဉ်ကဘဲ အမည် နဲ့ မှတ်ပုံတင်ကို ယူပြီးသားဖြစ်မှာပါ ။

 

ဒါဆိုရင် …. သေတဲ့ အမျိုးသမီးကြီးက ဘယ်သူဆိုတာ ဖေါ်ပြလို့ မရနိုင်ဘူးလား ….. ။ မဟုတ်သေဘူးထင်

ပါတယ် ။ ဓတ်ပုံ တောင်တင်ပြီး သိသူများဖုန်းဆက်ပါလို့ ပြောထားတာပဲ …။ တစ်ခုခုတော့လွဲနေပြီထင်တယ် ။

ကျွန်တော်တို့ ရဲ ့ လုံခြုံမှုဟာ ဟိုတယ်ထဲအထိ လာသတ်သွားတာတောင် သေ သူလည်းမသိ ။ သတ်သူဆိုဝေး

ပါသေးတယ် ။ ဟိုတယ် လုံခြုံရေးကရော အိပ်ပျော်နေသလား ။ လူစိမ်း အဝင်အထွက်ခွင့်ပြုသလား ။

ပုံမှန်ရဲ လုပ်ငန်းအရဆိုရင် ဟိုတယ်ထဲရှိသမျှ လူအားလုံး ကိုစစ်ချက်ယူရပါလိမ် ့မယ် ။ အပြင်ကမလာရင်

အတွင်းထဲကဖြစ်နိုင်တာပေါ့ဗျာ ။

 

တကယ်လို့ သူတို့ပြောသလို မှတ်တမ်းမရှိပဲလက်ခံလိုက်တယ်ဆိုရင် …. တော်တော်လေးကို ယူတ္တိမရှိတာပဲ ။

ကျွန်တော်တို့ နိုင်ငံမှာ ယခုလို ခရီးသွားလုပ်ငန်းတွေ မဖြစ်ထွန်းသေးတဲ့ လွန်ခဲ့သော နှစ် နှစ်ခန့်အထိ ….

ဟိုတယ် ၊ အင်း ၊ မိုတယ် တွေဟာ အတွဲချီန်းတဲ့ ဘိသာသာ ။ သမီးရီးစား အတွဲလာကြသလို ပြည့်တန်ဆာ

များနဲ့လည်း လာကြပါတယ် ။ တစ်ချို ့ ဟိုတယ်များဆိုရင် အဆင်သင့်တောင် ခေါ်ထားပေးပါတယ် ။ လာစစ်ရင်

ပြဿနာမရှိစေဖို့ ဝန်ထမ်း ကဒ်လေးချိတ်လို့ပေါ့ခင်ဗျာ ။ ဟိုတယ်က အခန်းခ ရပြီး ကောင်မလေးထံက

ကော်မရှင်ပါ ရတတ်ပါတယ် ။ အချို ့ကျတော့လည်း ဧည် ့သည်လာမှ အချိတ်အဆက်နဲ့ ခေါ်ပေးတာ ။

 

ဟိုတယ် အားလုံးမဟုတ်ပါဘူး….. ဒါပေသိ အများမိုးခါးရေသောက်တော့လည်းမနေနိုင် ….. ။

မှတ်ပုံတင်ပါရင် လက်ခံကြပါတယ် ။ အချို ့ ကျတော့လည်း မှတ်ပုံတင်မလိုဘူးလို့သိရပါတယ် ။ ဒီကနေ့ဖြစ်စဉ်ဟာမှတ်ပုံတင်မတောင်းတာ  အကျင့်ပါနေလို့ ဒီအတိုင်းလက်ခံလိုက်တာလားလို့ ထင်စရာဖြစ်နေပါပြီ ။

မည်သို့ပင်ဖြစ်စေကာမူ ….. မြို့လယ်ခေါင် ဟိုတယ်ထဲမှာ လူသတ်မှုဖြစ်ပြီး သေသူလည်းမသိ

သတ်သူလည်းမသိဆိုရင် အလွန်ပဲရုပ်ဆိုးပါတယ် ။ ရန်ကုန်ရဲ ့လုံခြုံရေးကဒါလားလို့ မေးစရာ

ဖြစ်နေပါပြီ ၊၊ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့အနေနဲ့လည်း အမြန်ဆုံး အမှုမှန်ပေါ်ပေါက်ဖို့ အားထုတ်သင့်

ပါတယ် ။ ပြည်သူများကလည်း တတ်နိုင်သလောက် သတင်းပေးကြလျှင် ပိုကောင်းပါတယ် ။

ရဲ ဆိုတာ စွမ်းအားရှင်မဟုတ်ပါ ။ အားလုံးသိ အားလုံးတတ် မဟုတ်ပါ ။

ရဲ ကိုပြန်ကူညီကြပြီး ပူးပေါင်းရပါလိမ့်မယ် ။ ကူူညီကြပါ …ကူညီကြပါခင်ဗျ ။ အမှန်တကယ် ပြောရလျှင်

အမှုမှန်ပေါ်ပေါက်တယ်ဆိုတာ ပြည်သူကပူးပေါင်းမှ ဖြစ်တာပါ ။ မသိသလိုနေ … သက်သေလိုက်ရမှာ

ကြောက်နေရင် တရားခံမိဖို့ခက်ပါမယ် ။ ရဲ ဆိုတာ သာမန်လူပါ ဗျာ ….။

သာမန်လောက်ပဲ လုပ်တတ် ကိုင်တတ် တွေးတတ် ဖြေရှင်းတတ်မှာပါ ။

 

 

ကြိုးစားပါဦးမည်

ရာမည

10 comments

  • ရာမည

    April 13, 2013 at 12:36 am

    ဘာမှ မဟုတ်ပါဘူး ။ ဟိုတယ်ရဲ ့ငြင်းဆိုမှုကို သဘောမကျလို့ပါ ။

  • ကိုရင်စည်သူ

    April 13, 2013 at 1:24 am

    စီစီတီဗီတွေ့ရှိလို့ အခု ၂၄ နာရီအတွင်း ဖမ်းမိကြောင်း သတင်းဖတ်ရပါတယ်
    အင်စပက်တာရာမညရယ်…။
    ဟိုတယ်တွေ မိုတယ်တွေ ဘာတွေညာတွေ လူဝင်လူထွက်တင်းကျပ်လိုက်ရင်
    ကပ်စတမ်မာလျော့သွားမှာမို့…. ပုံမှန်းအတိုင်းထပ်လည်ပတ်နေမယ်..
    ထင်တာပါပဲလေ… 🙂 :kwi:

    • ရာမည

      April 13, 2013 at 5:47 am

      သတင်းအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
      စီစီတီဗွီမကယ်ရင် မလွယ်

  • ကထူးဆန်း

    April 13, 2013 at 12:34 pm

    ရဲကိုကို ရယ် ..
    အချိန်ပိုင်းတွေ day use တွေမှာ မှတ်ပုံတင်တောင်းရင် ဘယ်သူလာတော့ မလဲကွယ် .. တစ်ခါ
    တောင်းရင်လည်း မပေးသလို မကြိုက်ကြပါဘူး ..
    ဖြစ်သွားတဲ့ အခါ ကျမှ ဟိုတယ် ပေါ် ပုံချကြတာပေါ့ လေ ..
    လုံခြုံရေးတွေ တင်းကြပ်နေရင်လည်း ဘယ်သူလာချင်ပါ့ မလဲ ကွယ ်။
    ဖြစ်တော့မှ ဟိုတယ် ရဲ့ အပြစ်ပေါ့ ။
    MGM မှာ cctv ရှိတယ် ဆိုတာ သိသွားကြရင် အသတ်ခံရလို့ လူမဝင်တာ မဟုတ်ဘဲ cctv ရှိလို့ လူမဝင်တော့ တာ ဖြစ်သွားတော့မှာ .. :hee:
    အိုဘယ့် လောက …

  • ရွှေ ကြည်

    April 13, 2013 at 1:13 pm

    သတင်းကတော့စိတ်မကောင်းစရာပါပဲလေ စီဂျေကြီးပြောသွားတာလည်းဟုတ် တုတ် တုတ်
    ဒီတော့ကာ အဲလိုမျိုးတွေပပျောက်အောင် ဘာလုပ်ကြရင်ကောင်းမလဲ..။
    တကယ့်တကယ်ဖြစ်လာရင် ဘာမှမသိ မရှိ ဆိုတော့ကာ…..။

    • ကထူးဆန်း

      April 15, 2013 at 11:03 am

      ရွှေကြည် အမေးရှိလို့ အဖြေလေး တစ်ခု ပြောပြချင်ပါတယ် ။

      အဲ့ဒီ့ နေ့ခင်း အချိန်ပိုင်း သီးသန့်လုပ်တဲ့ ဟိုတယ်တွေရဲ့ အထာပါ ။
      အထပ်တိုင်းမှာ ဝန်ထမ်းလေးတွေ ထားလေ့ ရှိပါတယ် ။
      စုံတွဲ က တစ်ဦး တစ်ယောက်ဘဲ ထွက်လာတာ တွေ့ ရင် ချက်ခြင်း အဲ့ဒီ့ အခန်းသွားပြီး ခေါက် ပါတယ် ။ ကျန်ခဲ့တဲ့ သူ ပုံမှန် ဟုတ်ရဲ့လား၊ ပြန်သွားတာ သိရဲ့ လား ဆိုတာ ကို ။ အဲ့ဒီလို နည်းနဲ့ ပြန်ထိန်းချုပ်တတ်ပါတယ် ။

      နှစ်ယောက် အတူ ပြန်ထွက်လာရင်တော့ ပြဿနာ မရှိဘူးပေါ့ ။

      ဆိုတော့ …
      MGM က အရော ဖြစ်ပုံရပါတယ် ။ မိသားစုလည်း လက်ခံ ။ အချိန်ပိုင်းလည်း လက်ခံ ပုံ ရပါတယ် ။ အခုလို ထိန်းချုပ်မှု့ မျိုး ထားပုံ မရလို့ ဖြစ်တဲ့ အခါမှာမသိလိုက်ဘူး ဖြစ်တယ် လို့ ထင်ပါသည်။ သို့မဟုတ် ဝန်ထမ်းရဲ့ ပေါ့ရော့မှုလည်း ဖြစ်နိုင်ပါသည် ။

      ညအိပ်ဆိုရင်တော့ သန်းခေါင်စားရင်း တိုင်ရတာ မို့လို့ မှတ်ပုံတင် မဖြစ်မနေ တောင်းကြပါသည်။

  • uncle gyi

    April 14, 2013 at 12:07 am

    လုပ်စားနေတာကြာပါ့
    အခုမှဘာမဟုတ်တာနဲ့လာမိရတယ်လို့ဟင်း.

  • TNA

    April 14, 2013 at 9:48 am

    များသောအားဖြင့် အဲလိုတည်းခိုခန်း မိုတယ်လေးတွေပေါ့လေ သူတို့ အချိန်ပိုင်းတို့၊ +1 တို့ဆိုရင် မှတ်ပုံ တင်တောင်းလေ့မရှိပါဘူး။ အဲဒါကြောင့်လဲမှု့ခင်းဖြစ်တော့ ပေါ်ကုန်တာပေါ့။ အဲလိုလူမျိုးတွေကလဲ မှတ်ပုံ တင်တောင်းရင်မကြိုက်ကြဘူးလေ။ အဲတော့လဲ စုံတွဲလာရင် အမျိုးသားနာမည်မေး ( သူပြောချင်တာပြော လို့ရတာပဲ ) နောက်ဘေးကနေ +1 ပေါ့။ အဲလိုပဲမှတ်တမ်းတင်လေ့ရှိပါတယ်။ ကျွန်တို့ နယ်တခုကို မိသားစု လိုက်ခရီး သွားတုန်းကဆို တည်းခိုခန်းက ပြောင်ပြောင်ပဲပြောတာ။ ကျွန်တော်တို့ အချိန်ပိုင်းပဲလက်ခံတယ်။ မိသားစုလိုက်ညအိပ်မယ်ဆိုမရပါဘူးတဲ့။ ဒေသခံတယောက်ကောင်းမှု့နဲ့ ဘုန်းကြီးကျောင်းတခုမှာတည်းခဲ့ ရပါတယ်။

  • ရာမည

    April 15, 2013 at 11:53 pm

    လာရောက်ဆွေးနွေးပေးတဲ ့
    ကိုရင်စည်သူ
    ဦးလေး ကထူးဆန်း
    TNA
    uncel gyi
    မရွှေကြည်
    ကိုမဟာရာဇာအံစာတုံး တို ့နှင့် စာဖတ်သူများကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ။

Leave a Reply