စဉ်းစားကြစေလိုပါတယ် ( ၅ဝ ) ( ရုရှ စကား ပြောသင့်တယ် ဆိုပဲ )

Foreign ResidentApril 13, 20134min21223

စဉ်းစားကြစေလိုပါတယ် ( ၅ဝ )

( ရုရှ စကား

ပြောသင့်တယ် ဆိုပဲ )

 

အခု ရက်ပိုင်း ၊

အခြေအမြစ် မရှိတဲ့ ၊

သတင်းမှား တစ်ခုကို ၊

တွေ့နေရပြန်လို့ ၊

ပြန် ရှင်းပြ ပါရစေကွယ် ။

 

မူရင်း သတင်း ကို အရင်ဖတ်ကြည့်လိုက်ပါဦး ။

 

– – – – – – – – – – မူရင်း သတင်း – – – – – – – – – –

မှတ်သားဖွယ်ရာ ရုရှက ပူတင်ရဲ့ စိန်ခေါ်သံစကား

( ရဲရင့်ငယ် ဘလောဂ်မှ ကူးယူဖေါ်ပြပါသည် )

 

Russian သမ္မတ Putin ပါလီမန်မှာ ပြောတဲ့ စကား

 

“In Russia live Russians. Any minority, from anywhere, if it wants to live in Russia,

to work and eat in Russia, should speak Russian, and should respect the Russian laws.

If they prefer Sharia Law, then we advise them to go to those places where that’s the state law.

Russia does not need minorities. Minorities need Russia, and

we will not grant them special privileges, or try to change our laws to fit their desires,

no matter how loud they yell ‘discrimination’.

 

We better learn from the suicides of America, England, Holland and France,

if we are to survive as a nation. The Russian customs and traditions are not compatible

with the lack of culture or the primitive ways of most minorities.

When this honorable legislative body thinks of creating new laws,

it should have in mind the national interest first, observing that the minorities are not Russians.”

 

ဘာသာပြန်ရရင်

=============

“ရုရှ မှာ ရုရှန် တွေ နေတယ်။ ဘယ်နေရာ က လာတဲ့ လူနည်းစု မဆို ရုရှမှာ နေလိုရင်၊

အလုပ်လုပ်ပြီး နေထိုင်စားသောက်လိုရင်၊ ရုရှ စကားပြောသင့်တယ်၊ ရုရှ ဥပဒေကို လိုက်နာသင့်တယ်။

 

သူတို့ အနေနဲ့ ရှာရီးယား ( အစ္စလာမ် ဘာသာရေးဥပဒေ ) ကို ပိုကြိုက်ရင်၊

အဲ့ဒီဥပဒေ ရှိတဲ့ နိုင်ငံတွေကို သွားနေပါလို့ ကျွန်တော်တို့ အကြံပြုချင်တယ်။

ရုရှ ဟာ လူနည်းစုကို မလိုဘူး၊ လူနည်းစုက သာ ရုရှကိုလိုတယ်။

သူတို့ အနေနဲ့ လူမျိုးရေးခွဲခြားပါတယ်လို့ ဘယ်လိုပဲ အသံကျယ်နဲ့ ဟစ်နေပါစေ

သူတို့ ကို အထူး အခွင့်အရေး မပေးနိုင်ဘူး၊ သူတို့ရဲ့ လိုလားချက်တွေနဲ့ ကိုက်ညီအောင်

ကျွန်တော်တို့ရဲ့ ဥပဒေတွေကို ပြင်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။

 

ကျွန်တော်တို့ဟာ နိုင်ငံ တစ်ခု အနေနဲ့ ဆက်လက် ရှင်သန်နိုင်ဖို့ဆိုရင်၊

အမေရိကန်၊ အင်္ဂလန်၊ ဟော်လန်၊ ပြင်သစ် တို့ရဲ့

ကိုယ့် သေတွင်း ကိုယ်တူး တဲ့ သာဓက တွေကို သင်ခန်းစာ ယူ သင့်တယ်။

 

ရုရှ ယဉ်ကျေးမှု ဓလေ့တွေကို လူနည်းစုတွေရဲ့ ယဉ်ကျေးမှု ကင်းမဲ့ တဲ့ စရိုက်တွေ

သို့မဟုတ် ကမ္ဘာ ဦး အစကလို နေထိုင်မှုမျိုးတွေနဲ့ ယှဉ်လို့ မရပါဘူး။

ယခု ဂုဏ်သိက္ခာရှိ ဥပဒေပြု အဖွဲ့ အစည်း အနေနဲ့ ဥပဒေ အသစ်တွေကို ရေးဆွဲမယ်ဆိုရင်၊

အမျိုးသား ရေးကို ပထမဆုံး ခေါင်းထဲ ထဲ့ထားရမယ်၊

လူနည်းစုဆိုတာ ရုရှန်တွေ မဟုတ်ဘူးဆိုတာ ကို သတိချပ်ရမယ်။ “

 

BY ရဲရင့်( ကနေဒါ )

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

” ရုရှမှာ နေလိုရင်၊ ရုရှ စကားပြောသင့်တယ် ” ဆိုပဲ ။ ဟဲ ဟဲ ဟဲ ။

 

ထုံးစံ အတိုင်း ၊ အတုကြီးပါပဲ ၊

ရုရှား သမ္မတ ပူတင် ဘယ်တုန်းကမှ အဲဒီ စကား မပြောခဲ့ပါဘူး ။

( http://www.hoax-slayer.com/putin-duma-speech-sharia-law.shtml )

 

သူတို့ဆီက နိုင်ငံတော် အဆင့် ခေါင်းဆောင်တွေ ဟာ ဘယ်တော့မှ ၊

( ဥပမာ ။  ။ ရုရှား သမ္မတ ပူတင် တို့ ၊ ဩဇီ ဝန်ကြီးချုပ် ဂေးလတ် တို့ )

အဲဒီလိုမျိုး ၊ လူမျိုးရေး ဘာသာရေး အစွန်းရောက် စကား / တရားတွေ ၊

ဘယ်တော့ မှ မပြောကြပါဘူး ။ စိတ်ချသာ နေကြပါ ခင်ဗျား ။

 

ကျနော် သိရသလောက် ။

အဲဒီလို စာသားမျိုးတွေကို ၊ လူနောက်လေးတွေက ရေးလိုက်ပြီး ၊

ပညာတတ်မှု ၊ ရင့်ကျက်မှု နည်းတဲ့ နိုင်ငံတွေကို မသိမသာ ဖြန့်ပေးလိုက်ပြီး ၊

အဲဒီ စာသားတွေ နေရာအနှံ့ ပြန့်နေတာကို တွေ့ရရင် ၊

သူတို့က ကွယ်ရာကနေ ၊ ကြိတ်ဟားနေကြတယ် ပြောပါတယ် ။

တော်တော် ဆိုးတဲ့ ကောင်တွေ ။ လုပ်ရက် ပါပေ့ ။

 

ပထမ အချက် ၊ သူတို့ နိုင်ငံတွေရဲ့ တရားဥပဒေတွေကလည်း ၊

လူနည်းစုတွေ ရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ကာကွယ်ပေးထားပြီးသားပါ ။

 

ဒုတိယ အချက် ၊ အဓိက ကတော့ ၊ သူတို့ နိုင်ငံသား အများစုဟာ ၊

၁ ။ လူ့ အခွင့်အရေး နှင့် ဒီမိုကရေစီ ကို လိုက်နာကျင့်သုံးနေပြီး ၊

၂ ။ သူတို့ နိုင်ငံသား အများစုဟာ ပညာတတ် ရင့်ကျက်နေတဲ့ အတွက် ၊

 

အဲဒီလို ၊ လူမျိုးရေး ဘာသာရေး အစွန်းရောက် စကား / တရားတွေ နှင့် ၊

လူထုကြီးကို ဆွဲဆောင်လို့ မရလို့ပါ ။

 

လူ့ အခွင့်အရေး နှင့် ဒီမိုကရေစီ ကို လူထုကြီး ရဲ့ ရင်ထဲအထိပါ ၊

နက်နက် နဲနဲ ရောက်အောင် လုပ်ထားပြီးသားကိုး ။

 

ပြီးခဲ့တဲ့ နှစ်က ၊ ဩဇီ သတင်းဋ္ဌာန တစ်ခု ( ABC ထင်ပါတယ် ) က စစ်တမ်းလုပ်ပါတယ် ။

အမျိုးသမီး တစ်ယောက်ကို ဘာကွာ ခြုံပြီး Sydney မြို့ အနှံ့မှာ လျှောက်သွားစေပါတယ် ။

Burqa ဆိုတာက မွတ်ဆလင် အမျိုးသမီးတွေ ခြုံတဲ့ မျက်လုံးပဲပေါ်တဲ့ ဝတ်ရုံပါ ။

 

အဲဒီ အမျိုးသမီး  ရပ်ကွက်တစ်ခု အရောက်မှာ ၊

လူငယ် လူဆိုးလေး တစ်စုက ( ဘာသာရေး ဆန်ဆန် ) လှမ်းနောက်လိုက်ပါတယ် ။

အဲဒါကို တွေ့သွား ၊ ကြားသွားတဲ့ ၊ ဘေးနားက အဖြူ မိန်းမ ကြီးက ၊

သူများ ဘာသာတရား ကို သွား နောက်ပြောင် ရမလား ၊

ဒီလိုမျိုး Religious Discrimination လုပ်ရမလား ဆိုပြီး ၊

အဲဒီ လူငယ် လူဆိုးလေး တစ်စု ကို ၊ အော်ဟစ် ဟန့်တားပါတယ် ။

 

ဘေးပါတ်ဝန်းကျင်က လူတွေကလည်း ၊

အဲဒီ လူငယ် လူဆိုးလေး တွေကို ရွံရှာတဲ့ အကြည့်နှင့် ဝိုင်းကြည့်ကြပါတယ် ။

 

( ဒါတောင် ဩဇီမှာ အစိုးရ အရာရှိက Identification အတွက် တောင်းဆိုရင် ၊

Burqa ကနေ မျက်နှာကို ခေတ္တ ဖေါ်ပြရမယ့် ဥပဒေ ရှိပါတယ် )

 

အဲဒီမှာ ၊ အဲဒီ လူငယ် လူဆိုးလေး တွေလည်း ၊ အရှက်ကွဲပြီး ၊ ထွက်ပြေးသွားရပါတယ် ။

 

အဲဒါကမှ ၊ လူ့ အခွင့်အရေး နှင့် ဒီမိုကရေစီ နိုင်ငံ စစ်စစ်ပါ ။

တကယ့်ကို လူများစုကြီး ရဲ့ ရင်ထဲ အသည်းထဲ အထိကို ၊

လူ့ အခွင့်အရေး နှင့် ဒီမိုကရေစီ စံနှုန်းတွေ ၊

ခိုင်ခိုင် မြဲမြဲ စိမ့်ဝင်နေတဲ့ သက်သေ သာဓက ပါပဲ ။

 

ကျနော်တို့ကော ၊ ဒီမိုကရေစီ နှင့် လူ့ အခွင့်အရေး ကို တကယ် လိုချင်ကြသလားဟင် ။

 

ဟဲ ဟဲ ၊ အဘ သိပါတယ် ၊ မလိုချင်ကြပါဘူး ။

 

ဒီမိုကရေစီ ထဲက ကိုယ်သာမယ့် အချက်လေးတွေကိုပဲ ကွက်ယူပြီး ၊

ကိုယ်နာမယ့် အချက်လေးတွေကိုတော့ဖြင့် မလိုချင်ဘူး ၊ မဟုတ်လား ။

 

လူ့ အခွင့်အရေး ဆိုရင်လဲ ၊ ကိုယ်သာ အပြည့်လိုချင်ပြီး ၊

သူများ ကိုတော့ အပြည့် မပေးချင်ဘူး ၊ မဟုတ်လား ။

 

ဟဲ ဟဲ ဟဲ ၊ ရမှာပါ ။ ရအုံးမှာပါ ။

 

ကဲ ကဲ ၊ ရွာသူား အပေါင်းတို့ ( သူကြီး အပါအဝင် ) ၊ မင်္ဂလာ နှစ်သစ် ဖြစ်ကြပါစေကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

23 comments

  • ကိုရင်စည်သူ

    April 13, 2013 at 2:29 pm

    အဘရေ.. နှစ်သစ်မင်္ဂလာပါ ချမ်းမြေ့ပျော်ရွှင်ပါစေ။ခင်ည… အွန်ဘုတ် ဆုတောင်းပေါ့.. 🙂
    အဘထောက်ပြတဲ့ အစွန်းရောက်စကားတွေ ဖွဘုတ်မှာ တော်တော်ပြန့်နေလို့
    ဖတ်ခဲ့ရပေမဲ့.. မယုံပါဘူး။ နိုင်ငံကြီးတွေက နိုင်ငံခေါင်းဆောင်တွေဟာ
    စကားကို အစွန်းရောက်ဘယ်တော့မှ မပြောကြဘူး နားလည်ထားလို့ပါ။
    အင်တာနက်သတင်းတွေဖတ်တဲ့အခါ (consideration) ထားပြီး ဖတ်သင့်ပါတယ်။
    ခက်တာက ကိုယ်တွေလူမျိုးတွေကလည်း ဘာဖတ်ဖတ်၊ ဘာကြားကြား အမှန်ထင်တာကခက်ပါ့။
    ချင့်ယုံ… ချင့်ယုံ..။ ကိုယ်လိုချင်တဲ့ အခွင့်အရေးကျတော့ ဒီမိုကရေစီအော်မယ်..
    မပေးချင်တာတွေတော့ ကွန့်ဆာ့ဗေးတစ်လုပ်ထားရင်…. ရူးချင်ယောင်ဆောင်နေရင်…
    အဲ့.. ရွှေပြည်တော် မျှော်တိုင်းဝေးနေမှာပဲ… ။ ခုတောင် မင်းကြီးတာက ထွက်ထားတဲ့
    ရွှေသမင်ကိတ်စတွေတောင် မနည်းရှင်းနေရဒါဆိုတော့.. 😳 😳
    စကားမစပ်.. အဘကော.. အဝေမတည့်ကြတဲ့ MSF မှာ ဘယ်နေရာမှန်းထားလဲ… :mrgreen:
    ခင်မင်လေးစားလျက်..
    ကိုရင်စည်သူ

    • Foreign Resident

      April 13, 2013 at 9:38 pm

      ” အဘကော.. အဝေမတည့်ကြတဲ့ MSF မှာ ဘယ်နေရာမှန်းထားလဲ ”

      ကိုရင် စည်သူ ကလည်း ၊ သိရဲ့သားနှင့် ၊
      အဘ သင်္ဘောသား သမဂ္ဂမှာ ဝင်ပါလို့ မရပါဘူးကွယ် ။

      သင်္ဘောက ဆင်းဆင်းချင်း၊ ဩဇီ ကို မပြန်ပဲ ၊
      ရန်ကုန်မှာ ပေါက်တတ်ကရတွေ လျှောက်လုပ်နေရင် ၊
      ဩဇီက အဘ့ အုပ်ထိန်းသူက အဘ ကို ၊
      အိမ်ပြန်လာရင် ဒုတ်ကောက်ခဲ့ လို့ ပြောမှာပေါ့ ။

      အဘ ဘဝ က ၊ ကိုရင်တို့လို မ လွတ်လပ်တော့ပါဘူး ။
      အုပ်ထိန်းသူ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေး ရုပ်လေး အဘ ပါကွယ် ။

      • ကိုရင်စည်သူ

        April 14, 2013 at 5:48 pm

        ဪ.. အဘ.. အဘ… ညဉ်းသွားပုံက ကိုရင်တောင်
        မိန်းမ မယူရဲတော့ဘူး.. :mrgreen:
        တိုင်းရေးပြည်ရေးအေးချမ်းမှပဲ…
        ဒီမို မိန်းမတစ်ယောက် ချာယူပလိုက်မယ်.. :kwi:

  • kai

    April 13, 2013 at 3:30 pm

    ဩစီဝန်ကြီးချုပ်ကလည်း.. မွတ်ဆလင်တွေကို …ဘာညာကွိကွပြောတယ်ဆိုပြီး..Hoax ပြန့်နေသေးတယ်..

    In fact, the message appears to be a mutated variant of earlier messages that claimed that an Australian Prime Minister made a similar speech telling immigrants that they should adapt to Australian ways or leave the country. The first Australian version of the hoax claims then Prime Minister John Howard uttered the words. Later versions name subsequent Prime Ministers Kevin Rudd and Julia Gillard.

    ဗုဒ္ဓဘာသာ ကမ္ဘာအကောင်းဆုံးဆိုပြီးလည်း.. ပြန့်နေသေးတယ်..။

    Hoax: Buddhism won “The Best Religion In The World Award”
    anuttara-friends.blogspot.com/…/buddhism-won-best-religion-…
    Jul 22, 2009 – Sorry, I have just been told by Riglin that this email was an hoax… Sharing the following email with you: Buddhism won “The Best Religion In …

    ငရဲတွင်းတွေ့တယ်ဆိုပြီးလည်း.. ဖြန့်ကြသေးတယ်..။

    Scientist who dug into hell in Siberia and recorded the cries of the …
    hellandheaventestimonies.wordpress.com/…/scientist-who-dug…
    Mar 28, 2011 – This hoax states that a borehole in Siberia drilled into Hell and the voices of the Damned could be heard. The hoax has been circulating …

    အဲဒါတွေအမှန်ထင်ပြီးလက်ခံသူ.. ဆက်ဖြန့်နေသူတွေကိုယ်တိုင်က.. ဘာသာရေးအစွန်းရောက်နေတာ.. မသိနိုင်ကြဖြစ်နေတာ.. အံ့စရာ..
    ပို့.. ပိုအံ့စရာက..
    အဲဒါတွေက.. Hoax တွေပါဆိုတာကို.. ထုတ်မပြောကြတဲ့.. သိနေသူတွေပါ…

    အိုအသင်လောက..
    နှပ်ချသူနှင့် နှပ်ချခံသူများရှိကြပါတကား.. :harr:

    • Foreign Resident

      April 13, 2013 at 5:05 pm

      သူကြီး ရဲ့ စကားကို ပြန်ဆွေးနွေးရရင် ၂ ပိုင်း ရှိလိမ့်မယ် သူကြီးရဲ့ ။

      ” အဲဒါတွေ အမှန်ထင်ပြီး လက်ခံသူ.. ဆက်ဖြန့်နေသူတွေ ကိုယ်တိုင်က ၊
      မသိနိုင်ကြဖြစ်နေတာ.. အံ့စရာ.. ”

      ၁ ။ မြန်မာနိုင်ငံသား လူများစု ကြီး ၉ဝ % လောက်က ဒါဟာ အလိမ်တွေပါ ဆိုတာ မသိကြဘူး ။
      အခု ဒီ Post ကောက်ရေးရတာလဲ ၊ ဒီ မနက်မှ ၊
      ကျနော့် ၊ သူငယ်ချင်း လဲ သူငယ်ချင်း ၊ ဘုရားတရားလဲ အတူတူ လုပ်ဖေါ်ကိုင်ဖက် ၊
      နိုင်ငံတကာ ကို ဂဒီး ဂဒီး သွားနေတဲ့ ၊ လစာ တစ်လ ဒေါ်လာ ၁၂၅၀ဝ ရနေတဲ့ ၊
      ကပ္ပတိန် ၂ ယောက်က Face Book မှာ Share လိုက်တော့မှ ကျနော်ဖတ်ရတာ ။
      သူတို့လို လူ ၂ ယောက် ကိုယ်တိုင် ကမှ မသိ / ဂရု မပြုမိ မှတော့ ၊
      ကျန်တဲ့ မြန်မာနိုင်ငံသားလေးတွေ ယုံကြတာလဲ ၊ ပြောမနေနှင့်တော့ ။

      ” အဲဒါတွေက.. Hoax တွေပါဆိုတာကို.. ထုတ်မပြောကြတဲ့.. သိနေသူတွေပါ ”

      ၂ ။ အဲဒါကမှ ၊ ကျနော့် အမြင်မှာ ၊ တကယ့်ကို စိတ်လေစရာ ကိစ္စပါ ။
      အကြမ်းဖျင်းအားဖြင့် နိုင်ငံကြီးတွေမှာ ၃ / ၄ နှစ်လောက် စာသင်ခဲ့ဘူးရင် ၊
      အဲဒီ လူတွေဟာ ၊ အမှား အမှန် ၊ အဆိုး အကောင်း ကို ၊
      နိုင်ငံတကာ ၊ အဆင့်မှီ တော်တော် သိ နားလည်သွားပါပြီ ။

      အဲဒီ နိုင်ငံတကာ အဆင့်မှီ ဗမာ ပညာတတ်တွေ ( ပြည်တွင်းရော ၊ ပြည်ပ ပါ ) ဟာ ၊
      အခု ၊ ဘာသာရေး ၊ လူမျိုးရေး အရေးအခင်းတွေမှာ ၊

      ၁ ။ ကုလားတွေ ၊ မွတ်ဆလင်တွေ ကို ဆဲတဲ့ အထဲမှာတော့ သူတို့ မပါကြရှာပါဘူး ။
      ( အဲဒါလေးကိုတော့ ၊ အသိအမှတ် ပြုပါတယ် )

      ၂ ။ အမှန်ကို သိပေမယ့် ၊ မပြောရဲလို့ တိတ်တိတ်နေတာ အထိ လက်ခံပါတယ် ။
      ( ဝိုင်း အဆဲခံရမှာ ၊ လူမုန်းမှာကို ကြောက်လို့ ၊ ထားပါတော့ )

      ၃ ။ ဒါပေမယ့် ၊ အမှန် ကို မပြောရဲပေမယ့် ၊ ကိုယ်တွေဖက်က ပြုမိတဲ့ ၊
      အမှားတွေကို ၊ ထောက်ပြရဲလောက်အောင်တော့ သတ္တိ ရှိကြစေချင်တယ်ဗျ ။
      ( အမေစု နှင့် မင်းကိုနိုင် လောက်ပဲ အမှားတွေကို ၊ ထောက်ပြရဲတဲ့ သတ္တိ ရှိတာ တွေ့ရတယ် )
      ( မြန်မာပြည်မှာ ၊ သတ္တိ ရှိတဲ့ ၊ ပညာတတ် ၊ သူတော်ကောင်း ဒီလောက် ရှားရသလားဗျာ )

      ဒီ Post တင်တဲ့ အတွက် ၊ ကျနော့်ကို ၊
      မြန်မာ ၊ ဗုဒ္ဓဘာသာ စစ်စစ်ကြီးတွေက ၊ ဆဲကြ ၊ မုန်းကြ ဦးမှာပါပဲ ။
      တတ်နိုင်ဘူး ၊ ကိုယ်ကလည်း အမှန်တရား ကိုပဲ ပြောတတ်တယ် ။
      ဘုရား မ ကြိုက်တဲ့ လိမ်လည်တာတွေကို ၊
      အများ ကြိုက်ဖို့ဆိုပြီး လိုက်မရေးနိုင်ဘူး ။

  • ဦး ကျောက်ခဲ

    April 13, 2013 at 3:43 pm

    အဘဖောရေ…
    HOAX ကတော့ ခပ်ငယ်ငယ်တုံးက Neil Armstrong ရဲ့ “Good Luck Mr. Gorsky” ကနေ စကြားဖူးတာပဲ။
    နောက်ပိုင်း လူပါးဝလာတော့ Wiki တောင်မရုံတော့ဘူး….
    ရာဇဝင်ထဲက “ငရမန်ကန်း” တောင် မြန်မာမူဆလင်ကြီး “ရာမန်ခန်း” တဲ့လေ… ဟီ ဟိ
    ဖြစ်ပုံကတော့ ဗန္တုလစောင်ခြုံပြီးပြောရရင်၊ နောက်ကွယ်က လှော်ပေးနေတဲ့ အကြံပေးတွေရှိသတဲ့… ခက်ပါ့ဗျာ…

  • Foreign Resident

    April 13, 2013 at 5:26 pm

    ဒါနှင့် စကားမစပ် ၊ အမေစု ဂျပန်မှာ ပြောခဲ့တဲ့ မိန့်ခွန်းတဲ့ ။
    ကောင်းလိုက် ၊ မှန်လိုက်တဲ့ စကားလုံးတွေဗျာ ၊ မလေးစားပဲကို မနေနိုင်ဘူး ။

    ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နှုတ်ချက်များ (13-4-2013)
    ======================================
    ဖွဲ့စည်းပုံရေးဆွဲတဲ့အဖွဲ့ဟာ ပြည်သူက ယုံကြည်တဲ့သူတွေ ဖြစ်ရမယ်။

    ဒီမိုကရေစီစနစ်မှာ ကိုယ့်ကိုဆက်ခံမယ့်လူကို လက်ရှိခေါင်းဆောင်က ဘယ်တော့မှ မရွေးချယ်ဘူး။ ဘုရင်စနစ် မဟုတ်ဘူး၊ ကျမကို ဆက်ခံမယ့်သူရွေးဖို့ အိပ်မက်ထဲမှာတောင် မစဉ်းစားဘူး။

    ပြည်ထောင်စုစစ်စစ်ကို တည်ထောင်နိုင်ဖို့ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားတွေလဲ လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ရမယ်။

    လွတ်လပ်ရုံနဲ့ မလုံလောက်ဘူး တရားမျှတမှုလဲရှိရမယ်။ ၂၀၁၅ရွေးကောက်ပွဲဟာ လွတ်လပ်မှုရှိလိမ့်မယ်လို့ ကျမထင်ပေမယ့်၊ ဒီဖွဲ့စည်းပုံနဲ့ကတော့ ဘယ်လိုမှ တရားမျှတနိုင်မှာမဟုတ်ဘူး။

    မြန်မာဆိုတာဟာ ဗမာကို စာပေသဘောတရားအရ မြန်မာလို့ရေးတာ။ ဒါပေမယ့် မြန်မာဆိုတာဟာ ဗမာပါပဲ။ မြန်မာဆိုတာ တိုင်းရင်းသားအားလုံး ခြုံငုံပြီး ပါဝင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဘာသာစကားနဲ့လေ့လာကြည့်တဲ့အခါ ဒါ လုံးဝမမှန်ပါဘူး။ ဒီလိုမမှန်ကန်တဲ့အကြောင်းပြချက်တွေကိုလဲ ကျမ မကြိုက်ဘူး။

    မေးခွန်းတွေ မဖြေချင်မဖြေဘူးဆိုတဲ့ နိုင်ငံရေးသမားတွေကို ဘယ်တော့မှ လက်မခံနဲ့။

    လက်ပံတောင်းမှာ ဆန္ဒပြတဲ့သူတွေကို ကျမဘယ်လိုမှသဘောမထားပါဘူး။ သူတို့ဆန္ဒပြတာ ကျမကိုပြတာထက် ဒီစီမံကိန်းကို ဆန္ဒပြတာပါ။ သူတို့မှာ အဲ့လိုဆန္ဒပြဖို့ အခွင့်အရေးရှိပါတယ်။

    ဆန္ဒပြတဲ့ဒဏ်ကို မခံနိုင်တဲ့သူတွေ နိုင်ငံရေးမလုပ်နဲ့လို့ အကြံပေးလိုပါတယ်။

    ကျမတို့မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ကိုအမြဲ စိုးမိုးထားခဲ့တာ ဗမာလူမျိုးတွေပဲ။ အဲ့ဒါ ဘယ်လိုမှ ငြင်းလို့မရဘူး။ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအတွက် လူများစုဖြစ်တဲ့ ဗမာလူမျိုးတွေမှာ ပိုပြီး တာဝန်ရှိတယ်။

    ယူနီဖောင်းပြောင်းပြီး အထဲကစိတ်ဓာတ်မပြောင်းရင် အလကားပဲ။

    • Foreign Resident

      April 13, 2013 at 5:41 pm

      ” ပြည်ထောင်စုစစ်စစ်ကို တည်ထောင်နိုင်ဖို့ ဖွဲ့စည်းပုံဟာ
      တိုင်းရင်းသားတွေလဲ လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ရမယ်။

      မြန်မာဆိုတာဟာ ဗမာကို စာပေသဘောတရားအရ မြန်မာလို့ရေးတာ။
      ဒါပေမယ့် မြန်မာဆိုတာဟာ ဗမာပါပဲ။
      မြန်မာဆိုတာ တိုင်းရင်းသားအားလုံး ခြုံငုံပြီး ပါဝင်တယ်ဆိုတာ မဟုတ်ပါဘူး။
      ဘာသာစကားနဲ့လေ့လာကြည့်တဲ့အခါ ၊ ဒါ လုံးဝမမှန်ပါဘူး။
      ဒီလို မမှန်ကန်တဲ့ အကြောင်းပြချက်တွေကိုလဲ ကျမ မကြိုက်ဘူး။

      ကျမတို့မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ကိုအမြဲ စိုးမိုးထားခဲ့တာ ဗမာလူမျိုးတွေပဲ။
      အဲ့ဒါ ဘယ်လိုမှ ငြင်းလို့မရဘူး။
      တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအတွက် လူများစုဖြစ်တဲ့ ဗမာလူမျိုးတွေမှာ ပိုပြီး တာဝန်ရှိတယ် ”

      အမေစု ရဲ့ ဒီစကားတွေကို ကြားပြီးတဲ့ အခါ ၊
      အဘ ရဲ့ အရင် နာမည်ကျော် Post တွေဖြစ်တဲ့ ၊

      စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )
      —http://myanmargazette.net/113840/creative-writing/my-thinking-different—

      စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ )
      —http://myanmargazette.net/114777/creative-writing/my-thinking-different—

      တို့ကို ပြန်တင်ပြီး ၊ ပြန်ဖတ်ကြ ၊ ဆွေးနွေးကြစေချင်စိတ်တောင် ပေါက်လာပြီ ။
      အဘ ၊ အဲဒီ Post တွေ ထဲမှာ ပြောခဲ့ပါတယ် ၊
      တစ်နေ့မှာ ၊ အမေစု ဟာ ၊ ဗမာ တွေကို ကိုယ်စားပြုပြီး ၊
      ဗမာ တွေ က တိုင်းရင်းသားတွေ အပေါ်ပြုခဲ့တဲ့ မတရားမှုတွေ အတွက် ၊
      တိုင်းရင်းသားတွေ အပေါ် ပြန်တောင်းပန်လိမ့်မယ်လို့ ။

      ” အမေစု ” ကမှ ဗမာ ပညာတတ် ခေါင်းဆောင် အစစ်ပဲ ။
      အဘတို့ လေးစားရကျိုး နပ်စေတဲ့ တကယ့် ခေါင်းဆောင် ။

      ဘယ်လိုလဲ ၊ ပြန်တင်ပြီး ၊ ဆွေးနွေးကြဦးမလား ။ ဟဲ ဟဲ ။

  • နေဝန်းနီ

    April 13, 2013 at 7:37 pm

    ကြိုက်သွားပြီဗျို့ …..။ ဒီစာသားလေးကို အားလုံးပဲ တစ်ကယ်စဉ်းစားစရာလေးပါ…။

    ကျနော်တို့ကော ၊ ဒီမိုကရေစီ နှင့် လူ့ အခွင့်အရေး ကို တကယ် လိုချင်ကြသလားဟင် ။
    ဟဲ ဟဲ ၊ အဘ သိပါတယ် ၊ မလိုချင်ကြပါဘူး ။
    ဒီမိုကရေစီ ထဲက ကိုယ်သာမယ့် အချက်လေးတွေကိုပဲ ကွက်ယူပြီး ၊ကိုယ်နာမယ့် အချက်လေးတွေကိုတော့ဖြင့် မလိုချင်ဘူး ၊ မဟုတ်လား ။လူ့ အခွင့်အရေး ဆိုရင်လဲ ၊ ကိုယ်သာ အပြည့်လိုချင်ပြီး ၊သူများ ကိုတော့ အပြည့် မပေးချင်ဘူး ၊ မဟုတ်လား ။
    ဟဲ ဟဲ ဟဲ ၊ ရမှာပါ ။ ရအုံးမှာပါ ။

    သူများကို အပြည့် မပေးချင်တာ မဟုတ်ဘူးဗျို့ နဲနဲမှကို မပေးချင်တာ အများစုက ကိုယ်ကတော့ ပြည့်ရုံမဟုတ်လျှံထွက်နေအောင်ရလေကောင်းလေပဲ ဆိုတာတွေချည့်ပဲ …..။ အဘဖော အနားနား လာကြည့်ပြီးပြောနေသလားတောင်ထင်ရ ……….။

  • အရီးခင်လတ်

    April 13, 2013 at 8:58 pm

    {{{
    ဒီမိုကရေစီ ထဲက ကိုယ်သာမယ့် အချက်လေးတွေကိုပဲ ကွက်ယူပြီး ၊ ကိုယ်နာမယ့် အချက်လေးတွေကိုတော့ဖြင့် မလိုချင်ဘူး ၊ မဟုတ်လား ။
    လူ့ အခွင့်အရေး ဆိုရင်လဲ ၊ ကိုယ်သာ အပြည့်လိုချင်ပြီး ၊ သူများ ကိုတော့ အပြည့် မပေးချင်ဘူး ၊ မဟုတ်လား ။
    }}}

    ကိုအဘဖော ပြောခဲ့တာတွေ အားလုံးထဲ မှာ ဒီ စကားစုတွေ ကိုတော့ အနှစ်သက်ဆုံးဖြစ်ပါကြောင်းလေး ပြောရင်း အားပေးသွားပါတယ်။

  • ဦးကြောင်ကြီး

    April 13, 2013 at 9:19 pm

    ရှမ်းတရုတ်မတွေ ဘောင်းဘီတို၊ စကပ်ပေါင်ကွဲဝတ်တာတော့ နှလုံးသားက လက်မခံပေမဲ့ နှာခေါင်းက လက်ခံမိနေတယ်ဗျာ… 😳

  • Foreign Resident

    April 13, 2013 at 9:53 pm

    ရဲတပ်ဖွဲ့ကို မကောင်းပြောကြတာ များတယ်၊ တကယ်တော့ တတို်င်းပြည်လုံးက မကောင်းခဲ့တာပါ။ ကျွန်မကတော့ အပြစ်ရှာတာထက် အဖြေရှာရတာကို ပိုစိတ်ဝင်စားပါတယ်၊ ရဲတွေကို လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုတွေ လုပ်ပေးဖို့ လိုပါတယ်။ ရဲတွေထဲမှာလည်း တိုင်းပြည်အပေါ် တကယ့်ကို စိတ်ကောင်း စေတနာ ရှိတဲ့သူတွေ ရှိပါတယ်။ ယူနီဖောင်း ပြောင်းရုံနဲ့ မရပါဘူး၊ စိတ်ပါ ပြောင်းရပါမယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက စိတ် မပျက်ပါနဲ့၊ စိတ်ဓာတ် မကျပါနဲ့။

    (ဒေါ်အောင်ဆန်းစုကြည်၊ တိုကျိုက မြန်မာမိသားစုနဲ့ ဧပြီ ၁၃ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်)။

  • ဦးဦးပါလေရာ

    April 13, 2013 at 10:31 pm

    စောသေးတယ်ထင်မိတယ် ကိုဖေါရေ-
    ဒီတစ်ခါတော့ ဒေါ်စုပြောတာ စောနေပါတယ်…။
    ဒီအချိန်မျိုးမှာ အဲသည်စကားမျိုးတွေအတွက် အသင့်ဖြစ်ဦးမယ်မထင်ပါဘူး…။
    ကျုပ်နားလည်သလောက် သူက အခု နိုင်ငံရေးလုပ်နေတာ….။
    အင်း ……………………………………………..

  • Fall Guy

    April 13, 2013 at 11:57 pm

    ဘဖောရေ
    ပိုစ့်ထဲကဒီစာသားတွေအကြိုက်ဆုံးဘဲ
    “” “ဒီမိုကရေစီ ထဲက ကိုယ်သာမယ့် အချက်လေးတွေကိုပဲ ကွက်ယူပြီး ၊
    ကိုယ်နာမယ့် အချက်လေးတွေကိုတော့ဖြင့် မလိုချင်ဘူး ၊ မဟုတ်လား ။
    လူ့ အခွင့်အရေး ဆိုရင်လဲ ၊ ကိုယ်သာ အပြည့်လိုချင်ပြီး ၊
    သူများ ကိုတော့ အပြည့် မပေးချင်ဘူး ၊ မဟုတ်လား ။””””
    အမျိုး ဘာသာ သာသနာ ကို ဒီနည်းနဲ့ကာကွယ်နေတာထင်တာဘဲ…..

  • uncle gyi

    April 14, 2013 at 12:25 am

    ဟုတ်တယ်ဘဖောရေ
    မြန်မာမှာအဲလိုအတင်းတွေကိုသိမှလူရာဝင်တယ်ဆိုပြီး
    အတင်းလိုက်ပြောနေတဲ့သူတွေများပါတယ်
    စဉ်းစားကြည့်ဖို့ကိုမကြီုးစားတာ
    စဉ်းစားကြည့်တဲ့သူမျာလာတဲ့တနေ့
    မြန်မာမှာလည်းဖြစ်လာမယ်လို့ယုံပါတယ်ဗျာ

  • garuda

    April 14, 2013 at 1:18 am

    “လက်ရည် မတူဘူးလေ” ဆိုတဲ့ ပိုစ့်မှာကတည်းက ပြောခဲ့တယ်…“အဘရေ ဒီလိုအချိန်မှာ ဒါတွေမပြော သင့်ဘူး”လို့..ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ အချိန်မှာ အခြေအနေတွေ ရှုပ်ထွေးနေလို့… အဲ..နောက်ပိုင်းလည်း အဘပြောတဲ့ “နာမည်ကျော်”တဲ့ ပိုစ့်တွေမှာ ဝင်ပြောခြင်ပေမဲ့ မပြောဖြစ်ခဲ့ဘူး။ ဘာလို့လည်း ဆိုတော့ ကိုယ်ကပြောလိုက်တာကို ဖတ်တဲ့ သူတွေက သွေးအေးအေး စဉ်းစားတွေးတောမှုအခြေအနေကို မရောက်ပဲနဲ့ သွေးဆူအောင်လုပ်သလို ဖြစ်မှာစိုးလို့။ အဲဒီတုန်းကလည်း သွေးဆူစရာ အခြေအနေတွေကလည်း ရှုပ်ထွေးနေခဲ့တာကိုး။ မကြာဘူး တစ်ခုပြီးတစ်ခုထဖြစ်။ အဲဟိုတစ်နေ့ကလည်း နွားအကြောင်းဝင်မန့်ရင် ပြောခဲ့တယ် ဇာတ်လမ်းက မပြီးသေးဘူးလို့..ကြည့်ကောင်းတုန်းရှိသေးတယ်လို့ ပြောခဲ့တယ်။ မကြာပါဘူး…၁၀ဝဖိုး ၈ကောင်နဲ့ ဈေးဖြတ်သွားတယ်။ ၁၀၀ဝဖိုး ၈ဝပေါ့ဗျာ။ ၁သိန်းဖိုး ဆို ၈၀၀ဝ ပေါ့။ အဲဒီတော့ စဉ်းစားသာကြည့်တော့။ ထားပါလေ။ ဘယ်လိုပဲဖြစ်ဖြစ်..အဘပိုစ့်တွေထဲမှာ
    ကျွန်တော် ပြောချင်ခဲ့တာတွေ ရှိပါတယ်။ ပြောလည်း ပြောဖို့ပါပဲ။ အဆင်မပြေသေးသော အကြောင်းများလည်း
    ရှိနေခဲ့လို့ပါ။ မေလမကုန်ခင်တော့ ရေးဖြစ်အောင်ကြိုးစားပါ့မယ်။ကျွန်တော့် အမြင်တစ်ခုပြောရရင်တော့…ဒီမိုကရေစီ စပြီးကျင့်သုံးမယ် ပြောကတဲက ဘယ်သူမှ ဘာမှ မရခင် ရိုဟင်ဂျာဆိုသူများက စတင်ပြီး ထအော်တော့ တာပဲ။ အဲဒီအချိန်မှာ ရခိုင်က လူသတ်/မုဒိမ်းမှုတောင် မဖြစ်သေးဘူး။ အဲဒီအချိန်ကတည်းက စလိုက်တာ မုဒိမ်းမှု..အဲနောက်ကနေ ကြွက်မီးခိုးလျှောက်လိုက်တော့ တာပဲ
    ရန်ကုန် မန ္တလေးလို မြို့ကြီးမှ လူများမှလွဲ၍ ဘယ်နှစ်ယောက်များ..ဘာအခွင့်အရေးတွေ..ရနေကြတုန်း? အမေစုက ဗမာတွေ ကိုယ်စား တိုင်းရင်းသားတွေကို ပြန်တောင်းပန်မတဲ့လား? သေသေချာချာ စဉ်းစဉ်းစားစား လုပ်ပါအုံး။ ဗမာစစ်တပ်/အစိုးရ အတွက်သာတောင်းပန်ခြင်တောင်းပန်မယ်။ ဗမာအားလုံးကိုယ်စားတော့ တောင်းပန်မယ်မထင်ဘူး။ တိုင်းရင်းသားတွေဆီက မတန်တဆ အောက်ဈေးတွေနဲ့ အဆီအသားထုတ်ယူနေတာ ဗမာတွေလား အဘ? ဒါမှမဟုတ် မင်းဘူးဘက်က နူနေတဲ့ ဗမာတွေကိုယ်စားတောင်းပန်ပေးရမှာလား။ ဒါမှမဟုတ် တောတောင်တွေထဲမှာ စားစရာသောက်စရာ မရှားတဲ့ တိုင်းရင်းသားတွေ အတွက် သောက်သုံးစရာ ရေရဖို့ အဝီစိတွင်းတောင် တူးမရတဲ့ မြန်မာအလယ်ပိုင်း မိုးနည်းရေရှား အရပ်က ဗမာတွေကိုယ်စား တောင်းပန်ပေးရမှာလား? Hoax ဆိုတဲ့ အလိမ်ကြီးတွေကို မသိတဲ့ မြန်မာနိုင်ငံသားများဟာ အဘပြောသလို ၉၀%ရှိရင်ရှိလိမ့်မယ်။ ဒီမိုကရေစီဆိုတာကို မသိတာကတော့
    ၁၀၀%နီးပါပဲ။ အိုကေ အဘတို့ ကျွန်တော်တို့ရော သိပြီလား?ကျွန်တော်ကတော့ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ လေ့လာစရာတွေအများကြီးဆိုတာတွေ့ရတယ်။ဆိုပါတော့ဗျာ..ကျွန်တော့အတွက်ကတော့..
    နားလည်ဖို့..သင်/မြင်/ကြား နိုင်တာတွေ..တွေ့နိုင်တဲ့ အခွင့်အရေးရှိပြီ။နားလည်တဲ့ အဆင့်မရှိသေးပါဘူး။ အဘရော? အဘလည်း အခွင့်အရေးရနေပါပြီ။
    ဒါပေမဲ့..ကျွန်တော့စိတ်ထင်ပြောရရင်တော့..အဘရေးထားတာတွေထဲမှာ..တကယ့် ဩစတြေးလျက လူ့ အခွင့်အရေး နှင့် ဒီမိုကရေစီကို တကယ်သိနေပါပြီဆိုတဲ့ အခြေအနေမရှိသေးဘူးလို့ထင်ပါတယ်။ ကိုယ့်အခွင့်အရေးကိုသာယူတတ်တဲ့ အဆင့်တော့ရှိမှာပေါ့လေ။အဘရေးထားခဲ့တဲ့ ပိုစ့်တွေထဲက အားနည်းချက်တွေလို့ ကျွန်တော်ယူဆခဲ့တာတွေတစ်ချိန်ကြ ထောက်ပြပါ့မယ်။ အဲ..ကျွန်တော်ရေးတဲ့ အချိန်မှာ..အဘပိုစ့်တွေ MG ပေါ်မှာရှိနေသေးရင်ပေါ့လေ။ b4b လေးက ဝင်မဖျက်သ၍ပေါ့။ 🙂
    တစ်ခုတော့နောက်ဆုံးပိတ် ပြောလိုက်မယ်။ စင်္ကာပူလို နိုင်ငံကမြန်မာများတောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လှိမ့်ခံနေရတယ်ဆိုရင် အဘအနေနဲ့ ဘာပြောမလဲ? ဒီ ဩစတြေးလျက up to date လို့ဆိုရမယ့် link လေးကိုလည်းသွားကြည့်ပါအုံး။
    http://news.ninemsn.com.au/national/2013/04/02/15/34/second-witness-says-no-one-stopper-bus-racist
    လွန်ခဲ့တဲ့ ၃-၅နှစ်လောက်က စစ်ဋ္ဌာနီ ကမ်းခြေတစ်ခုမှာ အနားယူနေတဲ့ တရုပ်လူမျိုး၃/၄ယောက်(မိန်းမ၁ယောက်)ကို
    ကော့ကေးရှန်း လူငယ်တစ်စုက ကမ်းခြေမှာ..ငါတို့ပိုင်တဲ့..ဘီချ်ကို မလာနဲ့ဆိုပြီး ထိုးကြိတ်လွှတ်လိုက်တာ ဆေးရုံတောင်ပို့လိုက်ရတယ်လေ။ မဲဘုန်းမှာလည်း အဲဒီလိုဖြစ်ဘူးတယ်။ စီးပွားရေးသမား မလေးတစ်ရုပ်၂ယောက် အစည်းအဝေးတက်ပြီးပြန်ထွက်အလား.. ကော့ကေးရှန်း
    မိန်းမ/ယောကျာ်း ၄ယောက်လောက် အနားကပ်လာပြီး ဒပါးလေးနဲ့ မျက်နှာကို ခြစ်သွားတယ်ဆိုလား။
    မလေးတစ်ရုပ်တွေက သူတို့အရင်လာနေကျ တစ်ခါမှ မဖြစ်ဖူးဘူး ဆိုလားပြောသေးတယ်။ သေချာတော့ မမှတ်မိတော့ပါ။ တန်းစီပြီး ပြောပြရရင်တော့ ၁၀၀၁ညပုံပြင်လိုပါပဲ။ အခုတော့ ဒီမျှနဲ့ပဲ အဆုံးသတ်အုံးမယ်။ စိတ်ချပါ ပြန်လာခဲ့ပါအုံးမယ်။လာမယ် ကြာမယ် ဘာပဲဖြစ်ဖြစ်…မြန်မာနိုင်ငံသား..အားလုံး..ကိုယ့်ဟာကိုယ်စဉ်းစားစေချင်တယ်..
    သူများပြောတိုင်း…ပေါက်သင်ညို လိုခေါင်းညိတ်နေမယ့်အစား…အင်တာနက်တွေသုံးနိုင်ကြတာပဲ။ ရှာဖွေဖတ်ပါ..လေ့လာပါ…လက်ခံသင့်မှလက်ခံပါ။ ဘုရားကလည်း ဒီလိုပဲဟောခဲ့တာ မဟုတ်လား။

  • mobile

    April 15, 2013 at 1:31 am

    ဘဂျီးဖောရေ အထူးကိုကျေးဇူးတင်ရှိပါတယ်…..
    အတော်လေးကို ဗဟုသုတရစေလို့ပါ………
    ကူးယူထားထားလိုက်ပါတယ်ဗျာ………….
    ကျုပ်ကတော့ ဘာမှသိပ်ပြီးနားလည်တာမဟုက်လို့ ဘာမှမဆွေးနွေးတော့ပါဘူးဗျို့…..

  • Guest

    April 15, 2013 at 9:40 pm

    ပူတင် မပြောခဲ့ ပေမယ့်.. ပူတင်ထက်တော်တဲ့ လူ ပြောခဲ့တဲ့ အဲ့ဒီ မူရင်းသတင်းကို (ဟုတ်သည်ဖြစ်စေ.. မဟုတ်သည်ဖြစ်စေ) သဘောကျတယ်။ ကိုယ်လည်း သူများနိုင်ငံရောက်ရင်.. သူများနိုင်ငံရဲ့ ဘာသာရေး၊ ဓလေ့ထုံးစံ၊ ဥပဒေ.. စတာတွေကိုလေးစား လိုက်နာရမှာ အမှန်ပဲ။ ဥပမာ ဆိုရရင်.. ကိုယ့်အိမ်ကို လာတည်းတဲ့ သူဖုန်းစားဟာ.. အိမ်ရှင်ရဲ့ ကျွေးတာစား၊ ပေးတာယူ၊ ထားတဲ့ နေရာမှာနေ နေရမှာပဲ။ သလွန်ပေါ်မှာမှ အိပ်ချင်တယ်၊ အသား ငါး မပါရင် မစားဘူး၊ ဟိုဟာ မကောင်းဘူး၊ ဒီဟာ အဆင်မပြေဘူး လုပ်ခွင့်မရှိဘူး။ ဒီနေရာမှာ နေတာကြာလို့ ငါပိုင်တယ်လို့ လုပ်ခွင့်မရှိဘူး။ နိုင်ငံတစ်နိုင်ငံမှာလည်း ဥပဒေကို အဲဒီကိစ္စမျိုးတွေ အတွက် သတ်သတ် မှတ်မှတ်ရှိထားသင့်တယ်။ အဲ့ဒီ ဥပဒေမျိုးဟာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ မရစကောင်းဘူး။
    မက္ကာမှာသွားပြီး ဘုန်းကြီးကျောင်းဆောက်ဖို့ မဖြစ်နိုင်ပေမယ့်.. မြန်မာပြည်မှာတော့ ဗလီတွေ မရေနိုင်အောင် ဆောက်ထားပြီးပါပြီ။ ဒါတောင် လူ့ အခွင့်အရေး သိပ် မထွန်းကားသေးလို့။

    • ကပ္ပိယ မောင်ကြီး

      April 16, 2013 at 2:36 pm

      Guest ရဲ ့ကွန်မင့်အတိုင်း ပြောချင်ပါတယ်။
      “မက္ကာမှာသွားပြီး ဘုန်းကြီးကျောင်းဆောက်ဖို့ မဖြစ်နိုင်ပေမယ့်.. မြန်မာပြည်မှာတော့ ဗလီတွေ မရေနိုင်အောင် ဆောက်ထားပြီးပါပြီ။ ဒါတောင် လူ့ အခွင့်အရေး သိပ် မထွန်းကားသေးလို့။”

      • kai

        April 16, 2013 at 2:42 pm

        ဒါတင်ဘယ်ကမလည်း… မီလီကီးဝေးဂယ်လ်လက်စီက.. ဂြိုလ်နံပါတ် ၃၂၁၄ အယ်အက်စ်စီမှာလည်း.. မီးတောင်တွေပေါက်နေတယ်ဆိုပဲ..
        နောက်ပြီး.. ပလူတိုဂြိုလ်ရဲ့အရံဂြိုလ်.. လရဲ့လေထုမှာ.. အာကာသထဲ.. အငွေပျံပြီး.. ရေချိုတွေအကြီးအကျယ်ဆုံးရှုံးနေပါသတဲ့..

        ဆက်အိပ်လိုက်ဦးမယ်..
        ဘာဆိုင်တာလိုက်လို့.. :harr:

      • Foreign Resident

        April 18, 2013 at 12:18 pm

        ကို Guest နှင့် ကို ကပ္ပိယ မောင်ကြီး ရဲ့ Comment ကို ၊
        စဉ်းစားကြစေလိုပါတယ် ( ၅၁ ) ( ရုရှ စကား – ၂ ) မှာ အကြောင်းပြန်ထားပါတယ် ။
        အားပေးကြပါအုန်းကွယ် ။

  • Mr. MarGa

    April 15, 2013 at 9:56 pm

    Hoax တွေကို Hoax တွေပါလို့ တကယ်အမှန် သိတဲ့သူတွေ ရှင်းသင့်သနော
    အမုန်းခံလို့ ပဲဖြစ်ဖြစ် အမှန်တရားဆိုရင်တော့ ရင်နာနာနဲ့ လက်ခံရမှာပေါ့
    အခုတော့
    ဒီသတင်းတွေကို အမှန်ထင်နေတဲ့ ကိုးဆယ်ရာနှုန်းသော လူထုက အသိအမြင်လွဲသွားမယ်
    အသိအမြင်လွဲရင် ခံယူချက် လွဲမယ်
    ဒါဆိုရင် အခွင့်ကောင်း စောင့်နေသူတွေက လက်ခမောင်း ထ ခတ်မယ်။
    တကယ့်တကယ် ပြောရရင် ဒီခေတ်ကြီးမှာ သတင်းတွေကလဲ ချင့်ယုံရမယ့်ပုံဖြစ်နေပါပေါ့လား
    မြတ်စွာဘုရားရဲ့ ကာလာမသုတ်က အခုထိ အသုံးဝင်ဆဲပဲ။
    :buu:

Leave a Reply