သတင်းတိုထွာ gazette စာ

ဒေါ်အောင်ဆန်းစုကြည်၏ အလည်အပတ် ခရီးအပေါ် ပြည်ပရောက် မြန်များသာမက အိမ်ရှင်ဂျပန်များ ဆိတ်ဝင်စားနေကြရာ လူကျွေးဖို့ပင် မကျန်တော့ကြောင်း သိရသည်။

ဘွားဒေါ်ဂျီး ဂျာပွန်ပြည်ရောက်သည့်အခါ မည်သူမဆို တွေ့ဆုံခွင့်ရှိကြောင်း ကြိုဆိုရေးအဖွဲ့မှ ကြေငြာသဖြင့် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ဟားမတ်စ်၊ ဂျီဟတ်အဖွဲ့တို့မှ ကိုယ်စားလှယ်များ စေလွှတ်ရန် စိုင်းပြင်းနေရာ ဂျပန်ရဲများ ဥနှောက်ခြောက်နေသည်။ သဘောထား တင်းမာသူ ရိုဟင်ဂျာတပ်ဦးမှ မာမွတ်နှင့် ရှာပွတ်တို့ကမူ ကြိုဆိုရေးအဖွဲ့ဆိုသဖြင့် ကျိုထားသောရေနှင့် မွတ်ဆလင်များအား စိုအောင်လုပ်မည်ဟု သံသယဖြစ်နေသည်။

ဟိုတယ်တခုတွင် နွားဂျီးတကောင် မီးလောင်သေဆုံးလျက်တွေ့၍ ရဲအဖွဲ့မှ တရားခံအား အပူတပြင်း ရှာဖွေရာ ဂေဇက်သဂျီး ဦးခိုင်လက်ချက်ဖြစ်သည်။ အိမ်တွင်ကင်လျင် မီသွေးဖိုး မီတာဖိုး တက်မည်စိုး၍ ဟိုတယ်ခန်းငှား ကင်ရကြောင်း ဖြောင့်ချက်ပေးသည်။

တန်ဖိုးနည်း ဆင်းမ်ကတ်များကို သင်္ကြန်အကြို ပရိုမိုးရှင်း ရောင်းချပေးရာ အလုအယက် တိုးဝှေ့ဝယ်ကြသဖြင့် ပုရွက်ဆိတ်များစွာ လူနင်းခံရ သေဆုံးကြောင်းနှင့် ထိုဖြစ်ရပ်မှာ ဘာသာရေး၊ လူမျိုးရေး မသက်ဆိုင်ကြောင်း အစိုးမရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပျံကျားရေးဒုဝံကျီး ဦးရဲထွက် မှပြောသည်။

နောက်ဆက်တွဲ သတင်းအဖြစ် ပျံကျားရေးဒုဝံကျီး ဦးရဲထွဋ်မှ ၎င်းအား မီဒီယာတခုမှ ရဲထွက်ဟု နာမည်ဖျက် သည့်အတွက် တရားစွဲသွားရန်ရှိကြောင်း၊ သူသည် စစ်ထွက်တယောက်ဖြစ်ကြောင်း ကြေငြာသည်။

ယူအက်စ်ပီဂျီအေ မေဂျာချန်ပီယံရှစ် မာစတာဂေါ့ဖ်ပြိုင်ပွဲ ကျင်းပနေရာ မြန်မာပြည်မှ လေတပ်အရာရှိဂျီး (ငြိမ်း) အေးရှားမာစတာ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည်။ ၎င်းသည် ၁၉၈၈ခုနှစ် လူထုဆန္ဒပြပွဲအား စစ်တပ်မှ ပစ်ခတ် နှိမ်နင်းပုံမှားကြောင်း ဝေဖန်ပြီး ဝေဟင်မှ ဗုံးကြဲသင့်ကြောင်း ကာချုပ်နှင့် သဘောထား ကွဲလွဲခဲ့သူဖြစ်သည်။

သင်္ကြန်ရက်အတွင်း ဂေဇက်အွန်လိုင်း ရပ်နားမည်ဖြစ်ရာ ကန့်ကွက်မှုများ တိုးပွားလာသောကြောင့် ငါ့ဖာသာငါ ပိတ်တာ ဘာဖြစ်လဲဘာဖြစ်လဲဟု မကြီးမငယ် သံချပ်ထိုး အော်ဟစ်တုံ့ပြန်သော သဂျီးခိုင်အား သူ့ဇာတိဇစ်မြစ် ပြိတ္တာဘဝအမှန် နှစ်မကုန်ခင် ပေါ်လာပြီဟု ယုံကြည်နေကြသည်။

10 comments

  • ဦးဦးပါလေရာ

    April 13, 2013 at 10:22 pm

    ကိုကြောင်ရဲ့ သတင်းစဉ်တွေ တော်တော်လူကြိုက်များးလာပြီ
    မြန်မာပြည်ပြန်ပြီး သတင်းစာထုတ်ပါလား
    ကျုပ်လဲ ကော်လံစား သတင်းထောက်လေးဘာလေး လုပ်တန်လုပ်ရတာပေါ့..
    :harr:

  • P chogyi

    April 14, 2013 at 1:52 am

    ဒါဆိုကျွန်တော်က သတင်းစာ လက်ပွေ့ရောင်းမယ်။
    သတင်းထူးတွေ ……. သတင်းထူးတွေ ……… အော်ပြီးတော့ပေါ့

  • TNA

    April 14, 2013 at 9:43 am

    အူးကြောင် ဂေဇက်က ဒေးလီးလား ဝိကလီးလား မန့်သလီးလား ဆိတ်ဝင်စားပါအိ။ ဒေးလီးထုပ်ပါ။ အလဂါး ဖတ်လိုပါတီ။ အလွန်ကြိုက်ပါတီ။ ကြိုဆိုပါတီ။

  • ကပ္ပိယ မောင်ကြီး

    April 14, 2013 at 2:13 pm

    ကြောင်ကြီးပို ့စ်တွေ ကို ဟီးးဟားး နဲ ့ဖတ်ချင်လွန်းလို ့၊ မန်ဘာအဖြစ် ဝင်ခဲ့ပါတယ် ။ ကြိုဆိုပါဦး

  • ကိုရင်စည်သူ

    April 14, 2013 at 5:50 pm

    :kwi:
    :kwi:
    ရယ်ရတယ်… ဗြဲ…….

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 14, 2013 at 5:53 pm

    အရွယ်အစားကလည်း အရေးကြီးပါတယ် … တဲ့
    ကနေဒါ သုသေသီမျာ၏ ကြံကြံဖန်ဖန် သုသေသန စုံစမ်းဖော်ချက်အရ အမျိူသားများရဲ့
    လိင်အင်္ဂါ အရွယ်အစားက အမျိုးသမီးတွေရဲ့ စိတ်ဝင်စား အနည်းအများကိုု ဖြစ်စေတယ်လို့
    ဆိုုထားပါတယ်။
    ယောက်ျားလေးများရဲ့ လူမူ့ဆက်ဆံရေးတော်ခြင်း၊ ရုပ်ချောခြင်း နှင့် ပိုက်ဆံရှိခြင်းများကို
    နှစ်သက်ကြတယ်လို့ မိန်းကလေးများ ပြောလေ့ ရှိသော်ငြားလည်း အခြားတဖက်မှာ
    တကယ်အမှန်စင်စစ် ဖွင့်ဟချက်ကတော့ အရွယ်အစားကလည်း စကားပြောပါတယ်တဲ့။
    ၂၁ ရာစု ခတ်သစ် မိန်းကလေးများသည်လည်း ဘယ်လောက် ခတ်မှီနေပါစေ ရှေးယခင်ခတ်
    ဂူတွင်းနေ မိန်းမများကဲ့သို့ အတွေးအခေါ်များ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
    ကနေဒါ နိုင်ငံ ရှိ Proceedings of the National Academy of Sciences (PNAS) အဖွဲ ့က
    မိန်းကလေးများအား ယောကျာ်းလေးများရဲ့ အရမ်းအမောင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ အချိုးအစားနဲ့
    လိင်အင်္ဂါ အရွယ်အစား မျိုးစုံ ပါဝင်သော ဓာတ်ပုံများကို ပြသ၍ မည်သည့်ပုံက ဆွဲဆောင်မှု အပြည့်ပေးစွမ်း
    နိုင်သနည်းဟု သုသေသနပြုလုပ်ခဲ့ရာတွင် “ကျနော်တို့ စစ်တမ်းမှာ တွေ့ရှိချက်ကတော့
    မိန်းကလေးများ နှုတ်ဖျားမှာ ပြောပြောနေတာများနဲ့ အတော်ကို ကွဲလွဲ နေတာ တွေ့ ရပါတယ်။
    ” အရမ်းကြီးသွားရင်တော့ ဆွဲဆောင်မှု မရှိတော့ဘူးလို့ စစ်တမ်းက ဆိုထားပါတယ်။
    University of the West of Scotland က လေ့လာတွေရှိချက် ကတော့ နဂိုအရွယ်ထက် ကြီးသော
    ယောက်ျားများသည် မိန်းကလေးများကို စိတ်ကျေနပ်မှု အပြည့်အဝ ပိုမို ပေးစွမ်းနိုင်စေပါတယ်လို့
    ဆိုထားပါကြောင်း …။
    ရေးသားသူ – TG
    ကိုးကား – http://www.dailymail.co.uk/health/article-2305817/Size-really-DOES-matter-bedroom-Study-reveals-endowed-men-girls.html
    http://blog.irrawaddy.org/2013/04/blog-post_6586.html

  • koyinmaung

    April 14, 2013 at 6:22 pm

    ကိုကြောင်ကြီးရဲ့ gazette သတင်းစာ အတိုအထွာ ကတော့
    အမိုက်စားဘဲဗျို..ဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • arker soe

    April 17, 2013 at 3:43 pm

    ဦးကြောင်ကြီး
    နဖူးပြောင်ပြီး
    မူးအောင်ရွှီး
    ဗူးကောင်ကြီး
    သတင်းအတိုအထွာ
    အတင်းလိုလိုပါ
    ပုလင်းအပိုမပါ
    ဟဲဟဲ စကြည့်တာ စိတ်ဆိုးရဘူးနော………………….
    မိတ်ဆက်ပါတယ်။

Leave a Reply