ငုံးဥ အစွမ်း

ဦး ဂ်စ္April 14, 20131min36912
ကြက်ဥ နှစ်လုံးရဲ့အားနဲ့ညီတယ်တဲ့
ကြက်ဥ နှစ်လုံးရဲ့အားနဲ့ညီတယ်တဲ့
ငုံးဥကိုတော့ မသိတဲ့လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ  ဘယ်လိုအာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ နည်းမယ်ထင်ပါတယ် ။

ငုံးဥကိုတော့ မသိတဲ့လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လိုအာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်
မယ်။ငုံးဥထဲမှာ ပါတဲ့ အာဟာရတန်းဖိုးဟာဆိုရင် ကြက်ဥနှစ်လုံးစာနဲ့ ညီမျှ
တယ်ဆိုတာကော သိကြပါသလား။ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို
အားကောင်းစေပါတယ်။ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေး
တွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွား
ပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ဦးနှောက်သွေးကြော ရှိတဲ့သူတွေက
တော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ်
လက်စီသင်(Lecithin)၊vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊
ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် ၊ခယ်လီယမ်၊ကန့်ညို(ဆီလီနီယမ်)၊သတ္တုဓာတ် နဲ့ ကို
လက်စထရော တွေ လုံလောက်စွာ ပါဝင်ပါတယ်။ငုံးဥဝယ်ရာမှ လတ်ဆတ်ဖို့
က အရေးကြီးပါတယ်။အက်နေတဲ့၊အချိန်ကြာနေတဲ့ ငုံးဥကို မဝယ်ဖို့ သတိ
ထားရပါမယ်။ငုံးဥကို ဝယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ဝယ်တဲ့
နေ့ကစပြီး လဝက်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ်လိုက်ပါ။
ငုံးဥကိုစားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်
လျော်ပါတယ်။ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီကုသပေး
ပါတယ်။အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်းနာခြင်းကိုပါ ကုသပေး
နိုင်တယ်။ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်တာကြောင့် ဝနေတဲ့
ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျ
စေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ် ထိန်းပေးတယ်။သွေးကြော
မှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်းတွေကို ကာကွယ်ပေး
ပါတယ်။နှလုံးသွေးကြော ရောဂါသည်တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါ
တယ်။ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါဝင်တာထက် ၃၊၄ ဆပိုပါ
တယ်။ငုံးဥဟာ သန္ဒေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာ
မို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ငုံးဥကို များများ စားပေးသင့်ပါတယ်။

၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ကိုယ်ခန္ဒာ
အင်အားချည့်နဲ့နေသူ၊အစာအိမ် အားနည်းနေသူ အတွက် အကျိုးရှိပါတယ်။
၂။ ငုံးဥဆန်ပြုတ်စားမယ်ဆိုရင် သွေးတိုးသမားကို သွေးကျစေပါမယ်။ပြီးရင်
အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပါတယ်။
၃။ ငုံးဥနဲ့ တရုတ်ကြက်သွန်မြိတ်ကြော်တွဲစားရင် ကျောက်ကပ်အားနည်းခြင်း၊
ခါးနာခြင်း၊ပန်းသေပန်းညိုးခြင်းကို ပြန်လှည်ကောင်းမွန်စေဖို့ ပြုပြင်ပေးပါ
တယ်။တီဘီရောဂါ၊အဆုတ်အားနည်းပြီး ချောင်း အကြာကြီး ဆိုးနေသူတွေ
ကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေနိုင်ပါတယ်။
ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစားသင့်ပါဘူး။တွဲစားမိရင်တော့
ဝမ်းပျက်ခြင်း၊ဝမ်းဖောရောင်ခြင်းနဲ့အစာမကြေခြင်းကို ဖြစ်ပေါ်စေပါတယ်။
ပြီးဒါနဲ့ ငုံးဥကို ဝက်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်းစက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

ငုံးဥအကြောင်းကို စုံသလောက်တော့ ပြောပြီးပါပြီ။ရှည်သွားရင်တော့ ခွင့်
လွှတ်ပါ။

ဗဟုသုတ စွယ်စုံကျမ်း

……………………………………………
Credit to ကျန်းမာရေးစာတိုများစုစည်းမှု

 

12 comments

  • lady mobile

    April 14, 2013 at 2:47 pm

    အခုလိုကျန်းမာရေးဗဟုသုတ ရတဲ့အတွက်ကျေးဇူးတင်လျှက်းးးးးးးး

  • ဦးကြောင်ကြီး

    April 15, 2013 at 9:52 am

    ငုံးဥအစွမ်း
    ဗုံးထုကြမ်း
    ပြုံးလုခမန်း
    တုံးခုနမ်း
    စုန်းပုတသန်း
    အုန်းနုကမ်း
    မုန်းဆုနပမ်း
    ရှုံးလူ့နန်း..

  • နေဝန်းနီ

    April 15, 2013 at 9:49 pm

    ငုံးအု စွမ်းမစွမ်းတော့မသိဘူး မနက် မနက်ကျရင် ဈေးထဲမှာ ဆိတ် ဟိုဒင်းကတော့ ဝယ်လို့ကိုမရဘူး ကြိုမှာထားမှ ရသတဲ့ ………။
    :harr:

  • ဦး ဂျစ်

    April 16, 2013 at 12:29 am

    ဆြာရီးတွေကလဲဗျာ … ဖတ်ရမိတာလေးကို ဟုတ်တယ် မဟုတ်ဖူး သိရအောင် ..
    အားကိုးတကြီးနဲ့ ကော်ပီလေး လုပ်လိုက်ရတာပါ …
    သူ့အစွမ်းသိနေခဲ့ရင် … ဖောရွှီး.. အဲလေ .. ဝေမျှတော်မူကြပါလို့…. ။

  • အလင်းဆက်

    April 16, 2013 at 7:51 am

    ငုံးဥ ကို ကြိုက်နှစ်သက်စွာ စားသုံးခဲ့ သော်ငြားလည်း
    ယခင ် က တော့ဖြင့် ယခုလို သိဖွယ် ရာများ မသိခဲ့ပါ။
    ယခုလို ဝေမျှ တင် ပြ ပေး သောကြောင့်
    အထူးပင် ကျေးဇူး တင် ရှိပါသည် ဟု ပြောပါရ စေ ခင် ဗျ

    🙂

  • KZ

    April 16, 2013 at 1:07 pm

    ကျေးဇူးတင်ပါတယ်။
    ဒါနဲ့ စကားမစပ်……
    မန်းလေးမှာ မုန့်လင်မယားကို ငုံးဥလေးတွေ ဖောက်ထည့်ပေးတာရယ်။
    အရွယ်ချင်းလည်း အံကိုက်ပဲ။ :mrgreen:
    စားလို့လည်း ကောင်းတယ်။ :mrgreen:

  • kai

    April 16, 2013 at 2:12 pm

    ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ.. ဗီတာမင်တွေ..အားဆေးတွေ.. ကလေးလူကြီးသွေးဆုံးသွေးပြုန်းအရွယ်စုံအတွက်.. အစုံရောင်းတယ်..
    အဲဒီဆေးတွေက.. လူ့ခန္တာထဲလိုမယ်ထင်တာတွေ..အကုန်လူတွေက..ထုတ်လုပ်ဖန်တီးထားတာတွေပါ..

    ဆိုတော့..
    ငုံးဥကိုစားပါ..။ အသားလည်းစားပါ..။ အရွက်တွေလည်းစားပါ..။ ကြက်ဥလည်းစားပါ..။နွားနို့လည်းသောက်ပါ..

    ပိုက်ပိုက်ရှိရင်.. အားဆေးတွေကို.. ရှာဝယ်စားပါ… လို့..။ :kwi:

    • မောင် ပေ

      April 16, 2013 at 5:30 pm

      ဖီးကြမ်းငှက်ပျောသီးကိုလဲ မမေ့ပါနဲ ့
      ပဲနီးလေး အစိမ်း လက်တစ်ဆုတ် ကို ရေစိမ်ပြီး အစိမ်းစားဖို ့လဲ မမေ့ပါနဲ ့
      ဟီဟိ

  • ငုံးဥ အစွမ်း ဒီလောက် ရှိမှန်း မသိဘူး ဟူးးး ဟူးး
    ခုဒေါ့ သိတွားဘီ …
    ဒါမယ့် .. ငုံးဥက စားရတာ အားကို မရဘူးရယ် …
    ဖွတ်ခနဲဆို တစ်လုံးက အာခေါင်တောင် မကပ်လိုက်ဘူး :mrgreen:

  • အရိပ်စစ်

    April 17, 2013 at 4:53 pm

    အခုမှ ငုံးဥ အစွမ်းလေး သေသေချာချာ သိသွားပါတော့တယ်

  • Mr. MarGa

    April 18, 2013 at 11:53 am

    အဲဒါပဲ
    သေးသာသေးတယ် အထင်မသေးနဲ့ဆိုတာ
    သူ့မှာလဲ သူ့သတ္တိနဲ့သူကိုး…………….

  • မယ်ဘုတ်

    April 18, 2013 at 12:33 pm

    ကျေးဇူးပါဗျာ …

Leave a Reply