Intro (or) profile photo

150px-Alprazolam.svg

 

အားလုံးကို မင်္ဂလာပါ လို ့ ပထမဆုံးအနေနဲ ့ ပြောခွင့်ပြုပါ။ မပြုလဲ ပြောပြီးပါပြီ။

ကျုပ်ကတော့ မောင်ကြီး ပါ။ အချောင်တီးရမလားလို ့ ၊ အဲအဲ မှားလို ့၊ မန်းတလေးဂေဇက်မှာ ဝါယောဝင်ကန်ချင်လို ့ ရက်ဂျစ်စတာလုပ်လိုက်ပါပြီ။ လုပ်ပြီးပြီးချင်း Points: 5055 Kyats ရပါတယ်။ နောက်ထပ်လဲ ပွိုင့်တွေတိုးဖို ့ကြံရပါဦးမယ်။

အခုလောလောဆယ် အကြံအဖန်လေးထုလိုက်တာကတော့ ၊ ကျုပ် ပရိုဖိုင်ပုံကိုကြည့်ပြီး ၊ အဲဒါ ဘာများပါလိမ့်လို ့သိချင်နေကြမယ်ဆိုရင် ၊ ရှင်းပြချင်လို ့ပါ။

ကျုပ်ရဲ  ့ပရိုဖိုင်ပုံက ဒီကနေကူးလာခဲ့တာပါ

http://en.wikipedia.org/wiki/Alprazolam

ဇန်းနက် ဆိုတာ ထရိတ်နိမ်း ၊ အယ်လ်ပရာဇိုလမ် ပါဗျာ ။ ပုံကတော့ သူ ့ရဲ  ့ကမ်မီကယ်အရ ဖွဲ ့စည်းပုံလေးပါ ။

ဒီ ဇန်းနက် ဆိုတဲ့ အယ်လ်ပရာဇိုလမ် ရဲ  ့ အစွမ်းဟာ anxiolytic, sedative, hypnotic, skeletal muscle relaxant, anticonvulsant, and amnestic properties တို ့ဖြစ်ပါတယ် ။

ဆေးသမားတွေကတော့ ၊ ဘာအတွက်သုံးလဲ ဆိုတော့ ၊ လူတစ်ယောက်ရဲ  ့စွမ်းအား ကို အဆ ၂၀ဝကျော်ခန် ့တိုးလာဖို ့နဲ ့ ၊ စိတ်ခံစားချက် ပျော်ရွှင်လာစေဖို ့ သုံးကြပါတယ် ။

ဟုတ်ကဲ့ပါ ။ ဒါပါပဲ ။ ပြီးပါပြီ ။

 

 

 

5 comments

  • အရီးခင်လတ်

    April 14, 2013 at 9:48 pm

    ကြိုဆိုပါတယ် ကပ္ပိယ မောင်ကြီး ရေ။
    ကပ္ပိယကြီး ရဲ့ profile တန်ခိုး နဲ့ ဒီ ရွာရဲ့ အစွမ်း အဆ နှစ်သိန်း တိုးစေသတည်း။
    သူကြီး ဆာဗာကြီး ပါ တန်ခိုးထွား အားရှိ စေသတည်း။
    😆

  • ဦးကြောင်ကြီး

    April 15, 2013 at 10:00 am

    ကပ္ပိယမောင်ကြီး
    ဓာတ်ထိပွခေါင်ထီး
    သတ္တိပြယောင်ပြီး
    မျက်စိကျဖောင်စီး..။

  • မောင်ကြီး ဆိုတော့ကာ …
    မီးကြောင် ပေါ့ … အဟဲ …
    ဒါဆိုရင်တော့ အထက်က ကြောင်ကြီးကို သတိထားပေတော့ … :mrgreen:

    ဟိုသီချင်း ထဲမှာတော့ တွံတေးသိန်းတန် က ဆိုထားတယ် …
    ကပ္ပိယ ချက်ကြီး တဲ့ …
    အခုတော့ ကပ္ပိယ မောင်ကြီး ပေါ့ …
    ကြိုဆိုပါတယ်ဗျားးး

  • kyeemite

    April 26, 2013 at 3:06 pm

    ပြောတော့ ကပ္ပိယ မောင်ကြီး
    စာစရေးတာနဲ့ ဆေးသိပ်ပံအကြောင်းပါလား.. 😆
    တကယ်ကနာမည်နဲ့လိုက်အောင် ဗိန္နောတို့၊ အဂ္ဂိရပ် တို့အကြောင်းရေးရမှာ.. :kwi:

  • တိမ်မည်း

    April 26, 2013 at 3:24 pm

    အိုင်ဆေး ကပ္ပိယ မောင်ကြီး…….

    ကျုပ်က ကယ်လ်မီကယ် အကြောင်းတော့ လုံးလုံး သိဖူးရယ်……
    ဘာပြောပြော ဗဟုသုတရတာပေါ့………..
    ကြိုဆိုပါတယ်……………

    :harr:

Leave a Reply