♫♥✿မင်္ဂလာရှိသော နှစ်သစ်ကို ကြိုဆိုပါတယ်♫♥✿

ဒီနှစ်သင်္ကြန် ၁၃.၄.၂၀၁၃ ရက်နေ ့မှာသွားနေကျဘုန်းကြီးကျောင်းနဲ ့၁၁.၄.၂၀၁၃ ရက်နေ ့မှာ မွေးနေ ့အတွက် ရည်မှန်းပြီး

တရုတ်ဘုံကျောင်းက ဘုရားလဲရောက်ဖြစ်ပါတယ်..ဘုုရားတစ်ခါသွားဖို ့

ဘုန်းကြီးကျောင်းတစ်ခါရောက်ဖို ့တော်တော်လေးကို ဝေးပါတယ်..ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူ ဘုရားကျောင်းကန်

စေတီပုထိုးတွေမြန်မာပြည်ထက်စာရင် တော်တော်လေးကို နည်းတဲ့ နိုင်ငံပါ။ ချမ်းချမ်းတို ့မြန်မာပြည်မှာဆို ခရီးသွားတိုင်း ကုသိုလ်ယူနိုင်တဲ့ ကြည်ညိုစရာ စေတိပုထိုးတွေများလွန်းလို ့နော့…

သူငယ်ချင်းတစ်ယောက်ကမေးတယ် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ စစ်မှန်တဲ့ နိုင်ငံက ဘယ်နိုင်ငံလဲတဲ့..

ချမ်းချမ်းလဲ ခေါင်းမော့ ပြီး ဖြေလိုက်တယ်“..အဲ့ဒါ တို ့မြန်မာနိုင်ငံပဲ ” သူကတော့ မယုံဘူး

အမှန်တော့ သူက

မြန်မာဆိုရင် အရမ်းအထင်သေးပါတယ်..ဆိုင်မှာအလုပ်တူတူလုပ်တဲ့သူငယ်ချင်း ရ ယောက်ထဲမှာ နှစ်ယောက်က မြန်မာ

တွေကို အထင်သေးတယ် နှိမ်တယ် ကျန်တဲ့ ငါးယောက်က နားလည်မှုရှိတယ် စိတ်ကောင်းရှိတယ်..မြန်မာတွေကို နှိမ်တဲ့

နှစ်ယောက်ထဲက တစ်ယောက်ဟာ

အားအားနေ ဘုရင့်နောင် အလောင်းဘုရားမကောင်းကြောင်းပဲ ပြောနေတော့တာပဲ..တစ်ချိန်က မြန်မာတွေ

ရက်စက်ခဲ့တာကိုပဲပြောနေတယ်.

ကျွန်မကလဲ ကိုယ့်မြန်မာဘုရင်တွေစခဲ့တာမို ့ဘာမှပြန်မပြောဘူး..ငြိမ်နေလိုက်တယ် စိတ်ထဲမှာတော့ ငါ့အလှည့် တော့တစ်နေ ့

ရောက်ဦးမှာလို ့တွေးနေလိုက်တယ်.မထင်မှတ်ပဲသူက “ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ စစ်မှန်တဲ့ နိုင်ငံက ဘယ်နိုင်ငံလဲတဲ့.”

ချမ်းချမ်းကလဲ ဒီတစ်ခါတော့သူတို ့ကိုကျောဖို ့ကိုယ့်အလှည့်ရောက်ပြီမို ့.သေသေချာချာကိုဖြေပေးလိုက်တယ်..

နင်တို ့အထင်သေးနေတဲ့ မြန်မာနိုင်ငံဟာ ထေရဝါဒသာသာနာ အထွန်းကားဆုံးနိုင်ငံ ရတနာသုံးပါးကို အကြည်ညိုဆုံးနိုင်ငံလို ့.ဖြေလိုက်တယ်..ဘာလို ့လဲဆိုတော့

တို ့မြန်မာလူမျိုးတွေ ရတနာသုံးပါးကို နင်တို ့ထက်ပိုပြီးတန်ဖိုးထားတယ်..နင်တို ့နိုင်ငံမှာ အိမ်တိုင်း လိုလို ဘုရားကျောင်း

ဆောင်မရှိဘူး..နတ်စင်တော့ အိမ်တိုင်းရှိတယ်..ဥပုဒ်နေ ့တိုင်း နင်တို ့တွေပန်းဝယ်ပြီး ဘုရားကိုမကပ်ဘူး.နတ်စင်

ကိုကပ်တယ်..သရဲတွေကို ကန်တော့တယ်.သရဲကို ကယ်တင်ရှင်လို ့ထင်တယ်..အောက်လမ်းတွေ တအားများတယ်..

အဲ့ဒါတွေကို စစ်မှန်တဲ့ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေမလုပ်ဘူး..စစ်မှန်တဲ့ဗုဒ္ဓဘာသာဟာ ရတနာသုံးပါးက လွဲရင်

တခြားဘာကိုမှ မကိုးကွယ်ဘူး…နတ်တွေသရဲတွေကို မေတ္တာပို ့တာပဲရှိတယ်..မကိုးကွယ်ဘူး..လို ့ပြောလိုက်ရော

သူ ငယ်ချင်းက ဘာမှပြန်မပြောနိုင်တော့ဘူး..

့မြန်မာအမျိုးသမီး ဆယ်ယောက်မှာ ကိုးယောက်လောက်က အိပ်ရာဝင်ဘုရားရှိခိုး ပါတယ်..သရဏဂုံသုံးပါး သံဗုဒ္ဓေ ဩကာသ

ကန်တော့တာရွတ်တတ်ပေမယ့် ထိုင်းအမျိုးသမီး ဆယ်ယောက်မှာ ရ ယောက်လောက်

ဘုရားစာတွေမရွတ်တတ်ပါဘူး..

..ဆိုင်နားက လမ်းဆုံမှာ ကုလားဘုရား ဆင်နှာမောင်းနဲ ့ဂနက် ဘုရားမှာဆိုရင် ညညဘက်လူတွေတအားများတယ်.

ချမ်းချမ်းတို ့ဆီမှာ ကာလီမယ်တော်တို ့ ဂနက်ဘုရားတို ့ကို ဟိန္ဒူတွေပဲသွားတာများတယ်..ဗုဒ္ဓဘာသာဝင်တွေသွား

တာနည်းတယ်။ဒီမှာက ဟိန္ဒူတွေမသွားဘူး..ဗုဒ္ဓဘာသာတွေ တရုတ်စပ်တွေသွားတာများတယ်..

သွားဆုတောင်းကြတာတဲ့..ဆုတောင်းပြည့်တယ်ပြောပြီး သူတို ့တွေတစ်လတစ်ခါသွားဆုတောင်းပါတယ်..ချမ်းချမ်းက

အဖော်အမြဲလိုက်သွားနေကျ..သူတို ကမေးတယ် ဘာလို ့ဆုမတောင်းတာလဲလို ့ဆိုတော့ ငါဆုုတောင်းပြီး အလုပ်မလုပ်

ရင် အဲ့ဒီဘုရားက ဖြည့်ပေးမှာလား လို ့ပြန်ပြောတော့ လူ ့ဂွစာတဲ့..ဘာပဲဖြစ်ဖြစ် ကိုယ့်ကို သူတို ့က အထင်

သေးချင် သေးမယ့် သူတို ့ထက်သာတာတွေ ကိုယ့်မြန်မာလူမျိုးတွေမှာ အများကြီးပဲ.ရတနာသုံးပါးကြည်ညိုတာ အလုပ် ကြိုးစားတာ ဘဝကိုတန်ဖိုးထားတာ သူတို ့ထက်သာတယ်.

ကိုယ့်ကိုယ်ကိုယ် မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်…

နောက်ကြုံမှ သူတို ့နိုင်ငံအကြောင်းပြောပြမယ်..ပြောများရင်အတင်းဖြစ်မှာစိုးလို ့ဆက်မပြောချင်တော့ဘူး.

.ကုသိုလ်အကြောင်းပဲဆက်ပြောမယ်နော်…:D

ပထမဦးဆုံး (၁၁.၄.၂၀၁၃) ရက်နေ ့က မွေးနေ ့အတွက်ရည်စူးပြီး ဘုရားသွားတဲ့အလျှုကို အရင်မျှပေးမယ်နော်….

ဘုရား၊ရိပ်သာဘုန်းကြီးကျောင်းရောက်တိုင်း ပထမဦးဆုံး ဘုရားရှိခိုး ငါးပါးသီလယူပါတယ်..

ကြည်ညိုသပ္ပယ်စရာ ဘုရားကျောင်းဆောင်

ဖူးမဝတဲ့ မြတ်ဗုဒ္ဓ

ဘုရားရှိခိုးပြီးရင် အလှုခံပုံးတွေမှာ တတ်နိုင်သလောက် လျှုပါတယ်..ဒါက ကြွေပြား နဲ ့ ခေါင်းမိုးအတွက်လျှုတာပါ..သူတို ့ဆီမှာ အလျှုခံမရှိဘူး..စေတနာရှိသလောက် ရေးပြီး အလျှုခံပုံးထဲမှာ ထည့်ရုံပါပဲ..

ဒါကသံဃာတော်တွေ ဆွမ်းလျှုဖို ့ကိုရင်လေးတွေက အလျှုခံတာပါ..သပိတ်ထဲကို ပိုက်ဆံထည့်တာနဲ ့ ဆုတောင်းသံက အလိုလိုထွက်လာပါတယ်..ကလေးတွေအကြိုက်ပေါ့..

ဒီအခေါင်းကတော့ အိပ်ဖို ့ အဲ မဟုတ်ဘူး..ပိုင်ရှင်မဲ့ အလောင်းတွေကို အခမဲ့ မီးသင်္ဂြဟ် ဖို ့အလျှုခံတာပါ.ပိုက်ဆံကိုတော့ အခေါင်းထဲထည့်ပါတယ်

ဒါက သေခါနီးဆဲဆဲ နွားလေးတွေကို ဘေးမဲ့ပေးဖို ့ဝယ်ထားတာပါ..အလျှုရှင်တွေက ကိုယ်နိုင်သလောက်

စာရွက်မှာ ရေးပြီး ပိုက်ဆံကို အလျှုခံပုံးထဲထည့်ပါတယ်..အလျှုခံပုဂ္ဂိုလ် မရှိပါဘူး..

ပြီးတာနဲ ့တရုတ်ဘုံကျောင်းက အရေးပေါ် နာရေးကူညီမှုအသင်း နဲ ့ပိုင်ရှင်မဲ့အလောင်းမီးသဂြိုဟ်ပေးတဲ့ အသင်းမှာ အလျှုငွေထည့်ပါတယ်..ရုံးပိတ်ရက်မို ့လူတအားများတယ်..လျှုဖို ့တန်းတောင်စီရတယ်..

အလျှုငွေထည့်ပြီးရင် ဖြတ်ပိုင်းလေးကို ကော်နဲ ့ကပ်ပြီး အခေါင်းမှာ ကပ်ရပါတယ်..

ဘန်ကောက်မှာဆို နာမည်ကြီးဘုံကျောင်းပါ..

…………………………………………………………………………………………………………….

သင်္ကြန်တွင်း ၁၃.၄.၂၀၁၃ ရက်နေ ့မှာ သွားတာက မနှစ်က သွားနေကျဘုန်းကြီးကျောင်းပါပဲ..မြို ့ပြင်မှာဆိုတော့ ဆင်းရဲတဲ့ ကျောင်းလို ့ပြောရမှာပေါ့..အသိအိမ်နဲ ့နီးလို ့

ချမ်းချမ်းအဲ့ဒီကျောင်းကို တစ်နှစ်ကို ဝါတွင်းတစ်ခါ သင်္ကြင်္န်တွင်းတစ်ခါ အမြဲသွားဖြစ်ပါတယ်..သွားတိုင်း ကုဋီဆေး ကျောင်းတံမျက်စည်းလှဲ သန် ့ရှင်းရေးလုပ်နေကြဆိုတော့

ဆရာတော်က မှတ်မိနေပြီ…သူတို ့ထိုင်းလူမျိူးတွေက ရွံလို ့ တစ်ခါမှ ကုဋီလာမဆေးဖူးပါဘူးတဲ့.

အခုလိုမြန်မာတစ်ယောက်က လာဆေးပေးလို ့ကျေးဇူးတင်ပါတယ်တဲ့..တစ်ချို ့တွေက အိမ်သာကို ရွံစရာလို ့

ထင်ကြတယ် ကျွန်မကတော့ ရွံစရာမထင်ဘူး..ကိုယ့်ဒုက္ခကို ကုညီဖြေရှင်းပေးတဲ့ ကျေးဇူးရှင်လို ့ထင်တယ်..

ဟုတ်တယ်လေ..အိပ်သာတန်ဖိုး..ဝမ်းသွားဖူးတဲ့သူတိုင်းသိပါလိမ့်မယ်..ဗိုက်နာဖူးတဲ့သူတိုင်းသိပါလိမ့်မယ်..

ရွံစရာကောင်းတာက အိမ်သာကို သုံးပြီး စည်းကမ်းမရှိတာက ရွံစရာကောင်းတာ..နော့်

ကုဋီဆေးပြီးတော့ တံမျက်စည်းလှဲပါတယ်..

တံမျက်စည်းလှည်းပြီးတော့ ဘော်ဒါတွေကို မုန် ့ကျွေးပါတယ်…

 

ဘော်ဒါတွေကျွေးပြီးတော့ ငါးလေးတွေကိုအစာကျွေးပါတယ်..

ငါးစာရောင်းတဲ့သူမရှိပါဘူး ငါးစာရဲ ့တန်ဖိုးအတိုင်း အလျှုခံပုံးထဲထည့်လိုက်ယုံပဲ…

ငါးလဲစား ကိုယ်လဲစား..အတူတူစားလို ့ရပါတယ်..:D

ငါးစာကျွေးပြီးတော့ ပြုသမျှကုသိုလ်ကို အားလုံးရကြပါစေအမျှပေးဝေပါတယ်..

ချမ်းချမ်းပြုသမျှကုသိုလ်အဖို ့ဘာဂကို သုံးဆယ့်တစ်ဘုံအလုံးစုံသတ္တဝါများနဲ ့စာချစ်သူများအား အမျှပေးဝေပါတယ် ..ထပ်တူထပ်မျှ အမျှရကြပြီး ကျန်းမာချမ်းသာ ကြပါစေ..အမျှ..အမျှ..အမျှ..ယူတော်မူကြပါကုန်တော်…သာဓု..သာဓု..သာဓု…

Writen By….ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်) 14.4.2013

20 comments

  • Mလုလင်

    April 14, 2013 at 5:52 pm

    သာဓု .. သာဓု .. သာဓု . . . . . ပါဗျာ . . .
    ကျုပ်မှာတော့ . . အဲ့ဒလို မအေးချမ်း နိုင်ဘူးဗျ . . . . သူတထူး ကို ကူညီ ချင်းကလဲ . . ကိုယ့်အပူ ကိုယ် ဝယ်ယူ သလိုပဲဗျို ့ . . . .။ အားကျပါဘိတောင်း …………….။

  • ကပ္ပိယ မောင်ကြီး

    April 14, 2013 at 8:02 pm

    မျက်နှာကိုမမြင်ရပေမယ့်
    ယိုးဒယားမလေးနဲ ့ဆင်တဲ့
    ရွာသူလေးချမ်းချမ်း
    ပြုခဲ့သမျှကောင်းမှုတွေကို
    သာဓုသုံးကြိမ်ခေါ်ပါရစေ။

    • ရွာသူလေးချမ်းချမ်း(ရင်တွင်ဖြစ်)

      April 14, 2013 at 8:40 pm

      ယိုးဒယားမတွေနဲ ့လူရော စိတ်ရောမတူချင်ပါဘူး…မြန်မာဆိုတာ ဘယ်နေရာဘယ်နိုင်ငံရောက်ရောက် မြန်မာနဲ ့ပဲ တူတာအကောင်းဆုံးလေ…မြန်မာ့ယဉ်ကျေးမှုကိုသာ အချစ်ဆုံး…ပါ ဦးဦး ကပ္ပိယ 😀

  • ရွာစားကျော် မင်းနန္ဓာ

    April 14, 2013 at 10:19 pm

    သာဓု သာဓု သာဓုပါ မိန်းကလေးရေ..

  • uncle gyi

    April 14, 2013 at 11:15 pm

    သာဓုပါဗျာ
    သတိ သံချပ်အဖွဲ့မဟုတ်ပါ
    သာဓုခေါ်သံပါ ချမ်းချမ်းရေ
    ယိုးဒယားကဘုရားစာမရဖူးသွားမပြောနဲ့
    ဘုရားစာရတဲ့ဒို့နိုင်ငံမှာကိုယ့်ဖာသာအလှူထည့်နိုင်တဲ့စံနစ်
    အောင်မြင်ဖို့မပြောနဲ့စနိုင်ပြီလား
    ပါးစပ်ကဘုရားစာမပြတ်ရွတ်နေပြီးလက်ကလုပ်ချင်ရာလုပ်နေတာထက်စာရင်
    ဘုရားစာမရပေမဲ့ဘုရားအဆုံးအမလိုက်နာလုပ်နေသူကပိုသာမယ်ထင်ပါတယ်ကွယ်

  • ကထူးဆန်း

    April 15, 2013 at 8:34 am

    မင်္ဂလာပါ ရွာသူလေးရေ ..
    အဲ့ဒီ့ နေ့တွေ က ရွာသူလေး နံမည် နဲ့လိုက်အောင် စိတ် ချမ်းသာ နေမှာတော့ အမှန်ဘဲ နော်..
    အန်ကယ်ကြီး ..
    ဘုရားက အလှုခံပုံးတွေက ကိုယ့်ဖာသာ အလှုထည့် တာလေ ..
    တစ်ခါတစ်လေ ပုံးလိုက်ပျောက်သွားတာ တစ်ခုဘဲ .. :kwi: ဒါပေမဲ့ ဖြစ်တာ ရှားပါတယ် ..
    တစ်ခုဘဲ သူတို့ က အလှုခံသူ မရှိဆိုတာ လူပို အလုပ်လက်မဲ့ နဲတာလို့ ထင်ပါသည်။

  • ဦးကြောင်ကြီး

    April 15, 2013 at 10:33 am

    ရွာသူလေးချမ်း
    ငါလူလေးဖမ်း
    နှာဘူတွေးလွမ်း
    စာဖြူရေးမန်း..။
    ချမ်းဂလေး About ရွာသူလေးချမ်းချမ်း(ရင်တွင်ဖြစ်) စာလုံးပေါင်းမှား နေတယ်ကွယ်။ မပြင်တတ်ရင် ဦးကြောင်ကြီးဆီ အကောင့်ပတ်စ်ဝက်ဒ်ကို ဂျီမေးလ်ကနေ ဓာတ်ပုံ၊ ဖုံးနံပါတ်၊ ဖေ့စ်ဘွတ်ကို ဂျီမေးအပ်ပြီး ပို့လိုက်ပါ။ ရွာမှာတော့ သိတဲ့အတိုင်း ဦးကြောင်မပါရင် မပြီး.. ဝမ်းချုပ်နေကြတယ်လေ..။

  • KZ

    April 16, 2013 at 1:27 pm

    မင်္ဂလာရှိသော နှစ်သစ်ပါ။

    :hee:

  • mobile

    April 16, 2013 at 1:35 pm

    ရွာသူလေး ချမ်းချမ်းမိုက်တယ်ဗျာ….
    ကောင်းမှုကုသိုလ် ပြုချင်စိတ်လေးနဲ့ မွန်မြတ်လှတဲ့ နှလုံးသားလေးနဲ့
    ရုပ်လေးနဲ့ဒေါ့ လိုက်ဖက်ညီလှပါပေတယ်…………….
    ဘန်ကောက်မှာလားဗျ………..
    ဖုန်းနံပါတ်လေးဘာလေးပေးပါလား….. ဖရီးရတဲ့အချိန်မှာ ဖုန်းလေးဘာလေးဆက်လို့ရတာပေါ့………….
    :harr:

  • သာဓု သာဓု သာဓု ပါဗျာ
    ဝင်ဝင်ချင်း ဆောက်နဲ့ထွင်း မဟုတ်ဘူးးး
    ဝင်ဝင်ချင်း ကုသိုလ်တွေနဲ့ ခင်းကျင်းလာသပေါ့ …
    ဝမ်းသာပါသဗျို့ …

    စကားမစပ် …
    ရုပ်ကလေးက အချောလေးပဲဗျ ….
    ဘယ်သူတွေ ဘာပြောပြော ခုလို ဘုရားတရား ကြည်ညိုပြီး
    သနားဂရုဏာတွေ ရှိတဲ့ မိန်းကလေးမျိုးဆို ကျုပ်တော့ဖြင့် အလွန် ချစ်တတ်သဗျ …
    အခု ချမ်း လေးကိုလည်း ချစ်မယ်နော့ …. :mrgreen:

    • mobile

      April 17, 2013 at 5:13 pm

      ကိုအန်ချာဒုံး နှာဗူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

      • ဒီလောက် ဗူးတာတောင်
        တစ်ယောက်နဲ့ အဆင်မပြေဘူး ..
        ရှေ့လာမယ့် အနာဂါတ် အစီအစဉ်တွေထဲမှာလည်း
        ဗူးမယ့် အစီအစဉ်တွေ အပြည့်ပဲ .. ဟဲဟဲ .. :mrgreen:
        ဒါမယ့် …
        ချမ်းလေးနဲ့ အဆင်ပြေရင်တော့ဖြင့်
        ဒီတစ်သက်မှာ တစ်ယောက်တည်းပေါ့ …
        အဲ့လို .. အဲ့လို .. :mrgreen:

        • ကိုရင်စည်သူ

          April 21, 2013 at 5:28 pm

          ဟေ့လူ.. မျက်နှာခြောက်ဖက်.. ချမ်းလေးဂို.. မထိနဲ့.. ထိနဲ့..
          ကိုရင်က ချမ်းလေးနဲ့ ဒါနတူတူပြုချင်လို့.. ပါရမီဖြည့်ချင်လို့.. ခုထဲက
          ဘန်ကောက်ကို လေယာဉ်လက်မှတ်ကြိုဖျက်ပီးဘီ.. 😎
          ကိုရင်တို့များ ဘန်ကောက်ခဏခဏရောက်ဒယ်..
          အဲ့လိုနေရာတွေများ တွေ့ကို တွေ့ဖူးဘူး.. :mrgreen:
          ဒီတခေါက် ချမ်းလေးကို ရှာရတော့မယ် အထင့်ရယ်.. :kwi:

        • ချမ်းလေးကို ရှာဂျင်ရင် …
          ကျုပ်ဆီကို လာမှ ရမယ် ကရင်စီ …
          ချမ်းလေးက ကျုပ် ဟိုဒင်းကြီး ထဲမှာရောက်နေဘီဂျ .. :mrgreen:
          ခညားဒေါ့ နောက်ကျ အပေါက်ဝ ဖစ်တွားဘီ …

        • ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)

          April 29, 2013 at 12:32 am

          ကိုအံစာတုံးက ကဗျာဆရာထင်တယ် ကဗျာချစ်တဲ့သူတွေဟာ စိတ်ထားနူးညံ့ပြီးအပြောအဆို သိမ်မွေ ့တာများတယ် အခု ကိုအံစာတုံး စကားလုံးတွေက ကဗျာမဆန်ပဲ အပေါစားဆန်ပါတယ်. မိန်းကလေးတွေကို ညီမလို နှမလို စာနာစိတ် ကိုယ်ချင်းစာစိတ်ထားရင် အပြောအဆိုလေးသတိထားပါ **** မဟာရာဇာ အံစာတုံး says:
          ချမ်းလေးကို ရှာဂျင်ရင် …
          ကျုပ်ဆီကို လာမှ ရမယ် ကရင်စီ …
          ချမ်းလေးက ကျုပ် ဟိုဒင်းကြီး ထဲမှာရောက်နေဘီဂျ .. :mrgreen:
          ခညားဒေါ့ နောက်ကျ အပေါက်ဝ ဖစ်တွားဘီ … ****

        • ပို့စ်ပိုင်ရှင် မချမ်းချမ်းရေ …

          ကျုပ် စနောက်မိတာ လွန်သလို ဖြစ်သွားပါတယ် …
          ဒီအတွက် ကျုပ်က တောင်းပန်ပါတယ်နော့ …
          ပြီးတော့ ကျုပ်က ကဗျာဆရာ မဟုတ်ပါဘူး …
          ဒီတော့ အပြောအဆို ((အရေးအသား)) က ထင်သလောက် မနူးညံ့ပါဘူး …
          ပြီးတော့ ကျုပ်မှာ နှမလေးတွေ ရှိပါတယ် …
          ဒီတော့ မိန်းကလေးတွေ အပေါ်မှာ နှမချင်း ကိုယ်ချင်း စာနာတဲ့စိတ် အပြည့်ရှိပါတယ် …
          အခု မချမ်းချမ်း ကို ပြောလိုက်တယ် ဆိုတာကလည်း
          နှမချင်း ကိုယ်ချင်းမစာ ပြောလိုက်တာမျိုး မဟုတ်ပါဘူး …

          ဥပမာ အနေနဲ့ ပြောပြပါမယ် …။
          ကျနော်တို့ လမ်းတွေ လျှောက်သွားကြတယ် …
          ပုရွက်ဆိတ် လို အကောင်ငယ်လေးတွေဟာ မြေကြီးပေါ်မှာ ကျက်စားကြတယ် …
          ဒီအခါ မတော်တဆ ဆိုသလို လမ်းလျှောက်သွားရင်းနဲ့
          ပုရွက်ဆိတ် လို အကောင်ငယ်လေးတွေကို တက်နင်းမိ၊ သတ်မိမှာပါပဲ …
          ဒါပေမယ့် ဒီအဖြစ်အပျက်မှာ …
          ကျနော်တို့ အနေနဲ့ သေစေလိုတဲ့ စေတနာ တစ်ပြားမှ မပါသလို
          ကျနော်တို့ကြောင့် သေသွားတယ်ဆိုတာကို သိရင်တောင် စိတ်မကောင်း ဖြစ်မိဦးမှာပါ ..။

          အခုလည်း ဒီသဘောတရားပါပဲ ….။
          ကျနော့် အနေနဲ့ မချမ်းချမ်း ကို နှမချင်း ကိုယ်ချင်းမစာ ပြောတာ မဟုတ်ပါဘူး …
          စ နောက် နေရင်းနဲ့ အများအမြင်မှာ မတင့်တယ်သလို ဖြစ်သွားတာပါ …
          ဒီအတွက် ကျုပ်က မချမ်းချမ်း ကို တောင်းပန်ပါတယ်နော့ …

        • ဦးကြောင်ကြီး

          May 17, 2013 at 10:06 am

          အပြောမတတ်
          အံစာငတ်
          တုံချမ်းချမ်းကနှက်..
          အဟတ် အဟတ်
          ဖလပ် ဖလပ်
          ဘဝတသက်စာမှတ်.. :eee:

  • အရီးခင်လတ်

    April 17, 2013 at 5:59 pm

    ပြုသမျှ ကုသိုလ်တွေကို အမျှပေးလို့ ကျေးဇူးပါ။
    သာဓု၊ သာဓု၊ သာဓုပါ နော်။
    အိမ်သာဆေးတာ တော်ရုံမလုပ်နိုင်တာမို့ ချီးကျူးပါတယ် သမီးရေ။

  • GaviaGirl

    April 21, 2013 at 5:14 pm

    ချမ်းချမ်းပြုပြုသမျှ ကုသိုလ်အစုစုကို သာဓုခေါ်ပါတယ်နော်… သာဓု..သာဓု..သာဓု….
    မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းတယ်…

    • ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)

      April 29, 2013 at 12:37 am

      မွန်ဝတ်စုံပါ ညီမလေး 😀

Leave a Reply