သင်္ကြန်အကျနေ့ ကျိုက်ထီးရိုးဘုရာဖူးပုံရိပ်များ

Ko chogyiApril 15, 20134min12810

ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူးဖို့ နံနက် ၄ နာရီမှာ အိမ်ကနေစထွက်ခဲ့ပါတယ်။ ကင်မွန်းစခန်းကို နံနက် ၈ နာရီလောက်ရောက်ပြီး ၉ နာရီလောက်မှာ  တောင်ပေါ်ကို ကားလိုင်းနဲ့ ဆက်တက် ခဲ့ပါတယ်။ ရင်ပြင် တော်ပေါ်ကို ၁ဝ နာရီလောက်မှာရောက်ပါတယ်။ ဘုရားဖူးပြီး ညနေ ၄ နာရီခွဲလောက် ရင်ပြင်တော်ပေါ်ကနေ ပြန်ဆင်းခဲ့ပြီး ၅ နာရီကျော်ကျော်   လောက် တောင်အောက်ရောက်ပါတယ်။ အဲဒီကနေ ၆ နာရီလောက်ပြန်ထွက်ခဲ့တာ ရန်ကုန်အိမ်ကို ည ၁ဝ နာရီခွဲလောက်မှာပြန်ရောက်ခဲ့ပါတယ်။ လမ်းမှာ ကျိုက်ဗောလော မှဲ့ရှင်တော်ဘုရားကို ခဏဝင်ဖူးခဲ့ပါသေးတယ်။ ခရီးစဉ်မှာ ရိုက်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလိုက်တာပါ-

DSC00715

တောင်ပေါ်တက်ကြမယ်

DSC00736

အပေါ်ကအဆင်းကိုစောင့်နေရသေးတယ်

DSC00749

အောက်ကတက်လာတဲ့ကား

DSC00760

ရသေ့တောင်ကအတက်ပေါ့

DSC00768

မုန့်လက်ဆောင်းအလှူ

DSC00770

စည်ကားနေတဲ့ ဘုရားဖူးတွေ

DSC00792

ဒီလိုနည်းနဲ့လည်းတက်ကြတယ်

  DSC00832

မုန့်ဈေးတန်းလေး

DSC00847DSC00783 DSC00859

10 comments

    • P chogyi

      April 15, 2013 at 9:11 pm

      အဲလိုမှန်းသိရင်ခေါ်ပါတယ် အလွမ်းပြေအောင်

  • ဦးကြောင်ကြီး

    April 15, 2013 at 10:13 am

    ဆံတော်ရှင်
    ကံပေါ်လျင်
    ညဏ်ဖော်ထွင်
    သံမျှော်စင်…။

    • P chogyi

      April 15, 2013 at 9:12 pm

      ဦးကြောင်
      ဗူးထောင်
      မူးအောင်
      အမိုက်မှောင်
      အလင်းဆောင်

  • ရွာစားကျော် မင်းနန္ဓာ

    April 15, 2013 at 11:13 am

    ကျိုက်ထီးရိုးကို မရောက်ဖြစ်သေးဘူးဗျာ..
    ကလေးတွေကြီးမှ သွားလို့ ရတော့မယ်.. ဟီး

  • P chogyi

    April 15, 2013 at 9:13 pm

    ရထားတွဲကြီးပေါ့လေ

  • မောင် ပေ

    April 16, 2013 at 5:44 pm

    ကျိုက်ထီးရိုးဘုရားကို ဖူးရတာဟာ
    မြန်မာဗုဒ္ဓဘာသာတွေအဖို ့တော့ ဘယ်ချိန်ဖူးဖူး စိတ်ချမ်းသာစရာ ကောင်းလှပါတယ်
    စကားမငရုတ်
    ကိုချိုကြီး ပုံတွေထဲမှာ ဆံတော်ရှင်ပုံမတွေ ့ရဘူးဗျ
    ကွန်နက်ရှင်ကြောင့်ပဲလားတော့ မသိ

    • P chogyi

      April 18, 2013 at 3:10 pm

      ပုံဆိုဒ်ကြီးရင်လေးမှာကြောက်လို့ လျှော့လိုက်တာ လက်လွန်ပြီး ဝါးသွားလို့ပါ။

  • ကိုပီချိုကြီးက သင်္ကြန် ကျိုက်ထီးရိုးမှာ ကျသပေါ့ …
    ကောင်းသဗျာ …
    ကျိုက်ထီးရိုးမှာလည်း အတော်လေး စည်တာပဲ …
    ဒါနဲ့ ရေပက်တာ ဘာညာတော့
    ဒီထဲမှာ မတွေ့မိဘူးဗျ …

  • Mr. MarGa

    April 18, 2013 at 4:06 pm

    မှတ်မိနေပါသေးတယ်
    တစ်ခါ ကျိုက်ထီးရိုးကို တက်တုန်းက
    သင်္ကြန် အကျနေ့ကြီး
    လမ်းမှာ အမောပြေသောက်ဖို့ သယ်သွားတဲ့ရေက
    ကောင်မလေးတွေအတွက် ဖြစ်သွားတာလေးကို………………… :mrgreen:

Leave a Reply