ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၈)

alinsettApril 15, 20131min1486
ခြေသံများ

ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၇)

ခြေသံများ

ခြေသံ များ

“လူတွေရဲ့ ခြေနင် း မညင်သာမှုကြောင့် ကမာ္ဘ ကြီ းရဲ့ မြေမျက်နှာပြင်ပြောင်းလဲ နေခဲ့ရတယ် တဲ ့”

“ဟုတ်လား …ဒါဆို ကမာ္ဘ ကြီ း ဘယ် လို ပြောင်းလဲတယ်ဆို တာ သိနိုင် ဖို ့လူတွေဘယ် လို လမ်းလျှောက်တယ်ဆိုတာ ငါတို့လေ့လာကြရမယ်၊

ဟော….နားထောင်စမ်း …ခြေသံတွေ”

တာရာမင်းဝေ

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ခြေလှမ်းတွေကို စိတ်ဝင်စားခဲ့ပေမယ် ့ ခြေသံတွေကို နားထောင်ကြည့်ဖို့တော့ စိတ်မကူးခဲ့ဖူးပါဘူး ။

အခုတော့…ခြေသံတွေကို နားထောင်ကြည့်ဖို ့..လိုလာပါပြီ ။

ကျွန်တော့် ဘဝထဲကို ဘယ်သူကများ…..ဘယ်တုန်းကများ..ခြေသံပြင်းပြင်းနဲ ့ ဝင်လာဖူးသလဲ….။

ဒါမှမဟုတ်……

ဘယ်သူ ့ဘဝတွေထဲကို….ခြေသံခပ်ပြင်းပြင်းတွေနဲ ့.. ကျွန်တော် ဝင်သွားခဲ့ဖူးသလဲ…..။

@@@@@@@@@@@@@@@@@@@@@@@@@@@

6666
ကျွန်တော့် ဘဝထဲကို ဘယ်သူက… ဘယ်လို ခြေသံတွေပေးပြီး..ဝင်လာတယ်….ဆိုတဲ ့အတွေးတွေထက်.. ပိုအရေးကြီးမယ် ထင်တဲ ့

ကျွန်တော်တို ့နိုင်ငံထဲကို.. ဝင်လာတဲ ့ခြေသံတွေ အကြောင်း…အရင် တွေးကြည့်မိပါတယ် ။

ကျွန်တော်တို့နိုင်ငံထဲကို အခြားနိုင်ငံထဲက လူတွေ အကြောင်း အမျိုးမျိုးနဲ ့…. ဝင်လာပါတယ် ။

လာခြင်းကောင်းသော..ခြေသံတွေ.ရော..

လာခြင်းမကောင်းသော ခြေသံတွေပါ….. ဝင်လာတာပေါ့ ။

တချို ့တွေ ဝင်လာတာက အရမ်း သိသာတဲ ့ ခြေသံ ခပ်ပြင်းပြင်းတွေနဲ ့ပေါ့ ။

မြန်မာ့ သမိုင်းမှာ… ကျူးကျော် / သိမ်းပိုက်သူတွေရဲ ့ခြေသံတွ ဟာ..ဆူညံ ပွက်လောရိုက်ခဲ့ပါတယ် ။

အဲဒီ ခြေသံတွေနဲ့အတူ ရောက်လာတဲ ့….. သိမ်းပိုက် ကျူးကျော်သူတွေရဲ ့ ရက်စက် / ပက်စက်တဲ ့ အုပ်ချုပ် / ဖိနှိပ်မှု ဆိုးကြီင်္းတွေက်ို

မရှုမလှ ခံခဲ့ရတာကတော့.. ကျွန်တော်တို ့ရဲ ့အတိတ်မျိုးဆက်ကြီးပါ ။

အင်း…အခုရော… ။

:buu:

အခု လက်ရှိမျိုးဆက်ကရော.. ဘယ်သူ ့ခြေသံပြင်းပြင်းတွေ နဲ ့ နင်းချေ ခံနေရသလဲ. ။

အတိတ်က ကျူးကျော် သိမ်းပိုက်သူတွေ ရဲ ့ဘွတ်ဖိနပ်သံတွေဟာ….

ကျွန်တော်တ်ို ့ရဲ ့ အတိတ်မျိုးဆက်ကို တုန်လှုပ် စေခဲ့တယ် ။ သွေးပျက် ချောက်ချားစေခဲ့တယ် ။

အဲဒီတုန်းက… မတရား ဖိနှပ် ချုပ်ချယ် ခဲ့တဲ ့ အာဏာရှင်တွေရဲ ့…. စနစ်ဆိုးတွေ

မတရား ဖိနှပ်ချုပ်ချယ်မှုတွေ….

နိုင်လိုမင်းထက် သောင်းကျန်း ဆူပူမှုတွေ…ကြောင့်.. အတိတ်မျိ်ုးဆက် တစ်ခုလုံးဟာ..ရုပ်ပိုင်းဆိုင်ရာရော..စိတ်ပိုင်းဆိုင်ရာပါ……

ကမောက်ကမ ဖြစ် ခဲ့ရတယ် ။

ကူကယ်ရာမဲ ့ဘဝများစွာ…… ကစဉ့်ကလျား ဖြစ်ခဲ့ရတယ် ။

တန်ဖိုးရှိတဲ ့ အသက် သွေးတွေ….. တန်ဖိုးမဲ ့စွာ..မြေခ ခဲ့ရတယ် ။

အဲဒီခြေသံတွေအကြောင်း…………

အခုပြန်တွေးရင်……အခု ရင်နာ ရပါတယ် ။

အဲဒီ တုန်းက…… ခြေသံတွေဟာ…. ဝုန်းဒိုင်းကြဲပြီး… အသံ ပြင်းပြင်းနဲ ့ ဝင်ချလာတာ…။

ကျွန်တော်တို ့နိုင်ငံထဲကို…. အသံ ခပ်ပြင်းပြင်းတွေနဲ ့… ဝင်လာခဲ့တာ..။

—————————————————–

အခုရော…….

အဲဒီင်္လို ရက်စက်တဲ ့ ခြေသံတွေ ရှိသေးသလား…။

ဝင်လာသေးသလား…။

2222

————————————————–=-==

အဲဒီမေးခွန်းအတွက်.. အဖြေကတော့ YES ပါပဲ ။

ရှိတယ် ။

အဲဒီလို… ရက်စက်မှုတွေ…သယ်ဆောင်လာတဲ ့ခြေသံတွေ ။

ကျွန်တော်တို ့နိုင်ငံထဲကို…. တစိမ့်စိမ့် ထိုးဖောက် ဝင်ရောက် လာနေတယ် ။

ခြေသံဆိုးတွေ……

ကျွန်တော်တို့နိုင်ငံတစ်ခုလုံးကို သူတို့ခြေဖဝါးအောက်မှာ.နင်းခြေဖို ့…….

လာနေပြီ…

ဟုတ်တယ်… ။ လာနေပြီ ။

ကျူးကျော်သိမ်းပိုက်နည်း အသစ်တွေနဲ ့….

မကြုံဖူးတဲ ့ အသစ်အသစ်သော.နည်းလမ်းတွေသုံးပြီး…လာနေပါပြီ ။

ကျူးကျော်သိမ်းပိုက်မှုတွေ..ချိမ့်ချိမ့်သဲခဲ့တဲ ့.. ဟိုး..အတိတ်ခေတ်ဆီက…ခြေသံတွေထက်…….

အဆပေါင်းများစွာ…. ပို ရက်စက်မယ့် ခြေသံတွေ…. ။

သိမ်းပိုက်မှုတွေ…

ကောက်ကျစ်လှည့်စားမှုတွေ…..နဲ့ အတူ……

အဲဒီ.ခြေသံတွေ……. လာနေတယ် ။

———————————-

သိပ် ပညာပါလွန်းလို ့…… သူတို ့.. လှမ်းလာနေတဲ့ခြေသံတွေကိ်ု… မကြားရဘူး ။

လာတော့လာနေတယ်

အုံလိုက်ကျင်းလိုက်…. လာနေတယ် ။ သေချာ နားစွင့်ကြည့် မှ ကြားရမယ့်ခြေသံဆိုးတွေ… ။

ကျွန်တော်တို ့.. နိုင်ငံကို.. သိမ်းပိုက်နည်းအသစ်နဲ ့ သိမ်းပိုက်ဖို ့……

လာ….

နေ….

တယ်….

————————————————————–

ခြေသံတွေက…

ညင်သာ သိမ်မွေ့လွန်းစွာ.. ( ဒါပေမယ့်.. အင်အားကြီးမားစွာ )

လာနေလို ့.. သိပ်မကြားရပေမယ့် ….

ကြည့်ရင်တော့မြင်နိုင်ပါတယ် ။

ဟိုမှာ ကြည့်ပါလား…။

ခြေသံတွေ..နဲ ့ အတူ..ကပ်လျက် ပါလာတာ….. ခြေထောက်ဖြူြ့ဖူကြီးတွေ…

အို….ခြေထောက် မည်းမည်းင်္ကြီးတွေလည်း…ပါတာပဲ .။

ကဲ…

လာနေပြီ

————————————————-

လေးစားစွာဖြင့်

အလင်းဆက်
—————————–

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉ရ / နိုဝင်ဘာလထုတ်

———————————

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…

အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

6 comments

  • ဦးကြောင်ကြီး

    April 15, 2013 at 10:07 am

    ကလင်းဆက် မြေကြီးသိပ်တူးချင်ရင် ဦးကျောက်ခဲဆီသွားပါလား… ပိုက်ဆံလည်းရ ဝမ်းလည်းဝ။

  • အလင်းဆက်

    April 15, 2013 at 5:54 pm

    ကိုရင်နင့်အောင် ရေ..
    ခံစားအားပေးသူတွေ ရှိတော့.
    နောက် ဆက် တူးဖို ့အားအင်တွေ ပြန် ပြည့်တာပေါ့ဗျာ ။
    အားပေးပါဦး ။
    🙂

  • အလင်းဆက်

    April 15, 2013 at 5:56 pm

    ကကြောင်ဂျီး
    အူးကျောက်ခဲဆီ သွားမှတော့..
    တူးမနေတော့ဘူး
    အရည်ညှစ်လိုက်မှာပေါ့ ။
    ဒါမှ ကျောက်ခဲ အရည်ညှစ်နိုင်တဲ ့ အာဂ လူသား ဖြစ်တော့မပေါ့

    အဟက်
    အဟက်
    :kwi:

    အူးကျောက်ခဲ.ပြေးပေတော့
    🙂

    • ဦး ကျောက်ခဲ

      April 16, 2013 at 11:35 pm

      ကောင်ကလေး အလင်းဆက်…
      နိ ဟာကြီးက အူယားသဟေ…
      အကြည်တော်စကားကို ငှါးသုံးရရင် “ဥကွဲ အသိုက်ပျက်မယ့်ကိန်း”…
      ဦးကျောက် အသက်ကြီးမှ ပြေးပေါက်မမှားပါရစေနဲ့… အား ဟိ
      :harr:

  • အလင်းဆက်

    April 17, 2013 at 3:05 am

    မ ကြောက်ပါနဲ့ အူးအုူးကျောက်

    ကျောက်ခဲ အရည်ညှစ် ခံဖုူးတယ် ရှိတာပေါ့
    ကျတော်လည်း အာဂ လူသားဖြစ်
    ဆိုတော့
    ထူးတော့ ထူးခြားပါတယ်
    ကိုင်းးးးးးးး
    လာလေ ရော့ ဟယ်

    :kwi:

Leave a Reply