ငါ စိုက်ပျိုးတဲ့ပန်း

kokyawzinJuly 25, 20101min470

ပန်း

ပဉ္စလက်ဆန်တဲ့ပန်း

ရာဇဝင်မှာစံတင်လောက်တဲ့ပန်း

ကဗျာဆန်တဲ့အလှနဲ့ပန်း

ဒီပန်းလေးက တစ်ပွင့်တည်းပေါ့

ကျွန်တော့်အတွက်တော့လေ။

ဒီပန်းကို ကျွန်တော့်အသည်းနဲ့ပျိုးတယ်။

ကျွန်တော့်သွေးနဲ့ လန်းဆန်းစေတယ်။

နှလုံးသားကို ဗုံလို တီးပြီး ပျော်ရွှင်စေတယ်။

ညှိုးငယ်မနေနဲ့နော်

ပန်းလေး

အမြဲတမ်း ပွင့်လန်းပါစေ။

လေယူရာတိမ်းပြီး ယိမ်းနွဲ့နေတဲ့အခါ

ဘယ်ညာပဲ ယိမ်းတတ်တဲ့ မင်းအကျင့်။

ဥယျာဉ်မှူးဘက်လည်း မတိမ်းပါလား။