မြန်မာနိုင်ငံအလယ်ဗဟိုချက်မသို့ အပိုင်း (၃)

thihayarzarJuly 25, 20101min581

ဇရပ်လေးမှာခဏနားရင်းနဲ့ ဆက်လက်ပြီးခရီးဆက်သွားတော့ စေတီငယ်လေးတစ်ဆူကိုလည်း ဖူးမြော်ရပါတယ်။ ကျောက်တုံးကြီးတစ်တုံးပေါ်မှာတည်ထားတာပါ။ တောင်တက်လမ်းတစ်လျှောက်မှာ ကျောက်တုံးကြီးတွေ ကျောက်ပြားကြီး အကြီးကြီးတွေကိုလည်း တွေ့ရပါတယ်။ တောင်အောက်ကို လှမ်းကြည့်လိုက်လျှင်လည်း ဘေးပက်ပက်လည် မှာတောင်များဝန်းရံထားပြီး အလယ်ခေါင်မှာလည်း လွင်ပြင်ကျယ်ကြီးလိုတွေ့ရပါတယ်။ ဖြောင့်ဖြူးနေသောမြေနီလမ်းမကြီး စိမ်းစိုနေသော လယ်ကွင်းပြင်ကျယ်ကြီးတွေ စနစ်တကျစိုက်ပျိုးထားတဲ့ ကြက်ဆူခင်းကြီးကလည်း စိမ်းစိုပြီးတော့ ကြည့်လိုမဆုံးအောင်ကိုဖြစ်ခဲ့ရပါတယ်။ တောင်ကျချောင်းလေးလည်းရှိသေးတယ်။ မိုးတွင်းဆိုတော့ ရေအနည်းငယ်စီးဆင်းနေတယ်။ သစ်လုံးလေးတွေနဲ့ပြုလုပ်ထားတဲ့ တံတားလေးကိုလည်း ဖြတ်လျှောက်ခဲ့ရတယ်။ တံတားလေးပေါ်မှာလည်း အမှတ်တရဓာက်ပုံလေးတွေ ရိုက်ကြသေးတယ်။ ၅လုံးမြောက်တောင်ကိုရောက်တော့ ဝါးပင်တွေအများအပြားကိုတွေ့ရတယ်။ မိုးကလည်းအေး ဝါးပင်တွေကလည်း အများကြီးဆိုတော့ နေ့ခင်တောင်မှောင်နေတယ်လို့ထင်ရတယ်။ ဝါးပင်တွေကိုကြားထဲမှာလူသွားလမ်းလေးတွေပြုလုပ်ထားတာ။ တော်တော်လေးကိုဆက်တက်ရသေးတယ်။ နားလိုက်တက်လိုက်ပေါ့။ ဆက်မတက်ပဲပြန်မယ်ဆိုတဲ့သူတွေလည်းရှိလို့ လိုက်ခဲ့ဖို့ကိုချော့နေကြရသေးတယ်။ တစ်ချို့ကောင်မလေးနှစ်ယောက်ဆို ဒီနားမှာပဲနေခဲ့မယ်တဲ့။ အပေါ်ကိုမလိုက်တော့ဘူးတဲ့။ ရှေ့နားဆိုရောက်ပြီ လို့ပြောရင်း မျှားခေါ်ရသေးတယ်။ တောင်ပေါ်ကို မရောက်သေးခင်မှာ ဝါးရုံပင်တွေ အထပ်လိုက်အထပ်လိုက် အလေ့ကျပေါက်နေကြတယ်။ အခုလိုမိုးတွင်းဆိုရင် မျှစ်ချိုးတဲ့သူတွေလည်းရှိကြတယ်။ မြေပြန့်ဒေသမှာ မတွေ့ရတဲ့အပင်တွေလည်းအများကြီး ပဲတွေ့ရတယ်။ တောင်ထိပ်ပေါ်ကိုမရောက်ခင်မှာ ထိုင်ခုံလေးတွေကိုလည်း တွေ့ရတယ်။ အင်္ဂတေနဲ့ပြုလုပ်ထားတာ လေတွေကလည်းတိုက်နေတာ တိုက်ခက်လိုက်တဲ့လေ လေးတွေကလည်း အေးနေတာပဲ။ ထိုင်ခုံလေးတွေပေါ်မှာခဏနား ဆက်တက်တော့ စေတီကြီးကိုမြင်နေရပြီ။ နောက်ကလူတွေအားတက်အောင်လို့ ဟေး … ရောက်ပြီဟေ့ မြန်မြန်တက်ခဲ့ကြလို့လည်း ခေါ်ဟစ်ခဲ့ကြသေးတယ်။ စေတီမရောက်ခင် တောင်စွန်းနားရပ်နေတော့ လေတွေကအရမ်းတိုက်လာတယ်။ အေးစက်နေတာပါပဲ။

မိုးလေးကလည်း ဖွဲဖွဲလေးကျနေပြန်တယ်။ တောင်ထိပ်ကိုရောက်တော့ မိုးကလည်းအေး တိုက်ခက်လိုက်တဲ့လေလေးတွေကလည်းအေးနေတော့ ခရီးအဝေးကြီး ကိုတက်လာတဲ့မောပန်းသမျှဟာ တခဏအတွင်းမှာပဲ ပျောက်ကွယ်သွားပြီး အေးချမ်းသွားတော့တယ်။ လေကတောင်အောက်ကနေ တောင်ပေါ်ကိုပင့်တိုက်တာ။ နောက်ကကျန်တဲ့သူတွေကလည်း မရောက်သေးတော့ မတွေ့ဘူးတဲ့အပင်တွေကို ဓာက်ပုံလိုက်ရိုက်တယ်။ တော်တော်များတယ် လှလည်းလှတယ်။ အလေ့ကျပေါက်တဲ့အပင်တွေ ဘာအပင်လည်းတော့မသိဘူး။ တောင်ထိပ်မှာလည်းဗောဓိညောင်ပင်ကြီးအကြီးကြီးကိုလည်း တွေ့ရတယ်။ ခုနှစ်ရက် သားသမီးများအတွက် ခုနှစ်နေ့ခုနှစ်နံ ဘုရားများကိုလည်းညောင်ပင်ပတ်ပတ်လည်မှာ ပူဇော်ထားပါတယ်။ တောင်ထိပ်မှာပြက္ခရွေစွယ်တော်စေတီတော်မြက်ကြီးကိုလည်းဖူးတွေ့ရပါပြီ။ တောင်ပေါ်မှာ အဆောင်လေးတွေလေးဆောင် ရှိပါသည်။ အနော်ရထာနဲ့ရှင်အရဟံ တို့ရဲ့ ပုံတူရုပ်ပွားတော်လည်း ရှိသေးသည်။ တောင်ပေါ်မှာသီတင်းသုံးတဲ့ ဆရာတော်တစ်ပါးရှိသည်။ ကပ္ပိယ တစ်ယောက်လည်းရှိသည်။ တရားအားထုက်နေသော ဘိုးသူတော် တစ်ပါးလည်းရှိသေးသည်။ ပန်းပင်များကိုလည်း စနစ်တကျစိုက်ပျိုးထားသည်။ ပန်းခြံလေးသဖွယ်ဖြစ်နေသည်။ ဆရာတော်သီတင်းသုံးနေသောကျောင်းအနီးတွင် သီးပင်စားပင်များလည်း ရှိသည်။

One comment

  • thihayarzar

    October 5, 2010 at 8:21 pm

    လူတွေတော်တော်များများ မသိကြဘူးဗျာ…… သွားလာရတာမလွယ်ဘူး…..တစ်ချို့ဆို ညအိပ် တက်ရတာ …. ကံပါမှဗျာ….

Leave a Reply