သေချာခြင်း

naywoon niApril 15, 20131min17210

သေချာတာကတော့
ဒါဟာ မိမိအားအင်တွေကိုဖြုန်းတီပစ်ခြင်းပဲ……။
ပျော်တယ်ဆိုတာက
တစ်ကယ်ကော ပျော်ကြရရဲ့လား ….
ကိုယ့်ကိုကိုယ် သေသေချာချာပြန်မေးကြည့်ကြပါဦး…..
မင်းတို့ ငါတို့ တစ်တွေ
သူများယောင်လို့ လိုက်ယောင်ခဲ့တာ
နှစ်ပေါင်းများစွာလည်းကြာခဲ့ပေါ့….
တစ်နှစ်မှ တစ်ခါပါဆိုလာသူရယ်နဲ့
မင်းတို့ရဲ့တစ်ခါကလည်း တစ်နှစ်လုံးပါပဲလား
အပျော်ကျူး လိုက်ကြတာက
တစ်ယောက်ကစ တစ်ရာတောင်မကပါဘူး
ဘာကြောင့်ဆိုတာကိုလည်း သေချာမစဉ်းစား
စဉ်းစားတယ်ဆိုတာလည်း
ခေါင်းစဉ်တပ်ပေးလိုက်ရုံနဲ့
စာလုံးတွေထွက်ကျလာတာမဟုတ်…..
ကိုယ်ဖြတ်သန်းလာခဲ့တဲ့ခေတ်နဲ့ထင်ဟတ်ပြီး
တွေးတောကြံဆနေ မယ်ဆိုရင်
အရင်က အမှားဟောင်းတွေကိုပဲ
ထပ်ကာတစ်လဲလဲ ပြန်မှားနေမယ်ဆိုတာက
သေချာနေတာပဲ……။
ဒီတော့ သေချာခြင်းတွေ ဝေသီဖို့
ရေရာခြင်းတွေ ခိုင်မာစေဖို့
သမိုင်းပုံရိပ်တွေနဲ့တင်မလုံလောက်
ကမ္ဘာလုံးနဲ့ချီ အစကောက်ပေမှ
တို့တစ်တွေရဲ့အတွေးတွေ
သေချာခြင်းဘက်ကိုရောက်လာလိမ့်မယ်….။
နေဝန်းနီ

10 comments

  • KZ

    April 16, 2013 at 1:23 pm

    သေချာတာကတော့
    သေချာခြင်း ဆိုတာ သေချာ ယုံစားလို့မရဘူးဆိုတာပါပဲ။ :mrgreen:

  • ကပ္ပိယ မောင်ကြီး

    April 16, 2013 at 2:31 pm

    သေချာခြင်း ဆိုတာ ၊ သာချေခြင်း နဲ ့မဆိုင်ပါဘူး ။

  • mobile

    April 16, 2013 at 3:47 pm

    ဘယ်အရာမှ မသေချာဘူးဆိုတဲ့ စကားတစ်ခုကလွဲရင်
    ဘယ်အရာမှ မသေချာပါဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    မသေချာဘူးးးးးးး မရေရာဘူးးးးးး မပြီးဆုံးဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    အိုးးးးးးးးးးးးးးးးးးးးးးးးးးး ရပ်တန့်လို့မရဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မောင် ပေ

    April 16, 2013 at 5:16 pm

    သင်္ကြန်မှာ ဘယ်မှ မလည်ပဲ
    တရားသံဝေဂ ထိုင်ပွားပြီး
    ရေးထားတဲ့
    လူပျိုကြီး ခံစားချက်စစ်စစ် ကဗျာတစ်ပုဒ် ပါပေကလား

  • ဦး ကျောက်ခဲ

    April 16, 2013 at 10:47 pm

    ဆရာနေရဲ့ သေချာချင်းကိုဖတ်မိမှ မရေရာတဲ့လူ့ဘဝကို စဉ်းစားမိသွားတယ်…
    ထပ်ပြောရရင် တစ်ကိုယ်ရေတစ်ကာယသမားများက ပိုစဉ်းစားတတ်ကြသတဲ့…
    ကျွန်တော်တို့ မြန်မာလူမျိုးများကတော့ “၁၂လရာသီပွဲ”တဲ့… အိုဘယ့် ဟိုသဂျီးမမြင်စေနဲ့…
    :harr:

    • ဥရေး

      ၁၂ ရာသီပွဲတော် ဆိုတာ …
      အားတိုင်း ယားတိုင်း ကျင်းပတာ မဟုတ်ဘူး …
      သူရဲကောင်းတွေ မွေးထုတ်ဖို့ ရည်ရွယ် ကျင်းပခဲ့တာ …
      ဟို .. လှံပစ်တဲ့ သူရဲကောင်းတောင် ဒီထဲက ပေါက်ဖွားလာတာ …
      ((ဖတ်ဖူးတဲ့ စာထဲမှာ ဒီလို ပြောထားတာ)) :mrgreen:

      ကိုလေးဖြူ သီချင်းထဲမှာတော့ .. ဘာတဲ့ ..
      မရေရာဘူးးး မသေချာဘူးး မပြီးဆုံးဘူးးး ….. တဲ့ …
      ဒါဆို ရေရာ သေချာမှ ပြီးမယ် ဆိုနိုင်မယ် ထင်တယ် …
      ကိုင်း .. ကြာပါတယ် …
      နောက်နှစ်ကစ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းတယ် …..
      ဒါမယ့် … အလုပ်တော့ ပိတ်ပေး … :mrgreen:

      • ဦး ကျောက်ခဲ

        April 17, 2013 at 10:32 am

        ကြုပ်ကျက်လိပါ မောင်ရင်ရယ်…
        ရှေ့လာမယ့် ကဆုန်ညောင်ရေသွန်းပွဲက…
        ရေထမ်းမယ့် သရဲဂေါင်းတွေမွေးထုတ်ပေးတာလားဟင်… အား ဟိ
        :harr:

        • ငါ့ဥရေးးး

          အတော် ဒုံးဝေးသေးတာပဲ …
          မသိရင် မှတ်ထား …
          ညောင်ရေသွန်းပွဲ ဆိုဒါ …
          ရုက္ခစိုး သူရဲကောင်းတွေ မွေးထုတ်ပေးဖို့ လုပ်ထားတာ … :mrgreen:
          ကိုင်းး ညန်မာတွေ ဘယ်လောက် တော်သဒဲ …
          မမြင်ရတဲ့ သူတွေကိုတောင် သူရဲကောင်း မွေးထုတ်ပေးတတ်တာ … ဟီးဟီး
          :mrgreen: :mrgreen:

  • Mr. MarGa

    April 18, 2013 at 6:18 pm

    သေချာတယ် မသေချာဘူး
    အထူးထူး ပြောကြသော်လည်း
    အကုန်လုံး သိနေတာ
    မသေချာတာ သေချာချင်းရယ်သာ……………

  • နေဝန်းနီ

    April 23, 2013 at 7:07 pm

    ဘယ်နေရာမှာ မဆို ဗမာသိနဲ့ မယှဉ်ပဲ ကမ္ဘာသိနဲ့ ယှဉ်မယ်ဆိုရင် အားလုံးပြေပြသ်ချောမွှေ့ပြီး သေချာလားမလားလို့ ဒီကဗျာလေးကိုရေးလိုက်တာပါ……။ ခောတ်နဲ့မလျော်ညီတော့တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအဟောင်းတွေကို ခေတ်သစ်နိုင်ငံတော်နဲ့လျှော်ညီအောင် ဥပဒေ တစ်ခုခုနဲ့ပဲဖြစ်ဖြစ် ပြင်ဆင်ပေးနိုင်မယ်ဆိုရင် ပိုကောင်းမလားလို့ …..။ အခုတော့ အပိုဆာဒါးတွေက ခပ်များများရယ် ………….။

Leave a Reply