ကိုယ့်မှာတမ်းးး

အရိပ္စစ္April 16, 20131min895

နွေနေပူတဲ့ သင်္ကြန်ရက်ထဲမှာ အမေ့ရဲ့ စုဘူးလေးကွဲခဲ့
အဲဒီနေ့
အတာဆေးမိုးများ ရွာသွန်းခဲ့ပါရဲ့လား
ခြေချခဲ့
ရှူရှိူက်ခဲ့
ရင်ငွေ့လှူံပြီး ဂျီကျခဲ့တာတွေလည်း ရှိခဲ့
ခြေလှမ်းသင်ကာစ  ပစ်ထားတုန်းက
အမေ့ရဲ့ ဒုက္ခအိုးလေးဟာ
ခြေလှမ်းတွေလည်း ကျဲလာတတ်
အဖေကတော့ အဖေပီသစွာပဲ
သူ့ချစ်ခြင်းကို ပါးပါးလေး အုံဖွဲ့ပြတယ်
ဆက်ရန်တွေ တောထလွန်းတဲ့ အထဲ
မှာတမ်းတွေ ခြွေပါရစေ
ဒီလိုနေ့ရဲ့ အဆုံးသတ် တစ်နေ့မှာတော့
ကိုယ့်သားသမီးကို ယုံကြည်နေကျအတိုင်း
ကောင်းရာပဲ ရောက်လိမ့်မယ်လို့ ဖော့ပြီးတွေးပေးပေါ့
ရေတွင်းကြီးကြီးတစ်ခု မတူးပေးနိုင်ပေမယ့်
ရေအေးအေးလေးတစ်ခွက် ခပ်တိုက်ဖို့ ကြိုးစားခဲ့တယ်လေ
ဟိုးးဝေးဝေးက  သူငယ်ချင်းရေ
နင် ကြွေးကြော်တာကို ငါ အရင်သွားဖြစ်ခဲ့ရင်
စိတ်တော့ မဆိုးနဲ့
ငါ့ နှလုံးသားလေးကတော့
တော်ရာမှာ ပျော်အောင် နေ နေတတ်ပါလိမ့်မယ်
မျက်ရည်တွေ ကျနေပေမယ့်လည်း
ဘာကြိုးမှ  ချည်နှောင်မထားတဲ့
စိတ်လေး တစ်ခုပဲ သယ်ဆောင်သွားချင်တော့တယ်..။ ။

( ၁၆.၄.၂၀၁၃ မွေးနေ့ အမှတ်တရ )

 

အရိပ်စစ်

5 comments

  • KZ

    April 16, 2013 at 1:13 pm

    ငါ့ နှလုံးသားလေးကတော့
    တော်ရာမှာ ပျော်အောင် နေ နေတတ်ပါလိမ့်မယ်
    မျက်ရည်တွေ ကျနေပေမယ့်လည်း
    ဘာကြိုးမှ ချည်နှောင်မထားတဲ့
    စိတ်လေး တစ်ခုပဲ သယ်ဆောင်သွားချင်တော့တယ်..။ ။

    အားပေးသွားပါတယ်။
    :hee:

  • mobile

    April 16, 2013 at 1:56 pm

    ရေတွင်းကြီးကြီးတစ်ခု မတူးပေးနိုင်ပေမယ့်
    ရေအေးအေးလေးတစ်ခွက် ခပ်တိုက်ဖို့ ကြိုးစားခဲ့တယ်လေ
    ++++++++++++++
    အဲ့စာသားလေးကို ကြိုက်တယ်ဗျာ……………

  • အလင်းဆက်

    April 16, 2013 at 3:29 pm

    မွေး နေ့မှာ ပျော်ရွှင် ပါဇေ အရိပ်စစ် ရေ

    သူ့မှာတမ်း ဆိုတဲ့ ကဗျာ လေး သတိရသွားသေးတယ်
    🙂

  • ဒါလေးကို လွှတ်ခိုက်သွားတယ် ..

    “……
    အဖေကတော့ အဖေပီသစွာပဲ
    သူ့ချစ်ခြင်းကို ပါးပါးလေး အုံဖွဲ့ပြတယ်
    ……”

    ဟုတ်တယ် …။
    ဒါ အဖေ တွေရဲ့ ဟန်ပဲဗျ …။
    အားပေးသွားပါတယ်ဗျို့ …။

  • မောင် ပေ

    April 17, 2013 at 2:46 pm

    ကိုယ့်မှာတမ်း
    တို ့ကာသမ်း
    ပျို ့ဖာထမ်း
    ပို ့ကွာလမ်း
    တို ့ဟာမန်း

Leave a Reply