အတက်နေ့  သူများတွေကတော့ ကဲကြပေါ့… ကျွန်တော်ကတော့ ခရီးတခုသွားဖို့ ရှိလို့  အိမ်မှာပဲအောင်းနေလေရဲ့…. ပျင်းသလိုလိုရှိတာနဲ့  အသစ်ဝယ်လာတဲ့ အခွေတွေထဲက တခုကို ကြည့်မိပါတယ်… တမြန်တရက်က ကျော်ကြည့်ပါသေးတယ်…. ဂရပ်ဖစ် များများနဲ့  စိတ်ကူးယဉ် ဇာတ်ကား ပေါပေါ တခုလို့  ထင်ခဲ့ပါတယ်…. ဒီနေ့ တော့ အချိန်လည်းရလို့  ဆယ်မိနစ်လောက် သည်းခံကြည့်မိတာကနေ တော်တော်ကောင်းတဲ့ ကားမှန်းသိလိုက်ရတာပါ… ဘယ်နားကောင်းလည်းလို့ ပြောရင် ဇာတ်အိမ်တည်ဆောက်ပုံနဲ့  ရည်ရွယ်ချက်လေးပါ…. တချို့ အချက်အလက်တွေက စိတ်ကူးယဉ်ဆန်လွန်းအားကြီးပေမဲ့ ဒါရိုက်တာပြချင်တဲ့ ပွိုင့်ကိုတော့ တကယ်ရောက်တယ်လို့  ထင်မိပါတယ်…. ဇာတ်ကား နာမည်လေးက “BBS Silent Code” ပါ…. အဲ့ကားလေးဟာ ငါးဆယ့်ငါးကြိမ်မြောက် အာရှ ပစိဖိတ် ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာအသစ်လက်ရာအနေနဲ့  အဖွင့်ပြသတဲ့ ငါးကား စာရင်းမှာလည်း ၀င်ခဲ့ပါတယ်…. ဇာတ်ကား ရဲ့လိုရင်းကတော့ BBS (Bulletin Board System) တွေကနေတဆင့် လူတယောက် အသက် လူတယောက် ဘ၀ ပျက်မလို ဖြစ်နေရာကနေ အသည်းအသန် ပြန်ကယ်ရတာကို အကွက်ကျကျ ရိုက်ပြထားတာပါ…..  ဇာတ်လမ်း ကြော်ငြာကတော့….

လန်လို့ ခေါ်တဲ့ နာမည်ပြောင်(Blue) ဆိုတဲ့ သတင်းထောက်မလေးဟာ လောကကြီးရဲ့ အဖြစ်မှန်တွေကို သေချာထောက်လှမ်းပြီး အဖြစ်မှန်ကိုသာရေးဖို့ အာသီသ ရှိပါတယ်… ဒါပေမယ့် သူရဲ့ အယ်ဒီတာကတော့ မတူတဲ့ အမြင်ရှိပါတယ်… အဲ့ဒါကတော့ အင်တာနက်က အတင်းအဖျင်းတွေပေါ်မတူတည်ပြီး သတင်းရေးဖို့ ပါပဲ… မထင်မှတ်ပဲ လန်ဟာ BBS ဆိုတဲ့ မန်ဘာပေါင်း တစ်သိန်းကျော်ရှိတဲ့ နာမည်ကြီး ဖိုရမ်တခုကို တွေ့ ရှိခဲ့ပါတယ်… လန်ဟာ မန်ဘာတဦးအနေနဲ့  Dream Board ပိုင်ရှင် ရှန် ဆိုတဲ့ မိန်းကလေး ကို တိုက်ခိုက်ခဲ့ပါတယ်… ရှန် ဟာ Dream Board ကိုဖန်တီးခဲ့တာဟာ လူတွေရဲ့ အကြံတွေ အိမ်မက်တွေကို မျှဝေဖို့ ပါ… ရှန် ရဲ့ စိတ်ကောင်း မည်သို့ ပင် ရှိစေ Public သို့  ပြန့် နှံ့ သွားတဲ့ Video ဖိုင်တခုကြောင့် သူဟာ လူအများရဲ့ ငြင်းခုန်စရာ အကြောင်းအရာတခု ဖြစ်လာပါတယ်… လူတချို့ က အင်တာနက်ကနေ တဆင့် တချို့ က ဖုန်းမှ တဆင့် တိုက်ခိုက်ချင်းကို အပြင်းအထန်ခံခဲ့ရပါတယ်… ထိုအချိန်မှာ ရှန် ဘက်က ဟောင်ဂွေဂျန်ဆိုတဲ့ Computer Engineer တယောက်ကသာ ရပ်တည်ပေးပါတယ်…. ဒါပေမယ့် များပြားလှတဲ့ တိုက်ခိုက်မှူတွေကို တားဆီးနိုင်စွမ်း မရှိခဲ့ပါဖူး…. ထိုသို့ တိုက်ခိုက်မှူတွေရဲ့ နောက်ကွယ်မှာ ရှန် ရဲ့ ရီးစားဟောင်း နာမည်ပြောင်-King လို့ ခေါ်တဲ့ ကောင်လေးက လုပ်နေတယ်လို့ ယူဆစရာတွေလည်း ထွတ်ပေါ်လာပါတယ်… သူက နာမည်ကြီး ဟက်ကာ တဦးပါ…. သူသာလျှင် BBS Forum ရဲ့ Moderator Panel ကို ရောက်ရှိနိုင်တဲ့ အစွမ်းရှိသူတဦးပါ… ထို့ သို ဖြစ်နိုင်စရာ အကြောင်းကလည်း ရှန်က King ကို စတင်လမ်းခွဲခဲ့လိုပါပဲ…. သတင်းထောက်မလေး လန်ဟာ အမှန်တရား ကို အပြင်းအထန်ရှာဖွေခဲ့ပါတယ်…. ရှန် ဒုက္ခရောက်အောင် နောက်ကွယ်ကနေ လုပ်ခဲ့သူ BBS Forum ကြီး တခုလုံး လူသတ်သမား Forum ဖြစ်အောင် နောက်ကစတင် မီးမွေးခဲ့သူ ဘယ်သူများဖြစ်မလဲ.. ဒါဟာ ဂိမ်းတခုတော့ မဟုတ်ပါဖူး…….

 

ဇာတ်ကား ကြည့်ချင်သူများအတွက် ဘာဖြစ်လဲ ဆိုတာတော့ ဆက်မပြောတော့ ဖူးနော်… တကယ်တမ်းက ဘလော့ တခုကနေ အမုန်းတရား တခုကို အပြင်အထိသယ်လာပီး လူတယောက်ဘ၀ကို သေအောင် သတ်သွား နိုင်ကြောင်း ရိုက်ပြထားတာပါ…. ဘလော့ ထဲမှာ ရေးနေတယ်ဆိုပေမယ့်… ကီးဘုတ်ပေါ်က သင်လက်များဟာ လူတယောက်ကို အသာလေး သတ်သွားနိုင်ကြောင်း ရိုက်ပြထားတာ တကယ် သံဝေဂ ရစရာပါပဲ….

ဂဇက် မန်ဘာများကို အပြစ်တင်တာမဟုတ်ပါဖူး…..

ဂဇက်မှ မဟုတ်ပါဖူး… ဖေ့ဘွက်.. တွက်တာ… ဂူးဂဲလ်ပလက်… တခြား တခြား Forum များမှာလည်း အတူတူပဲ…  တနည်းအားဖြင့် Cyber Bullying ပေါ့……

နှစ်သစ်မှာ စိတ်သစ် ဖြင့် ပျော်မြူးနိုင်ကြပါစေ…..

လူအခြင်းခြင်း အနိုင်ကျင့်ခြင်း ကင်းဝေးကြပါစေလို့  ဆုတောင်းလျက်….

တိမ်မည်း (ခေတ္တ လူ့ ပြည်)

Reference Links

http://asianfanatics.net/forum/topic/773936-silent-code-bbs-%26-37129%3B%26-27665%3B%26-30340%3B%26-27491%3B%26-32681%3B-2012/

http://www.nationmultimedia.com/life/Hong-Kong-has-regions-best-movie-30196590.html

http://en.wikipedia.org/wiki/Bulletin_board_system

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........