Forum (OR) တိတ်တဆိတ် လူသတ်သမား

တိမ္မည္းApril 16, 20131min21923

အတက်နေ ့ သူများတွေကတော့ ကဲကြပေါ့… ကျွန်တော်ကတော့ ခရီးတခုသွားဖို ့ရှိလို ့ အိမ်မှာပဲအောင်းနေလေရဲ့…. ပျင်းသလိုလိုရှိတာနဲ ့ အသစ်ဝယ်လာတဲ့ အခွေတွေထဲက တခုကို ကြည့်မိပါတယ်… တမြန်တရက်က ကျော်ကြည့်ပါသေးတယ်…. ဂရပ်ဖစ် များများနဲ ့ စိတ်ကူးယဉ် ဇာတ်ကား ပေါပေါ တခုလို ့ ထင်ခဲ့ပါတယ်…. ဒီနေ ့တော့ အချိန်လည်းရလို ့ ဆယ်မိနစ်လောက် သည်းခံကြည့်မိတာကနေ တော်တော်ကောင်းတဲ့ ကားမှန်းသိလိုက်ရတာပါ… ဘယ်နားကောင်းလည်းလို ့ပြောရင် ဇာတ်အိမ်တည်ဆောက်ပုံနဲ ့ ရည်ရွယ်ချက်လေးပါ…. တချို ့အချက်အလက်တွေက စိတ်ကူးယဉ်ဆန်လွန်းအားကြီးပေမဲ့ ဒါရိုက်တာပြချင်တဲ့ ပွိုင့်ကိုတော့ တကယ်ရောက်တယ်လို ့ ထင်မိပါတယ်…. ဇာတ်ကား နာမည်လေးက “BBS Silent Code” ပါ…. အဲ့ကားလေးဟာ ငါးဆယ့်ငါးကြိမ်မြောက် အာရှ ပစိဖိတ် ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာအသစ်လက်ရာအနေနဲ ့ အဖွင့်ပြသတဲ့ ငါးကား စာရင်းမှာလည်း ဝင်ခဲ့ပါတယ်…. ဇာတ်ကား ရဲ့လိုရင်းကတော့ BBS (Bulletin Board System) တွေကနေတဆင့် လူတယောက် အသက် လူတယောက် ဘဝ ပျက်မလို ဖြစ်နေရာကနေ အသည်းအသန် ပြန်ကယ်ရတာကို အကွက်ကျကျ ရိုက်ပြထားတာပါ…..  ဇာတ်လမ်း ကြော်ငြာကတော့….

လန်လို ့ခေါ်တဲ့ နာမည်ပြောင်(Blue) ဆိုတဲ့ သတင်းထောက်မလေးဟာ လောကကြီးရဲ့ အဖြစ်မှန်တွေကို သေချာထောက်လှမ်းပြီး အဖြစ်မှန်ကိုသာရေးဖို ့အာသီသ ရှိပါတယ်… ဒါပေမယ့် သူရဲ့ အယ်ဒီတာကတော့ မတူတဲ့ အမြင်ရှိပါတယ်… အဲ့ဒါကတော့ အင်တာနက်က အတင်းအဖျင်းတွေပေါ်မတူတည်ပြီး သတင်းရေးဖို ့ပါပဲ… မထင်မှတ်ပဲ လန်ဟာ BBS ဆိုတဲ့ မန်ဘာပေါင်း တစ်သိန်းကျော်ရှိတဲ့ နာမည်ကြီး ဖိုရမ်တခုကို တွေ ့ရှိခဲ့ပါတယ်… လန်ဟာ မန်ဘာတဦးအနေနဲ ့ Dream Board ပိုင်ရှင် ရှန် ဆိုတဲ့ မိန်းကလေး ကို တိုက်ခိုက်ခဲ့ပါတယ်… ရှန် ဟာ Dream Board ကိုဖန်တီးခဲ့တာဟာ လူတွေရဲ့ အကြံတွေ အိမ်မက်တွေကို မျှဝေဖို ့ပါ… ရှန် ရဲ့ စိတ်ကောင်း မည်သို ့ပင် ရှိစေ Public သို ့ ပြန် ့နှံ ့သွားတဲ့ Video ဖိုင်တခုကြောင့် သူဟာ လူအများရဲ့ ငြင်းခုန်စရာ အကြောင်းအရာတခု ဖြစ်လာပါတယ်… လူတချို ့က အင်တာနက်ကနေ တဆင့် တချို ့က ဖုန်းမှ တဆင့် တိုက်ခိုက်ချင်းကို အပြင်းအထန်ခံခဲ့ရပါတယ်… ထိုအချိန်မှာ ရှန် ဘက်က ဟောင်ဂွေဂျန်ဆိုတဲ့ Computer Engineer တယောက်ကသာ ရပ်တည်ပေးပါတယ်…. ဒါပေမယ့် များပြားလှတဲ့ တိုက်ခိုက်မှူတွေကို တားဆီးနိုင်စွမ်း မရှိခဲ့ပါဖူး…. ထိုသို ့တိုက်ခိုက်မှူတွေရဲ့ နောက်ကွယ်မှာ ရှန် ရဲ့ ရီးစားဟောင်း နာမည်ပြောင်-King လို ့ခေါ်တဲ့ ကောင်လေးက လုပ်နေတယ်လို ့ယူဆစရာတွေလည်း ထွတ်ပေါ်လာပါတယ်… သူက နာမည်ကြီး ဟက်ကာ တဦးပါ…. သူသာလျှင် BBS Forum ရဲ့ Moderator Panel ကို ရောက်ရှိနိုင်တဲ့ အစွမ်းရှိသူတဦးပါ… ထို ့သို ဖြစ်နိုင်စရာ အကြောင်းကလည်း ရှန်က King ကို စတင်လမ်းခွဲခဲ့လိုပါပဲ…. သတင်းထောက်မလေး လန်ဟာ အမှန်တရား ကို အပြင်းအထန်ရှာဖွေခဲ့ပါတယ်…. ရှန် ဒုက္ခရောက်အောင် နောက်ကွယ်ကနေ လုပ်ခဲ့သူ BBS Forum ကြီး တခုလုံး လူသတ်သမား Forum ဖြစ်အောင် နောက်ကစတင် မီးမွေးခဲ့သူ ဘယ်သူများဖြစ်မလဲ.. ဒါဟာ ဂိမ်းတခုတော့ မဟုတ်ပါဖူး…….

 

ဇာတ်ကား ကြည့်ချင်သူများအတွက် ဘာဖြစ်လဲ ဆိုတာတော့ ဆက်မပြောတော့ ဖူးနော်… တကယ်တမ်းက ဘလော့ တခုကနေ အမုန်းတရား တခုကို အပြင်အထိသယ်လာပီး လူတယောက်ဘဝကို သေအောင် သတ်သွား နိုင်ကြောင်း ရိုက်ပြထားတာပါ…. ဘလော့ ထဲမှာ ရေးနေတယ်ဆိုပေမယ့်… ကီးဘုတ်ပေါ်က သင်လက်များဟာ လူတယောက်ကို အသာလေး သတ်သွားနိုင်ကြောင်း ရိုက်ပြထားတာ တကယ် သံဝေဂ ရစရာပါပဲ….

ဂဇက် မန်ဘာများကို အပြစ်တင်တာမဟုတ်ပါဖူး…..

ဂဇက်မှ မဟုတ်ပါဖူး… ဖေ့ဘွက်.. တွက်တာ… ဂူးဂဲလ်ပလက်… တခြား တခြား Forum များမှာလည်း အတူတူပဲ…  တနည်းအားဖြင့် Cyber Bullying ပေါ့……

နှစ်သစ်မှာ စိတ်သစ် ဖြင့် ပျော်မြူးနိုင်ကြပါစေ…..

လူအခြင်းခြင်း အနိုင်ကျင့်ခြင်း ကင်းဝေးကြပါစေလို ့ ဆုတောင်းလျက်….

တိမ်မည်း (ခေတ္တ လူ ့ပြည်)

Reference Links

http://asianfanatics.net/forum/topic/773936-silent-code-bbs-%26-37129%3B%26-27665%3B%26-30340%3B%26-27491%3B%26-32681%3B-2012/

http://www.nationmultimedia.com/life/Hong-Kong-has-regions-best-movie-30196590.html

http://en.wikipedia.org/wiki/Bulletin_board_system

23 comments

  • မောင် ပေ

    April 16, 2013 at 5:11 pm

    သိပ်မှန်တာပေါ့ ကိုတိမ်မည်းရာ
    ဒါကြောင့်မို ့လဲ
    တော်ရုံတန်ရုံ
    မောင်ပေ အပါအဝင်
    ဘယ်သူကမှ ရုပ်လုံးထွက်မပြကြတာပါ
    ဂေဇက်က ဇါတ်ကောင်ကို ဂေဇက်မှာပဲ ထားပါတယ်ဗျား

    • တိမ်မည်း

      April 16, 2013 at 7:38 pm

      အူးပေ ပထမ ကော် မန့် အတွက် ကျေးကျေး
      best rigt answer က မှား နှိပ်မိတာ
      ဖုန်းကနဲနဲလေးနေလို ့
      :mrgreen:

      • မောင် ပေ

        April 17, 2013 at 2:32 pm

        မှားပေးပေး
        ဘယ်လိုပဲပေးပေး
        ဟီးးးး
        ပြန်မပြင်ကြေး
        :mrgreen:

  • ရွာစားကျော် မင်းနန္ဓာ

    April 16, 2013 at 5:53 pm

    တော်ပြီ
    ဂေဇက်မှာ ထောင်ထောင် ထောင်ထောင် မလုပ်တော့ဘူး..
    ဒီကရှေ့ ခပ်လျှိုလျှိုပဲနေတော့မယ်..
    :hee:

    • တိမ်မည်း

      April 16, 2013 at 7:46 pm

      အဲလောက်ထိလဲ လိုပါဖူး ဆြာရယ်…
      ကျားနေမြဲ ပိုနေမြဲပေါ့ 🙂
      အပျိုကြီး မမတွေတော့ရှိလေရဲ့…
      သူတို့ကိုတော့ရှောင်
      သူတို့ က best hacker တွေထက်ကြောက်ဖို့ကောင်းတယ်လို့
      အကိုကြီးတွေကမှာထားတယ်
      :mrgreen:

  • KZ

    April 16, 2013 at 6:45 pm

    ဂလိုဆို ကျုပ်သတ်ခဲ့တဲ့ လူပေါင်းနည်းမှာမဟုတ်ဘူး။

    :kwi:

    • တိမ်မည်း

      April 16, 2013 at 7:52 pm

      တကယ်လားဟင် 🙁

  • အရိပ်စစ်

    April 16, 2013 at 7:33 pm

    အိ..ကြောက်တောင်ကြောက်သွားပီ

  • kotun winlatt

    April 16, 2013 at 7:45 pm

    ဟုတ်…. မှတ်သားရကြောင်းးးးပါ…

  • ဦး ကျောက်ခဲ

    April 16, 2013 at 10:55 pm

    ဟမ်… ကိုရင်တိမ်မည်းရယ်၊ ဦးကျောက် ဂဇက်မှာ လူလုံးပြမိတာ မှားပြီထင်ပါ့…
    မှန်တာပြောရရင် စာရေးမိတိုင်း ကိုယ်ပိုင်အီးမေးကို ကွန်မန့်ပို့သူတွေရှိလို့…
    စာရေးရမှာတောင် တွန့်နေတာ… ခုတော့ “ကျောက်”သွားပြီ… ဟီ ဟိ
    :harr:

    • တိမ်မည်း

      April 17, 2013 at 6:36 am

      ကျောက်ပါနဲ့ အူးကျောက်ခဲရယ်
      တိမ်မည်း က ဇာတ်လမ်းလေးပဲ ကြော်ငြာဝင်တာပါ
      :harr:

  • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

    April 17, 2013 at 7:46 am

    အင်း…. Online Life ဆိုတာ Virtual Fantacy မဟုတ်ဘူးဆိုတာ
    ချပြတဲ့ ရုပ်ရှင်ကား ဖြစ်မယ်ထင့် .. (ရှာကြည့်ကြည့်ဦးမယ်ဗျို့..)
    Cyber Security တွေ အတော် ကြီး လိုအပ်လာနေကြောင်းလည်း
    မီးမောင်းထိုးပြတာလို့ မှတ်ရဲ့…။ ရုပ်ရှင်ကြည့်ပြီးရင် ပြန်လာပါဦးမယ်ဗျာ.

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • ကျုပ်တို့ကတော့ ခပ်ရှင်းရှင်းပဲ …
    ပြချင်တဲ့ အချိန် ပြမယ် …
    ကြည့်ချင်တဲ့လူ ကြည့် … :mrgreen:
    ဒါမယ့် .. တစ်ခုတော့ ရှိသဗျ …
    ပြတိုင်းလည်း မကောင်းဘူးဆိုတာ ဟုတ်တယ် …
    ပြမိလို့ သေမလောက် ဒုက္ခ ရောက်ရတာလည်း ရှိတယ် …
    ဒါတွေ ဆိုင်လား မဆိုင်လား မသိဘူး .. ထားလိုက်ပါဦး ..
    ခင်ဗျား ပြောတဲ့ ဇာတ်ကားလေး ကြည့်လိုက်ဦးမယ် ..
    ဒါမှ ပိုသိမှာ …

  • kai

    April 17, 2013 at 2:31 pm

    အဲဒီရုပ်ရှင်.. ဘယ်ဂျောင်မှာ.. ဘယ်လိုရှာကြည့်ရမလည်း.. သိချင်တာ..

    ဆိုတော့..
    အဘိဓမ္မာတရားသဘောနားလည်ရင်.. ဖိုရမ်မှာရေးတဲ့စာတွေဟာ.. သုံညနဲ့တစ်.. ဒစ်ဂျစ်တွေပဲဖြစ်တာမို့.. ဖြစ်ရပ်ပျက်(ဥပါဒ်ဌီဘင်)လို့သဘောထား.. တရားပေါက်နိုင်သလို.. ကိလေသာအစွဲတွေလည်း.. ဖြုတ်နိုင်ပါလိမ့်မယ်..

    တောထွက်..တရားထိုင်ရန်မလို..
    နိဗ္ဗာန်ဟာ.. ရှာတတ်ရင်.. တလံမျှခန္တာကိုယ်ရဲ့.. လက်ချောင်းလေးတွေမှာပဲရှိနေကြာင်း…

    ကွိ.. :kwi:

  • တိမ်မည်း

    April 17, 2013 at 3:05 pm

    ကိုဂီနဲ့ အူးအံစာတုံး ပြန်မန့်မှာ စောင့်နေပါမယ်ဗျာ

    သဂျီး
    လက်ချောင်းတရားများ ဟောဖို့အစီအစဉ် ရှိလားဟင်

    • kai

      April 18, 2013 at 4:04 am

      လက်ချောင်းက ကီးဘုတ်ပေါ်မှာ Fခလုပ်ကိုဖိလို်က်ရင်.. 01ဒစ်ဂျစ်.. 01000110 ဆိုတာကို.. အင်တာနက်ကြိုးတွေကတဆင့်ပို့ပြီး.. ဟိုမှာဖက်ကြည့်နေသူအားလုံးရဲ့မော်နီတာပေါ်မှာ.. F လို့သွားပေါ်တယ်..
      အဲဒါလေးကြည့်ပြီး.. F word နဲ့ဆဲတယ်ဆိုပြီး..လူတွေမှာ ဒေါသဖြစ်တယ်ပေါ့…
      ကမ္ဘာ့တနေရာက.. ကောင်လေးတယောက်လက်ချောင်းက ကီးဘုတ်ပေါ်မှာ Lv ခလုပ်ကိုဖိလို်က်ရင်.. 01ဒစ်ဂျစ်.. 01000110 01001100 01110110 ဆိုတာကို.. အင်တာနက်ကြိုးတွေကတဆင့်ပို့ပြီး.. ဟိုမှာဖက်ကြည့်နေသူအားလုံးရဲ့မော်နီတာပေါ်မှာ.. Lv လို့သွားပေါ်တယ်..
      အဲဒါလေးကြည့်ပြီး.. ကောင်မလေးတယောက်ယောက်ခမြာ.. ပီတိတွေဖြာလို့ညအိပ်မက်လှလှတွေမက်လို့..
      မနက်အိပ်ယာထတော့.. အမေကိုအလုပ်တွေကူလို့..

      အံ့ဖွယ်သုတ…။ :kwi:

      • ဖော့(စ)ထရော့ချာလီ

        April 18, 2013 at 7:45 am

        အင်တာနက်ဆိုင်က ကောင်တာမှာ
        ထိုင်ဖူးရင်ပိုတောင်တရားပေါက်ဦးမယ်
        အပြားကြီးကိုကြည့်ပီး
        ငိုသူငို ရယ်သူရယ်
        ချစ်ရည်ရွှန်းတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုကြည့်

  • S@i S@i Fin K@i

    April 18, 2013 at 10:18 am

    ပြန်လာခဲ့ပါပြီဗျာ..
    အဲ့ဒါ ဇူဇဂါဘောက် ဆိုတဲ့ ဖွဘုတ် ဘောဇိ ပြောသွားတာ..
    http://www.businessinsider.com/the-mark-zuckerberg-era-is-over-2013-1

    ဆိုလိုချင်တာက အိုင်ဒန်ဒတီတွေကို ဖုံးအုပ်ထားတဲ့ ခေတ် ကုန်ပြီလို့ ပြောတာ..
    လွန်ခဲ့တဲ့ အနှစ် ၂ဝ ကို ပြန်သွားရင် ကာတွန်းနဲ့ စကားတခွန်း ခေတ်စားဖူးတာ အမှတ်ရတယ်..
    ဘာတဲ့ ..အင်တာနက်မှာ သင်ဟာ ခွေးတစ်ကောင်ဖြစ်မှန်း ဘယ်သူမှမသိဘူးတဲ့
    http://en.wikipedia.org/wiki/On_the_Internet,_nobody_knows_you're_a_dog
    အနှီခေတ်တုန်းက အိုင်ဒန်ဒတီ အတုတွေ ဟန်ဆောင်တာတွေ လိမ်ညာတာတွေ ကို
    ပေါ်အောင် ဖော်ဖို့ သိပ်ခက်ခဲ့တဲ့ ကာလ ..မဖွံ့ဖြိုးသေးတဲ့ ကာလ အတုအယောင်တွေ
    မင်းမူတဲ့ ကာလပေါ့ဗျာ.. ခက်တာက ယနေ့ခေတ်မှာ SNS တွေအသုံးများလာတဲ့ ကိစ္စပါပဲ..
    အားလုံးက Network တခုဖြစ်သွားတယ် ..တူရာစုကြတဲ့ Cluster အသေးလေးတွေ ပါဝင်ဖွဲ့စည်းတဲ့
    ဧရာမ အစုအဖွဲ့ကြီး တခုဖြစ်သွားတယ်… ထိပ်ဆုံးကပြောခဲ့တဲ့ ပရိုက်ဗေစီ သေပြီဆိုတာ
    အဲ့သည့်မှာ စတယ်..ခည. အပြောင်းအလဲ ဆိုပါတော့ .သိတဲ့အတိုင် းအပြောင်းအလဲတိုင်းမှာ
    ကောင်းတာရော ဆိုးတာပါ ရောပါနေမှာ လေ..။

    ကောင်းတာကတော့ ..အရင်ခေတ်ကလို ငါဘယ်သူမှန်း ဘယ်သူမှ မသိပါဘူးကွာ ဆိုပြီး
    လိမ်နေ ညာနေ လို့ မရနိုင်တော့ဘူး အစိုးရပိုင်းတွေ လုပ်ငန်းတွေ ထင်ရှားကျော်ကြားသူတွေပါ
    လူလုံးထွက်ပြလာကြရတယ် … ပရိတ်သတ် လူထု နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံလာရတယ်
    ဒီ Virtual World ပေါ်မှာပေါ့… အပြန်အလှန် transparency ရလာပြီး ပိုမြန်တဲ့ ပိုကောင်းတဲ့
    ဆက်ဆံရေးတည်ဆောက်လာနိုင်တယ်..
    ဆိုးတာပြောပါဆိုရင်တော့ ဆြာ့ ပိုစ့်ထဲပါတဲ့ Cyber Bullying ကိစ္စရပ်မျိုးတွေ ပေါ်လာသပေါ့…။
    သည်တော့ ကောက်ချက်ချ.. ဟုတ်တာလုပ် မှန်တာပြော လိမ်လို့ ကွယ်လို့ ဝှက်လို့ မရမယ့်ခေတ်
    အချိန် ကို ရောက်လာပြီ… ဟိုးရှေးရှေးကလို သောက်ရမ်း ဂျွတ်တဲ့ တက္ကနစ်ရှင်တွေ ရှိမှတို့
    ဧရာမ ဆာဗာကြီးထောင်ထားမှတို့ မဟုတ်တော့ဘဲ ..သိပ်မခက်ခဲဘဲနဲ့ Trace လိုက်လို့ ရနေပြီ
    လို့ ဆိုချင်တာပါ….ကျုပ်တို့ အလကားသုံးနေတဲ့ e-Mail တွေ ချစ်လှစွာသော FB အပါအဝင်
    အခြားသော SNS တွေ .. Cloud နဲ့ အခြားအလကားရသမျှ Service တွေ ..ကုန်ကုန်ပြောရရင်
    ကျုပ်တို့ သုံးနေတဲ့ ဖုံးတွေနဲ့ အဲ့ဒါတွေနဲ့ အပြန်အလှန် ချိတ်ဆက် ထားမယ့် မိတ်ဆွေအသိုင်းအဝိုင်း တွေ ..
    အဲ …ဆာဗာဘက်က ကြည့်နေနိုင်မယ့် IP Address တွေ Cookies တွေ နဲ့ Login Informationတွေ
    သည်တော့ Virtual World ပေါ်က လူတယောက်ဟာ ပြင်ပလောကမှာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ
    သိဖို့ မခက်တော့ဘူး ပေါ့ဗျာ..။

    (ဆက်ရန်)
    ဒန်တန့်တန်
    :kwi:

    • တိမ်မည်း

      April 18, 2013 at 6:24 pm

      အခုလို အရှည် တကူးတက မန့်သွားတဲ့ ဗယာကြော်ပါ ဆြာဂီ
      ခရီး သွားနေလု့် ဖုန်းထဲကပဲပြန်မန့်နေရလို့ အရှည်ပြန်မန့်တော့ဖူးနော် ခွေးလွတ်.. :mrgreen:
      ဆက်ရန်ကိုမျှော်နေပါတယ်လို့.. :harr:

  • ဦးကြောင်ကြီး

    April 18, 2013 at 10:24 am

    တိမ်မည်း
    အိမ်ဆည်း
    သိမ်ထဲ
    ငြိမ်ဝဲ
    ဒိန်ခဲ
    မြိန်နွှဲ
    စိ်န်သဲ
    ဇိမ်ပဲ…

  • Mr. MarGa

    April 18, 2013 at 11:16 am

    ကောင်းပါလေ့
    virtual world နဲ့ real world ဆက်စပ်ပုံကို အတွေးပေါက်ဖို့ အစဖော်ပေးတဲ့ ဇာတ်ကားဖြစ်မယ်
    ရှာကြည့်လိုက်ဦးမဗျ။ :hee:

  • TNA

    April 18, 2013 at 9:48 pm

    နာလဲရုပ်မြန်မြန်ဖျက်မှ။

  • မိဆိုလာ ဂဲ

    April 20, 2013 at 12:21 am

    အင်းသတိထားနေကြတော့ ဆိုလာ ဂေဇတ်ကိုဝင်လာတယ်ဆိုတာ…………………………..
    🙁

Leave a Reply