နှစ်သစ်မင်္ဂလာ ဂေဇက်ထဲမှာ

မောင် ပေApril 16, 20131min12413

ဟုတ်ကဲ့
အားလုံး အားလုံးပဲ မင်္ဂလာပါ ။ (ရွာထဲက လားစီးကျွမ်းသော မိုဘိုင်းဆိုတဲ့ ပြား၉ဝ မပါ)

ကျွန်တော် မောင်ပေ
ဟုတ်ကဲ့
တရားဓမ္မရှာဖွေရန်
ရိပ်သာဝင်ဖို ့တင်ကြို စာရင်းပေးခဲ့သော်ငြားလည်း
တစ်ကယ့် တစ်ကယ်တမ်း
ရိပ်သာဝင်ဖို ့အထုတ်အပိုးများနဲ ့ရိပ်သာကို ရောက်သည့်နေ ့တွင်
ကံအားမသင့်စွာဖြင့် ရိပ်သာမှာ လူပြည့်လျှံကာ ၊ နေစရာပင်မရှိ ဟူသတတ် ။
သို ့ဖြင့်
သို ့ဖြင့်
သင်္ကြန်ရက်တွင်း မလည်မပတ် ဘယ်မှလဲ မသွား
သည်နေ ့ကြမှ
မနေနိုင်လွန်းလို ့
မန်းဂေဇက်အတွင်း ပြန်လည် လော့အင် ဝင်ခဲ့ပြီ ဖြစ်ပါကြောင်း ။

သင်္ကြန်ရက်အတွင်း
ကျွန်တော့်အား ဆရာသမားသဖွယ် ရိုရိုသေသေ ချက်တင်ထိုင်ပေးသော မောင်နေ နှင့် ခင်ခင်မင်မင် စကားပြောဖော်လုပ်ပေးသော ကမ်းကြီးတို ့ချစ်သူစုံတွဲ အားလဲ ကျေးဇူးတင်ရှိပါကြောင်း ။

အဲဒါ အဲဒါ

13 comments

  • KZ

    April 16, 2013 at 6:25 pm

    နှစ်သစ် မင်္ဂလာပါ ကပေ။

    :hee:

  • အရိပ်စစ်

    April 16, 2013 at 7:27 pm

    နှစ်သစ်မှာ ပျော်ရွှင်ပါစေ

  • kotun winlatt

    April 16, 2013 at 8:13 pm

    ပျော်ရွှင်ဖွယ်နှစ်သစ်ပါ…ဆြာပေ….ချီးးးယားးးးးးးးးးစ်…
    (မြန်မြန်လေးးး) မိန်းမသိသွားရင် အရိုက်ခံရမှာ စိုးလို့….)))))))))

  • ဦး ကျောက်ခဲ

    April 16, 2013 at 11:01 pm

    ကိုပေ… လူဇိုး၊ ရိပ်သာဝင်နေတယ်မှတ်လို့ သာဓု ၂ကြိမ်ခေါ်ထားတာ…
    ခုတော့ ပုလင်းပိုက်ပြီး ချတ်တင်ထိုင်သတဲ့… ပြန်လျော်ပေး…
    PS: “ကိုယ်တွေက ကုသိုလ်များသူမို့၊ လျှော်ပေးလိုက်ပါဗျာ” ဟီ ဟိ
    :harr:

  • အော် .. သို့ဂလိုဂျောင့်ကိုးဗျ ..
    ကျုပ်က အစက ဖဘ မှာ ခင်ဗျားကို တွေ့တော့ ..
    တရားရိပ်သာ ဝင်မယ့်လူက ဘယ်လို ဖြစ်ရတာလဲပေါ့ ..
    ဒီလို ဇဝေဇဝါ ဖြစ်နေတာ …
    ခုမှ ဒီလိုပါလားလို့ ဘောပေါက်တော့တယ် ..
    သာဒု သာဒု သာဒု ပါကွယ် .. ဟီဟိ .. :mrgreen:

  • ကထူးဆန်း

    April 17, 2013 at 10:27 am

    ဒီလိုဖြစ်မယ်မှန်း သိရင် နာလည်း အဲ့လို တရားစခန်းဝင်မယ် လုပ်ချင်သား .. :kwi: အခုတော့ လူမိုက်ကြီးဖြစ်လို့ .. ဒီအသက် အရွယ်နဲ့ တရားစခန်းလည်း မပြော ..ဘုရားကျောင်းကန် လည်း မဆို .. :hee:

    မင်္ဂလာ မြန်မာ နှစ်သစ် ၁၃၇၅ ပါ ကိုပေ နှင့် ရွာသူားများ ခင်ဗျား ..

  • နေဝန်းနီ

    April 17, 2013 at 9:59 pm

    အောင်မာ အောင်မာ ငါ့ကို တော့ တရားစခမ်း ဝင်စလေးဘာလေးနဲ့ ဆြာကြီးလိုလိုဘာလိုလို လုပ်ပြီး အွန်လိုင်းပေါ်ကနေ ဖွန်ကြောင်နေတာ …….. ဟင်း….. မန်းလေးလာမှ တွေ့မယ် ကပေ ဘီဘီ နဲ့ ရေချိုးပစ်လိုက်မယ် မှတ်ကရော ကျောက်သထိန်းတော့ ……….

  • ဦးကြောင်ကြီး

    April 18, 2013 at 10:04 am

    ရိပ်သာမဝင်
    အိပ်ယာပြင်
    စိတ်မှာဘဝင်
    သိပ်နှာထွင်
    ပြိတ္တာသခင်
    ဖိတ်စာအင်
    လိပ်ပြာဘုရင်
    တိတ်ပါနင်..။

  • ဗုံ ဗုံ

    April 18, 2013 at 12:00 pm

    ကပေဂျီး က အကြံဇိုးဂျီးနဲ့ ရိပ်သာလူပြည့်မှ သွားတာဥစ္စာ တစ်ကယ်တရားအားထုတ်ချင်ရင် သစ်ပင်အောက်နေလည်းရတာဘဲ :mrgreen:

  • ကိုရင်စည်သူ

    April 18, 2013 at 5:17 pm

    နေအုံးနေအုံး အူးပေပေ.. ကိုကမ်းကြီးတို့ စုံတွဲဆိုတော့..
    ဒို့ငှက်ခါးကြီးက ဘယ်ဒုန်းက.. ကန်းမလေးရသွားတာလဲ..
    မြန်မြန်ပါ့.. ဂန်ဒါရီတခါထပ်ထွက်ဦးမှပါ့လား.. :kwi: :kwi:

  • TNA

    April 18, 2013 at 9:44 pm

    မင်္ဂလာပါကပေ။ နေရာမလွတ်လို့ပြန်လာတာလား။ ကိုယ့်ဟာကိုယ် အပေါက်ဝကပြန်လှည့်လာတာလား။ ရှင်းရှင်းပြောအေ။

  • mobile

    April 19, 2013 at 3:36 pm

    ဟ…. ကပေဆိုတဲ့ လူကို ကျုပ်ကို ရိုရိုသေသေလေးကိုပဲ…
    နှုတ်ခွန်းဆက်ထားသကိုးးးးးး ကျေးဇူးပါဗျာ……..
    မအားတာနဲ့ပဲ… ပိုက်ဆံတွေလည်းပေး ဗဟုသုတတွေလည်းပေးတဲ့ ကပေ ရဲ့ပိုစ်ကို
    ဝင်မဖတ်ဖြစ်တာ………
    ဒါနဲ့ ကျုပ်နဲ့တော့ ဘာမှမဆိုင်ပါဘူး….
    ရိပ်သာဝင်တယ်ဆိုတာ့ ကပေ နေရာမရလို့ မဝင်လိုက်ရတဲ့ ရိပ်သာကို ဝင်မှကုသိုလ်ရတာလာဗျ…..

Leave a Reply