အခြေအနေတွေကတော့ အရင်ကနဲ့ အခု မတူတော့တာတော့ အမှန်ပါပဲ….အရင်တုန်းကများ Land Cruiser စီးနိုင်ဖို့ဆိုတာ သိန်းတစ်ထောင်ဆု သုံးကြိမ်ဆက်ပေါက်ရင်တောင် ၀ယ်စီးဖို့ မလောက်သေးဘူးလို့ ပြောယူရပါတယ်…မတ်တူးတစ်စီး သိန်း 1500…လိမိတက်တစ်စီး 450…ဗင်ရှေ့ဆွဲ လ…သ…အ လေးတောင် သိန်း 300 ကျော်…အခု အနေအထားနဲ့ ယှဉ်ကြည့်တော့ ဟုတ်ကောဟုတ်ရဲ့လားလို့တောင် ထင်မိစရာပါ…တကယ်ကြီးကို ဟုတ်ခဲ့ပါတယ်…ကားတစ်စီး စီးနိုင်ရင် ဆရာကြီးပါပဲ…ကိုယ့်ရှိတဲ့ ကားလေးတောင် အရောင်းကောင်းမိလို့ ကားပြန်မ၀ယ်နိုင်ပဲ ပြုတ်သွားတဲ့ သူတွေလဲ အများကြီးပါပဲ…..
ဟိုတယ်မှာ လာတည်းကြတဲ့သူတွေထဲမှာလဲ ဘယ်လောက်လူပြည့်ပြည့် ကားပါကင်မှာ ရှိလှ လေးငါးစီးပေါ့….အရင်တုန်းကတော့ တည်းခိုတဲ့သူတွေရဲ့ စေတနာ မေတ္တာကို ပြန်လည် တုန့်ပြန်တဲ့ အနေနဲ့ ကားတွေ ပေရေနေတာတွေ့ရင် ရေဆေးပေးပါတယ်…အပို စေတနာပေါ့…ဘာမှ ပေးစရာမလိုပါဘူး….
ကဲ…အခုတော့ ခေတ်ကပြောင်းသွားရော…ကားတစ်စီး သိန်းတစ်ရာနဲ့ တစ်ရာ့ငါးဆယ်ကြားသုံး…ပေါလိုက်တဲ့ကား…ပုံစံပေါင်းစုံ…ကားပေါင်းစုံ ကြိုက်သလိုရွေးစမ်း…တော်ယုံတန်ယုံ စီးပွားရေးလောက်ဆိုရင်ပဲ ကားဝယ်စီးဖို့ဆိုတာ သိပ်မခဲယဉ်းတော့ဘူး….၀ယ်စီးကြတာပေါ့…ကျုပ်တို့ဗမာတွေပဲလေ…အရင် နှစ်ပေါင်း ၅၀ လောက် အိပ်မက်မမက်ခဲ့ဘူးတဲ့ ကားတွေကို တန်တယ် တန်တယ်ဆိုပြီး…၀ယ်ပြီးတော့ အိမ်ထဲ ဘယ်သူကထိုးထားမှာလဲ…ကားအသစ်လေးနဲ့ ဟိုနားသွား ရွှတ်ကနဲ…ဒီနားသွား ရွှတ်ကနဲ အဆင်လေးကို ချောလို့နေတာပဲ…
ဟိုတယ်ဘက်မှာကျတော့ စ ဒုက္ခရောက်တာက ကားပါကင်…အရင်က လေးငါးစီး…လွန်ရောကျွံရော ဆယ်စီး….အခုများကျတော့
ပြောမပြောချင်ပါဘူး…ဟိုတယ်ရှေ့မှာ ကားတွေ ဖွေးဖွေးကိုလှုပ်လို့….တစ်စီးပေါ် တစ်စီးပိတ်ရပ်…နှစ်ထပ် သုံးထပ် ကန့်လန့်တွေကော…တစောင်းတွေကော စုံနေတာပါပဲ…ကား ရှိုးရွမ်းတွေတောင် ဒီလောက် ကားစုံမှာမဟုတ်ဘူး…
နောက်ပြသနာတစ်ခုက ကားရေဆေးပေးရတဲ့ ပြသနာ…
အရင်တုန်းကတော့ ဆေးပေးနိုင်တာပေါ့…ကားက ဘာမှမရှိတာ…အခုကျတော့ နည်းတဲ့ကားတွေမှမဟုတ်တာ….တစ်စီးက ဆေးခိုင်း….ကလေးတွေကဆေးပေး…ဆေးပေးနေတာ မြင်တော့ ကျန်တဲ့ ကားတွေက ဆေးခိုင်း…ကလေးတွေလဲ မသက်သာလိုက်တာ…ဟိုတယ်အလုပ်ကို မလုပ်ရတော့ဘူး…ကလေးတွေကတောင် ရီစရာ ပြောနေကြသေးတယ်…အကိုတဲ့…ကျွန်တော်တို့ အလုပ်မှားနေပြီထင်တယ်…ရေဆေးဆီလိုက် မှာ အလုပ်ဝင်မိသလားလို့တောင် တခါတလေထင်မိတယ်တဲ့….မင်းတို့ကိုကော ရေဆေးပေးတော့ မုန့်ဖိုးတွေဘာတွေ ပေးကြသေးသလားလို့မေးကြည့်တော့ တချို့ကတော့ ပေးပါတယ်တဲ့…ဒါပေမယ့် များသောအားဖြင့်တော့ မသိချင်ယောင်ဆောင်သွားကြတယ်တဲ့….အဲ့ဒါနဲ့ တစ်ရက် …မှတ်ထားစမ်းကွာ…ဘယ်နှစ်စီး ဆေးပေးရသလဲဆိုတာကိုဆိုတော့ မှတ်ထားကြပါတယ်…၁၆ စီးအကိုတဲ့…သေရောပေါ့ကွာ…တစ်ရက် ကား ၁၆ စီးလောက်ဆေးပေးနေရရင်တော့….
ကဲ…ဒီလိုလုပ်မယ်….ဒီနေ့ကစပြီး…ကားရေဆေးဆိုပြီး ဘောက်ချာထဲ ထည့်တောင်းပေးမယ်….အဲ့ဒီပိုက်ဆံကို ကားရေဆေးတဲ့သူကို ပေးမယ်…မင်းတို့လဲ လခအပြင် ဘေးဘောက်ရတာပေါ့ဆိုတော့ ကလေးတွေလဲ ၀မ်းသာကြတယ်…ကျွန်တော့်စိတ်ထင်ပေါ့….ပိုက်ဆံရှိလို့ ကားဝယ်စီးတာပဲ…ကားရေဆေးပေးတဲ့ သူကို တစ်ထောင်နှစ်ထောင်ပေးရတာ ဘာမှ မဖြစ်လောက်ပါဘူးလို့ထင်တာပါပဲ…မရှိလို့ ၀န်ထမ်းလာလုပ်ပါတယ်ဆို ကိုယ်စိုက်ထုတ်လိုက်တဲ့ လုပ်အားကို တိတိကျကျလေး ပြန်ရရင် သူတို့လေးတွေအတွက်လဲ မဆိုးလောက်ဘူးထင်တာပါပဲ…သမ္မတကြီး ပြောတဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး ဒီနှစ်ဆန်းက စ ပြီး အကောင်အထည်ဖော်လိုက်ပါဦးမယ်…ကဲ…ဘယ်လို သဘောရသလဲ…အကြံဥာဏ်လေး ဘာလေး ပေးကြဦး…လုပ်သင့်သလား…မလုပ်သင့်ဘူးလားဆိုတာကို….. :kwi: :kwi: :kwi:

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...