မကြည်ပြာသို့ ပေးစာ – ၁

ムラカミApril 17, 20131min21317

ဒီမယ် မကြည်ပြာ …

တခါတလေတော့လည်း လေ သိလား တကယ်ဆိုရင် အချစ်ပဲ လိုပါတယ် ကွယ်..။

ညည်းကျုပ်ကို အရင်လိုပဲ အရင်အတိုင်းပဲ ဆဲနိုင်ပါတယ်အေ။ ဒါပေသိ ကျုပ်ကို သီးသန့် ဖြစ်တည်မှု အဖြစ်တော့

အသိအမှတ်ပြုပေးပါ။ ညည်းနဲ့ တူတူရှိနေချိန်တိုင်းက တကယ်တော့ အမှတ်တရလေးများ ပါပဲ။

အဲ့ဒါကို အသိအမှတ်ပြုတယ်ဆိုရင် မှားပြန်တယ် လို့ ခနခန မပြောပါနဲ့ ကွယ်။

ဒီမယ် မကြည်ပြာ …

ဘုရားအလိုအတိုင်း ဆိုပြီး ဒီအတိုင်း ရေစုံမျှောလိုက်တော့မလားကွယ်..။ နောင်ဘယ်တော့မှ မတွေ့တော့ပြီ ဆိုရင်…

ဆိုပြီး စိတ်ပူမိတာ ကျုပ်အပြစ်လားဗျာ .. ညည်းမရှိတဲ့ နေ့ရက်များ မှာ တစက္ကန့်လောက်မှ မပျော်နိုင်သူပါ။

တကယ်ပဲလဲ ညည်းမချစ်ပါဘဲ နဲ့ မနေ့က အချစ် ဆိုပြီး ထားမသွားပါနဲ့ကွယ် …

 

တကယ်တော့ အချစ်ကို သိချိန်မှာ ဖြတ်မရတော့တဲ့ ရေစီးကြောင်းသံယောဇဉ် က အင်တိုက်အားတိုက်

စီးဆင်းသွားနှင့်ခဲ့ပြီ မဟုတ်လားကွယ်.. တို့၂ယောက် အတူတူ ခုန်ချကြည့်ချင်မိပါရဲ့ …။

ဟုတ်ပါတယ် ဒါဟာ သိပ်မခက်ဘူး လေဗျာ..။

ဒီမယ် မကြည်ပြာ …

ပုံရိပ်ဟောင်းတွေ ခဝါချပြီး ခိုင်မာသော တွဲလက်များ မြဲမြဲဆွဲထားနိုင်ဖို့ ကြိုးစားကြစို့လားဗျာ။

ညည်းပြောလေ့ရှိသလို ပြောပါ့မယ် ..ငိုပယဇီ ကွယ် .. မိုးသည်းထဲမှာ ငိုပယဇီ။ ကျုပ်ရင်ခွင်အခန်းကို

ဖွင့်မပြမိခင်ကတည်းက သူသိသွားပြီ ဆိုတာ နားလည်ပြီးသားပါ။ မကြည်ပြာ နားဆင်ဖို့ တော့

ဘယ်သောအခါမှ မျက်နှာများတဲ့မောင် သီချင်းကို ဆိုဖြစ်မယ်မထင်ဘူးကွယ်.. ဘာကြောင့်လဲဆိုတော့

ကံကိုပုံမှာ စိုးရိမ်ပေမယ့် …တို့မဝေးဘူး လို့ ယုံတယ် လေကွယ်။

 

ဆက်ပြောပါရဇီ မကြည်ပြာ…

တကယ်တော့ သတိရရင် ပြီးတာပဲ မကြည်ပြာရယ်.. လိုအပ်လို့ ပြင်မှသစ်မယ့် အချစ်ဆိုလည်း

မင့်သဘောပါပဲကွယ်။ ဘာလဲ … မင်းရဲဇားတောင် ဒါတွေ သိသွားသတဲ့လား ..အော်…

မင်းရဲ့ အချစ်ဆုံးနဲ့မတွေ့ခင်တုန်းက အချစ်ဆုံးတယောက် ဆိုပါတော့ … ဒါတွေထားပါကွယ်..

ရက်စက်ရက်တယ် မကြည်ပြာရယ်…

တချက်ကလေး စောင်းငဲ့ကြည့်သင့်ပါတယ်..။ ဟိုတုန်းကလိုတော့ ဝေခွဲမရ မဖြစ်ပါနဲ့တော့နော်..

မကြာခင် မိုးရာသီထဲ ရောက်တော့မယ် မကြည်ပြာ. … ဟိုလေ.. ဟို …
.
.
.
.
.
.
.
.
.
.
.

မိုးရွာရင် မောင်တထမ်း မယ်တရွက် ..ဖားရိုက်ထွက်ကြတာပေါ့ လို့ ..

အာ..ဟိ..

17 comments

  • KZ

    April 17, 2013 at 12:37 pm

    အဟမ်း။
    ပေးစာ (၁) ဆိုပဲ။
    ရှိသမျှ သီချင်းတွေတော့ကုန်ပါပြီ။ :mrgreen:

    အတည်လေး ရေး ပေးရင်တော့ ပိုကောင်းမယ်ကွယ်။
    :kwi:

    • S@i S@i Fin K@i

      April 17, 2013 at 3:51 pm

      မင်ဂါဘာ မမဆွိ …
      ကြက်သေမချိဘုလားစ်???

      • KZ

        April 17, 2013 at 3:56 pm

        တောက်!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
        မရှက်ဘူးလားအေ။ စိုင်း အဟွာ ကိုင်ချင်တာကို လူသိရှင်ကြား။

        တော်ဘီ။
        ညည်းကို မခေါ်ဘူး။ 🙁
        မောင်ဂလေးလည်း မတော်တော့ဘူး။ 🙁
        စိတ်နာဒယ်။ 🙁
        ဘာပဲဖြစ်ဖြစ် စိုင်းကို ချစ်တုန်းပဲ။ 🙁

  • ဦး ကျောက်ခဲ

    April 17, 2013 at 12:40 pm

    လိုက်မမှီဘူး မောင်ဂီ…
    အသက်ကြီးလာလို့လားမသိ အားကြီးမျက်စေ့လည်တာပဲ…အား ဟိ
    ခင်ဗျားနဲ့ မကြည်ပြာ… ကံကောင်းကြပါစေ…လို့…
    :chit:

  • MaMa

    April 17, 2013 at 2:16 pm

    အပေါ်မှာ ရေးလာသမျှ အောက်ဆုံးကျမှ ..
    ဖားရိုက်ထွက်ကြတာပေါ့ လို့ ..
    ဆိုတော့……..
    မောင်ဂီဟာ မောင်ဂီပါပဲ။
    (ဘယ်တော့မှ အတည်ရေးလို့မရ) :harr:

  • Wow

    April 17, 2013 at 4:08 pm

    တွဲလက်တွေမဖြုတ်စတမ်း ဖားရိုက်ထွက်ပြီးရင် ဖားကင်ဂျပေါ့ကွယ်… :mrgreen: :mrgreen: :mrgreen:
    ဘစ်ဇနက်လမ်းညွှန် ဉာဏ်ပူဇော်ခများတောင် သိတတ်ရင်ပေးဖို့ကောင်းသေး… ဟေး…ဟေး… :harr:

    • S@i S@i Fin K@i

      April 17, 2013 at 4:23 pm

      တောကနေပျံယောက်ပီယားးး
      အတော်ဗျဲ. ကျော့်အစ်ကိုလူရိုးကြီးတျောက်နဲ့
      မိတ်ဆက်ပေးဂျင်ယို့ဘာ

      :harr:

      • Wow

        April 17, 2013 at 4:30 pm

        အကျင့်လေးက ပြောဇယာမရှိတဲ့ ညီးလိုပဲလား… :kwi:

  • အရီးခင်လတ်

    April 17, 2013 at 6:03 pm

    ဝေးဝေးသွားပြီး .ဖားရိုက်ထွက်စရာမလိုပါဘူးဟယ်။
    ကိုယ့်ကိုယ်ကိုဘဲ ပြန်သာရိုက်လိုက် ဖားသက်ပြင်းရေ။
    😆

  • ယန်းကီးစပဲရိုး

    April 17, 2013 at 8:01 pm

    လိုက်လို့တဂယ်မမှီဘူးကွယ် …. ဂယ်ပြောတာပါ …
    တားတား … ကားတဂယ် စီးရတော့မှာလားဟင်…

    • ဖော့(စ)ထရော့ချာလီ

      April 18, 2013 at 7:38 am

      ငါတော့ကားတစ်စီးဆုံးတော့မယ်ထင့်

  • etone

    April 17, 2013 at 11:24 pm

    အဟွတ် အဟွမ်းဟမ်း :harr:
    ကြိုက်မရှိုက် ငိုက်မရှက်

  • ဦးကြောင်ကြီး

    April 18, 2013 at 10:17 am

    မကြည်ပြာ
    ထွက်သီပါ
    နတ်ပြည်မှာ
    ချက်ညီတာ
    ဓာတ်ဆီရှာ
    ဖျက်ထီလာ
    တပ်ချီစွာ
    ငှက်အီကြာ…

  • Mr. MarGa

    April 18, 2013 at 11:46 am

    သူပြောလိုက်မှပဲ
    နားမထောင်ရသေးတဲ့သီချင်းတွေ အတော်များမှန်း သိတော့တယ်
    ငါ့နှယ် ညံ့ပါ့ :buu:

  • သူကလေး

    April 23, 2013 at 2:47 pm

    ဒီလောက်စုံမှတော့ .. သီချင်းချစ်သူပဲဖြစ်ရမယ်

    • S@i S@i Fin K@i

      April 23, 2013 at 3:19 pm

      ဒို့ဂ ပုလင်းခြစ်သူပါကွီ..

      • MaMa

        April 23, 2013 at 4:05 pm

        ပုလင်းခြစ်သူရေ-
        အတိုင်းအဆနဲ့ ချစ်နိုင်အောင် ကြိုးစားပါ။
        အချစ်လွန်ပြီး ပုလင်းထဲရောက်သွားမှာကို ကြိုတင်၍ စိုးကြောက်ပါ။ :buu:

Leave a Reply