စာရေးဆရာထက်ဝေးသို့ကျေးဇူးတင်စကား(ပေးစာ)

စာပေလုပ်သားစာရေးဆရာတွေပြည်သူကြားမှာကောင်းကျိုးတွေနဲ့မတရားခံနေရ

တဲ့ပြည်သူဘက်ရပ်တည်တဲ့အကြောင်းကြားရတော့ဝမ်းသာပီတိဖြစ်ရသဗျ။

ဒီလိုကောင်းကျိုးဆောင်ရွက်တဲ့စာရေးဆရာတွေကိုကျေးဇူူးတင်စကားပြောချင်လှသမို့

ဒီဆိုဒ်လေးကနေကာယကံရှင်ကိုယ်စားကျေးဇူးစကားပြောပြီဗျို့။ကျုပ်ကဧရာဝတီတိုင်ူဒေသကြီးအိမ်မဲမြို့မှာ

ဘဲကြီးပြင်းရသူတစ်ယောက်ဆိုတော့စာပေဗဟုသုတအားနည်းသလိုစာရေးဆရာအများကြီးနဲ့ခင်မင်ခွင့်မရတဲ့

အတွက်ကျန်တဲ့စာရေးဆရာတွေရဲ့ပြည်သူဘက်ပါဝင်တဲ့အကြောင်သိပ်မသိလှပါဘူူးဒါေပေမယ့်ကျုပ်တို့မြို့အိမ်မဲက

စာရေးဆရာသတင်းစာဆရာကဗျာဆရာထက်ဝေး(သို့)ဦးဇော်မင်းထက်ကတော့ကျုပ်တို့မြို့အတွက်သိပ်အားကိုးရသဗျာ   ။
ကျုပ်တို့အိမ်မဲမြို့ချောင်းဝရပ်ကွက်မှာနေတဲ့မွတ်ဆလင်ဘာသာညီအကိုနှစ်ဦးဖြစ်တဲ့ ဝါဟစ်  နဲ့  မဲတူ  တို့ရဲ့

လယ်တွေကိုစက်မှုလယ်ယာကသိမ်းယူထားခဲ့သတဲ့အဲဒီ့မှာကျုပ်တို့အားကိုးရတဲ့စာနယ်ဇင်းသမားသတင်း

စာဆရာထက်ဝေး(ခ)ဇော်မင်းထက်ကဘာသာတူလဲဖြစ်အိမ်မဲမြို့နေပြည်သူလဲဖြစ်တဲ့အတွက်ဝင်ရောက်

ကူညီတိုင်စာရေးပေးလိုက်တော့မတရားလယ်သိမ်းချင်တဲ့သူတွေကားခနဲဖြစ်တော့တာဘဲဗျို့…..။
ဘာကြောင့်ကျေးဇူူးတင်ထိုက်လဲဆိုတာပြောရအုံးမဗျ။တိုင်စာရေးပေးတဲ့စာရေးဆရာထက်ဝေးရဲ့စွန့်စားခန်းတိုင်

စာရေးရပုံကအိမ်မဲဆိုတဲ့နယ်မြို့ကျဉ်းလေးမှာစာစီစာရိုက်ဆိုင်က၃ဆိုင်လောက်ရှိတော့ဒီမြို့မှာဘဲစာရိုက်ရင်ကိစ္စပွ

သွားမလေ။ဒီတော့ပုသိမ်မြို့မှာသွားပြီးစာစီစာရိုက်လုပ်ရသပေါ့။တိုင်ကြားစာမှာကဥပဒေအချက်အလက်တွေပါတယ်

ဆိုတော့စာရေးဆရာကဒီလိုပြောခဲ့ရသတဲ့” ဟေ့  စာရိုက်တဲ့ကလေးမ  တို့အိမ်မဲမြို့ကရှေ့နေကြီးဦးငွေကြည်ကို

သိတယ်မဟုတ်လားဒီတိုင်စာကရှေ့နေကြီးရေးပေးထားတာစာမှာ

ပါတဲ့ဥပဒေအချက်တွေစာသားတွေမမှားစေနဲ့တော်ကြာရှေ့နေကြီးစိတ်ဆိုးနေမယ်။သူစိတ်ဆိုးရင်လွယ်

တာမဟုတ်ဘူးနော်”ဒီလိုစွန့်စားခန်းဖွင့်ပြီးပြည်သူဘက်ကရပ်တည်ပေးခဲ့တာအားကိုးစရာမဟုတ်ပေလော…..။

လယ်ယာသိမ်းယူထားတဲ့ဌာနဆိုင်ရာကိုလယ်မြေပြန်ရဖို့ညှိနှိုင်းမယ်ဆိုသိန်းချီကုန်ကျမယ့်ငွေကြေးအစားတိုင်စာ

တစ်စောင်ငွေငါးသောင်းသာယူတဲ့သတင်းစာဆရာထက်ဝေးကြောင့်ဝါဟစ်တို့မဲတူတို့ညီအကိုတွေသက်သာရာရ

သွားတဲ့အပြင်သိမ်းထားတဲ့လယ်တွေလဲအခြေအနေပြန်ကောင်းသတဲ့။ဒါကြောင့်ကျုပ်မှာမနေနိုင်မထိုင်နိုင်ကိုယ့်

အကြောင်းအရာမဟုတ်သော်ငြားကျေးဇူးစကားဆိုချင်လာသဖြင့်နှုတ်တစ်ရာစာတစ်လုံးဆိုတဲ့အတိုင်းကျေးဇူးတင်

DSC_4892ရပါတယ်မောင်ရင်လေးထက်ဝေးရယ်လို့ပြောလိုက်ရပါသဗျား….။

 

2 comments

  • johnnydeer

    April 17, 2013 at 2:52 pm

    ဟုတ်သေးဘူးထင်တယ်…ဒုက္ခရောက်တဲ့သူ ကူညီတာ ချီးကျုးစကားရေးတာကောင်းပါတယ်…ဒါပေမယ့် ဘာကြောင့် မွတ်စလင်ဘာသာဆိုတာတို့….ဘာသာတူကို ကူညီတာတို့ ဆိုတဲ့ စကားလုံးတွေက ပါလာတာလဲ…ပြီးတော့ တိုင်စာရေးပေးတဲ့ အတွက် ငါးသောင်းယူတယ် ဆိုတာကလဲ ဘာမှ အဓိပါယ်မရှိဘူး လို့ ထင်တယ်…တိုင်စာကို ပုသိမ်သွားပြီး စာစီတာကလဲ ဘာမှ စွန့်စားခန်းမပါဘူးထင်ပါတယ်…ဒီခေတ်ကာလမှာ လက်ပ်တော့တစ်လုံးရှိ ကိုယ့်ဘာသာကိုတောင် စီလို့ရတယ်…
    ဗျို့…အယ်ဒီတာ…ကျုပ်ကျက်လိဦး…ဒီလိုစာတွေကို…ဖတ်ရတာ စိတ်ပိန်တယ်…

  • ဦးကြောင်ကြီး

    April 18, 2013 at 10:10 am

    အာဏာပိုင်များကို သတင်းပေးတဲ့စာပါ။ အင်ဖော်မာကြေး တဝက်ခွဲပေးဖို့ အယ်ဒီတာကိုယ်စား ပြောချင်တယ်..။

Leave a Reply