ဒီမှာ မကြည်ပြာ

ကျုပ်ဟာ ဘ၀ကို ရေမျောသီး တလုံးလို ဖြတ်သန်းခဲ့တာ ကြာပါပြီ

လေထဲမှာပျံဝဲသူများ နဲ့ အလုပ်တွေလုပ်ရင်း

လရောင်ကိုကြောက်သူကျနော်ဟာ လရဲ့အောက်ဘက်မိုင်အဝေးမှာ

အမှတ်တရ တွေ ရှိခဲ့ဖူးသူ ဆိုပါတော့ဗျာ
ဟုတ်တယ် မကြည်ပြာ

မြရဲ့လ ကြောင့် အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ တွေ ရပ်တန့်ခဲ့ချိန်ရောက်မှသာ

ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့ ပါကွယ် …ကျုပ်ဟာ ကမ္ဘာမြေရဲ့ချစ်သူ တယောက်ပါ

နံရံ၏အခြားတစ်ဖက် မှာ ချစ်သူ၏သမီး ကို မတော်တရော် ပြုတာဟာ ရဲရင့်သောနှလုံးသား ပိုင်ရှင်တွေ

ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးဗျာ..

 

 

ဒီလိုလေ ..မကြည်ပြာ

ကျနော် ဖျားနေတဲ့မြို. မှာနေတယ်။ ချစ်ခြင်း၏အနုပညာ ကိုလည်း ယုံသလို

ဆဲတတ်သူများနဲ့တစ်ညနေ မှာ မိန်းမနှစ်ယောက် နဲ့အတူ

ကြယ်ကြွေတို့ရဲ့အတောင်ပံ ကို ပြတင်းပေါက် ကနေ ငေးကြည့်နေဖူးပါသေးရဲ့။

သူတို့လား ဆရာဝန်နှစ်ယောက် ပေါ့ မကြည်ပြာရယ်။ အတိအကျပြောရရင်

ကျွန်မတို့မိန်းမတွေ က လို ခနခန ပြောတတ်တဲ့ ပင်လယ်နှင့်တူသောမိန်းမများ ပေါ့

 

ယုံမလား မကြည်ပြာ

မင်းတိုက်ရင် အက်ဆစ်တစ်ခွက် ကို ပျော်ပျော်ကြီး သောက်ဝံ့ပါတယ်လေ

ကြယ်စင်တံတားကမ်းပါးနှင်းဖြူ ပေါ်မှာ စကားတစ်ပွင့် ပွင့်နေတယ် မကြည်ပြာ

အိုက်ဒါ..

.
.
.
.
.
.
.
.
.
.
.
.
.
အိုင်ခူးပျောဒေါ့ မဉ္ဖူသက နတ်ပန်းမဟုတ်ဘု တဲ့ ..
ခူးမယ်နော…
အာ…ဟိ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011