“မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့”

1 မင်္ဂလာနံနက်ခင်းအဖွင့်
1 မင်္ဂလာနံနက်ခင်းအဖွင့်
2 ရင်ပြင်တော်ပေါ်မှာ
2 ရင်ပြင်တော်ပေါ်မှာ

 

3ရွှေသင်္ကန်းကပ်ရန်တန်းစီ
3ရွှေသင်္ကန်းကပ်ရန်တန်းစီ

 

4 ရွှေသင်္ကန်းကပ်လှူသူများ
4 ရွှေသင်္ကန်းကပ်လှူသူများ

 

5 မဟာမုနိရုပ်ရှင်တော်ရှေ့
5 မဟာမုနိရုပ်ရှင်တော်ရှေ့

 

6 လှူချင်သူပေါမှပေါ
6 လှူချင်သူပေါမှပေါ

 

8 အဝေးမှဖူးမျှော်
7 အဝေးမှဖူးမျှော်

 

8 ကြည်နူးဘွယ်
8 ကြည်နူးဘွယ်

“မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့”

17-4-2013 မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ

မဟာမြတ်မုနိရုပ်ရှင်တော်(ဘုရားကြီး)ကိုရောက်ခဲ့ပါတယ်။

မနက်ရှစ်နာရီခွဲလောက်မှာကို ဘုရားဖူးများနဲ့စည်ကား။

ရွှေသင်္ကန်းကပ်ချင်ရင် အရင်ကတော့ အရှေ့ဘက်ကဝင်ရပါတယ်။

ဒီနေ့ကတော့စည်ကားလွန်းတော့ တောင်ဘက်ပေါက်ကနေဝင်ရပါတယ်။

ရွှေသင်္ကန်းကပ်ဘို့စောင့်ဆိုင်းနေတဲ့လူတန်းကတော့အရှည်ကြီးပါဘဲ။

ကဲ နှစ်သစ်မှာ ပျော်ရွှင်ခြင်းအသစ်များနဲ့ဘဲ ဆုံတွေ့နို်င်ကြပါစေ။

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

17-4-2013

 

14 comments

  • koyinmaung

    April 17, 2013 at 3:26 pm

    မင်္ဂလာ နှစ်သစ်မှာ မဟာမြတ်မုနိ ဘုရားဖူးမျော်သွားပါတယ်
    ကိုပေါက်ရေ ကျေးဇူးပါ….
    ကိုပေါက် နှင့် တကွ ရွာသူရွာသားအားလုံး
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံနိုင်ကြပါစေ………..

  • မင်ဂါ နှစ်သစ်ပါ ဖေပေါက်ဂျီးရေ့ …
    အထက်ဆုံးက ပုံလေး မိုက်တယ်ဗျို့ …
    မြန်မာတွေရဲ့ ချစ်စရာ အထာလေးက
    ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရားကို မမေ့တာပဲ …
    အခု ပုံတွေထဲက လူတွေ ကြည့်ရတာလည်း
    ဘာပြောပြော ကြည်နူးစရာပဲ ….

    • ဘိုအံရေ
      မန်းလေးမှ တိမ်မမြင်ရတာကြာပေါ့။
      ဒီနေ့မနက်မှ တိမ်တွေမြင်ရတာနဲ့ မနက်လမ်းလျောက်ထွက်ရင်းပြည်ကြီးမွန်ကိုရိုက်ထားတာပါ။

  • lady mobile

    April 17, 2013 at 5:55 pm

    နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ယူဖို့ ဘုရားပုံတွေတင်ပေးတဲ့ အန်ကယ်ပေါက်
    အသက်ရှည်ရှည် နေရပါစေလို့ လေဒီက ဆုတောင်းပေးပါတယ်။

    • ကျနော်က ခါတိုင်းဆိုရင် နှစ်ဆန်းတစ်ရက်လိုနေ့မျိုး လူစည်ကားတဲ့ဘုရားကို မသွားဖြစ်ဘူး။
      ဒီနေ့ မိတ်ဆွေတစ်ယောက် ဘုရားကြီးမှာ အချိုရည် စတုဒီသာလုပ်ချင်တယ်ပြောလို့ကူညီရင်းရောက်ဖြစ်သွားတာပါ၊

  • မောင် ပေ

    April 17, 2013 at 8:28 pm

    သင်္ကြန်အတက်နေ ့ည ၈နာခွဲလောက် ၊ အောင်တော်မူ ဘုရားထဲမှာ တစ်ကိုယ်တော် ဘုရားဖူးဖြစ်ခဲ့ပါတယ် ။
    လူသိပ်မများဘူး ။ စိတ်အေးချမ်းသာစွာနဲ ့ရှင်းရှင်းလင်းလင်း ကြည်ညိုဖူးမြှော်ခဲ့ရတယ် ။
    နှစ်ဆန်းတစ်ရက်နေ ့ကတော့ ၊ ဘုရားစုံနဲ ့ပန်းခြံစုံ အပန်းဖြေနေရာစုံ လူပြည့်သိပ်နေတာမို ့၊ သွားရလာရတာ မလွယ်ဘူးဗျို ့

  • mobile

    April 17, 2013 at 10:33 pm

    ဝင်ရောက်ဖူးမျှော်ကူးယူသွားပါ၏ဗျာ………………..
    မင်္ဂလာရှိသော ၁၃၇၅ ခုနှစ်ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျ…….

  • uncle gyi

    April 17, 2013 at 10:36 pm

    ဘုရားကြီးတော့အခါကြီးနေ့ကြီးဆိုတတ်နို်င်သမျှမသွားတော့ဖူးကိုပေါက်ရေ
    ဘုရားရောက်လို့ဆိုင်ကယ်အပ်ချိန်ကတည်းကစိတ်မကြည်တာ
    လူတိုးတာကလည်းပုံထဲမြင်တဲ့အတိုင်း
    စိတ်အေးအေးနဲ့ကိုုဘုရားကိုမပူဇော်ရဖူး
    ဒါကြောင့်ကြားဥပုဒ်ကလေးတွေပဲသွားတာများတော့တယ်

  • ဟုတ်တယ် အန်ကယ်ဂျီးရေ ဒီနေ့ကတော့ အလှူတစ်ခုကို ကူရင်းရောက်ဖြစ်တာပါ။
    ကျနော်လည်းအခါကြီးရက်ကြီးဆိုရင် နာမယ်ကြီး တန်ခိုးကြီးဘုရားများကိုရောက်ခဲ့ပါတယ်။

  • ဦးကြောင်ကြီး

    April 18, 2013 at 10:37 am

    နှစ်ဆန်းတရက်နေ့
    အသစ်လှမ်းဖမ်းပွေ့
    အစ်ဗရမ်းကြမ်းစွေ့
    ခြစ်တမ်းမန်းဓလေ့..

  • Mr. MarGa

    April 18, 2013 at 4:03 pm

    လေးပေါက်ရေ
    တစ်ရက်လောက် မျက်နှာသစ်တော်ရေကပ်တာ ရိုက်ပြပါဦး
    အပျင်းကြီးသူ ငပျင်း က အဲဒီအချိန် ဘယ်လိုမှ ထ မရလို့ဗျ :kwi:

Leave a Reply