နှစ်သစ်မင်္ဂလာ ဆုတောင်းပတ္ထနာ

who whoApril 17, 20131min1917

နှစ်သစ်မင်္ဂလာ ဆုတောင်းပတ္ထနာ

ယထာ ဟိနာနာ သုကန္ဓ
ပုပ္ဖေဟိ ပုပိ္ဖတော သုဘော။
အဘိရူပသုစိတ္ထေဟိ၊
ပုပ္ဖာရာမော သုမင်္ဂလော။
တထေဝိမမှိ သကန္တေ၊
သုခတာ မုဒိတာ ဝေဿ။
သုမင်္ဂလာ တဒါ တမှေ၊
ဟောထ ပုညကရာ သဗ္ဗေ။

အဘိရူပသုစိတ္ထေဟိ = အလွန်လှပ ဆန်းကြယ်ထကုန်သော၊

နာနာသုဂန္ဓပုပ္ဖေဟိ = ရနံ့လှိုင်ထုံ၊ မွှေးကြိုင်ကုန်သော၊ ပန်းမျိုးစုံတို့ဖြင့်၊

ပုပိ္ဖတော = ကြွားကြွားဝင့်ဝင့်၊ ကားကားစွင့်၍ ပွင်းနေကြလေသော၊

သုဘော = တင့်တယ်လှပ၊ ရှုကြည့်မဝနိုင်ကုန်သော၊

ပုပ္ဖာရာမော = ကျေးသံ ငှက်သံ၊ သောသောညံသည့်၊ ပျော်စံမငြီး၊ ဥယျာဉ်ကြီးသည်၊

သုမင်္ဂလော ယထာ = မင်္ဂလာအပေါင်း၊ ခညောင်းဝင့်ထည်၊ တင့်တယ်သကဲ့သို့၊

တထေဝ = ပန်းဥယျာဉ်တမူး အလားတူသာလျှင်၊

က္ကမမှိသင်္ကန္တေဝေဿ = ဤနှစ်သစ်မင်္ဂလာ၊ ချိန်အခါ၌၊

သဗ္ဗေ = ချစ်ခင်နှီးရင်း၊ ဆက်ဆံခြင်းဖြင့်၊ မိတ်သင်းဖွဲ့ကြ၊ တွေ့သမျှ အဖုံဖုံ၊ အလုံးစုံကုန်သော်၊

တုမှေ = တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်ယောက်ကိုပုံ၊ တစ်ယောက်ကိုယုံ၍၊ အကုန်အပ်နှင်း၊ မိတ်ရင်းဆွေကောင်း၊ အသင် အဖော်အပေါင်းတို့သည်၊

သဒါ = စက္ကန့်မိနစ်၊ မလစ်မသွေ၊ အမြဲတစေသာလျှင်

သုခိတာ = ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာ ချမ်းသာကြကုန်သည်ဖြစ်၍၊

မုဒိတာ = ရွှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍၊

သုမင်္ဂလာ = မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍၊

ပုညကရာ = ကောင်းမှုဆယ်လီ၊ ပါရမီကို ကိုယ်စီကြိုးစား၊ ပွားများစုဆောင်း၊ သူတော်ကောင်းတို့သည်

ဟောထ = ဖြစ်ကြပါစေကုန်လော့၊

ဟောထ = ယခုနောက်နှောင်း၊ ကောင်းထက်ကောင်းအောင်၊ အကြောင်းအခွင့်၊ မလင့်ပုံသေ၊ ဖြစ်ကြပါစေကုန်သတည်း။

မှတ်ချက် ။ ။ဆရာတော် ဦးပညိဿရ ရေးသားသီကုံးပါသည်။

7 comments

  • mobile

    April 17, 2013 at 5:26 pm

    နံမယ်ဂ ဘယ်လိုဖတ်ရမလဲလို့ ပို့စ်ပိုင်ရှင်ကို အရင်ဆုံးမေးချင်သဗျ……
    ရေးထားတဲ့စာတွေကိုတော့ တရားပွဲမှာ တရားနာရတဲ့အတိုင်း
    မဖတ်တတ် ဖတ်တတ်နဲ့ ဖတ်သွားပါတယ်………….
    ဟက်ပီးနယူးရီးယားပါခင်ဗျ…………………

  • အထက်က ဆိုဒလိုမျိုး
    ဖြစ်ရဘာစေဒဒီးပေါ့ ….
    whowho ဆိုဘဲ …
    ဒီနံမယ် ရင်းတော့ ရင်းနှီးဒလိုဘဲ …
    ရွာသူားအဟောင်း တစ်ယောက်ဘဲ …
    ခီညားလည်း အိုက်ဘာ ဖြစ်ဘာစေဒဒီး …

  • lady mobile

    April 17, 2013 at 6:17 pm

    ဂျင်းနီနဲ့သားစိုးသီချင်းထဲက ကျမက်ိုချစ်တာဘယ်သူတဲ့လဲ (ဘယ်သူလဲ ဘယ်သူလဲ)
    အခုလဲဘယ်သူလဲဟင်…….?

  • မောင် ပေ

    April 17, 2013 at 8:19 pm

    မင်္ဂလာပါ ဆရာမလေးရေ
    မင်္ဂလာဆောင်ပါခင်ဗျ
    ရွာကိုမမေ့သေးပဲ ပြန်လည်ရောက်လာတဲ့အတွက်
    ဝမ်းသာပီတိဖြစ်ရပါအိ

  • ဦးကြောင်ကြီး

    April 19, 2013 at 8:58 am

    ဟူးလေး
    ခူးကျွေး
    ထူးဈေး
    ပူးရေး..။

    • kai

      April 20, 2013 at 12:30 am

      ပြည့်စေ..ပြည့်စေ…
      ကဲကဲ.. ရှေ့တိုး..
      ..ဩကာသတိုင်ပေးမယ်.. လိုက်ဆို..
      ကန်တော့ကြ..ကန်တော့ကြ.. :kwi:

Leave a Reply