ပေါက်ကရပေ

မောင် ပေMay 11, 20131min1699

ဒီတစ်ခါ တို ့တွေ ့တဲ့အခါ ၊ ခေါင်းစဉ်က ဘယ်လိုပေးရမှန်းမသိလို ့ပါ ပေါက်ဖော်ရေ
မင်းနဲ ့ငါနဲ ့က အချင်းချင်းမို ့ နှုတ်ဆက်စကား မဆိုလဲ ရပေမယ့်….
ငါတို ့ပြောတာတွေကို ဖတ်မယ့် စာဖတ်သူတွေကိုတော့

““ မင်္ဂလာပါ ”” ခင်ဗျာ

စကားမစပ်

ပေါက်ဖော် နဲ ့စကားပြောတဲ့ပုံနဲ ့ရေးချင်တာရေးတင်နေတာ ၊ ဒါနဲ ့ဆိုရင် ၄ပို ့စ်လောက်တော့ ရှိလောက်ပါပြီ။ အမှန်က ဒီစတိုင်က ဘယ်သူ ့စတိုင်လဲဆိုရင် ၊ မောင်ပေ စွဲစွဲမြဲမြဲ ဖတ်တဲ့ ဟာသမဂ္ဂဇင်းစာအုပ်ထဲမှာ စာရေးဆရာ “ကြူးနစ်” ရဲ ့စကားပြောအက်ဆေး ပုံကို အတုခိုးရေးထားတာပါ။
ဒါကတော့ ခရက်ဒစ် ခေတ်စားနေတဲ့ ခေတ်ထဲမှာ ၊ လိပ်ပြာသန် ့သန် ့နဲ ့ ၊ ပုံစံတူမျိုးရေးထားကြောင်း ရိုးသားစွာဝန်ခံတာပါ ။ အကြောင်းအရာကတော့ တစ်လုံးမှ မတူစေရပါဘူး ။

ဒီတစ်ခါ ပေါက်ဖော်နဲ ့ဘာ ပေါက်ကရ ၁၀ဝ ပြောရမလဲ စဉ်းစားနေတုန်း…

ကျုပ် တို ့ရပ်ကွက်ထဲက လူပျိုသိုးကြီး ကိုမိုး တစ်ယောက် မူးပြီး ပုဆိုးဂွင်းသိုင်းနဲ ့သိုင်းကွက်နင်းလာတာကို မြင်လိုက်ရတယ် ။
ပါးစပ်ကလဲ

“ ဟေ့… အချစ်တွေ စနစ်တွေ လာမပြောနဲ ့ ၊ စနစ်မကောင်းလို ့ဆိုပြီး ဘာမှ မလုပ်ရင် ဘယ်ငါ့မယားပါသား က ထမင်းကျွေးမလဲ ၊ အချစ်မကောင်းလို ့ဆိုပြီး မိန်းမယူမှာကို ဝိုင်းတားကြတော့ ၊ အခု ဘယ်ကောင်မ ကို ငါယူရမလဲ ကွ… ဟေ… ပြောကြစမ်းပါဦး ”

ကိုမိုး ဆိုတာ ကျုပ် ဒီရပ်ကွက်ထဲ စပြောင်းလာကတဲက ရှိတဲ့ လူပျိုကြီး ၊ သာမန်အချိန်ဆိုရင်တော့ သူ ့ဖာသာ စက်ဘီးပြင်ဆိုင်လေးဖွင့်ရင်း အေးအေးလူလူ ၊ စက်ဘီးပြင်မည့်လူ ထိုင်မျှော်နေကြ ။ သူ ့မှာ ဆိုက်ကားတစ်စီးလဲ ရှိတယ် ။ ဆိုက်ကားကိုတော့ စက်ဘီးပြင်ဆိုင်ဘေးမှာ ထိုးထားပြီး ၊ သူ လိုက်ပို ့ချင်သော ခရီးသည်မှ လိုက်ပို ့တတ်တယ် ။
သူ မပို ့ချင်ဘူး ဆိုရင်တော့ ၊ ခရီးသည်က ငွေ ဘယ်လောက်ပေးပေး မနင်း ။
ရပ်ကွက်ထဲက သာရေး နာရေး ရှိတဲ့အခါမျိုး ၊ ဘယ်တော့မှ လက်မနှေးပဲ ၊ လွတ်တဲ့နေရာ ၊ သူများ မလုပ်ချင်တဲ့နေရာ ဝင်ကူလေ့ ရှိတော့ ၊ သူ ့ကို တစ်ရပ်ကွက်လုံး က ခင်ကြတာပေါ့ ။
မူးပြီ ဆိုရင် သည်ရပ်ကွက်နဲ ့ သက်ဆိုင်သော သူ ့သမိုင်း ကို အော်ဟစ်ဆူပူစမြဲ ။
သူ မူးပြီး လျှောက်အော်ပေမယ့် ဘယ်သူမှ သူ ့ကို အပြစ်မမြင်ကြပါ ။ မမူးတဲ့အချိန်ကြ လူမှုရေး အပြည့်ရှိတာလေး နဲ ့ဖာထေးနားလည်ပေးလိုက်ကြတာပေါ့ဗျာ ။

သူမူးတိုင်း ၊ အချစ် နဲ ့စနစ် ပဲ အော်တာ ။
ဟိုးတုန်းက အကြောင်းမသိခင်တုန်းက ၊ သူ မမူးတဲ့အချိန် ၊ သူ ့ဆိုင်လေးသွား ၊ တိုလီမုတ်စ ကူလုပ်ရင်း သူ ့အကြောင်း စပ်စုတော့……

( ဟုတ်ကဲ့ ဆက်ရေးပါမယ် ခင်ဗျာ )

******* အားလုံးကို ကျေးဇူးတင်ပါတယ် *******

9 comments

  • ဦးကြောင်ကြီး

    May 11, 2013 at 8:06 pm

    ပေါက်ကရပေ
    တောက်ပစေ
    ကြောက်လှမြွေ
    အောက်ပြရှည်
    ခေါက်ထလေ
    ဗျောက်ဝစေ
    သောက်ခွဖေ
    နောက်ကနေ.. :mrgreen:

  • P chogyi

    May 11, 2013 at 8:09 pm

    ပေါက်ကရတွေပေရင် ဖျက်ရခက်မယ်။

  • လုလင်ပျို

    May 11, 2013 at 9:45 pm

    ဆရာကြူးနစ်ရဲ ့ ဝတ္ထုမတိုမရှည်လေးတွေ ရော တိုတိုလေးတွေကိုရော
    နှစ်သက်မိပါတယ် ။
    ————
    အခုလေးပေ… ရဲ ့…
    လေးနက်တဲ့ အတွေးလေးများကို
    ရေးဟန် ပေါ့ပေါ့ပါးပါး နဲ့ ရေးပြနေလေတော့လည်း…
    အင်း…
    နှစ်သက်မိပြန်ပါတယ် ။
    🙂

  • ရာမည

    May 12, 2013 at 2:12 pm

    အခန်းဆက် ….
    ဝဋ်လည်ပြီ ။
    ဘာများတတ်နိုင်မည်နည်း
    :mrgreen:

  • GaviaGirl

    May 12, 2013 at 5:10 pm

    စပ်စုတော့ ဘာဖြစ်လဲ… မြန်မြန်ပြောနော်.. အူးပေ… 🙂

  • နေဝန်းနီ

    May 12, 2013 at 9:36 pm

    ပေါက်ကရ ပေ
    ပေါက်ကရရေးနေတာ( မောင် ပေ has written 380 post in this blog.) ရှိပြီ ခုမှပေါက်ကရ ခေါင်းစဉ်တပ်သလားဟင်….။ ဇာတ်လမ်းပြီးသွားပြီဆိုပြီး ထပြန်သွားတဲ့ ပိသတ်ကြီးကို ခုမှ တစ်ကယ် ဇာတ်လမ်းစတာပါဆိုပြီး ပြန်ထိုင်ခိုင်းသလိုတော့ဖစ်နေပြီ
    ခင်လို့နောက်တာ …။ ဆက်ရေး………..။ နောက်တစ်ပိုင်းမြန်မြန်

  • ဟက်လူ ..
    ရေးမယ်ဆို ညန်ညန်ရေး …
    ဒါ့ထက် ပေါက်ကရ ၁၀ဝ ဆိုဒေါ့
    ပို့စ်ပေါင်း ၁၀ဝ ရေးမယ်လို့ ပေါဒါလား ..
    ချင်းချင်းပေါ .. နားလည်လား … :mrgreen:

  • TNA

    May 13, 2013 at 12:22 pm

    သဂျီးပြောဒလိုပြောရရင် စနစ်ကြောင့်စနစ်ကြောင့်။ ကပေလဲ ပွိုင့်စနစ်ကြောင့် အပိုင်းပိုင်းဖြတ်။ ပိုစ့်ကိုပြော ဘာဒယ်။

  • လင်းဇော် ထက်

    May 13, 2013 at 3:21 pm

    ဆက်စောင့်ပါရစေ
    ပေါက်ကရပေ
    နောက်တပိုင်းကို
    အခြောက်သိုင်းနဲ့
    လာဖက်ပါမည်။ :hee:

Leave a Reply