ကျွန်တော့်အတွက် အဆုံးသတ်သွားခဲ့သော ချစ်ခြင်းမေတ္တာတရား

ပထမဦးဆုံး ပြောချင်တာက သူမတို့ ၂ယောက်လုံးကို ကျေးဇူးတင်ပါတယ်။
ကျနော့်ဘဝ ပထမတကြိမ် လွန်ခဲ့တဲ့ ၁ဝနှစ်လောက်တုန်းကနဲ့ အခု နောက်ဆုံးအကြိမ်မှာဘဲ …..
သူမတို့ နှစ်ယောက်စလုံးက ချစ်ခြင်း မေတ္တာတရားဆိုတာ ကျနော်နဲ့ကျနော့် အတ္တအတွက် လုံးဝ(လုံးဝ) မအပ်စပ် မသင့်တော်ဘူး ဆိုတာကို သိနားလည်အောင် သင်ပြပေးသွားလို့ပါဘဲ။

ဒုတိယ အနေနဲ့ကတော့ ကျနော်ဟာ ချစ်တတ်သူတယောက်ပါလို့ ကြွေးကြော်နေခဲ့ပေမဲ့ ကိုယ့်ကိုကိုယ်ထက် တပါးသူကို ပိုပြီး မချစ်တတ်ဘူးဆိုတာကို နားလည်သွားလို့ပါဘဲ။

ကျနော် ... ချစ်ခြင်းနဲ့ မေတ္တာတရား ...
ကျနော် … ချစ်ခြင်းနဲ့ မေတ္တာတရား …

တတိယ အနေနဲ့ကတော့ ဒီအတ္တတွေ ဖုံးလွှမ်းနေတဲ့ ကျနော်ဆိုတဲ့ လူတယောက်ဟာ တနေ့နေ့တချိန်မှာဖြင့် ဆိုတဲ့ မျှော့်လင့်ခြင်းမျိုးနဲ့ ထပ်မံစောင့်ဆိုင်းဖို့ ကျနော့်ရဲ့ နှလုံးသားဟာ ……….။

ကျနော် မငိုတတ်ပါဘူး … ဒါပေမဲ့ ……… သူများတွေ အသည်းကွဲရင် ဟတ်ဟတ်ပတ်ပတ် ရယ်တတ်တဲ့ ကျနော် … ခုတော့ ကိုယ်တိုင် ရင်ဘတ်အောင့်တတ်လာမှ …..

20 comments

  • KZ

    April 19, 2013 at 4:38 pm

    ခု ဘယ်လောက်အတိုင်းအတာထိခံစားနေရမယ်လို့ မမှန်းနိုင်ပေမဲ့၊ သိပြီးသား ဆုံးမ စကားတွေဖြစ်နေနိုင်ပေမဲ့၊ ဇွတ်ရော၊အတင်းရော ဆရာလုပ်ပါရစေရယ်။ :mrgreen:

    ၁) ဒါအမြဲရှိနေမဲ့ ဝေဒနာမဟုတ်
    ၂) အချစ်ဟူသည် ကိုယ်အသက်ရှင်သ၍ ပြန်လည်ရှင်သန်တတ်သော အမျိုးအစား
    ၃) ကိုယ့်ကို ကို ပိုချစ်ရင် တစ်ခဏတာဖြစ်တဲ့ ဝေဒနာအတွက် ကိုယ့်ကိုယ်ကို ထိခိုက်အောင်မလုပ်သင့် (အရက်အလွန်အကျွံသောက်တာမျိုး အပါအဝင်) သောက်ချင်လို့ကို သောက်တာဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်
    ၄) နောက်နောင် လာမဲ့ မနက်ဖြန်တွေအတွက် စိတ်ရော၊ လူရော အကောင်းပကတိဖြစ်နေဖို့လိုအပ်
    ၅) ဒါ ကဘာပျက်တာမဟုတ်သေး၊
    ၆) သေကွဲမကွဲသ၍ ပြန်လည်တွေ့ဆုံနိုင်သည်။

    ဟောဟဲ၊ ဟောဟဲ။
    ဒါပဲ။
    :mrgreen:

    • S@i S@i Fin K@i

      April 19, 2013 at 5:17 pm

      ခု ဘယ်လောက်အတိုင်းအတာထိခံစားနေရမယ်လို့ မမှန်းနိုင်ပေမဲ့၊ သိပြီးသား ဆုံးမ စကားတွေဖြစ်နေနိုင်ပေမဲ့၊ ဇွတ်ရော၊အတင်းရော ဆရာလုပ်ပါရစေရယ်။

      ၁) ဒါအမြဲရှိနေမဲ့ ဝေဒနာမဟုတ်
      ၂) ဗိုက်ဆာတာဟူသည် ကိုယ်အသက်ရှင်သ၍ ပြန်လည်ရှင်သန်တတ်သော အမျိုးအစား
      ၃) ကိုယ့်ကို ကို အစားမက်မှန်းသိရင် တစ်ခဏတာဖြစ်တဲ့ ဝေဒနာအတွက် ကိုယ့်ကိုယ်ကို ထိခိုက်အောင်မလုပ်သင့် ( ဟမ်ဘာဂါ အလွန်အကျွံစားတာမျိုး အပါအဝင်) ဝချင်လို့ကို စားတာဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်
      ၄) နောက်နောင် လာမဲ့ မနက်ဖြန်တွေအတွက် စိတ်ရော၊ လူရော အကောင်းပကတိဖြစ်နေဖို့လိုအပ်
      ၅) ဒါ ကဘာပျက်တာမဟုတ်သေး၊
      ၆) မသေသေးသ၍ ပြန်လည်စားသောက်နေနိုင်သည်။

      ဟောဟဲ၊ ဟောဟဲ။
      ဒါပဲ။

      :mrgreen:

      • KZ

        April 19, 2013 at 7:23 pm

        ကျန်းးးးးးးးးးးးးး
        ခုမှတွေ့တယ်။
        များဘီ။
        အရမ်းများနေဘီ။
        မှတ်ထားပါ။
        အတိုးနဲ့ ပေးရမယ်။
        သမ႓ာရင့် ဝါရင့်ကို လာ စ တယ်လား။
        :harr: :harr: :harr:

    • ရဲစည်

      April 19, 2013 at 11:54 pm

      သင့်ခရူ … ဂျီးဒေါ်ဆွိ
      တစ်ခုတည်းပြောပါရစေ….
      ကျနော့မှာ အပြန်ပြန်ရှင်သန်နိူးထလာစေနိူင်သော ကပ်သလဆ် နှလုံးသား မရှိပါဗျာ … အောက်က အစ်မ မယ်ဘုတ်ကိုပါ ထပ်ဆင့် အကြောင်းပြန်ပါတယ်…. ။

      • KZ

        April 20, 2013 at 11:41 am

        Never Say “NEVER”
        :harr: :harr:

  • မယ်ဘုတ်

    April 19, 2013 at 4:50 pm

    အချစ်ဆိုတာ လူတိုင်းနဲ့ မကင်းဘူးလေဗျာ …
    တချိန်ချိန်မှာ အချစ်ဆိုတာ ဖြစ်ပေါ်လာမှာပဲ ….
    တားစီးလို့မှ မရနိုင်တာ :kwi:

  • အရီးခင်လတ်

    April 19, 2013 at 8:04 pm

    တကယ်ဘဲ “ရင်ဘတ်အောင့်” နေရင် မပေါ့နဲ့နော်။
    ဆရာဝန်သွားပြ။
    အဲဒါ အသည်းရောဂါဟုတ်ဖူး။ 😛

  • မောင် ပေ

    April 19, 2013 at 8:12 pm

    ပိုက်ဆံများများလိုချင်ရင် ပိုက်ဆံအရင်းအနှီးစိုက်ရမယ်တဲ့
    အချစ်များများ လိုချင်ရင်တော့ အချစ်အများကြီး ရင်းရမယ်တဲ့ဗျာ
    အဲဒါ အဲဒါ
    ဘေတော်မောင်ပိုး ဆုံးမစာထဲက တစ်ပိုဒ်ပါ

    • ရဲစည်

      April 20, 2013 at 12:07 am

      မှတ်သားလောက်ပါပေဒယ်
      ပယ်ဒေ …. ပေပေ…
      အာဟီး .. ငါငိုချင်တယ် .. :harr:
      အတည်ရေးလို့လဲမရ … သောက်ခွက်ပြောင်တော့လဲ ဝင်ကြပ်ခံရတယ်… သေတာဘဲ ကောင်းပါတယ်
      မမပေရယ်….

  • ဟက်လူ ..
    ကျုပ်က ခီညား စတိုင်ကို အားကျနေဒါ ..
    ဟိုဒင်းရေးနဲ့ ပတ်သက်လို့ ..
    ဘာမှ မခံစားတတ်တဲ့ လူလို့ .. မှတ်ထားတာ …
    ခညား ပုံစံက ပေါ့ပေါ့ပါးပါးပဲ …
    ခညား ရင်ဘတ် အောင့်လာတာ ရုံတောင်ယုံဘု … :mrgreen:

    • ရဲစည်

      April 20, 2013 at 12:02 am

      ဒီတလော နာ… ဆေးလိပ်တအားသောက်ဖြစ်တယ် …
      :mrgreen:

  • ရွာစားကျော် မင်းနန္ဓာ

    April 19, 2013 at 11:43 pm

    ပထမတကြိမ် လွန်ခဲ့တဲ့ ၁ဝနှစ်လောက်တုန်းကနဲ့ အခု နောက်ဆုံးအကြိမ်မှာဘဲ …

    ဆိုတော့..
    ပထမအကြိမ်နဲ့ နောက်ဆုံးအကြိမ်ကြားထဲမှာ.. မသိလိုက်မသိဘာသာ ဖုတ်ဖက်ခါ ထပြန်ခဲ့ဖူးတဲ့ အကြိမ်တွေ ရှိခဲ့ဖူးအုံးမယ်ထင်ပ…
    ချွေးထွက်များမှ သွေးထွက်နည်းမည်တဲ့..
    နောက်ဆုံးဆိုပေတဲ့.. ဟင်း ဟင်း လာအုံးမှာပါ…. (ကိုယ်တွေ့ ကိုယ်တွေ့)

    • ရဲစည်

      April 19, 2013 at 11:59 pm

      သေလိုက်ပါတော့ ယောက်ခထီးရယ် ….. ဂွီ
      အသည်းကွဲတာတောင် ဘယ်ရောက်သွားမှန်း မသိဘူး ….
      ဖုတ်ဖတ်ခါကြေးဆို …. အဟင်း …ဟင်း ….
      ပေပေဂျီး ….
      :harr:

  • Shwe Ei

    April 20, 2013 at 12:43 am

    လေးဆယ်ကျော်ငါးဆယ်တွင်းမှ ပြန်ဆုံရတယ် ငယ်ချစ်အူးရယ် :kwi:

  • amatmin

    April 20, 2013 at 11:12 pm

    ကျန်းးးးး
    ဂလိုမျိုးတွေ ရေးပြပီး
    ဒင်းအဖြစ်ရှိခဲ့ဖူးတာကို ကြွားတာထင့်..
    ကျုပ်လည်း ဂလိုမျိုးရေးတတ်တော့မှာ ဗျာ.. 🙂
    နောက်ပီး ဂလောက်နဲ့တော့
    နောက်မဆုတ်ပါနဲ့ အုန်း ကိုယ့်ဆြာရယ် …

  • GaviaGirl

    April 21, 2013 at 10:40 am

    မချစ်နဲ့တော့… ဖွင့်ပြောရန်အချိန်မဟုတ်တော့….
    မချစ်နဲ့တော့… တိမ်တိုက်လိုထွက်သွားတော့…
    ဒီထက်ပိုရင်ခုန်ရင်… ဒီထက်ပို ကြေကွဲခြင်းနဲ့… တို့တွေ့ရလိမ့်မယ်…
    မဖြစ်သင့်ပြီမို့… မင်းလွတ်လပ်တဲ့ဆီသွားပါ…

    ဟိဟိ..တချင်းဆိုပြဒါ…. :mrgreen:

  • အလင်းဆက်

    April 21, 2013 at 9:09 pm

    အူးရဲဆီ
    ကိုယ့်ကိုယ်ကို သာ ချစ်တတ်ရင်….
    ဘီဘီတွေ မတောက်နဲ့ေတော့ဗျာ ။
    🙂
    ဘီဘီတွေ သောက်တာက…ဒဲ့…
    ကိုယ့်ကို ကိုယ် ..အရစ်ကျစနစ်နဲ ့…သတ်နေတာ..ဒဲ့

    ဟိုဆရာတော်တစ်ပါး…ဟောတော်မူတာလေ ။

    ———-
    :kwi:

  • TNA

    April 21, 2013 at 9:53 pm

    ငယ်ကအချစ်အနှစ်တရာမမေ့သာတဲ့။ အဲဒီအချစ်တွေရင်ထဲမှာဆက်ထည့်ထားလိုက်ပေါ့။ တတိတတိနဲ့ သတိယနေအောင်။ ရင်ဘတ်အောင့်တာကတော့ နှလုံးမှတ်တယ်။ အသည်းဆရာဝန်ပြလိုက်ပါ။ ကျောက် ကပ်လဲသတိထားပေါ့။ အစာအိမ်လဲဖြစ်အုံးမယ်။ လိုရမယ်ရ ဓါတ်လေးဘာလေးကင်ထားလိုက်အုံးနော့။

  • kyeemite

    April 22, 2013 at 1:33 pm

    ယွဲစီ ကွဲဘီ(အသီး)
    ဆိတ်မကောင်းပါ…နွားမွေးပါ။ ဒါဗြဲ။ :kwi:

  • အာဂ

    April 29, 2013 at 4:52 pm

    မချစ်စဖူး အချစ်ရူးလို့လည်း ပြောလို့မရ…။ အရက်သောက်ရင် မူးမယ်မှန်း သိနေသလို ။ အချစ်ကို ခံစား သုံးဆောင်ရင်လည်း ရူးရမယ်မှန် သိနေတဲ့ အရွယ်ဆိုတော့ ယောက်ဖရယ် ဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲ….

Leave a Reply