ကျိုက်ထီးရိုးနှစ်ကျော့ပြန်နှင့် ဘားအံဘုရားဖူး(၁)

Ko chogyiApril 20, 20132min1256

၂၀၁၃ ခုနှစ် သင်္ကြန်မှာ ထူးထူးခြားခြား ကျိုက်ထီးရိုးစေတီတော်ကို ၂ ခေါက်ပြန် ဖူးခဲ့ရပါတယ်။ အကျနေ့ ၁၄.၄.၂၀၁၃ ရက်နေ့ မနက်စောစော ရန်ကုန်ကထွက်ပြီး နေ့ချင်းပြန်သွားခဲ့တာပါ။ (  http://mandalay gazette.com/173244/travel   ) နောက်တစ်ရက်မှာ အစ်ကိုတွေအိမ်သွားလည်ရင်း ညီအစ်ကိုတွေစုမိတော့ ကျွန်တော်ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့တယ်လို့ ပြော တဲ့အခါ မိသားစုတွေအားလုံးစုပြီး ဘုရားဖူးထွက်ကြမယ်ဆုံးဖြတ်လိုက်ပါတယ်။ ပထမတစ်ခေါက်က အလုပ် ထဲက ညီငယ်နှစ်ယောက်နဲ့ သွားခဲ့တာဖြစ်ပြီးတော့ ဒုတိယအခေါက်မှာတော့ မိသားစု(၆)စု (၁၉)ဦးလိုက်ပါ ခဲ့ပါတယ်။

ရန်ကုန်ကနေ့ ၁၆ ရက်နေ့ နံနက် ၂ နာရီခွဲမှာ စထွက်ခဲ့ပါတယ်။ ပဲခူးကို မနက် ၄ နာရီလောက်ရောက် တော့ သန်းကြွယ်ဆိုတဲ့ဆိုင်မှာ လက်ဖက်ရည်သောက် မုန့်စားပြီးဆက်ထွက်ခဲ့ပါတယ်။ ဘုရားကြီးအရောက်မှာ ရန်ကုန်-မန္တလေးလမ်းမပေါ်ကနေ မော်လမြိုင်ဘက်ကို လမ်းခွဲခဲ့ပြီး ဝေါ၊ မုပ္ပလင်တို့ကို ကျော်ဖြတ်ခဲ့ပြီး ကျိုက်ထို မြို့တွင်းကို ရောက်လာတဲ့အခါ ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဆိုတဲ့ လမ်းညွှန်အတိုင်း ကင်မွန်းစခန်းကိုအရောက် မောင်းခဲ့ပါတယ်။ ကင်မွန်းစခန်းကို ၆ နာရီလောက်မှာရောက်ပြီး တောင်တက်မော်တော်ယာဉ်အသင်းကားနဲ့ တောင်ပေါ်တက်ခဲ့ပါတယ်။ တောင်ပေါ်ကိုနံနက် ရ နာရီခွဲလောက်မှာရောက်ပြီး ဘုရားရှစ်ခိုး၊ ရွှေသင်္ကန်းကပ်ပြီး ခေတ္တနားကာ တောင်ပေါ်ကနေ နံနက် ၁ဝ နာရီမှာ ပြန်ဆင်းခဲ့ပါတယ်။ တော်ပေါ်ကအဆင်းကားပေါ်မှာဖုန်းလာ လို့ ကိုင်လိုက်တော့ ကျွန်တော့အထက်ကအစ်ကိုဖြစ်နေပြီး သူတို့က ဝေါမှာအလည်ရောက်နေတာ၊ ကျွန်တော် တို့ ဘားအံဘက်သွားမယ်ဆို လိုက်ချင်တယ်ပြောတာနဲ့ ကျန်တဲ့အဖွဲ့တွေကို ကျိုက်ထိုက၊ ကျိုက်ဗောလော ဘုရားမှာ ထားခဲ့ပြီး ဝေါကို အသွားအပြန် ၃ နာရီလောက်မောင်းလိုက်ရတယ်။

DSC00914

DSC00963

                        ကျိုက်ထိုကနေ ၂ နာရီခွဲလောက်မှာထွက်ခဲ့ကြတာ ဘီးလင်းကိုဖြတ်ပြီးသထုံကို ၄ နာရီလောက်ရောက် ခဲ့ပါတယ်။ သထုံကြေးသွန်းဘုရားကြီးနားကထမင်း ဆိုင်မှာ ညနေစာစားကြပြီး အချိန်မရတာနဲ့ သထုံမှာ မလည် ဖြစ်ခဲ့ပါဘူး။ မြသပိတ်တောင်ဘုရားကို အဝေးကပဲ လှမ်းမျှော်ဖူးလိုက်ရပါတယ်။ လမ်းမှာ ဘုရင့် ညီနောင်ဂူ ကို ခဏဝင်ခဲ့ပါသေးတယ်။ အဲဒီမှာသင်္ကြန်အချိန်ဆို ရေပက်ကစားကြတာအရမ်းစည်ပါတယ်။ ဘုရင့်ညီနောင်ဂူ အကြောင်းကို နွယ်ပင်ရေးတဲ့ပို့စ်လေးမှာ ဖတ်နိုင်ပါတယ်။ (https://myanmargazette.net/165273/creative -writing ) ကျွန်တော်တို့ရောက်တော့ ညနေစောင်းနေပြီး ရေပက်သူများလည်း မရှိသလောက်ဖြစ်သွား ပါပြီ၊   ဘားအံကို အဝင်နောက်မကျချင်တာနဲ့ ဓာတ်ပုံနည်းနည်းရိုက် ပြီး အပေါ်မတက်တော့ဘဲ ပြန်ထွက်ခဲ့ပါတယ်။

DSC00964

အဝေးကဖူးရတဲ့ မြသပိတ်စေတီတော်

DSC00967

DSC00972

သစ်ပင်လှိုဏ်နဲ့လမ်းကလေး

DSC00975

ရေပူကန်

DSC00979

ရေအေးကန်

DSC00980

6 comments

  • အလင်းဆက်

    April 20, 2013 at 9:31 pm

    အဲဒီ နှစ်နေရာလုံး
    သွားချင်နေတာ ။
    အခုတော့…
    လေးလေးပီ ခေါ်သွားလို ့..
    ရောက်ပေါ့
    🙂

  • P chogyi

    April 21, 2013 at 12:50 pm

    နောက်တစ်ခေါက်သွားရင် လူပါခေါ်ပါမယ်။

  • GaviaGirl

    April 21, 2013 at 3:58 pm

    မော်လမြိုင်-ဘားအံဘက် အရမ်းသွားချင်တာပဲ…

    • P chogyi

      April 22, 2013 at 12:48 pm

      ချွေးမက တရားစခန်းဝင်နေလို့ မခေါ်တာပါ။

  • KZ

    April 22, 2013 at 9:23 am

    သူများတွေ ၂ ကျော့ပြန်ဖူးနေရတဲ့ ကျိုက်ထီးရိုး ဘုရား ကို ကိုယ် တစ်ခါမှ မဖူးရသေးပါလားကွယ်။.။
    ကိုချိုကြီး ကျေးဇူးနဲ့ ဓာတ်ပုံထဲက ပဲ ဖူးသွားရပြန်ပေါ့။

    • P chogyi

      April 22, 2013 at 12:49 pm

      နောင်ကြုံရင်လိုက်ပို့ပါမယ်။

Leave a Reply