ပြင်ဦးလွင်က မဟာအံထူးကံသာ ပြည်ချစ်ဘုရား ဆင်းတုတော်

ပုံတော် ၁
ပုံတော် ၁
ပုံတော် ၂
ပုံတော် ၂

 

ပုံတော် 3
ပုံတော် 3
ပုံတော် ၄
ပုံတော် ၄
ပုံတော် 5
ပုံတော် 5
ပုံတော်6
ပုံတော်6

 

 

ပုံတော်7
ပုံတော်7
ပုံတော်8
ပုံတော်8
ပုံတော်9
ပုံတော်9
ပုံတော် 10
ပုံတော် 10
ပုံတော် 11
ပုံတော် 11

 

 

ပုံတော် 12
ပုံတော် 12

 

18-4-2013နေ့က ပြင်ဦးလွင်အရောက် မဟာအံထူးကံသာဘုရားမှာ လူစည်စည်ကြားထဲမှာ

အားမနာလျာမကျိုးဇွတ်တိုးပြီး ရိုက်ခဲ့တဲ့ ပုံစံအမျိုးမျိုးနဲ့ပုံတော်

ကြိုက်သော် ယူနို်င်ပါ၏။

 

ကိုပေါက်လမ်းသလားနေသည်

19-4-2013

 

18 comments

  • weiwei

    April 21, 2013 at 1:24 pm

    12 ရက်နေ့က ရောက်ခဲ့တယ် … မနက်စောစော ဘုရားဖူး မရှိသလောက်အချိန်မို့လို့ အေးအေးဆေးဆေး ဖူးမြှော်ခဲ့ရပါတယ် … ရှုခင်းကလဲလှ ဘုရားမျက်နှာ်တော်ကလဲ သပ္ပါယ်ပြီး ရာသီဥတုကလဲကောင်း ..

  • kuroko

    April 21, 2013 at 1:57 pm

    ကုသိုလ်ကံမပါသေးလို့လား မသိဘူး…..အပြင်မှာ တစ်ခါမှ ဖူးခွင့်မရသေးပါ….ကျေးဇူးအများကြီးတင်ပါတယ် ဦးပေါက်…..

  • ဒီတစ်ခေါက်ပြင်ဦးလွင်အသွားပုံတွေအများကြီးရခဲ့တယ်ဗျ။
    ကျနော်က 18-4-2013 မှာတက်သွားတာလေ။
    ဒီတစ်ခါ ထူးထူးခြားခြားဖြစ်အောင် ဆင်းတုတော်ကြီးကိုဒေါင့်ပေါင်းစုံကနေမှတ်တမ်းတင်ခဲ့တာပါ။

  • သျှားသက်မာန်

    April 21, 2013 at 4:23 pm

    ရောက်ခဲ့ဖူးပါတယ်

  • ဆူး

    April 21, 2013 at 4:43 pm

    ဒါနဲ့ စကားမစပ် ဝင်ပွားလိုက်ပါအုန်းမယ်။
    အဲ့ဒီ ဆင်းတုတော် ကို လာဘ မုနိ လို့ ခေါ်မယ် ထင်တယ်။
    ညာလက်တော် ကြမ်းကို ထိ ထားတာ..
    ဗောဓိပင်မှာ ဘုရားဖြစ်အောင် ကျင့်ကြံနေတဲ့ အချိန် မာန်နတ် နဲ့ စစ်သည်တော်တွေ လာကြတဲ့ အခါ.. ဘုရားမဖြစ်သေးဘူးခင် မာန်နတ် တို့ အုပ်စု လာတဲ့ အချိန်.. ဘုရားအဖြစ် ကို စောင့်နေတဲ့ နတ်တွေလည်း ရှိတယ်.. အဲ့ဒီ နတ်တွေက ထွက်ပြေးသွားကြတယ်။ ဘုရားတပါးတည်း အုပ်လိုက် ကျင်းလိုက် လာတဲ့ အုပ်စု ကို အာရုံမထားပဲ.. အတိတ်က ပြုဖူးတဲ့ ဒါန ကို စိတ်ညွတ်ပြီးတော့ မြေကြီး ကို လက်ထိ လိုက်တယ်.. အဲ့ဒီ ပုံကို မှန်းပြီး ထု လုပ်ထားတာပါ။
    မြေကြီး ကို လက်နဲ့ ထိ လိုက်တဲ့ အခါ မြေစောင့် နတ်သမီး မနေနိုင်ပဲ ထွက်လာပြီး ဆံပင်ကို ရေညှစ်ပါတော့တယ်။ ဆံပင်က ရေ ကတော့.. သံသရာမှာ ပါရမီ ဖြည့်စဉ် အခါမှာ ပြုခဲ့တဲ့ ဒါနတွေ ကို ရေစက်ချ လှူခဲ့တဲ့ ရေတွေလို့ ဖတ်ဖူးတယ်။
    ဗဟုသုတ အနေနဲ့ သိတာလေး နည်းနည်း ဝင်ပြောသွားပါတယ်။

  • TNA

    April 21, 2013 at 10:58 pm

    ဖူးမျှော်သွားပါတယ်လေးပေါက်ရေ။ တကယ့်ကိုလွမ်းမိပါတယ်။

  • ဦးကြောင်ကြီး

    April 22, 2013 at 4:32 am

    ကဗျာစပ်မို့ဟာ ဘုရားဘွဲ့တော် အံ့ထူးလား အံထူးလား မသဲကွဲတာနဲ့ ဖီလင်ပျက်သွားပါဂျောင်း… ဦးပေါက်တူမ သိစေအပ်သည်…..

  • KZ

    April 22, 2013 at 9:08 am

    ဘုရားဖူးသွားပါသည်။
    _/\_ _/\_ _/\_

  • Ma Ei

    April 22, 2013 at 9:45 am

    ပြင်ဦးလွင်က မဟာအံ့ထူးကံသာဘုရားကြီးကို
    ကုန်းတော်ပေါ်ပင့်ဆောင်ကာစ ငြမ်းဆင်ထားတဲ့
    ဒေါက်တွေ တိုင်တွေ ကြိုးတွေ မဖြုတ်ရသေးချိန်
    မထမဦးဆုံးဖူးခဲ့ရစဉ်က ဘုရားဖူးရင်းမျက်ရည်တွေ
    ကျလာတဲ့ထိ ငိုခဲ့မိတာ အမှတ်တရပါဘဲ…

  • ခင်ခ

    April 22, 2013 at 10:27 am

    အကြိမ်ကြိမ် ဖူးဖြစ်နေလည်း
    ထပ်ကာသာ ဖူးချင်မိလို့
    မေမြို့သို့တက်ကာ ဖူးဖြစ်နေမိတယ်ဗျ။
    ကျွန်တော်မွေးနေ့ဝန်းကျင်မှာတော့ သွားဖူးပြီး
    အဲဒီဘုရားနားက ဘိုးဘွားရိပ်သာမှ လှုဖြစ်တာ ၃ နှစ်ဆက်ခဲ့ပါ၏ ကိုပေါက်ရေ။
    ပုံလေးတွေ တင်ပေးလို့ ဖူးခွင့်ရပြန်လို့ ကျေးဇူးဗျို့။

    • ကျနော်ကတော့ မေမြို့ကို ဆိုင်ကယ်နဲ့ဘက်တက်ပါတယ်။
      မနက် 6နာရီလောက်ထွက်ရင် 8နာရီဆို မေမြို့ရောက်တယ်ဆိုတော့
      2နာရီလောက်တော့ မောင်းရပါတယ်။.
      ရောက်တာနဲ့ နေလှိုင်းဝင် မုန့်စား၊
      ပြည်ချစ်ဘုရားတန်းသွား။
      ပြီးရင်ဘီးအီးဖောကိုဆင်း။
      ပြီးရင် ယူုနိက်တက်မှာထမင်းစား။
      ပြီးရင်ကန်တော်ကြီးသွား။
      ညနေငါးနာရီလောက်ပြန်ဆင်းလာ။
      7နာရီဆိုပြန်ရောက်ရော။

  • etone

    April 22, 2013 at 11:32 am

    ပြင်ဦးလွင်ဘက်ကို အန်ကယ် ခင်ခ လိုက်ပို့ပေးလို့ …. ဘုရား ဝင်ဖူးခဲ့ဖူးပါတယ် ။ တည်နေတဲ့ ရေမြေသဘာဝ အရကိုက အေးချမ်းပါတယ် ။ရွှေရောင်ဖိတ်ဖိတ်တောက်နေတဲ့ ဘုရားဆင်းတုကြီးကလည်း အရမ်းပဲ သပ္ပါယ်တယ် ။ မပြန်ချင်လောက်အောင်ပဲ … ဖူးမဝဘူး ။
    အခု လေးပေါက်တင်တဲ့ ပုံတွေကြည့်ပြီး ၊ နောက်တစ်ခါ ဘုရားသွားဖူးချင်စိတ်ဖြစ်မိတယ် ။ ကျေးဇူးပါ လေးလေး …
    အေးဆေးသာ အချိန်ရလျှင် ပုတီးစိတ် ၊ တရားထိုင်လို့ ကောင်းတဲ့နေရာမျိုးပေါ့… ။

  • ဗုံ ဗုံ

    April 22, 2013 at 12:17 pm

    ရိုသေညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးလိုက်ပါသည်။ ဤသို့ ဖူးမြော်ရသောအကျိုးအားကြောင့် တပည့်တော်မ မိဗုံ ရည်ရွယ်ထားတာတွေ မြန်မြန်ပြည့်ရပါလို၏ :mrgreen:

  • ကြည်ညိုဖွယ်ရာပါပဲ ဖေပေါက်ဂျီးရေ …
    ရှိခိုးကော်ရော် ဖူးမြော် သွားပါတယ်ဗျို့ …
    အည … အည … အည …
    သာဒု … သာဒု … သာဒု …

Leave a Reply