ပေးစာ

nyanayJuly 25, 20101min491

မေးလ်ထဲကိုလမ်းမှားရောက်လာတဲ့စာလေးပါဖတ်ကြည့်ကြပါဦး

ဒီမိုကရက်တစ်သို့ပေးစာ

ကျွန်တော်က ဒီင်္မိုကရက်တစ် သတင်းတွေကို အမြဲနားထောင်လေ့ရှိသူ ဖြစ်ပါတယ် ။
ကျွန်တော်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို ့မှာနေထိုင်ပြီး မြို ့အုပ်ချုပ်သူ အာဏာပိုင်များရဲ့ ငွေများတရားနိုင်ပြုခြင်းကိစ္စ တင်ပြလိုခြင်းဖြစ်ပါတယ်။
အကြောင်းကတော့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို ့နယ် ဆိတ်ဖူးမြောင်ကျေးရွာ မီးလင်းရေးနှင့် ယာမြေဝယ်ယူခြင်းကိစ္စဖြစ်ပါတယ်။
မီးလင်းရေးနှင့်ပတ်သတ်ပြီး ၂၀၀ရ နှစ်ပိုင်းမှ စမီးလင်းခဲ့ရာ ယနေ့ထိ ရှင်းတမ်းရှင်းပြခြင်းမရှိခြင်းကြောင့် မီးကော်မတီ ဦးဝင်း ၊ ဦးမြင့်ရွှေနှင့်
ခြယ်လှယ်ဦးစီးသူ ( MFF) ဦးစိုးမြင့် တို့ကိုရွာခံ တစ်ဆယ့်သုံးဦးမှ တိုင်းခြင်းကိစ္စဖြစ်ပါတယ် ။
ထိုသို့တိုင်တန်းရာ မြို့နယ်တာဝန်ရှိသူများမှ အမှန်ပေါ်အောင် တာဝန်အရဆောင်ရွက်ခြင်းမရှိပဲ ငွေမျက်နှာနောက်လိုက်ကာ (MFF) ဦးစိုးမြင့် ရိပ်သာတွင်
ဦးစိုးမြင့် ၊ ဦးမြင့်ရွှေ တို့၏ ငွေရှင်းတမ်းပိုငွေ သိန်းတစ်ရာကျော် အတွက် သူတို့သုံးဦးကို မမှန်ရှင်းတမ်းများရှင်းပြနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ဦးမြင့်ဆွေ
မြို့နယ်စာရင်းစစ် အဖွဲ့နှင့် တာဝန်ရှိသူတို့ မှ သုံးညအိပ်လေးရက်တိတိ ငွေလက်ငင်းဘောက်ချာ များဝယ်ယူကာ ဝိုင်းဝန်းပြီး မမှန်စာရင်းများပြုလုပ်ပေးကြပါသည်။
ယာမြေဝယ်ယူခြင်းကိစ္စဆိုသည်မှာ (MFF) ဦးစိုးမြင့်က တောင်သူများထံမှ တစ်ဧကလျှင် ငါးသိန်းနှုန်းဖြင့် သိမ်းဝယ်ဝယ်ကာ တစ်ဧကလျင် နှစ်ဆယ့်လေးသိန်း
ကျပ်နှုန်းဖြင့် တစ်ဆယ့်ကိုးသိန်းမြတ်အောင် ကြက်ခြံပိုင်ရှင်များသို့ ပြန်လည်ရောင်းစားခြင်းကိုဆိုလိုပါသည် ။
ထိုသို့ (MFF) ဦးစိုးမြင့်မှ ထင်ရာလုပ်နေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက အလိုတူအလိုပါမို့ လက်ပိုက်ကြည့်နေကြသလားတော့မသိပါ (MFF) ဦးစိုးမြင့် နယ်သူနယ်သားများအပေါ် မတရားသဖြင့် ခေါင်းပုံဖြတ် အမြတ်ကြီးစားခဲ့တာ အများကြီးပါပဲ။
ဒီပေးစာနှင့်ပတ်သတ်ပြီး ဒီမိုကရက်တစ် အဖွဲ့အစည်းများမှ တင်ဆက်ပေးနေသော ရေဒီယိုလိုင်းများတွင် သင့်လျော်သလို ဖော်ပြပေးစေချင်ပါသည်။
ဒီမိုကရက်တစ်ဝိုင်းတော်သားများ ကျန်းမာပါစေကြောင်းဖြင့်။ ။

One comment

  • Pyaung Gye

    July 26, 2010 at 8:08 pm

    ဒါမျိုးတွေက အခုမှမဟုတ်ဖူး
    အမှန်တရားကို တိုင်ရင် ————— အဲ…….
    အသက်တိုတတ်တယ်နော်.
    ခေတ်ကြီးက Kolony . ဝဋ်ဘဲ .
    သူတို့တွေမှမဟုတ်ဘူး အားလုံးခံနေရတာ

Leave a Reply