ဒေါင်းယောင်ဆောင်သောကျီးအသွင်ဦးသောင်းတင်အကြောင်းသမ္မတကြီးအားတင်ပြချက်။

Zaw Moe KhineApril 20, 20131min113

ဒေါင်းယောင်ဆောင်သောကျီးအသွင်ဦးသောင်းတင်အကြောင်းသမ္မတကြီးအားတင်ပြချက်။

ယနေ ့ကျွန်ုပ်တို ့၏နို်င်ငံတော်သမ္မတကြီးသည်နိုင်ငံတော်ဖွံ ့ဖြိုးတိုးတက်ရေးအတွက်ကဏ္ဍစုံကိုအသွင်သစ်အမြင်

သစ်လူသစ်များဖြင့်ချီတက်ဆောင်ရွက်နေပြီဖြစ်ပါသည်။ဒီလိုအချိန်တွင်မြန်မာနို်င်ငံ၏ဆက်သွယ်ရေးကဏ္ဍပြုပြင်

ပြောင်းလဲမှုများအတွက်ရွေးချယ်တာဝန်ပေးထားခဲ့သောဆက်သွယ်ရေးဒုဝန်ကြီးဦသောင်းတင်အကြောင်းသမ္မတ

ကြီးသိစေရန်တစေ့တစောင်းတင်ပြလိုက်ပါသည်။

ဦသောင်းတင်သည်မန္တလေးမြို ့မှတရုတ်ဘဲဥကုန်သည်မိဘများကမွေးဖွားခဲ့ပြီး RIT မှ B.E.(Electronic) ဖြင့်

ကျောင်းပြီးခဲ ့ပါသည်။တရုတ်လူမျိုးမိဘနှစ်ဦး၏သွန်သင်မှုကြောင့်ဘယ်သူသေသေငတေမာပြီးရောဆိုသည့်

စိတ်ဓါတ်ငယ်စဉ်ကပင်ကိန်းအောင်းခဲ့လေသည်။ကျောင်းပြီးသောအခါစီးပွါးရေးမလုပ်သေးဘဲအစိုးရအသိုင်းအဝန်းတွင်ဝင်ဆံ့အေင်ကွန်ပျူတာတက္ကသိုလ်တွင်ခဏတာဆရာလုပ်ခဲ့ပါသည်။ပြီးနောက်ကြည့်မြင်တိုင်တွင်ကိုယ်ပိုင်ကွန်

ပျူတာသင်တန်းစဖွင့်ရင်းဆရာလည်းလုပ် စီးပွါးရေးလည်းစလုပ်ပါတော့သည်။ထို ့နောက်မိမိ၏သင်တန်းသားများ

ကိုအရည်အသွေးမပြည့်မှီသောကွန်ပျူတာများကိုအမြတ်များများတင်၍ရောင်းချခြင်းဖြင့်သူ၏စီးပွါးရေးကိုစပါတော့

သည်။ထိုခေတ်အခါကကွန်ပျူတာဗဟုသုတအလွန်နည်းပါးလေရာထိုသို ့အမြတ်ထုတ်ခံရသည်ကိုမသိရှိဘဲကျေး

ဇူးများပင်တင်နေကြပါသည်။မိမိတို ့မြန်မာများ၏အားနည်းချက်ကိုထိုတရုတ်ဆရာဦးသောင်တင်ကကောင်းကောင်း

ကြီးနားလည်သဘောပေါက်ကာဒေါင်းအသွင်ဆောင်ကာလူတတ်ကြီးလုပ်လာပါတော့သည်။ထိုနောက်စင်္ကပူမှကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းပြီး Refurbished Computer များ၊အဟောင်းကွန်ပျူတာများကို အသစ်အသွင်ဖန်တီးကာမြန်

မာဈေးကွက်သို ့ဖြန် ့ချိပါတော့သည်။ Business Ethnics လုံးဝမရှိသော၊အပြောအဟောကောင်းသောတရုတ်ဆ

ရာမှာဒေါင်းယောင်ဆောင်ထားသောကျီးမှန်းလူအများမသိကြပါ။

ထိုသို ့ဖြင့်ဦးသောင်းတင်၏ KMD ကုမ္ပဏီသည်ဈေးပေါသောပစ္စည်းများဖြင့်နာမည်ကြီးလာပါတော့သည်။ထိုတ

ရုတ်ဆရာဦးသောင်းတင်၏လောဘသည်ဤမျှဖြင့်မတင်းတိမ်နိုင်သေးပါ။ကွန်ပျူတာပစ္စည်းများကိုကွန်တိန်နာဖြင့်

တင်သွင်းရင်းအကြံအစည်အသစ်များပေါ်ထွက်လာပါတော့သည်။ယင်းမှာကွန်ပျူတာပစ္စည်းများထည့်သောကွန်

တိန်နာများအတွင်းတရားမဝင်ပစ္စည်းများခိုးထည့်သယ်ယူခြင်းဖြင့်ငွေကြေးမြိုးမြိုးမြက်မြက်ရနိုင်ကြောင်းလမ်းစ

တွေ ့သွားပါတော့သည်။သို ့ဖြင့် ဦးသောင်းတင်ကလူယုံတပည့် ကိုမျိုးသိန်းဆိုသူကိုသေချာကျနစွာသင်ကြားပေး

ပြီးကွန်တိန်နာဖြင့်တရားမဝင်ပစ္စည်းသွင်းခြင်းကိုတွင်ကျယ်စွာပြုလုပ်လာပါတော့သည်။ထိုကိုမျိုးသိန်းဆိုသူသည်

အကောက်ခွန်ဌာနတစ်ခုလုံးကိုကျွေးမွေးပြုစုရှာဖွေလုပ်ကိုင်ပေးလျှက်ရှိရာ KMD မှကိုမျိုးသိန်း ကွန်တိန်နာဆိုလျှင်

အကောက်ခွန်ဌာနတစ်ခုလုံးအပြင်၊ဆိပ်ကမ်းမှပစ္စည်းထုတ်ရာဌာနမှဝန်ထမ်းများပါမကျန်ပွဲပြီးမီးသေ မည်သည့်

သတင်းမျှမထွက်အောင်ရေငုံနှုတ်ပိတ်နေကြလေသည်။

တရုတ်ဗီဇပါသောဦးသောင်းတင်မှာမိမိကိုယ်ကျိုးအတွက်ဉာဏ်အမြော်အမြင်ရှိကာပါးရည်နပ်ရည်လည်းရှိအပြောအဟောလည်းကောင်းလေရာ UMFCCI အဖွဲ ့ကြီးတွင် ဒု-ဥက္ကဌ ရာထူးကိုပင်ရရှိလာခဲ့ပါသည်။ လူအများအလည် တွင် ဦးသောင်းတင်မှ IT နှင့်ပတ်သက်၍ဆရာတစ်ဆူ၊ပညာရှင်ကြီးသဖွယ်အပြောကြွယ်ကြွယ်ဖြင့်လူအများကိုဖမ်း

စားလှည့်စားနေရာယူလာပါသည်။အမှန်စင်စစ် ဦးသောင်းတင်မှာ ပညာရှင်မဟုတ်ပါ၊ Computer ပစ္စည်းများကို

တရားဝင်/တရားမဝင်ရောင်းချနေသောတရုတ်စီးပွါးရေးသမားတစ်ဦးသာဖြစ်သောကြောင့်ရယ်မောစိတ်ပျက်ဖွယ်

ကြီးပင်ဖြစ်ပါတော့သည်။

ဤသို ့ဤပုံအနှီ Computer ပညာရှင်ကြီးသဖွယ်ရိုက်စားလုပ်နေသောဦးသောင်တင်၏ကံဇာတာမျက်နှာသာပေးမှု

ကြောင့်၊မျက်စိလည်လမ်းမှား၍ထိုတရုတ်ဆရာဦးသောင်းတင်အားအထင်ကြီးစွာဖြင့်ဆက်သွယ်ရေးကဏ္ဍဖွံ ့ဖြိုးဖို ့

ဒုဝန်ကြီးမြောက်စားခြင်းခံခဲ့ရပါသည်။ အမှန်တော့ Computer လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် ဆက်သွယ်ရေးလုပ်ငန်း

မှာများစွာခြားနားပါသည်။

သို ့ပါသော်လည်းထိုတရုတ်ဆရာဦးသောင်းတင်မှာရရှိလာသောအခွင့်အရေးကိုလက်လွတ်မခံဘဲလေ့လာ သင်ယူပြီးလက်ရှိရရှိထားသောဆက်သွယ်ရေးကဏ္ဍ၏လုပ်ပိုင်ခွင့်များဖြင့်မိမိ၏ကိုယ်ကျိုးစီးပွါးအတွက်အခွန်း အလန်းများကိုဖန်တီးနေပါတော့သည်။ထိုသို ့ဖန်တီးရာတွင်လည်း သူ၏ KMD နာမည်ဖြင့်မဟုတ်ဘဲသူ၏ ပြည်ပမှစီးပွါးဖက်နည်းလမ်းဖြင့်လုပ်ဆောင်လာပါတော့သည်။

နိုင်ငံတော်သမ္မတကြီးမှရိုးသားစွာဖြင့်ပညာရှင်လို ့ယူဆပြီးခန် ့ထားတဲ့ဆက်သွယ်ရေးမှဒုဝန်ကြီးဦးသောင်းတင်ဟာ

ဒေါင်းယောင်ဆောင်သောကျီးဖြစ်နေကြောင်းသမ္မတကြီးသိစေဖို ့အကြံပြုရေးသားလိုက်ပါသည်။ထိုသူရဲ ့လုပ်

ဆောင်ချက်များဟာပြည်သူနှင့်တိုင်းပြည်ကောင်းစားရေးအတွက်နည်းနည်း၊သူ ့အတွက်များများဖြစ်နေကြောင်း

သမ္မတကြီးမှဆင်ခြင်သုံးသပ်နိုင်အောင်တင်ပြအပ်ပါတယ်။