ကျိုက်ထီးရိုးနှစ်ကျော့ပြန်နှင့် ဘားအံဘုရားဖူး(၃)

Ko chogyiApril 20, 20134min1715

ကော့ကသောင်ဂူကနေ ပြန်ထွက်တော့ တောင်ကြားလမ်းကနေဖြတ်ပြီး ကျောက်ကလပ်ကိုသွားခဲ့ပါ တယ်။  ကျောက်ကလပ်မရောက်ခင် ကရင်နန်းတော် နဲ့ ရေတံခွန်ကိုတွေ့လို့ ခဏဝင်ခဲ့ပါသေးတယ်။ လမ်းမှာ ဗောဓိတစ်ထောင် အဗ္ဘ န္တရဥယာဉ်တွေ့လို ဓာတ်ပုံဆင်းရိုက်ခဲ့ပါတယ်။ ဝင်တော့မဝင် ဖြစ်လိုက်ဘူး။   ကျောက် ကလပ်ကိုရောက်ပြီး ဘုရားဖူးပြီးပြန်အဆင်းမှာ ရေစပ်မှာ ဖယောင်းတိုင်အမွှေးတိုင်လေး တွေထွန်းပြီး ဆုမွန်ကောင်းတောင်းနေကြတာ၊ ငါးသက်စေ့လွှတ်နေကြ တာတွေကို တွေ့ခဲ့ရပါတယ်။ ( ဆြာအုပ် ရဲ့ပို့စ် https://myanmargazette.net/163565/travel )    ဆောက်လက်စဘုရားကျောင်းဆောင်ကြီးအောက် ထပ်မှာ စတုဒီသာ သတ်သတ်လွတ်ထမင်းကြွေးနေလို့ ဝင်ကြိတ် လိုက်သေးတယ်။ အသီးအနှံနဲ့ဆန်တွေကို စုပေါင်း လှူဒါန်းထားပြီး စေတနာရှင်တွေကလည်း ချက်ကြ၊ အသီး အရွက်လှီးကြ ထမင်းဟင်းတွေခူးခပ် ကျွေးကြ၊ သိမ်းဆည်းဆေးကြောကြနဲ့ ပျော်စရာအလွန်ကောင်းပါတယ်။

DSC01051DSC01052

ကရင်နန်းတော်နဲ့ ရေတံခွန်

DSC01047

ဗောဓိတစ်ထောင်

DSC01056

အဝေးကဇွဲကပင်

DSC01096

ကျောက်ကလပ်အလှ

DSC01081

ဖယောင်းတိုင်ထွန်း ငါးသက်စေ့လွှတ်

DSC01087

DSC01089

DSC01090

  DSC01092

DSC01098 DSC01101

DSC01104

                  ကျောက်ကလပ်ကအပြန် ဘားအံမြို့ရဲ့ သမိုင်းဝင်အထင်ကရဖြစ်တဲ့ ရွှေရင်မျှော်ဘုရားကို ဝင်ဖူးခဲ့ပါတယ်။ ဖားနဲ့ နဂါးတို့ရဲ့ရာဇဝင်ကို ပြန်ပြောပြချင် ပေမယ့် ငယ်ငယ်ကကြားဖူးတာတွေလည်းမေ့ကုန်၊ သမိုင်းစာအုပ်ကလည်း ပြန်ပြီးပြင်ဆင်တည်းဖြတ်နေလို့ စာအုပ်အဟောင်းတွေပါ ပြန်သိမ်းထားလို့မရခဲ့ပါဘူး။ နောင်ကြုံ မှ ရေးပါဦးမယ်။

DSC01106

DSC01107

ရွှေရင်မျှော်ဘုရား

5 comments

  • မောင် ပေ

    April 20, 2013 at 12:05 pm

    ကိုချိုကြီး ဓါတ်ပုံမြင်ရမှ ၊ ကျောက်ကလပ် ဆိုတာ ရေပတ်လည်ဝိုင်းနေတဲ့ အလည်မှ ရှိမှန်းသိရတယ်ဗျို ့။
    သွားဖြစ်အောင် ကြိုးစားရပါဦးမည်

  • P chogyi

    April 20, 2013 at 12:12 pm

    ကိုပေရေ ဘုရားဖူးထွက်တော့ စိတ်ဖိစီးမှုလည်းလျော့တယ်ဗျ။
    ပထမဦးဆုံးအားပေးတာကျေးဇူးပါ။

  • ဗုံ ဗုံ

    April 20, 2013 at 12:54 pm

    ကျိုက်ထီးရိုးမရောက်ဖူးသေးဘူး ပုံတွေမြင်ပြီးမှ သွားချင်စိတ်ပေါက်လာပြီ အူးလေးချိုကြီး ထမင်းကတော်တော်စားကောင်းမယ့်ပုံဘဲနော် ဘယ်နှစ်ပန်းကန်စားခဲ့သလဲ :mrgreen:

    • P chogyi

      April 20, 2013 at 1:07 pm

      ဘားအံမှာ သင်္ကြန်ထမင်းစားခဲ့လို့ ကျောက်ကလပ်မှာ သိပ်မစားနိုင်ဘူး
      တစ်ပန်းကန်ပဲဆွဲခဲ့တယ်။

  • KZ

    April 22, 2013 at 9:21 am

    ဟယ်။
    ရွှေဖရုံသီးနှပ်ဟင်း ထင်တယ်။
    ဒါမှမဟုတ် သပြွန်းဟင်း ဆိုတာများလား။
    စားချင်စရာ။
    :mrgreen: :mrgreen:

Leave a Reply