မြန်မာနိုင်ငံ အလယ်ဗဟိုချက်မသို့ အပိုင်း (၄)

thihayarzarJuly 25, 20101min642

ရှောက်သီး၊ ဩဇာသီး၊ သရက်သီး နှင့် အခြားသီးနှံပင်များရှိသည်။ ဆရာတော်သီတင်းသုံးနေသော ကျောင်းဆောင်အနီးတွင်လည်း ရေကန်ကြီး တစ်ကန်ရှိပါသည်။ ဆရာတော်၏ ဘွဲ့နာမည်မှာ ဦးဩဘာသ ဖြစ်ပါသည်။ ဆရာတော်ကို ဦးချပြီး လှူရန်ကလည်း ပိုက်ဆံပဲပါတော့ ဆရာတော်ကို ဝထ္ထုငွေပဲကပ်လိုက်သည်။ ဆရာတော်က ဒကာတို့ဘာစားခဲ့လဲလို့မေးတော့ အားလုံးလိုလိုပါပဲ ဘာမှမစားရသေးပါဘူးဘုရားလို့ လျှောက်လိုက်တယ်။ ဒါဆိုလည်း ကိုယ်ဖာသာကိုယ်ပဲ ချက်စားကြတော့လို့ ဆရာတော်ကပြောတယ်။ ပါလာတဲ့ကောင်မလေးတွေကို ထမင်းချက်ခိုင်းတယ် ဆရာတော်ဆီက ယမ်ယမ်ခေါက်ဆွဲထုပ်တွေကိုတော့ ဟင်းရည်အဖြစ်သောက်ကြတယ်။ ဟင်းကတော့ ငပိတောင်းပေါ့။ ဗိုက်တွေကလည်းဆာနေတော့ စားလို့လည်းကောင်းလိုက်တာ ဝတောင်မဝဘူးဖြစ်နေတယ်။ တောင်ပေါ်မှာလည်း မိုးလေး ဖွဲဖွဲလေးကျနေတယ်။ ဆောင်းရာသီလိုပဲ အေးနေတာ။ နေလို့ကောင်းလိုက်တာ။ သူငယ်ချင်းတွေနဲ့ခြင်းခက်ကြသေးတယ်။ ခြင်းလုံးက ဝါးခြမ်းပြားတွေနဲ့ ကပ္ပိယကြီး ကလုပ်ထားတာ ခက်လို့တော့ကောင်းတယ်။ သူငယ်ချင်းတွေနဲ့ ကျတဲ့သူကို လက်သီးနဲ့ဝိုင်းပြီးတော့ထိုးကြေး။ တော်တော်အထိုး ခံလိုက်ရတယ်။
ဘုရားကိုတစ်ဘက် ပက်ပြီးတော့ တောင်စွန်းမှာ ထိုင်ပြီး အသံပြဲကြီးတွေနဲ့ အော်ကြတယ်။ အကျီ င်္ တို့ ရေဘူး အခွံတို့ကို တောင်ပေါ်ကနေအောက်ကိုလှမ်းပစ်လိုက်ရင် တောင်အောက်ကို ကျမသွားဘူး အပေါ်ကိုပဲ ဝဲပြီးပြန်တက်လာတယ်။ တော်တော်ပျော်စရာကောင်းတယ်။ တောင်ပေါ်ကိုတက်လာတုန်းကစိတ်ညစ်နေတာတွေတောင် ဘယ်ရောက်သွားမှန်းလဲမသိဘူး ဖြစ်သွားတယ်။ နေခဲ့မယ်ဆိုတဲ့သူတွေ ပြန်မယ်ဆိုတဲ့သူတွေကလဲ ပျော်နေကြတယ်။ တောင်ပေါ်ကလေအေးအေးလေးတွေ လေကောင်းလေသန့်လေးတွေကို တဝကြီးပဲ ရှုရှိုက်ကြတယ်။ ကောင်းလိုက်တာ တန်ဖိုးရှိလိုက်တာ။ ဟိုးအဝေးကြီးကနေတိမ်တိုက်လေးတွေ ဒီဘက်ကိုပြေးလာနေတာကိုလည်း တွေ့ရတယ်။ တိမ်တိုက်လေးတွေနဲ့အတူ မိုးစက်လေးတွေလည်း ပါလာတယ်။ တစ်ခါမှမမြင်ဘူးတဲ့ရှုခင်းတွေပေါ့။
တောင်ပေါ်ကိုတက်လာရတဲ့ ခရီးအကွာအဝေးနဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ တောင်ပေါ်ကလေအေးအေးလေးတွေကို ရှုရှိုက်လိုက်ရတာနဲ့တင် တန်နေပါပြီ။ အနော်ရထာမင်းတရားကြီးတည်ထားကိုးကွယ်ခဲ့သော စွယ်တော်မြတ် စေတီကြီးကိုလည်း ဖူးမြော်ခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ပထမတစ်ခေါက်သွားတုန်းက စေတီတော်ကြီးကို ထီးတော် အသစ်တင်ဖို့ရန်အတွက် ငြမ်းတွေဆင်ထားကြပါတယ်။ ဒုတိယတစ်ခေါက်သွားတော့ ထီးတော် အသစ်ကြီးကို တင်ပြီးသွားပါပြီ။ အလွန်ကိုကြည်ညိုစရာကောင်းလှပါတယ်။ အခုဆိုလျှင်တောင်ပေါ်ကိုတက်တဲ့ကားလမ်းများကိုလည်း ဆရာတော်မှဦးဆောင်ပြီး ဖောက်လုပ်နေပါပြီ။ နောင်ဆိုရင် ဖူးမြော်ရန်ခက်ခဲလှသည့် စွယ်တော်မြတ်စေတီတော်ကြီးကို အလွယ်တကူပင် ဖူးမြော်ကြရတော့မည်ဖြစ်ပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ။

2 comments

  • Yin Nyine Nway

    July 27, 2010 at 9:21 am

    ဘာမှလဲမမြင်ရဘူး မျက်နှာက

  • thihayarzar

    July 30, 2010 at 2:08 pm

    ကျွန်တော်ရောက်တယ်ဆိုတဲ့အကြောင်းကိုသိစေချင်တာပါ …..

Leave a Reply