အိမ်

Mr. MarGaApril 21, 20131min44658

“အိမ်” ဆိုတဲ့ စကားလုံးလေးဟာ တစ်လုံးတည်းနဲ့ များပြားလှတဲ့ အဓိပ္ပာယ်ကို ဆောင်နေသလိုပဲ။
အိမ်တွေကို အမျိုးအစားခွဲမယ်ဆိုရင် သစ်တစ်ပင် ဝါးတစ်ပင်အောက်ကစလို့ တိုက်ကြီးတာကြီးအလယ် စံအိမ် ရဲတိုက်တွေ အဆုံး အကုန်လုံးကို အိမ် ဆိုတဲ့ အမျိုးအစားထဲမှာ ထည့်နိုင်တယ်။
လူတစ်ယောက် ပိုင်ဆိုင်တဲ့ အိမ်ကိုကြည့်လို့ ဒီလူရဲ့ ပိုင်ဆိုင်မှု အဆင့်အတန်းကို ခန့်မှန်းကြသလို တစ်ချို့ကျပြန်တော့ သူ့ရဲ့အဆင့်အတန်းပေါ်မူတည်လို့ နေထိုင်ဖို့ အိမ်ကို ရွေးချယ်တတ်ကြတယ်။
ဘယ်လိုပဲ ရွေးချယ်ကြပါစေ လူအများစုကတော့ နေထိုင်တဲ့အိမ်ကို ကြည့်လို့ အဆင့်အတန်းကို ဆန်းစစ်ကြတာပဲမဟုတ်လား။
ဒီတော့ အိမ်ကို ဂုဏ်တွေ ပကာသနတွေနဲ့ ထုံမွှမ်းထားကြသူတွေကလဲ အများစုပါ။
အိမ်တစ်အိမ်အတွက် သူ့ရဲ့ ပတ်ဝန်းကျင်ဟာလဲ အရေးပါတဲ့ အရာတစ်ခုပါပဲ။
စိတ်ကူးယဉ်ကမာ္ဘထဲက တောအုပ်လေးတွေ ပတ်လည်ဝိုင်းလို့ စိမ်းစိုသာယာတဲ့ ပတ်ဝန်းကျင်ရှိတဲ့ အိမ်ကလေးတစ်လုံးနဲ့ တိုက်တာတွေအလယ်က ကားတဝီဝီ ဖြတ်သန်းနေတဲ့ လမ်းမကြီးရဲ့ ဘေးကအိမ်ကလေးရဲ့ သာယာမှုတော့ မတူနိုင်ဘူးပေါ့။
ဒီ ပတ်ဝန်းကျင်သာယာမှုအပေါ်မှာ မူတည်လို့လဲ အိမ်ရဲ့ အဆင့်အတန်းကို တိုင်းတာတတ်ကြပါသေးတယ်။
နောက်ထပ် တိုင်းတာတဲ့ အဆင့်အတန်း တစ်ခုကတော့ သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လမ်းပမ်းဆက်သွယ်ရေးတွေ ဝန်ဆောင်မှုတွေကို ဆန်းစစ်တိုင်းတာခြင်းပါ။
အိမ်တစ်အိမ်ဟာ သွားရေးလာရေး လွယ်ကူရင်ဘဲဖြစ်ဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ပြည့်စုံရင်ဘဲဖြစ်ဖြစ် တန်ဖိုး မြင့်တက်လာနိုင်ပါတယ်။
ဒါကတော့ လူသားတွေ နေထိုင်ဖို့၊ သဘာဝဘေးဒဏ် ကာကွယ်ဖို့၊ လုံခြုံစေဖို့ သတ်မှတ်ကြတဲ့ အိမ်တစ်အိမ်ရဲ့ အဆင့်အတန်းတွေပေါ့လေ။
အများစုက အဲဒီ အဆင့်အတန်းတွေကို ကြည့်လို့ ဒီအိမ်ဟာ နေချင်စဖွယ် ကောင်း၊မကောင်းကို သတ်မှတ်ကြပါတယ်။
အိမ်ရဲ့ အဆင့်အတန်းကို ဒီလို တိုင်းတာကြသူတွေရှိသလို နွေးထွေးကြင်နာမှု၊ မေတ္တာတရား စတာတွေနဲ့ သတ်မှတ်ကြသူတွေကလဲ မနည်းပါဘူး
အပေါ်က ကျွန်တော် စ ပြောခဲ့တဲ့ အရာတွေကတော့ ရွေးချယ်နိုင်တဲ့ အိမ်တစ်အိမ်ရဲ့ အဆင့်အတန်း သတ်မှတ်ချက်တွေလို့ပဲ ပြောရမှာပေါ့။
နောက်ဆုံး ပြောခဲ့တဲ့ အရာကတော့ ရွေးချယ်လို့ မရတဲ့ တစ်နည်းအားဖြင့်ပြောရရင် ငွေကြေးနဲ့ ဝယ်ယူလို့ မရတဲ့ အိမ်ရဲ့ အဆင့်အတန်းလို့ ပြောချင်ပါတယ်။
ကျွန်တော်ကတော့ အိမ်တစ်အိမ်ရဲ့ အဆင့်အတန်းကို အဲဒီက ပြန်ပေးနိုင်တဲ့ နွေးထွေးကြင်နာမှု၊ ယုံကြည်စိတ်ချရမှု၊ လုံခြုံမှု၊ နားလည်ဂရုစိုက်မှုတွေနဲ့သာ တိုင်းတာချင်ပါတယ်။
အိမ်နဲ့တူသော အိမ်ဖြစ်ဖို့ ဒီအချက်တွေနဲ့သာ တိုင်းတာသင့်တယ်လို့ ထင်မိပါတယ်။
တစ်ခုတော့ ရှိတာပေါ့ အဲဒီ နားလည်ဂရုစိုက်မှု၊ နွေးထွေးကြင်နာမှုတွေဟာ အိမ်တစ်အိမ်ကို ဝယ်ယူလိုက်တာနဲ့ ပါဝင်လာမယ့် အရာတွေ မဟုတ်ဘူးလေ။
အဲဒီ အချက်တွေက အိမ်သားတွေရဲ့ စိတ်နေစိတ်ထား၊ တစ်ဦးနဲ့တစ်ဦးအပေါ် ကူညီစောင့်ရှောက် ဖေးမမှုတွေကြောင့်သာ ထွက်ပေါ်လာတဲ့ အရာတွေကိုး။
ဒါပေမင့် တစ်ထစ်ချ ပြောရဲတဲ့ အကြောင်းအရာကတော့ အဲဒီ အချက်တွေသာ ပြည့်စုံမယ်ဆိုရင် အိမ်တစ်အိမ်ဟာ နေချင်စဖွယ်ကောင်းပြီ၊ အိမ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ပြီ ဆိုတာပါပဲ။
အိမ်တစ်အိမ်ဟာ ဘယ်လောက်ပဲ တန်ဖိုးကြီးမြင့်နေပါစေ အိမ်သားတတွေက လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းလို့ အငြိုးအတေး၊ အာဃာတတွေ ထားနေကြမယ် ဆိုရင်တော့ အဲဒီအိမ်ကို နေချင်စဖွယ်လို့ မသတ်မှတ်ချင်ပါဘူး။ သတ်လဲ မသတ်မှတ်နိုင်ပါဘူး။ အဲဒီလိုအိမ်မျိုးကို အိမ်မဟုတ်သော အိမ်လို့သာ ပြောချင်တော့တယ်။
တကယ်တော့ အဲဒီအိမ်မှာ နေထိုင်တဲ့ အိမ်သူအိမ်သားတွေကသာ အိမ်တစ်အိမ်ရဲ့ အဆင့်အတန်း ကို သတ်မှတ်ကြသူတွေပဲလေ။
အိမ်သူအိမ်သားတွေ အပေါ်မှာ မူတည်လို့ အိမ်တစ်အိမ်ဟာ သာယာပြီးတော့ နေချင်စဖွယ် ဖြစ်နိုင်သလို သူတို့ကြောင့်လဲ အိမ်နဲ့ ဝေးရာကို ထွက်ခွာရတာတွေ ဖြစ်လာနိုင်တယ်လေ။
ဒါကြောင့်မို့ အိမ်တစ်အိမ်ရဲ့ အဓိပ္ပာယ်၊ အဆင့်အတန်း ဆိုတာတွေဟာ နေထိုင်တဲ့ အိမ်သူအိမ်သားတွေ အပေါ်မှာသာ မူတည်တယ်လို့ ပြောချင်မိတယ်။
အိမ်သူအိမ်သားတွေ တစ်ဦးနဲ့တစ်ဦး မေတ္တာ၊ အကြင်နာတွေနဲ့ ဖေးဖေးမမ ကူကူညီညီ ရှိမယ်ဆိုရင် ဘယ်လိုအိမ်မျိုး ဖြစ်နေပါစေ သူတို့အတွက်တော့ သာယာနွေးထွေးမှု၊ ယုံကြည်စိတ်ချမှု၊ လုံခြုံမှုတွေကို ရရှိနေမှာ သေချာပါတယ်။
ပြောရင်းပြောရင်း အိမ်ကနေ မိသားစုဆိုတဲ့ ဘက်ကို နည်းနည်း ရောက်သွားတယ်ထင်တယ်။
အင်းပေါ့လေ အိမ်တစ်အိမ်မှာ အတူတူ နေထိုင်သူတွေကို မိသားစုလို့ အကြမ်းဖျင်း သတ်မှတ်နိုင်သကိုးဗျ။
ကျွန်တော့် အယူအဆ ကတော့ မိသားစုတစ်စု ဖြစ်နေဖို့အတွက် ဆွေမျိုးတော်တယ်၊ မတော်ဘူးဆိုတာက အရေးကြီးတဲ့ နေရာမှာ မပါဘူးလို့ပဲ ပြောချင်မိတယ်။
မိသားစုတစ်စု စတင်ဖြစ်ပေါ်လာဖို့အတွက် သူစိမ်းနှစ်ဦးကပဲ စတင်ခဲ့ရတာမဟုတ်လား။
သာယာလှပတဲ့ မိသားစုဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ ယုံကြည်မှု တွေနဲ့ တည်ဆောက်ထားတာပါ။
သူတို့သည် ဆွေမျိုးတော်ချင်တော်မယ်၊ မတော်ချင်မတော်ဘူး ဒီအချက်ကတော့ အဲဒီအချိန်မှာ အရေးမပါတော့ဘူးပေါ့။
ဒါကြောင့် ကျွန်တော်သတ်မှတ်ချင်တဲ့ မိသားစုဟာ သွေးသားတော်စပ်မှု ရှိချင်မှ ရှိလိမ့်မယ်။ သူတို့မှာ တစ်ဦးနဲ့တစ်ဦး နားလည်ယုံကြည်မှုရှိတယ်ဆိုရင် အတူတကွ နေထိုင်နိုင်ပြီ။ အဲဒီ မိသားစု နေထိုင်တဲ့ နေရာကိုလဲ အိမ်အဖြစ် သတ်မှတ်နိုင်ပြီ ဆိုတာပါပဲ။
ဒါ့အပြင် အဲဒီအိမ်ဟာလဲ နေချင်စဖွယ် သာယာမှု ရှိမယ်ဆိုတာကို သေချာပေါက် ပြောနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့တွေ အိမ်နဲ့တူတဲ့ အိမ်ကလေးတွေမှာ နေထိုင်ကြပါစို့လားဗျာ။

Home Sweet Home !

 

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

58 comments

  • nicolus agral

    April 21, 2013 at 7:22 pm

    home different from building
    without loves, there is nothing
    father is something
    mother is everything
    i am budding
    he he he he

    • Mr. MarGa

      April 21, 2013 at 7:30 pm

      ကောင်းလိုက်တဲ့ အတွေးအခေါ်
      ဘာပဲဖြစ်ဖြစ် ပထမဆုံး မန့်လိုက်လို့ ကျေးကျေးပါ လို့ :hee:

  • KZ

    April 21, 2013 at 7:32 pm

    1) Having somewhere to go is “HOME”
    Having someone to love is “FAMILY”
    Having both is a “BLESSING”

    2) A HOUSE is made of “Bricks and Beams”
    A HOME is made of “Hopes and Dreams”

    :mrgreen: :mrgreen: :mrgreen:

    • Mr. MarGa

      April 21, 2013 at 7:36 pm


      ကနေ့ အီးလိုတွေချည်းပါလား
      ဗျို့ ဂျီးဒေါ်ဆွိ
      ဒါက ခီညား အုန်းကျူး လားဗျ :kwi:

      • KZ

        April 21, 2013 at 7:39 pm

        No, it is not.. I heard/read it before.. I do not remember the source. Maybe we can google it.. .. Sorry, I can not type MM font .. :mrgreen:

        • Mr. MarGa

          April 21, 2013 at 7:41 pm

          သိဒယ်သိဒယ်
          ဂျီးဒေါ်ဆွိ အဲလောက် မှတ်ဉာဏ်ကောင်းမှန်း :mrgreen:
          မြန်မာဖောင့်နဲ့ မရိုက်နိုင်တာတောင်မှ လာပြီး မန့်တာ တကယ် လေးစားပါတယ်ဗျာ :hee:

  • အလင်းဆက်

    April 21, 2013 at 8:43 pm

    အိမ်..ဆိ်ုလို ့..
    ဒို ့…မမရွှေကြည်..တစ်ယောက်တော့.
    ံHome Sick ဖြစ်နေလေရဲ ့ ။
    အားပေး စကားလေးတွေ.. (မပြောတတ်ေပြောတတ်နဲ ့ ) ပြောနေရတယ် ။
    🙂

    • Mr. MarGa

      April 21, 2013 at 8:57 pm

      ဒါသာမြင်ရင် ပိုလွမ်းသွားမယ်ထင့်
      အလက်ဆင်းရေ
      ဦးမာဃလဲ အဲသလို ပြောနေရပါသကွယ် :hee:

  • မောင် ပေ

    April 21, 2013 at 8:44 pm

    အိတ်ချ်အိုအမ်အီး
    စိတ်တိုကန်တီး
    လိပ်အိုသံညီး
    မြိတ်ပျိုမှန်ဖြီး

    • Mr. MarGa

      April 21, 2013 at 9:06 pm

      မြိတ်ပျိုမှန်ဖြီး
      ဆိတ်ညို ကန်တီး
      သိပ်ကို မာန်ကြီး
      အဲ………အဲ
      သိတော့ဘူးဗျာ :mrgreen:

  • နေဝန်းနီ

    April 21, 2013 at 9:47 pm

    အိမ်ဆိုတာက အမိုးရယ် အကာရယ် အခင်းရယ် ကြားထဲက အရာတဲ့……။ အံဇာဒုံးရဲ့ ဆြာကြီးပြောသွားတာ …..။ ခုတော့သူလည်းဒိုး………ရှာလေပြီ

    • Mr. MarGa

      April 22, 2013 at 12:00 pm

      ဗျို့ အဘနီ
      အဲဒီဆြာကြီးက ဘယ်သူလဲဗျ
      အံဇာဒုံးရဲ့ ဆြာကြီး ဆိုတော့ နည်းနည်း စိတ်ဝင်စားမိတယ်

  • mobile

    April 21, 2013 at 10:03 pm

    ကောင်းတယ်ဗျာ…
    အိမ်အကြောင်း ဖွဲ့နွဲ့တင်ပြထားတာလေးတွေ………….
    ကျုပ်တို့ မိသားစုအိမ်တွင်ရေးဟာလည်း အဖုအထစ်လေးတွေတော်တော်များများနဲ့
    တည်ဆောက်ထားသမို့ ဒီပို့စ်လေးကို ကူးယူထားလိုက်သဗျာ…………………..

    • Mr. MarGa

      April 22, 2013 at 12:15 pm

      ကူးပါဗျာ ကူးပါ
      ရေးသူအမည်ထည့်လို့ ဘယ်နေရာမှာမဆို သုံးနိုင်ပါကြောင်း………ရယ် :hee:

  • TNA

    April 21, 2013 at 11:08 pm

    ဟုတ်ပါတယ် တဂျားမင်းရေ။ home နဲ့ house ကြားမှာ အများကြီးခြားနားပါတယ်။ သူစိမ်းတွေနဲ့ ကြားမှာတော့ အမိုးအကာရှိပေမဲ့သူက house ဖြစ်နေပြီး သွေးတော်တော် မတော်တော် နွေးထွေးမှု့တွေနဲ့ မိသားစုလို အေးချမ်းနေတဲ့နေရာကတော့ home ပဲပေါ့နော။ ကျွန်မကတော့ ကျွန်မအိမ်လေးကို home ဖြစ်အောင်အမြဲကြိုးစားနေတာမို့ ဒီပိုစ့်ကလေးကို အပြည့်အဝလက်မထောင်သွားပါအိ။

    • Mr. MarGa

      April 22, 2013 at 12:17 pm

      ဆက်လက်လို့ ကြိုးစားကာရယ်
      နွေးထွေးတဲ့ အိမ်ကလေးဖြစ်အောင် လုပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသဗျ :hee:

  • min htet

    April 21, 2013 at 11:47 pm

    လောဘ၊ ဒေါသ၊ မောဟ၊ အငြိုးအတေး၊ အာဃာတတွေကင်းမဲ့တဲ့ နွေးထွေးတဲ့နေချင့်စဖွယ် အိမ်လေးတစ်လုံး ဖြစ်စေချင်တယ်ဗျာ…..

    • Mr. MarGa

      April 22, 2013 at 12:20 pm

      ဖြစ်ချင်ပါက အခုစ၍ ပြုမူလုပ်ဆောင်နိုင်ပါကြောင်း
      စိတ်သာ အဓိက ဖြစ်သည်ဟု ပြောချင်ပါကြောင်း :hee:

  • ဦးကြောင်ကြီး

    April 22, 2013 at 5:14 am

    ဟုမ်းဆွိဟုမ်း
    ပြုံးကြည့်တုံး
    ဖုန်းမြည့်အုံး
    ဗုံးထိဝုန်း…။

    • Mr. MarGa

      April 22, 2013 at 12:27 pm

      တိန်
      သူ့ဟာသူ နေတဲ့ အိမ်ကလေးကို ဘယ်က ဗုံးနဲ့ လာပစ်ရသတုန်း
      မရဘူး
      ဦးကြောင်ကို တစ်ရာဆွဲမယ်
      ဒါဗျဲ :hee:

  • kyeemite

    April 22, 2013 at 10:35 am

    လက်မလေးတွေပြန်ထောင်လို့ရသွားပီဆိုတော့
    လက်မတစ်ချောင်းထောင်သွားပါဂျောင်း…ကိုရင်သကြားရေ.. :hee:

    • Mr. MarGa

      April 22, 2013 at 12:28 pm

      ဟုတ်ကဲ့
      အဲဒီလို သေချာဖတ်လို့ လက်မလေး ထောင်ပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ :hee:

  • ဗုံ ဗုံ

    April 22, 2013 at 12:08 pm

    ဟဲ့ ငါကတော့အိ်မ်မှာနေဘူး အိုက်ဒါဘာဖြစ်တုန်းးးး :mrgreen: (အိမ်ကို ရွေးခြယ်တတ်ကြတယ်။
    ဘယ်လိုပဲ ရွေးခြယ်ကြပါစေ ) တွေ့လား အိုက်ဒီစာကြောင်းတွေမှာ စာလုံးပေါင်းမှားနေတယ် သေချာမရေးဘူး ငါရိုက်ထည့်လိုက်ရနာတော့မယ် ငါ့တပည့်မဟုတ်တာကျနေဒါဘဲ ဖျင်းလိုက်တဲ့သဂျား နုံလိုက်တဲ့သဂျား ( (ဟွင်း ဟွင်း အရသာရှိထှာ နောက်တစ်ခါ မှားရဲရင် မှားပေါ့ ) :harr:

    • Mr. MarGa

      April 22, 2013 at 12:31 pm

      အာ…………
      ဒီ ဗုံတစ်လုံးကတော့ လုပ်ပြီ
      သေချာပြန်ဖတ်ဦး ဘယ်နားမှာ မှားတာလဲဆိုတာ :kwi:
      ဒါကြောင့်ပြောပါတယ်
      မျက်မှန်လေးဘာလေး လုပ်ပါဦးလို့ :mrgreen:
      အိမ်မှာမနေရင်လဲ နေတဲ့နေရာမှာ အိမ်နဲ့တူအောင် လုပ်ဆောင်ရုံပေါ့ဗျာ
      ဟုတ်ဖူးလား :hee:

  • ဖော့(စ)ထရော့ချာလီ

    April 22, 2013 at 2:14 pm

    မှောင်ရင်ကွယ်… မိုးချုပ်ခဲ့ရင်ကွယ်…
    ဘဝရဲ့အမောတွေနားချင်တယ်…
    အိမ်ပြန်မယ်… ကိုယ့်အတွက်ရှိရဲ့လား… အို… အိမ်လေးတစ်ခုပါကွယ်…

    ဒီသီချင်းလေးက သိပ်ပြီးတော့လူသိမများပေမယ့် ကိုညီထွဋ်ရဲ့ အိမ်ဆိုတဲ့သီချင်းပါ…
    လူတိုင်း အိမ်လေးတစ်ခုလိုပါတယ်…
    ရှိသင့်ပါတယ်…
    အပြင်ကပြန်လာလို့ မှောင်ထဲမှာ ဖုန်းကိုထုတ်… ဓာတ်မီးလေးဖွင့်လို့
    အိမ်မီးခလုပ်ဖွင့်ရတဲ့အိမ်လေးတွေပိုင်တဲ့သူတွေလဲရှိမယ်…
    အဲဒီလိုပဲ… အိမ်ပြန်လာမယ့်သူကို မီးဖွင့်ပြီးထိုင်စောင့်ပေးမယ့်သူရှိတဲ့သူတွေလဲ
    ရှိကြမယ်…
    ဘယ်လိုပဲဖြစ်ဖြစ်… အိမ်ဟာ… ဘဝအတွက် နားခိုဖို့နားနေရာတစ်ခုပါ…
    အိမ်ဆိုတာ လူတိုင်းအတွက်လိုအပ်တဲ့အရာတစ်ခုပါဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • Mr. MarGa

      April 22, 2013 at 3:21 pm

      ကဖက်ကပ်
      ဒီလိုမျိုးအတွေးအမြင်လေးနဲ့ ဝင်ရောက်ဆွေးနွေးပေးလို့ ကျေးဇူးပါဗျာ။
      ကဖက်ကပ် ပြောသလိုပဲ ပြန်ပြောလိုက်တော့မယ်

      ဘယ်လိုပဲဖြစ်ဖြစ်… အိမ်ဟာ… ဘဝအတွက် နားခိုဖို့နားနေရာတစ်ခုပါ…
      အိမ်ဆိုတာ လူတိုင်းအတွက်လိုအပ်တဲ့အရာတစ်ခုပါဗျာ

      တကယ် ကြိုက်မိလို့ပါ။

  • ခင်ခ

    April 22, 2013 at 3:05 pm

    အိမ်ယာ တည်ဆောက်
    နေစရာ အမည်ပေါက်
    နားလှည့် ခိုလှည့်
    ဆိုခွင့် ရမယ်
    ဒါကြောင့်….
    အိမ် လိုပါတဲ့။
    ( လူသားတိုင်း ကိုယ့်အိမ် ကိုယ်ယာ နဲ့ ပိုင်ဆိုင်နေနိုင်ကြပါစေ၊
    မရှိသေးသူများ တန်ခိုးပြည့်စုံတဲ့ ဦမာဃ ဆိုသော သိကြားမင်းကြီးစီမှာ တောင်းစေဗျ…..)

    • Mr. MarGa

      April 22, 2013 at 3:28 pm

      သိကြားမင်းကြီးမှာ အလွန့်အလွန်ပင် ပေးချင်လှပါသည်။
      ပေးလဲ ပေးပါမည်
      သို့သော်………..
      ဘာစီမံကိန်း၊ ညာစီမံကိန်း ပေါ်လာ၍သော်လည်းကောင်း
      စည်ပင်သာယာမှ ဂရန်ချမပေးလျှင်သော်လည်းကောင်း
      ကျူးကျော် ဖြစ်သည်ဟု ဆိုလာလျှင်သော်လည်းကောင်း
      ဦးမာဃနှင့် မဆိုင် ………………. :kwi:

  • S@i S@i Fin K@i

    April 22, 2013 at 3:24 pm

    တကယ်တော့ အမေ့အိမ် ဆိုတာ အဖေ့ခြံထဲမှာ ဆောက်ထားတာပါဗျာ..

    တော်သေးဘီ
    ခင်တဲ့

    :harr:

    • Mr. MarGa

      April 22, 2013 at 3:30 pm

      အမေ့ခြံထဲမှာဆောက်ထားတဲ့ အဖေ့အိမ်ကိုကျ ဘယ်လိုပြောမလဲ ဂီဂီ :hee:

  • လူကလေး

    April 22, 2013 at 3:54 pm

    အိမ်ပြန်ချင်တယ် .. ဟူး .. ဟူး.. အနွေးထွေးဆုံးအမေ့အိမ်.. ဆိုပေမယ့်လည်း . . အဖေ၊ အမေ.. အစ်ကို အစ်မ.. မောင် အားလုံး ရှိတဲ့အချိန် ကဖြင့် လူကလေး အတွက် အနွေးထွေးဆုံး အိမ်တစ်လုံး… ပါရို့..

    • Mr. MarGa

      April 22, 2013 at 4:03 pm

      ဒါဆို လူကလေးက အခုလက်ရှိ နေထိုင်နေတဲ့ နေရာကိုတော့ နွေးထွေးတဲ့အိမ်လို့ မပြောချင်ဘူးပေါ့လေ :kwi:

      • လူကလေး

        April 22, 2013 at 6:15 pm

        အင်း .. ဆိုပါဒေါ့ကွယ်..
        သူတို့ ကတော့ဖြင့် အိမ်ထောင်တွေကျလို့ ..သူတို့ မိန်းမလေးတွေ .. ယောကျာ်းလေးတွေကို ကြင်နာလို့ .. ငါ့ကိုတော့ မေ့လို့.. ဟွင်း… လေဒယ်

        • Mr. MarGa

          April 22, 2013 at 6:21 pm

          အဲဒါပဲလေ
          ကွယ်ရင် လွမ်း တွေ့တော့ အသေသတ် ဆိုတာ…………..
          ဒီလိုပါပဲကွယ်
          ဒါပေမင့် အရေးကြီးရင် သွေးနီးကြပါတယ်
          မယုံမရှိနဲ့ စာတွေ့ :kwi:


  • မိသားစုတစ်စု စတင်ဖြစ်ပေါ်လာဖို့အတွက်
    သူစိမ်းနှစ်ဦးကပဲ စတင်ခဲ့ရတာမဟုတ်လား။

    ….. ဟမ်းးးး ……
    အများစု မှန်တယ် …
    ဒါပေမယ့် အနည်းစုအတွက် မှားတယ် …
    ရာဇဝင် .. အဲ .. မဟုတ်သေးဘူး .. ဘုရားဟော ဇာတ်ဝတ္ထု ပဲ ဆိုပါတော့ …
    ဒါနဲ့ ယှဉ်ကြည့်လိုက်တဲ့ အခါ …
    မိသားစုတစ်စု စတင် ဖြစ်ပေါ်လာဖို့အတွက်
    သူစိမ်း နှစ်ဦး ကပဲ စတင်တာ မဟုတ်ဘူး ဆိုတာ သိရတယ် ..
    သာကီမျိုး ဆိုတာကို ကြည့်ပေါ့ ….။

    အိမ် နဲ့ ပတ်သက်လို့ကတော့ …
    တို့များ ဇာတိရပ်မြေ အမေ့ရဲ့ အိမ်ကိုသာ သိသကွယ် …
    အိမ်တကာ့ အိမ်ထဲ ဘယ်အိမ်ကြီး ဘယ်အိမ်သေး ကိုမှ
    အမေ့အိမ်လောက် နေလို့ မကောင်းလှဘူး ….
    ပြောရင်း ဆိုရင်း .. အမေ့အိမ်ကို လွမ်းတွားဘီ …
    အမေ့နဲ့ ရွာကို သားမောင် လွမ်းတယ် အမေရယ် ..
    အော် ငိုပလိုက်ဂျင်ဒယ် … ဗျဲ … :mrgreen:

    • Mr. MarGa

      April 23, 2013 at 5:49 pm

      အေး…………
      အဲဒီ သာကီမျိုးဖြစ်ဖို့ ဘယ်သူတွေက စသလဲ
      ကိ်ုယ့်ဟာကိုယ် တွေး
      အမေ့အိမ်က နေလို့အကောင်းဆုံးဆိုရင်
      အမေ့အိမ်ကို နင်အခု နေတဲ့ဆီ ရွှေ့လိုက်
      ဒါပဲ :kwi:

      • ဟဲ့ .. သာကီမျိုးဖြစ်ဖို့ စဒါ လာမမေးနဲ့ …
        ဘဲဥ အစ ရှာလို့ ရမားးး
        ဒါနဲ့ နင်သိအောင် ထပ်ပေါလိုက်ရအုံးမယ် ..
        ပဒိသန်ဒေ နေဒါ အညိုးညိုး ချိဒယ် …
        သစ်ပင် ဂတောင် မွေးဒေးဒါ …
        အထီးအမတောင် လိုဝူး ..
        ထားဘာဒေါ့ ..
        နင့်ကို ကစ်ထည့်လိုက်ရင် စိတ်ဓါတ်တွေ အတုန်းအရုန်း ကျတွားမှာစိုးညို့ မကစ်ဒေါ့ဘာဘူးလေ .. ငွင်း ငွင်းးး :mrgreen:

        • Mr. MarGa

          April 23, 2013 at 6:39 pm

          ပဒိသန်ဒေ နေတာ အညိုးညိုး ချိဒယ်ဆိုရင်……
          သေချာသွားပြီလေ ထွက်လာတဲ့ဟာဒွေက မောင်နှမ မဟုတ်တော့ဘူးဆိုတာ
          ဒါကို ဘာ ကစ်ချင်သေးတာတုန်း :om:

        • ဘာမှ ကစ်ဂျင်ဒေါ့ဘာဝူး သဂျားရယ် …
          နင့် နဖူးဂျီးကိုသာ
          နာ့ ဒူးဂေါင်းနဲ့ ပြေးကစ်လိုက်ဂျင်ဒေါ့ဒယ် .. ဟီဟိ .. :mrgreen:

        • Mr. MarGa

          April 23, 2013 at 6:53 pm

          မှားမယ်မောင်မင်း…………………
          နင့် ဒူးခေါင်း ပြုတ်သွားမနော်…….
          မတူရင် မတုနဲ့…..ကွယ့် :hee:

        • နာဂ နင့်လို ဒူးမချောင်ဘူး …
          နာ့ဒူးက ကောင်းဒယ် .. ဗျဲ …
          မတူရင် မတုနဲ့ ဆိုဒါ နာဂ ပေါရမှာ ..
          နာဂ ဗြဟ္မာ .. နင်ဂ သဂျား ..
          နာ့ထက် အဆင့်နိမ့်ဒယ် .. ဗျဲ …

        • Mr. MarGa

          April 23, 2013 at 7:02 pm

          နင်တို့ ဗြဟ္မာတွေက အလကား
          နင်တို့ဟာနဲ့ နင်တို့တောင်မှ စိတ်နဲ့ရုပ် ကွဲနေတဲ့ဟာတွေ
          ဒါများ လာပြောချင်နေသေး :mrgreen:

        • အိမ်းးးး
          ဗြဟ္မာဆိုဒါ မေတ္တာ ဂလုနာ ထားရဒယ် ..
          ဒီဒေါ့ဂါ …
          ပေါဂျင်ဒါ ပေါဘာစေဒေါ့လေ …
          ဒီသဂျားလေး မကျန်းမာဘာစေ၊ မချမ်းဒါဘာစေ …
          ကိုယ်ဆင်းရဲ မကင်းဘာစေ၊ စိတ်ဆင်းရဲ မကင်းဘာစေ …
          အည .. အည .. အည ..
          သာဒု .. သာဒု .. သာဒု ….

        • Mr. MarGa

          April 23, 2013 at 7:10 pm

          အေးကွယ်
          မင်း ပို့သတဲ့ မေတ္တာကြောင့်
          ကျန်းမာ ချမ်းသာ လန်းဖြာသကွယ်
          (လန်းဖြာတာ ဘာလဲတော့ လာမမေးနဲ့ )
          ဗြဟ္မာလေးက ဒီလိုကျတော့လဲ သိကြားကို ရိုသေသားပဲ :mrgreen:

        • ခွီခွိ …
          သဂျား အရူး …
          အရူး သဂျား …
          ((
          အာ … ဘလိုင်းဂျီး ဆော်မိတွားဘီ …
          ဘွာတေး ….. နော် …. :mrgreen:
          ))

        • Mr. MarGa

          April 23, 2013 at 7:20 pm

          ဒါပဲ
          နောက်ဆုံးတော့ ဇာတိ ပေါ်တာပဲ
          နင်ဟာလေ………..
          ဘာပဲဖြစ်ဖြစ် နာ့ပို့စ် ကွန်းမန့် ငါးဆယ်ပြည့်ပြီ
          နာလဲ နင့်ဆီကနေ တစ်ခု နှစ်ကျပ်နဲ့ တော်တော်ရသွားပြီ
          တန်ဒယ် :kwi:

        • အေးးးးး
          နင်လဲ တန်တွားဘီ …
          နာလည်း နင်နဲ့ ရင်ဖြစ်ရဒါ မောတွားဘီ …
          ဟောဟဲ .. ဟောဟဲ … ဘူ …
          (( အန် .. အီး ထွက်တွားဒယ် )) :mrgreen:

        • Mr. MarGa

          April 23, 2013 at 7:31 pm

          ဪ………
          မောသွားပကိုး
          ဒါပြီးရင် နောက်နေ့ သူကလေးနဲ့သာ ရှင်းကြစို့
          သိလား :hee:

        • ဟီးးးးး ဟုတ်ဒယ် …
          နာလည်း သူဂလေး ပို့စ်မှာ ထပ်ပီး ပေါရဲဒေါ့ဝူးး
          ဟိုက ကြိုက်မှန်း မသိ၊ မကြိုက်မှန်း မသိနဲ့
          တော်ကြာနေ စိတ်ဆိုးသွားမှာလည်း စိုးရသေးတယ် ..
          စိတ်ဆိုးတော့လည်း တောင်းပန်လိုက်ကြတာပေါ့ကွာ …. နော့ …

        • Mr. MarGa

          April 23, 2013 at 7:43 pm

          အေးပေါ့လေ
          နင်က စတာပဲကို :kwi:

  • MaMa

    April 23, 2013 at 4:08 pm

    အိမ် ဆိုတာနဲ့ သက်မဲ့အရာဝတ္ထုထက် သက်ရှိလူသားတွေ ပါဝင်ပတ်သက်နေတဲ့ မိသားစုလေးပါပါမှ ပြည့်စုံတယ်လေ။
    အဲဒီ မိသားစုလေးပါလာလို့လည်း အိမ်ဆိုတာ နွေးထွေးခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ အကြင်နာ ဂရုဏာတွေနဲ့ ပြည့်နှက်ပြီး နေချင်စရာကောင်းလာတယ်။ :hee:

    • Mr. MarGa

      April 23, 2013 at 6:13 pm

      ဒါပေါ့ အန်တီမမရယ်………………
      သက်မဲ့ကို အသက်ဝင်အောင် လုပ်ပေးတာကတော့ အဲဒီ မိသားစုလေးပဲပေါ့ :hee:

  • နေဝန်းနီ

    April 23, 2013 at 7:24 pm

    အိမ် အိမ် နဲ့ တစ်အိမ် ထဲအိမ်နေကြတဲ့သူတွေ အတွက် တစ်ခေတ်က နာမယ်ကျော်ခဲ့တဲ့ စာဆိုနောင်ရဲ့ ကဗျာလေးနဲ့လက်ဆောင်ပေးလိုက်ပါတယ်….။ ကဗျာခေါင်းစဉ်က “အိမ် ” တဲ့
    အိ်မ်
    အိမ်မှထွက်သည်
    ခက်ဆစ်အဖြေ မပြေ၍…။
    အိမ်သို့ဝင်သည်
    အပြင်အကြောင်းမကောင်၍….။
    နောင်

    • Mr. MarGa

      April 23, 2013 at 7:34 pm

      ကဗျာလေးနဲ့ လာကာအားဖြည့်ပေးတဲ့ အဘနီကိုလဲ ကျေးဇူးပါ လို့ :hee:

    • Mr. MarGa

      April 23, 2013 at 7:59 pm

      လူများများ လာဖတ်တယ်ဆိုတာ သိနိုင်တာပေါ့ :hee:
      တစ်ခုကို ပျှမ်းမျှ နှစ်ခုနှုန်း ပေးနိုင်တဲ့ ဇွဲကို ချီးကျူးပါတယ်

Leave a Reply