ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၉)

alinsettApril 21, 20131min22011

ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၈)

555

ကြော်ငြာ

အဖေက သားကို သိအောင်ပြောပြ၏

“ကြော်ငြာဆိုတာ မိန်းကလေးလှလှလေးတွေက ပစ္စည်းတွေကို ဟို ကိုင်သည်ကိုင်လုပ် ပြတာကို ပြောတာသားရဲ့”

သားကလည်း မသိ၍ပြန်မေးသည်။

“ဟင်…ဒါဆိုရင်…မိန်းကလေးတွေ က သူတို ့ကိုယ်ပေါ်အနှ ံ့ မှာ ပစ္စည်း လှလှလေးတွေ လျှောက် တတ်ထားတာကရော”

တာရာမင်းဝေ

———————————————–
ဒီနေရာမှာ အရင်ဆုံးပြောချင်တာက
လျှောက် တပ် ဆင်ထားတာ လို ့ပြောချင်ပုံရပါတယ် ။ စာအုပ်ထဲမှာ က တတ် လို ့သုံးထားပါတယ် ။
သတ်ပုံအမှားလို ့ ( စာစီမှု အမှား ) လို ့ ယူဆလိုက်ပါတယ် ။
————————————————

ဝတ္ထုတိုလေးက ပြုံးချင်စရာလေးပါ ။

သားဖြစ်သူ က ကြော်ငြာဆိုတာကို မြင်သွားတဲ ့ အမြင်ကလေးက ပြုံးချင်စရာပါ ။

မိန်းကလေးတွေ ကိုယ်ပေါ်မှာ .. ကလစ်ကလေးတွေ ၊ ရင်ထိုးကလေးတွေ ၊ ဆွဲကြိုးကလေးတွေ ၊

နှုတ်ခမ်းနီ ၊ လက်သည်းနီကလေးတွေ စသည်ဖြင့်….

ဆင်ယင် ခြယ်သ ကြတာကို

ကြော်ငြာနေတာ..လို ့.. ဆိုလိုတဲ ့ အတွေးပေါ့ ။

အဲဒီလို .. အလှတပ်ဆင် ကြတာဟာ…

ကိုယ့်ကိုယ်ကို ကြော်ငြာခြင်းတစ်မျိုးလား…..။

ဆက်တွေးချင်စရာပါ ။

——————————————-

သေချာတာကတော့…….

အခုခေတ် မိန်းကလေးတွေ ( …မှ မဟုတ် ယောကျာ်းလေးတွေပါ ..)

အရင်ခေတ်တွေ ထက်ပိုပြီး.. အလှ မက်လာကြပါတယ် ။

ပြင်ဆင် ခြယ်သ မှု တွေ..ပိုပြီး..တိုး..တိုးလာပါတယ် ။

ကိုယ့် ခန္ဓာ ကိုယ်ကို လှသည် ထက် လှအောင်… ပြင်ဆင် ဖန်တီးလာကြပါတယ် ။

အတုမယူသင့်တဲ ့ ဝတ်စားဆင်ယင်မှုနဲ ့… မြန်မာ ့ ဟန်နဲ ့မလိုက်ဖက်တဲ ့ ပြင်ဆင် မှု ( အလှဆင်မှု ) တွေ ပါ …

အရင်ထက်..ပို ရှိလာပါပြီ ။

တနည်းအားဖြင့်ပြောရရင် …..

ကိုယ့် ကိုယ်ကို … ကြော်ငြာချင်စိတ်တွေ..ပို .ရှိလာတယ်ပေါ့ ။

နောက်တစ်ဆင့် တက်ပြောရရင်..

ကိုယ့်ကိုယ် ကို..ပိုပြီး..ရောင်းကောင်းချင်လာတယ်ပေါ့ ။

:kwi:

အပြော က ရက်စက်သလို ဖြစ်သွားသလား..။

ဆောရီးပါ ။

ကျွန်တော်က နည်းနည်း အရိုင်း ဆန်တတ်တယ် ။ ဒါပေမယ့် .. ဒီစကားလုံး ဟာ…

ခေတ်မီ ရုံသာ ပြင်ဆင်ခြယ်သပြီး … မြန်မာ ့ ရိုးရာကို မစော်ကားတဲ ့ သူတွေက်ို မရည်ရွယ်ပါဘူး ။

မြန်မာ ့ ရနံ ့ကို မေ့ ..၊ မြန်မာ ့ မျက်စိနဲ ့ အမြင်မတင့်တယ်တာတွေကိ်ု .. ဆင်ယင် …

ပေါက်ကရ ဟန်ပန်တွေ နဲ ့.. လှ ချင်နေသူ တချို ့( တချို ့ ) ကိုပဲ.ရည်ရွယ်ကြောင်း…ပါ ။

ထပ်ပြောကြည့်ပါဦးမယ်…။

ကြော်ငြာ တယ် ဆိုတာကိုက ရောင်းကောင်းချင်လို ့ပေါ့ ။

:kwi: :kwi:

——————————–

ဘာလို ့..ကိုယ့် ကိုယ် ကို ကြော်ငြာချင်ရသလဲ….။

အဲဒီလို ထပ် စဉ်းစားရင်……

နာမည်ကြီးချင်လို ့…

ပေါ်ပြူလာ ဖြစ်ချင်လို ့….

လူအများက.ကိုယ့်ကို စိတ်ဝင်စား..အားကျငေးမောတာကို ခံချင်လို ့….

အထင်ကြီး မက်မောစရာကြီးဖြစ်နေချင်လို ့..ပေါ့ ….နော ့။

ဒါက အပြစ်တော့လည်း..မဆိုသာပါဘူး ။

နာမည်ကြီးချင်တာ ..၊

ကိုယ့်ကို အာရုံစိုက်ပြီး.စိတ်ဝင်စားကြတာ.ကို ခံချင်တာက…

အပြစ်မဟုတ်ပါဘူး ။

တစ်ခုတော့ ..ရှိပါတယ် ။

ကြော်ငြာမတတ်ရင်… ကလက်သလို ဖြစ်သွားနိုင်ပါတယ် ။

ဒါကြောင့်…

လိုတာထက် ပိုပြီး…မကြော်ငြာမိဖို ့လိုပါတယ် ။

—————————————-

ကြော်ငြာကြောင့်…..

ကိုယ့်တန်ဖို း… အတက်အကျ ဖြစ်နေရတာထက်…

ကိုယ့်ပကတိတန်ဖိုးနဲ့ကိုယ်….. တည်ငြိမ်စွာ ထည်ထည်ဝါဝါ နေနိုင်တာက….

ပိုကောင်းတယ်..ထင်ပါကြောင်းးးးးးး

—————————————–

ဆရာ တာရာမင်းဝေ ရဲ ့ ကြော်ငြာ ဆိုတဲ ့ ဝတ္ထုတိူုလေးကို ဖတ် အပြီးမှာ..

ကျွန်တော် ဆက် တွေး မိတဲ ့ အတွေးတွေပါ ။

အကျိုးမယုတ်လောက်ဘူး..ထင်လို ့.. ရေးပြီး…/ အကျိုး.မယုတ်လောက်ဘူး.ထင်လို ့သာ.. ပူးတွဲ တင်ပြလိုက်ပါတယ် ။

ဖတ်ရှု ခံစားကြသူအပေါင်း ….အား…

ခင်မင်လေးစားစွာ….

ကျေးဇူး အထူးတင်လျက်…

အလင်းဆက်

——————————————-

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉ရ / နိုဝင်ဘာလထုတ်

——————-

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…

အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

11 comments

  • mobile

    April 21, 2013 at 10:13 pm

    ကျော်ညာတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ဗျာ……….
    တစ်ချို့တွေများဆို မဟုက်တာကို အဟုက်လုပ်……..
    မလှတာကို လှအောင်ပြင်ပီး ဖိုတိုရှောခ် နည်းပညာအသုံးပြုပီး……..
    ဟိုဟာကျော်ညာ ဒီဟာကျော်ညာတဲ့ သဘောမျိုးတွေလုပ်ကြသေးတာပဲ…….
    +++++++++++++++++++++
    ကျော်ညာတာနဲ့ ပတ်သတ်လို့ကတော့ ယနေ့ခေတ်မှာ အပြိုင်အဆိုင်တွေကလည်း
    အများသားဆိုဒေါ့….. ကျော်ညာရုံလောက်နဲ့တော့ ရောင်းအားမြှင့်တင်ဖို့ မလွယ်တော့ဘူးနော….
    အမြည်းပါ စမ်းအသုံးပြုခွင့်ပေးပြီး ကျော်ညာနိုင်ကာမှ လူအများစိတ်ဝင်စားနိုင်မယ်ထင်တယ်….

  • KZ

    April 22, 2013 at 8:52 am

    အဲဂလာပဲ။
    တကယ် အရည်အချင်းကောင်းနဲ့ ပြည့်ဝရင်……
    ကြော်ညာ (အဲလေ) ကြော်ငြာစရာမလိုအောင် ပုပ်ရင်ပေါ်မပေါ့။
    (ဟုတ်ပေါင်၊ ယောင်လို့) ဟုတ်ရင် ကြော် ပေမပေါ့ကွယ်။
    ပတ္တမြားမှန်ရင် နွံမနစ် ဆိုလား ဘာလားလည်း ရှိသေးတာပဲ မဟုတ်လား။ :mrgreen:

    အဟမ်းဟမ်း။
    အဲလာတွေ ပြောနေလို့ ကျုပ်ကို မကြော်ငြာတတ်ဖူးလို့တော့အထင်မမှားနဲ့နော်။။ :mrgreen:
    မရှိရှိတာတွေကို ……
    ကြော်လည်း ငြာတတ်တယ်။
    ထုတ်လည်း ရောင်းတတ်တယ်။
    ပရိုလည်း မိုးရှင်းတတ်တယ်။ (Promotion)
    ဒစ်(စ) လည်း ကောင့်တတ်တယ်။ (Discount)
    ကလီးရားရန့် လည်း ဆေး တတ်တယ်။ (Clearance Sale)
    မူးဗင်းအောက် လည်း ဆေး တတ်တယ်။ (Moving out Sale)

    ညာလည်း ရောင်းတတ်တယ်။
    :kwi:

    ဘာကျန်သေးတုန်း။
    :harr: :harr: :harr:

  • ရင် နင့် အောင်

    April 22, 2013 at 9:27 am

    ဒီလိုလေ ..

    ရေးဖူးတဲ့ ကဗျာထဲမှာတော့

    မနက်လင်းတာနဲ့
    ကိုယ့်ကိုယ်ကို ဆိုင်းဘုတ်ပေါ်တင်
    ငါ့ကို ဘယ်သူ စားသုံးမလဲ ကြော်ငြာရတယ်။

    အဲလို .. အဲလို

    ဒါပေမယ့် အဲကဗျာကို စဖွင့်တာက ဒီလို

    မနက်လင်းတာနဲ့
    ကိုယ့်ကိုယ်ကို လန်လော ဖတ်ကြည့်
    ငါ့နာရေးသတင်းများ ပါလာပြီလား …။ တဲ့။

    း)

  • Mr. MarGa

    April 22, 2013 at 5:35 pm

    ကြော်ငြာ……………..
    ကြော်ငြာတယ်ဆိုကတည်းက လူသိစေချင်လို့
    ဟုတ်တယ်မလား
    ဒါ့အပြင်
    ဦးမာဃ တွေးမိတဲ့ အတွေးလေးတစ်ခု ထပ်ဖြည့်ပြောချင်သေးတယ်
    တကယ်တော့
    အဲဒီလို ပစ္စည်းလေးတွေ လျှောက် တပ် ထားတာကလဲ
    လူကြည့်စေချင်လို့
    ပိုပြီးတော့ လူသိအောင်လို့
    ပိုလို့ သတိထားမိအောင်လို့ပါကွယ်……………
    မဟုတ်ရင်လဲမဟုတ်ဘူးလို့သာမှတ် :mrgreen:

  • ဝင့်ပြုံးမြင့်

    April 23, 2013 at 1:26 am

    အလှတွေကို ကြော်ငြာတာ ကောင်းပါတယ်။ ကျန်းမာခြင်းအလှကိုတော့ မေ့နေကြသလိုပဲ။ ကျန်းမာတဲ့အလှကသာလျှင် တကယ်ဒေါင်ဒေါင်မြည်တဲ့အလှဖြစ်ပါတယ်။ မြို့ပေါ်မှာ မနက်ပိုင်း အပြေးကျင့်တဲ့ မိန်းကလေးမျိုး မမြင်ဖူးသေးဘူး။
    (ကိုယ့်ပကတိတန်ဖိုးနဲ့ကိုယ်….. တည်ငြိမ်စွာ ထည်ထည်ဝါဝါ နေနိုင်တာက….)
    အဲဒီ ပကတိတန်ဖိုးထဲမှာ ကျန်းမာခြင်းတန်ဖိုးပါပါတယ်နော်။ ကျန်းမာရေးဆိုတာကလည်း ပညာရေးလိုပဲ တည်ဆောက်ပြီး ယူရတာဖြစ်နေတယ်။ ဒါကြောင့် ပကတိ တန်ဖိုးရှိတာပေါ့နော်။

  • အလင်းဆက်

    April 23, 2013 at 9:26 am

    အူးအူး မိုဘိုင်း

    အစစ်အမှန် ပုံတွေနဲ ့ ပြုပြင်ဖန်တီးထားတဲ ့ပုံတွေ ကို မခွဲခြားတတ်သေးဘူးကိူး ။
    🙂

    ဒီအတိုင်းပဲ..ကြော်ငြာနိုင်ဦးမယ်ဗျို ့ ။
    အမြည်းတော့ မပေးနိုင်သေးဘူး ။
    ဒါမျိုးက အမြည်းပေးကောင်းတဲ ့ ကိစ္စ မဟုတ်ဘူး.ဆ.ိုတာ သားသားရိပ်မိတာပေါ့ ။

    ဒါဘေမယ့်….အဲဒီ ကိစ္စက ရောင်းကောင်းချင်လို ့ကြော်ငြာတာတော့မဟုတ်ဘူးဗျ ။
    ပိုင်ရှင် ရှိပြီးသား ပစ္စည်းပါ..ဆိုတာလေး အသိပေးရုံသက်သက်ပါ ။
    🙂
    ဟိဟိ

    ——————–

  • အလင်းဆက်

    April 23, 2013 at 9:28 am

    မမခိုင်ဇာ

    မမခိုင်ဇာကို
    အင်္ဂလိပ်လို ပြောရရင်တော့

    မမခိုင်ဇာက…စကျွမ်းပဲ ။

    🙂
    🙂

  • အလင်းဆက်

    April 23, 2013 at 9:30 am

    ကိုရင်နင့်အောင်ရေ

    မနက်လင်းတာနဲ့
    ကိုယ့်ကိုယ်ကို လန်လော ဖတ်ကြည့်
    ငါ့နာရေးသတင်းများ ပါလာပြီလား …

    အဲဒီ စာသားလေးတော့ တော်တော်လေး သဘောကျကျသွားတယ်ဗျ ။
    ——————
    အဲဒီလို ကဗျာလေးတွေ… ထပ် ဖတ်ခွင့်ရဖို ့ မျှော်လင့်နေပါတယ် ဗျာ ။

    ————-

    ခင်မင်လေးစားစွာ

  • အလင်းဆက်

    April 23, 2013 at 9:31 am

    သိကြားမင် း….နှင့်

    ဆရာမဝင့်ပြုံးမြင် ့…

    ဖတ်ရှု ခံစား ပြီး.ဝင်ရောက် ဆွေးနွေးမှု အတွက်..
    ကျေူးဇူးပါ ။

    —————–

    ခင်မင်လေးစားစွာ
    အလင်းဆက်

  • S@i S@i Fin K@i

    April 23, 2013 at 9:44 am

    ဂလိုဗျ..ကို အလက်ဆင်းရ..
    တခါတလေမှာ ကြောငြာနေသူကိုယ်တိုင် ကိုယ် ဘာကိုကြော်ငြာတယ် ဘာကြောင့်ကြော်ငြာတယ် ဆိုတာ
    မေ့လျှော့ပေါ့ဆနေတတ်ကြတယ်ဗျ ..ဆိုလိုချင်တာ အပြင်ကိုထုတ်ပြတဲ့ (အပြင်လူအတွက် ဖွင့်ဆိုတဲ့)
    ကြော်ငြာ အဓိပ္ပါယ်ဖွင့်ဆိုချက်အပြင် ကိုယ့်ဘာကိုယ် အသိပေးနေတဲ့ ကြော်ငြာရခြင်းအကြောင်းကို
    နားလည် လက်ခံထားတဲ့ အချက်ကို မေ့တတ်တာ ပါပဲ … ဆြာ့ဆြာယီးတွေပြောတာတော့
    အဲ့သည့်၂ခု ခွဲသိရင် အတော်ကြီး ဟုတ်ပြီတဲ့ …..။ တတ်သလောက် လင်းပါအူးမယ်..။

    ဆိုပါစို့ရဲ့ နိုက်ကီ လို့ ပြောပြီး အမှန်ခြစ်ခြစ်ပြရင် Just Do it ! ထွက်ကျလာမယ် မလား… အဲ့ဒါက
    နိုက်ကီ ပရိတ်သတ်တွေအတွေက် နိုက်ကီက ပေးတဲ့ မက်ဆေ့ချ် … အနှီမက်ဆေ့ချ်ကို
    အကြော်ငြာခံ(ပရိတ်သတ်) တွေဆီ သယ်ဆောင်ပေးရတဲ့ လူတွေ (ဝန်ထမ်း မော်ဒယ် စသည်) အပါအဝင်
    နိုက်ကီ ကိုယ်၌ အတွက် ကတော့ Just Do it မဟုတ်ပါဘု..။Authentic athletic performance ပါတဲ့ ..
    အနှီ ဂါထာ ကို နှလုံးသွင်းပြီး Just Do it ကို Deliver ပါသတဲ့လေ…။

    အိုဘယ့် Advertising

    :harr:

  • အလင်းဆက်

    April 23, 2013 at 9:58 am

    ဒီလိုလည် း..ချိတေးဒယ်ဗျ ။ ချစ်တော.. ဂီ …

    တစ်ခါတလေမှာ..
    ကြော်ငြာတာကို ထိုင်ကြည့်နေတဲ ့ သူကိ်ုယ်တိုင်က
    ဘာကြော်ငြာသွားမှန်း…မသိလိုက်တဲ ့ အဖြစ်တွေလည်း..ရှိတယ် နော် ။
    ကြော်ငြာပုံ ကြော်ငြာနည်း..မမှန်လို ့လည်း.. ယူဆနိုင်သလို ..
    ကြော်ငြာကြည့်သူ ရဲ ့ အတွေးချော်မှု လို ့လည်း..ယူဆနိုင်သပေါ့နော် ။

    မြန်မာ့ အသံတို ့ဘာတို ့က လာတဲ ့ကြော်ငြာတွေပဲ.ကြည့် ..။
    မင်းသမီးတွေ အလှုပ်အလှည့် ကိုပဲ..ကြည့်လိုက်မိရမလား..
    ကုန်ပစ္စည်းအကြောင်းပဲ… နားလည် ရမလား..
    ဇဝေဇဝါနဲ ့ပေါ့ ။
    တတချို ့ကြော်ငြာတွေဆို… ယုတ်တိယုတ်တာလည်း..မရှိ …။ နာမည် တပ်ရ ပြီးရော..ဆိုပြီး..
    ကြည့်သူ ရဲ ့ ဉာဏ်ရည်ကို ထည့်မတွက်ပဲ လုပ်ထည့်လိုက်တာတွေ…။

    နောက်ဆုံးတော့… ကြော်ငြာကြည့်သူက ဟာတာတာကြီးကျန်ခဲ့တာတေပါ့နော် ။
    —————
    နောက်တစ်ခုက…
    ဆရာမဝင့်ပြုံးမြင့်ပြောသလိုပေါ့ ။
    ကြော်ငြာသင့်တဲ ့ ကိစ္စတွေမှာ မကြော်ငြာပဲ..
    ဂုဏ်ယူစရာ မဟုတ်တာတွေ မှာ.. ကြံဖန်ပြီး..ဂုဏ်ယူ ကြော်ငြညနေတာမျိုး

    အင်းးးးး

    ချစ်သော ဂီ စကားနဲ ့ပြောရရင်တော့…
    အိုဘယ့် Advertising

    :buu:

    :kwi:

Leave a Reply