အသက်အန္တရာယ်အတွက် အကာအကွယ်ပေးမည့် လက်ပက်

Mr WorldWideApril 22, 20131min884

မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေလို့ နောက်ကျဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်.. ရွာသူရွာသားများအားလုံး အဓွန့်ရှည်တည်တံစွာ  ဖိုရမ်အကျိုးသည်ပိုးနိုင်ကြပါစေ၊ မြန်ပြည်အကျိုးသယ်ပိုးနိုင်ကြပါစေ

သတင်းလေးကတော့ ကြာပါပီ။ MMEx မှာတောင် အတိုလေးတင်တာတွေ့မိလိုက်ပါတယ်။ ကျနော်ပြန်ထားတာလေး တင်လိုက်တာပါ။ လာမည့်ရက်များမှ အသစ်လေးတွေတင်ပါတော့မယ်

_66765309_natalia

အဆင့်မြင့်နည်းပညာဖြင့်ပြုလုပ်ထားသည့် လက်ကောက်ဝတ်တွင်ပတ်သည့် လက်ပက်တစ်မျိုးသည် ပြည်သူ များအား ပြန်ပေးဆွဲခံရခြင်းနှင့် အသတ်ခံရခြင်းစသည့် ဘေးအန္တရာယ်များမှ မကြာမီ ကာကွယ်နိုင်တော့မည် ဖြစ်ပါသည်။ လူတစ်ဦးချင်းစီသည် ဖုန်းနှင့် sat-nav နည်းပညာတို့ကို အသုံးပြုထားသော အဆိုပါ နည်းပညာအား  ကိုယ်ပိုင်သတိပေးမှုအဖြစ် အသုံးပြုသောကြောင့် အန္တရာယ်ရှိသော အခြေအနေတွင် ၎င်းပစ္စည်းမှ သတိပေးပါသည်။

သတိပေးမှုသည် ခြေရာခံသည့် လူကို ပျောက်ကွယ်မသွားအောင် အချက်အလက်များအား စုစည်းပို့ဆောင်ကာ လူမှုကွန်ရက်များဖြစ်သော ဖေ့ဘွတ်စ်နှင့်တွစ်တာ တို့အား အသိပေးပါသည်။ ပထမဆုံးလက်ပက်အား ယခုအပတ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်ပြီး အများအပြားပြုလုပ်နိုင်ရန်အတွက်လည်း ရံပုံငွေရှာနေပြီ ဖြစ်ပါသည်။

အန္တရာယ်ရှိသောအခြေအနေနှင့် စစ်ပွဲများအလယ်တွင် ကျရောက်နေသော ပြည်သူများအား အကာအကွယ် ပေးနိုင်ရန်အတွက် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုမှ အဆိုပါ လက်ပက်အား ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

မိုဘိုင်းဖုန်းနည်းပညာပါဝင်သော ၎င်းပစ္စည်းသည် အန္တရာယ်ကျရောက်လာသည့်အခါ မက်ဆေ့ချ်ပို့ ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ လက်ပက်အား အတင်းဖယ်ရှားခံရခြင်း၊သို့မဟုတ် ခြိမ်းခြောက်မှုခံရနေသည့် အချိန်တွင် အပြုခံရသူမှ သတိပေးမှုအား ပေးပို့နိုင်ပါသည်။ ၎င်းသတိပေးမှုသည် ပြုလုပ်ခံရသူအနေဖြင့် မည်သည့်နေရာတွင်ရှိကြောင်းနှင့် မည်သည့်အချိန်တွင်တိုက်ခိုက်ခံနေရခြင်းတို့အား ၎င်းတို့၏ သက်ဆိုင်သူသို့ သတိပေးခြင်းဆိုင်ရာ အချက်အလက်များအား ပေးပို့သွားမည် ဖြစ်ပါသည်။ ထို့သို့ သတိပေးနိုင်ခြင်းကြောင့် အနီးအနားတွင် ရှိနေသောသူများမှ အဆိုပါထိခိုက်ခံရသူ ၊သို့မဟုတ် ပူဆွေးဝမ်းနည်းနေသူအား အကူအညီ ပေးနိုင်မှုများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာကာကွယ်သူများမှ မီဒီယာမှတစ်ဆင့် လက်ပက်အသုံးပြုမည့် ပြည်သူ များအား အသင်းဝင်ခြင်းများ ပြုလုပ်စေလိုပါသည်။ ပြည်သူများအပေါ်တွင် တိုက်ခိုက်ခံရမည့် အစီအစဉ်များမှ  ဟန့်တားကာကွယ်နိုင်သောကြောင့် ၎င်းတို့အနေဖြင့် တစ်ကမ္ဘာလုံးအနေဖြင့် ပါဝင်လာနိုင်ရန် မျှော်လင့် ထားကြပါသည်။

ပြည်သူများအားအန္တရာယ်ရှိသောအခြေအနေမှ ကာကွယ်နိုင်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် လုပ်ဆောင် သွားပါမည်ဟု လူ့အခွင့်အရေးဆိုင်ရာကာကွယ်သည့်အဖွဲ့အစည်းမှ ဒါရိုက်တာ ရောဘက် ဟက်ချ့် မှ ပြောကြားပါသည်။

i totally forget souce

 

4 comments

  • KZ

    April 22, 2013 at 10:10 am

    မင်္ဂလာ နှစ်သစ်ပါ ဆရာ ခိုင်မာ။

    မဆိုးဘူး။
    ကျုပ် ရန်သူ ဂလောက်များတာ အသုံးဝင်မဲ့ ပုံပဲ။ :mrgreen:
    ဘယ်လောက်တုန်းတော့မသိ။
    ဒါပတ်ထားတာတောင် အဝေးက စနိုက်ပါနဲ့ လုပ်ကြံခံရရင် ဂစ် ဦးမယ်။

    :harr:

    • ကျန်း … (ခွက်ဒစ်တူ ကတ်ဇေ)
      နာ့ မမဂျီး မှာ ဂလောက် ရန်ဒူဒွေ များမှန်း သိဝူး
      ကိုယ်ရံဒေါ်လေး ဘာလေး ခန့်ထားဂျ …
      အခြားလူ မရှိရင် ဟိုလူဂျီးဒါ ကိုယ်ရံဒေါ် ခေါ်ခန့်ထားလိုက် .. :mrgreen:

      • KZ

        April 24, 2013 at 12:00 pm

        ဘာမှလာမပြောနဲ့။
        ကိုယ်ရံတော်ကားဆို
        ဝှစ်တနီဟူစတန် အစ
        ဂျက်လီ အလယ်
        ဖြူဖြူကျော်သိန်း အဆုံး အကုန်ကြည့်ထားတာ။
        နာ့ ကိုယ်ရံတော်ဘဝ မလွယ်ဘူးသာမှတ်။ :mrgreen:

  • Mr. MarGa

    April 22, 2013 at 5:39 pm

    sat-nav ဆိုတာ satellite navigation ထင်တယ်
    တကယ် စီးပွားဖြစ် ထုတ်ရင် စိတ်ဝင်စားနိုင်လောက်တယ်
    တစ်ခုရှိတာက
    သူက အတိုက်ခိုက်ခံရချိန်မှာ အသိပေးတာလား
    ဒါမှမဟုတ်
    မဖြစ်ခင်မှာ ဒီလူကို သတိပေးတာလားတော့ မသိ
    (တကယ် ဖြစ်နေတဲ့အချိန်မှာ အကူအညီ တောင်းတဲ့ပုံ ပိုဖြစ်မယ်ထင်တယ်)

Leave a Reply