“မတူညီတဲ့ တန်ဖိုုးတွေကိုု ဟန်ချက်ညီအောင် ထိန်းမတ်နိုင်ရင်ဖြင့်´´

ခင္ခApril 22, 20131min59128

သင်္ကြန်ကာလရုံးပိတ်ရက်ရှည်မှာ သွားရင်းလာရင်း အမှတ်မထင် ခင်ခ ဖတ်မိလိုက်တဲ့ စာလေးတစ်ခုပါ။

အဲဒီစာလေးရဲ့ ဆိုလိုရင်းလေးကို သဘောကျမိလို့ ပြန်မျှဝေတာပါ။

သူ့ဆိုလိုရင်းလေးက မတူညီတဲ့ တန်ဖိုုးတွေကိုု ဟန်ချက်ညီအောင် ထိန်းမတ်နိုင်ရင်ဖြင့် …… တဲ့။

မြန်မာနှစ်သစ် ၁၃၇၅ ဖြစ်တဲ့ ဒီနှစ်တွင်လည်း ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နဲ့ မြန်မာနိုင်ငံသားအားလုံး ရှိစေချင်ပါတယ်ဗျာ။

 

“ကျမ က ကက်သလစ်ခရစ်ယာန်ဘာသာ ကိုု ကိုုးကွယ်ပါတယ် ကျမ နံရိုုးရှင် က ထေရဝါဒ ဗုုဒ္ဒဘာသာ ကိုု သက်ဝင်ယုုံကြည်သူပါ ..

ကျမ နဲ့သူရဲ့ .. ချစ်သူသက်တမ်းတလျှောက် တယောက် စကား ကိုု တယောက်က မြေဝယ်မကျ နားထောင် နေတဲ့ .. ရူးရူးနှမ်းနှမ်း ချစ်နေကြတဲ့ အချိန်မှာတောင် ..

ကျမ က သူ့ကိုု ကျမ ဘာသာထဲ ကူးပြောင်းဖိုု့ မတိုုက်တွန်းခဲ့သလိုု ..ကျမ ကိုု လဲ သူ က ဘာမှ ကန့်သန့်ချက် တွေမထားခဲ့ပါဘူး ..

ကျမ ရဲ့ ခံယူချက် က … ကျမ ချစ်တဲ့သူ ကိုု ကျမ က ကျမရဲ့ ဘာသာထဲ ကိုု ဆွဲခေါ်တဲ့ဆီမှာ ..
သူ က ကျမ ကိုု ချစ်တာတခုုတည်း နဲ့ .. ကျမ ဘာသာ ထဲ ဝင်ရင် ..

ကျမ ကိုု ချစ်တဲ့ အချိန်ပဲ .. ကျမ ဘုုရား ကိုု ချစ်နိုုင်မှာပေါ့ ..
ကျမ ကိုု မချစ်တော့ရင် သူ ကျမ ဘုုရားကိုု ချစ်နိုုင်ပါတော့မလားမသိ ဆိုုတဲ့ အတွေး ကျမ က ခဏခဏ တွေးပါတယ် ..

ဒါကြောင့် သူလဲ သူယုုံကြည်ရာ ကိုု လွတ်လပ်စွာ ကိုုးကွယ် နိုုင်သလိုု .. ကျမ ကလဲ ကျမ ယုုံကြည်ရာ ကိုု လွတ်လပ်စွာ ကိုုးကွယ်ပါတယ် ..

ကျမ တိုု့ အိမ်မှာ ဘုုရားစင် နှစ်ခုု က .. ကျမ တိုု့ကိုု .. စောင့်ရှောက်ပါတယ် ..

ဘုုန်းကြီးဆွမ်းကျွေးရင် ကျမ တိုု့ တက်ညီလက်ညီ ဝိုုင်းလုုပ်ကြပါတယ် ..

ကျမ ဘုုရားကျောင်းတက်ဖိုု့ အိပ်ရာအစောကြီးထဖိုု့ပျင်းရင် .. ( ကျမ က တခါတလေ မနက် ၆ နာရီ မစ္ဆားတက်ပါတယ်) ကျမ နံရိုုးရှင် က ကျမကိုု အိပ်ရာထဲက အတင်းဆွဲထူပါတယ် ..

ကျမ ဘုုရားကျောင်းမတက်ဖြစ်ရင် .. သည်းသည်းထန်ထန်ဆူတာ၊ ကျမ အမေ ပြီးရင် .. သူ ပါ …

ဘာပဲဖြစ်ဖြစ် ..

ကျမ တိုု့ တန်ပိုုးတွေ မညီကြပေမဲ့ … ထပ်တူ မတူညီ နိုုင်ပေမဲ့ … ဟန်ချက်ညီအောင် ထိန်းမတ်ရင်း ..

ကိုုယ် ယုုံကြည်ရာ ကိုု ဘယ်သူ့ကိုုမှ မထိခိုုက်စေဘဲ .. ကိုုးကွယ်လာခဲ့ပါတယ် …

ကျမ တိုု့ နှစ်ယောက်တည်း တန်ဖိုုးမညီတာ မဟုုတ်ပါဘူး ..

ကျမ အဖေ နဲ့ ကျမ အမေ လဲ .. တန်ဖိုုး မညီပါဘူး ..

ဒါပေမဲ့ .. သူတိုု့ ခုုထိ အဆင်ပြေကြပါတယ် ..

ကျမ အဘိုုး နဲ့အဘွားလဲ တန်ဖိုုးမညီခဲ့ကြပါဘူး ..

ဒါပေမဲ့ .. သေသည်အထိ .. သူ့အတွက် ကိုုယ် ဝုိုင်းကူ ..
ကိုုယ့်ကိုု သူ က ဖြည့်ပေး … ဒီလိုုနဲ့ပဲ ..

ကျမ တိုု့ မိသားစုု တွေ ဘိုုးစဉ်ဘောင်ဆက် ..
မတူညီတဲ့ တန်ဖိုုးတွေကိုု ..
ဟန်ချက်ညီအောင် ထိန်းမတ်ခဲ့ပါတယ် …

တကယ်တော့ ..
အတ္တ ဆိုုတာတွေ ကိုု အတတ်နိုုင်ဆုုံး ထိန်းချုပ်ကြမယ် ဆိုုရင်
အရာရာ ဟာ ညှိနှိုင်းဖိုု့လွယ်ပါတယ် .. ။ ´´
 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

28 comments

  • KZ

    April 22, 2013 at 9:54 am

    ကျနော့ အဖိုးနဲ့ အဖွားလည်း ဒီ လို ပဲ ဗျ။

    တစ်ယောက်နဲ့တစ်ယောက် မစွဲဆောင်ပဲ ပေါင်းလာကြတာပဲ။

    ခက်တာက အမျိုးတွေဗျ။ ၂ ယောက်တည်း ပေါင်းရတာမျိုးမဟုတ်၊.
    ၊အသိုင်းအဝိုင်းနဲ့ ကျတော့လည်း အခက်သားကလား။
    စိတ်ညစ်ရတာပေါ့ဗျာ။

    ဘာသာရေးတွေ မပြောချင်ပါဘူး၊။
    ကိုခကို နှုတ်ဆက်ချင်လို့ ဝင်လာတာပါ။
    မင်္ဂလာ နှစ်သစ်ပါ ကိုခ။

    :hee:

    • ခင်ခ

      April 22, 2013 at 10:01 am

      ဦးဆုံးရောက်လာသူမို့ ကျေးဇူးပါဗျ။
      မင်္ဂလာနှစ်သစ်ပါ KZ ခင်ဗျ။

  • S@i S@i Fin K@i

    April 22, 2013 at 10:04 am

    ကိုငှက်ကတော့ ဂလို ဆိုသွားသဗျ

    ဘာသာမတူတာ ဘာအကြောင်းလဲ
    တို့တော့ ဒါတွေ နားမလည်
    မေရယ် မောင်ရယ် ကံကိုဆိုးတယ်..
    အရှုံးနဲ့ အစဉ်တွဲနေတော့လည်း
    မေရယ်မောင် ရယ် ဒီအဖြစ်ဆိုးထဲ တို့၂ယောက် ငိုသာ ငိုချင်တော့တယ်..

    ဝှားးး

    :byae:

    ဟက်ပီးနျူးရီးယားပါ အန်ကယ်ခရေ…

    • ခင်ခ

      April 22, 2013 at 10:23 am

      ရှေ့မျက်စိ နောက်စေ့ရောက်အောင်တောင် လည်သွားပါရောလား မန့်သူ S@i S@i Fin K@i ရေ။
      ဒါပေသိ့ ဟက်ပီးနျူးရီးယားပါ အန်ကယ်ခရေ…ဆိုလို့ စိမ်းသူယူ ပေါ့ဗျာ။

      • Foreign Resident

        April 22, 2013 at 6:33 pm

        ” ရှေ့မျက်စိ နောက်စေ့ရောက်အောင်တောင် လည်သွားပါရောလား
        မန့်သူ S@i S@i Fin K@i ရေ ”

        ဟုတ်ပါ့ ။ အဘ လည်းစတွေ့တုန်းက ၊
        S@i S@i Fin K@i ဆိုတော့ တော်တော် စဉ်းစားခဲ့ရတယ် ။
        ကြယ် ၄ လုံး နှင့် မန့် ၅ ထောင်ကျော် ကိုကြည့်ပြီးမှ သိသွားတာ ။

  • ရွာစားကျော် မင်းနန္ဓာ

    April 22, 2013 at 11:18 am

    သားတွေ သမီးတွေ မွေးလာတော့ ဘယ်လိုလုပ်ကြမလဲနော်….
    သူတို့ သဘော.. သူတို့ရွေးချယ်မှုလို့ပဲ ထားရမှာပေါ့..ဟုတ်လား
    ကျနော်ဆိုရင်တော့.. အင်း.. ဘာသာရေးအကြောင်း ပြောရတာ ခက်ပါတယ်လေ..
    မခိုင်ဇာတို့ အဖေအမေတွေ ဘယ်လိုဖြတ်သန်းခဲ့လဲ မသိ

    • KZ

      April 22, 2013 at 11:35 am

      ဪ။ ရေးဖူးပါတယ်ဗျာ။
      အမေတို့ မောင်နှမတွေ ဘုရားလည်းသွား၊ ဘုရားကျောင်းလည်း တက်နဲ့ လအော့လအယ်လေးတွေပါဆို။
      ဦးလေး အငယ်ဆုံးလေး ရှင်ပြုပွဲပြီးတော့မှ မောင်နှမတွေ ဗုဒ္ဓဘာသာ ဖြစ်တာ။
      နောက်တော့ အဖွားက သူကိုယ်တိုင် လေ့လာ ဆန်းစစ်ပြီးမှ ဗုဒ္ဓဘာသာ ဘက်ကူးပြောင်းသွားတာ။
      အဖွားဘက်ကဆို အဖွား တစ်ယောက်ပဲ ဖြစ်တယ်။ ကျန်တဲ့ အဖွားဘက် တစ်မျိုးလုံး ခရစ်ယာန်ပဲ။
      မိရိုးဖလာ ဗုဒ္ဓဘာသာ တွေဖြစ်လာတဲ့ အဖိုးထက်ကို ဘာသာရေးကိုင်းရှိုင်းသဗျ၊ ဝိပဿနာ အထိ သူကြိုးစား လေ့လာကျင့်ကြံသွားတာ။

      ဘာသာရေးက လည်း ပြောရခက်သားလားဗျာ။
      ခုချိန်ပိုင်း မပြောတာကောင်းပါတယ်။

  • ဦး ကျောက်ခဲ

    April 22, 2013 at 11:55 am

    ဆရာခရေ မင်္ဂလာ နှစ်သစ်ပါ…
    မောင်ကျောက်လည်း ငယ်ငယ်က မိဘများကြားထဲ ဘာသာရေးအတွက် ဗျာများခဲ့ရဖူးသူပါ…
    နှစ်ကိုယ်ရေ နှစ်ကာယ ပြသနာမရှိပေမယ့် သားသမီးတွေကျရင် အတော်ဂွကျတယ်ခင်ဗျ…
    အဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်လဲ အမေးခံရသလိုမျိုး… အတော်ဖြေရခက်တယ်

    • ခင်ခ

      April 22, 2013 at 2:00 pm

      ကိုကျောက်ရေ မင်္ဂလာ နှစ်သစ်ပါဗျ။
      ကျွန်တော် လွန်မြောက်ခဲ့တဲ့ပိတ်ရက်မှာ စိတ်ကူးလေး(အတွေးလို့လည်းဆိုရတယ်) တစ်ခုဖြစ်မိတယ်။
      အဲဒါဘာလဲဆိုတော့ မတူညီကွဲပြားမှု့တွေကို ရောသမမွှေ ပလိုက်ချင်တာလေ။
      လူသားတစ်ယောက်ကို လူသားတစ်ယောက်အနေနဲ့ မြင်ကြမလားပေါ့လေ။
      ဒါပေသိ့ ………… ဒါပေသိ့ ပေါ့ဗျာ။ ခင်ခ ရူးသွတ်သွားခြင်းတစ်ခုလို့သာ …………။

  • Mr. MarGa

    April 22, 2013 at 12:24 pm

    ဟုတ်သဗျ
    တကယ်တော့ အဲဒီကိစ္စက အသေအချာ မရှင်းရင် သားသမီးတွေမှာ သွားပြီး အဖုအထစ် ဖြစ်တယ်လို့ ပြောရမယ်
    နောက် ဖြစ်တာကတော့ ဆွေမျိုး အသိုင်းအဝိုင်းပေါ့
    ဒါလောက်ပဲ သိတာပါ
    ဒီထက်လဲ ဆက်တော့ မပြောတတ်ပါဘူးရယ်

    • ခင်ခ

      April 22, 2013 at 2:19 pm

      ကိုမာဃရေ မိရိုးဖလာ ဘာသာမို့ ကိုယ်လဲ အဲဒီဘာသာဝင်ပြု ဆက်လက်နေသွားတာမျိုးထက်
      မိမိကိုယ်တိုင် လက်ခံယုံကြည်လို့ သက်ဝင်ယုံကြည်တဲ့ ဘာသာဝင်(မည်သည့်ဘာသာမဆို)ကို
      ပိုပြီး လက်ခုပ်တီးချင်တဲ့ ခင်ခ ပါဗျာ။
      ဒါကြောင့် ဒီပိုစ့်ပါ စကားရပ်လေးတွေကို ကြိုက်မိလိုက်တာပါ။
      အဲဒီတော့ သားသား မီးမီး ဒွေးလေး ဘကြီး ဟိုဦး ဒီအဒေါ် ထိမစဉ်းစား မိလိုက်တာ ခင်ခ ဘဲမှားတာပါဗျ။

  • ဗုံ ဗုံ

    April 22, 2013 at 12:26 pm

    လေးခရေ ပျော်ရွှင်စရာမင်္ဂလာနှစ်သစ်ပါ မိဗုံလည်း နှစ်သစ်မှာ ရိပ်သာက ထွက်လာပြီးတဲ့နောက် မင်လာဆောင်ချင်စိတ်ပေါက်. အဲ ဟုတ်ပေါင် သီလရှင်ဝတ်ချင်စိတ်ပေါက်နေတာပါလို့ :mrgreen:

    • ခင်ခ

      April 22, 2013 at 2:28 pm

      သီလရှင် ဘာကြောင့်ဝတ်ချင်တာလဲ
      ရိပ်သာဝင်ရင်း တရားမြင်သွားလို့လား။
      ရိပ်သာက ထွက်ခါစမို့ ဝတ်ချင်စိတ်ဖြစ်တာလား။
      နောက်လ လောက်မှာ ပြန်စဉ်းစားကြည့်ပေါ့ မိဗုံရေ။
      အဲဒီအခါကျ သီလရှင် ဝတ်ချင်သေးလားလို့…………..
      တကယ်ဝတ်ချင်စိတ်ရှိသူကတော့ ဝတ်သွားတာတောင်မသိလိုက်ဘဲ အိမ်ရှေ့ဆွမ်းဆန်ခံမှ အံဩမိတာတွေ ကြုံဖူးလို့ပါ။

  • လူကလေး

    April 22, 2013 at 2:28 pm

    သူတို့ ကလေးလေးတွေကော ဘယ်ဘာသာလေးတွေ ဖြစ်သွားပါလိမ့် နော် .. ခခ..

    • ခင်ခ

      April 22, 2013 at 2:38 pm

      လူကလေးရေ ကျွန်တော်မေးစမ်းလိုက်ပါအုံးမယ် သိရင်လှမ်းပြောမယ်နော်…။

  • kai

    April 22, 2013 at 3:31 pm

    ယူအက်စ်မှာ.. အဖြူခရစ်ယန်တွေနဲ့ယူတဲ့.. မြန်မာတွေအများကြီးပါပဲ..
    ဘုရားသွားကျောင်းတက်.. ပါလာတတ်ပါတယ်..

    ဒါပေမယ့်မွေးတဲ့ကလေးတွေကတော့.. ဗုဒ္ဓဘာသာဝင်မဖြစ်တာများတယ်..
    များဆို.. ယူအက်စ်မွေးတဲ့ မြန်မာဗုဒ္ဓဘာသာမိဘ၂ပါးရဲ့ကလေးတွေလည်း.. အရွယ်ရောက်လာရင်.. ဗုဒ္ဓဘာသာဝင်ဖြစ်နေတာရှားပါတယ်..
    အဲလို.. :kwi:

  • သူကလေး

    April 22, 2013 at 3:37 pm

    အသိသူငယ်ချင်းထဲမှာ အဲလိုမိဘမျိုးနဲ့လူတွေကြုံဖူးတယ်
    နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ဘာသာကိုးကွယ်ကြတာပဲ
    မွေးလာတဲ့သားသမီးတွေအပေါ်လည်း ဘယ်ဘာသာကိုးကွယ်ရမယ်ဆိုပြီး force မလုပ်ထားဘူး
    မွေးထားတဲ့ကလေးချင်းတူတူ ကိုးကွယ်တဲ့ဘာသာတောင်မတူဘူး
    ဒါပေမယ့် ဘယ်သူမှဘာမှ မဖြစ်ကြပါဘူး
    တစ်ဘာသာ ကို တစ်ဘာသာက အပြန်အလှန် respect ပေးမယ်ဆို အဆင်ပြေနိုင်ကြမှာပါ

    • ခင်ခ

      April 22, 2013 at 4:45 pm

      (တစ်ဘာသာ ကို တစ်ဘာသာက အပြန်အလှန် respect ပေးမယ်ဆို အဆင်ပြေနိုင်ကြမှာပါ)
      သဘောကျမိတဲ့ စာသားလေးပါ သူကလေးရေ။

  • အရီးခင်လတ်

    April 22, 2013 at 3:55 pm

    ကိုယ့်ဘာသာ၊ သူ့ဘာသာ ဆိုပြီး ဘာသာကို နာမည်တပ်ပြီး အတ္တများ လူလူချင်းအမုန်းပွါးနေသူ ကိုယ့်အတွက်လုပ်စား နေသူတွေထက်
    ဘာသာမရှိလို့ အမည်တပ်ပြီး လိုအပ်သူတွေကို၊ အင်အားနည်းသူတွေကို ကူညီနေသူတွေက ပိုပြီး တန်ဖိုးရှိ လေးစားဖို့ကောင်းပါတယ်။

    ဘာသာမရှိ သူတွေထဲမှာ စိတ်ဓာတ်ရေးရာကြည်ညိုဖို့ကောင်းသူတွေ အများကြီးတွေ့နေရတယ်။
    အင်မတန်ဘာသာရေးကိုင်းရှိုင်းပါတယ် ဆိုသူတွေ ရဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ် တွေကိုမြင်နေရတယ်။

    ဘာသာရှိထဲ မှာဘဲဖြစ်ဖြစ်၊ ဘာသာမဲ့ ထဲမှာဘဲ ဖြစ်ဖြစ် လဲ တစ်ယောက်နဲ့ တစ်ယောက်ကို ကွဲပြားနေပြန်ပါတယ်။
    ဒီတော့ အားလုံး ကိုလဲ အတူတူ ဘဲလို့ ဝါးလုံးရှည် နဲ့ ရမ်းဖို့ မသင့်ပါဘူး။

    တကယ်တော့ လူမျိုး၊ ဘာသာ၊ ကိုးကွယ်မှု ထက် စဉ်းစားဆင်ခြင်ဉာဏ် ပင်ကိုယ်စိတ်အခံက အရေးကြီးပါတယ်။
    စဉ်းစားဆင်ခြင်ဉာဏ် မရင့်သန် ရင်တော့ ကိုယ့်ဆင်ခြင်ဉာဏ်မရှိ ဘယ်သူပြောပြော လိုက်ပြီးလုပ်တော့မှာ။

    အဲဒီလို စဉ်းစားဆင်ခြင်ဉာဏ် မှန်ကန်ဖို့ ကလေးတွေကို ငယ်ကထဲက လေ့ကျင့်ပေးဖို့လိုတာ။
    တိုင်းပြည်အစိုးရမှာရော၊ မိဘ၊ ဆရာသမားတွေ ပါ အားလုံး ညီ မှ ကလေးတွေ အနာဂါတ်လှမှာပါ။
    အားလုံးမှာ တာဝန်ရှိပါတယ်။

    ကိုခ ရေ
    ပြောတာလွဲသွားရင် ခွင့်လွှတ်။
    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။

    • ခင်ခ

      April 22, 2013 at 4:33 pm

      အရီးခင်လတ်ရဲ့ မန့်ချက်က ထိမိလို့ BC ပေးပါတယ်ခင်ဗျ။
      ကျွန်တော်ဆိုလိုချင်တာလည်း အဲလိုသဘောပါ ကိုးကွယ်မှု့ ဘာသာဆိုတာ ကိုယ်ယုံကြည်မှု့ တစ်ခုလို့ဘဲ မြင်တယ်။ တကယ်တမ်း လူသားတစ်ယောက်ကို လူသားအနေနဲ့မြင်ပြီး နာကြင်နေလား ကိုယ်နိုင်ရင်ပြုစုလိုက်၊ လိုအပ်ချက်ရှိနေလား ကိုယ်တတ်နိုင်ရင် ကူညီလိုက်၊ ငြီးတွားနေလား ကိုယ်အဆင်ပြေရင် ဖေးမလိုက် အဲလို အဲလိုလေးတွေနဲ့ သဘာဝတရားအမြင်တွေရှိကြမယ် ဆိုရင် ငြိမ်းချမ်းပျော်ရွှင်စရာဘဲလို့ တွေးမိတယ်ခင်ဗျ။
      နှစ်သစ်မှာ ရွှင်လန်းသာယာ ကျန်းမာစွာရှိပါစေ အရီးရေ။

  • etone

    April 22, 2013 at 4:31 pm

    အမေနဲ့ အဖေ အိမ်ထောင်ကျတော့ ဘာသာ မတူကြဘူး ။
    အမေက ခရစ်ယာန် … ဒါပေမယ့်လည်း ယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်ခဲ့တယ် ။ တဖြည်းဖြည်း မြင်ဖန် ၊ ကြားဖန်များလာတော့ ၊ ဗုဒ္ဓဘာသာ ပေါ်မှာ သက်ဝင်ယုံကြည်လာပြီး အစ်ကို ့ကို မမွေးခင်မှာပဲ … ဘယ်သူ့ တိုက်တွန်းချက်မှ မပါပဲ ။ အမေ ဗုဒ္ဓဘာသာကိုပြောင်းကိုးကွယ်ခဲ့တယ် … ။ တရားနာခြင်း ၊ ဘာဝနာပွားခြင်း ၊ သီလစောင့်ခြင်းတွေကိုပါ အလျဉ်းသင့်သလို လုပ်ခဲ့တာ အခုချိန်ထိပါပဲ … ။

    သမီးအမေကသာ ကိုးကွယ်ရာ ဘာသာပြောင်းခဲ့ပေမယ့် အမေ့ဘက်က အမျိုးတွေ အကုန်လုံး က ခရစ်ယာန်ပါ … ။ ဒီတော့ .. ကလေးတုန်းကဆို ဟိုဘက် အမျိုးဘက်ကို သွားလည်တဲ့အခါ ၊ သမီးတို့ မောင်နှမပါ ဘုရားကျောင်းလိုက်တက်ခဲ့ရပါတယ် ။ အပြစ်ရဲ့ အခက သေခြင်းတာမျိုး ၊ ထာဝရဘုရား သခင်ဆိုတဲ့ အသုံးနှုံးတွေနဲ့ ကျင်လည်ခဲ့ဖူးပါတယ် ။ မောင်နှမ နှစ်ယောက်စလုံးလည်း … အမေ့ဘက်က အမျိုးတွေဆီသွားတိုင်း အလိုက်ထိုက် နေရမယ်ဆိုတာ နားလည်ကြပြီး ရောမရောက်တော့ ရောမလို ကျင့်ကြရတယ် … ။ ငယ်လည်းငယ်သေးတာပေါ့လေ … 8 နှစ်လား 10 နှစ်လားနောက်ဆုံးပေါ့ … ။
    ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလို့ ရတဲ့ အရွယ်လည်းရောက်ရော … အမေ့ဘက်က အမျိုးတွေဆီ သွားလည်တာ ကြဲသွားသလို … လည်ဖြစ်လျှင်တောင် … church လိုက်မတတ်တော့ပါဘူး … ။

    အမေ့ဘက်က အမျိုးမိသားစုတခုမှာကျတော့ …. တအိမ်လုံးမှာ မိသားစုက အဖေ၊အမေရယ် ၊သား2ယောက် သမီး2ယောက်ပေါင်း … ခြောက်ယောက် … ။ သားကြီး ၊ သမီးကြီး ၊ သမီးငယ် ၊ သားငယ် .. အဲ့လို အစဉ်လိုက်မွေးခဲ့ကြတယ် …. ။ အံ့ဩစရာကောင်းတာက …. သားကြီးနဲ့ သားငယ်က အဖေကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး … အလယ်မှာမွေးတဲ့ သမီးကြီးနဲ့ သမီးငယ်က အမေကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတယ် … ။ အခါကြီးရက်ကြီးတွေမှာ သားဖတွေက ဘုန်းကြီးကျောင်းသွားကြသလို … ဆန်းဒေးမှာ သမီးတွေနဲ့ အမေက church တက်ကြတယ် …. သူတို့အိမ်မှာ ဘုရားစင်လည်း ထားသလို .. လက်ဝါးကပ်တိုင်လည်း ရှိတယ် … ။ ဘယ်တော့မှ ကိုးကွယ်မှု အတွက် ရန်မဖြစ်ခဲ့သလို …. အစွယ်တရားဟောပြီး ဘာသာထဲကိုလည်း မသွပ်သွင်းကြဘူး … တကယ့်ကို အေးဆေးပါပဲ … ။ နေတတ်လျှင် ကျေနပ်စရာကြီးပဲလို့ ပြောရမလိုပါ …. :mrgreen:

    • ခင်ခ

      April 22, 2013 at 4:42 pm

      မအိတုံရေ တကယ်တော့ မိမိ စိတ်ဆန္ဒ ယုံကြည်မှု့အရ ကိုးကွယ်မှု့သည်သာ အမှန်ကန်ဆုံးနဲ့ မိမိအတွက် အကောင်းဆုံးပါဘဲဗျ။
      မိရိုးဖလာ ဆင်းသက်လာလို့ လိုက်ပြီး ကိုးကွယ်ယုံကြည်နေကြတာထက် စာရင်ပေါ့လေ။
      ဘယ်ဘာသာဘဲဖြစ်ဖြစ်ပါလေ။

  • ကျွန်တော်နှင့် ပျောက်ဆုံးနေသော နံရိုးလေးတစ်ချောင်းသည်လည်း ထိုနည်းလည်းကောင်းပါပဲ
    ဦးခင်ခ ရေးထားတာ ဒေါ်သစ်သစ်မြင့်ဆိုင် ရေးထားတာဖတ်ဖူးပါတယ်.. လူနှစ်ဦး ပေါင်းဖက်ခြင်းမှာ ယုံကြည်ခြင်းတွေ ပေါင်းဖက်ဖို့တော့ မလိုပါဘူး.. နားလည်မှုတွေ ဝေမျှနိုင်ဖို့ပဲလိုတာပေါ့နော်.. ဘုရားသွား ကျောင်းတက် ဖြစ်ချင်တယ်လို့ နံရိုးလေးက ပြောပေမယ့်လည်း ကျွန်တော်လည်း ဘုရားသခင်ဆီမှာ ကတိသစ္စာတွေ ခံယူချင်တာပေါ့နော်..

    သို့သော်လည်း ပေါင်းဖက်မည့်လူနှစ်ဦးသာ အရေးကြီးတာကြောင့် ဘယ်ဘာသာကို ယုံကြည်တယ်ဆိုတာထက် ဘယ်လို နားလည်မှုနဲ့ သူစိမ်းနှစ်ယောက် လက်တွဲသွားမယ်ဆိုတာကသာ ပိုအရေးကြီးပါကြောင်း….

  • ဦးကြောင်ကြီး

    April 23, 2013 at 10:33 am

    နံရိုးလေး
    သံကြိုးရေး
    ဆန်ဖိုးပေး
    ဘဏ်တိုးမေး
    ဒန်အိုးဆေး
    ကြံရိုးသွေး
    ရန်မျိုးဝေး
    ဇန်မိုးအေး..။

  • kyeemite

    April 23, 2013 at 11:40 am

    မင်္ဂလာပါ ကိုခင်ခရေ…
    ဘာသာမတူသူတွေ အတူပေါင်းဖက်တဲ့အခါ
    နေရေးထက် သေရေးပိုခက်တယ်ထင်မိတယ်…
    ကျနော့သဘောအတိုင်းပြောရရင်တော့
    ဘာသာမဲ့ကိုပိုသဘောကျတယ်…
    ကျနော်တောင်တဖြည်းဖြည်း ဘာသာမဲ့မှန်းမသိမဲ့နေပြီထင်တာပဲ…

    • ခင်ခ

      April 23, 2013 at 11:55 am

      ကိုကြီးမိုက်ရေ ဘာသာမဲ့တော့ မလုပ်နဲ့ဗျ။
      ယုံကြည်ရာတစ်ခုခုကို ကိုးကွယ်နေခြင်းကလည်း ဘဝမှာ အားတစ်ခု အထောက်အပံဖြစ်စေပါတယ်။
      အဲ သူများ ယုံကြည်ရာကိုလည်း ဝေဖန်ပေမယ့် မကောင်းအပြစ်တော့ မဆိုနဲ့ပေါ့လေ။
      ကျွန်တော် အယူအဆပြောတာနော် မှားမလားတော့ သိဘူး။

      • ကျနော်တို့အမျိုးထဲမှာလဲ ခရစ်တော်ကို သက်ဝင်ယုံကြည်သူနဲ့လက်ထပ်ထားသူရှိပါတယ်။
        ကျနော်တို့ဘုရားပွဲဆိုလဲ သူတို့အိမ်မှာပွဲခင်းတာဘဲ။
        သူတို့ခရစ်စမတ်ဆိုလဲ တစ်မျုးိလုံးသွားစားကြတာပါဘဲ။
        ကလေးကတော့ သုံးယောက်.
        အခုလက်ရှိ ခရစ်တော်၂ ဗုဒ္ဓ ၁။
        အားလုံးအေးဆေးပါဘဲ။
        ဘာကို ယုံကြည်ကိုးကွယ်တယ်ဆိုတာထက် သူဘယ်လိုနေထိုင်သလဲ က အဓိကပါ။

  • အပြန်အလှန် ဆိုတဲ့ သဘောပေါ့ ခင်ဗျာ …
    တကယ် ကြည်နူးစရာ၊ သဘောကျစရာပါ ..
    ဒါ့ထက် ..
    ဟိုစကားလေးကို ခိုက်တယ် ..
    ဘာတဲ့ …
    “နံရိုးရှင်” …… တဲ့ ….။

Leave a Reply