ဒလက်မပါသော လေရဟတ်တစ်မျိုးဖြင့်စွမ်းအင်ထုတ်ယူနိုင်တော့မည်

Mr WorldWideApril 22, 20131min1134

ဒတ်ချ် သုတေသန ပညာရှင်များက လျပ်စစ်ဓာတ်စီးနေသော ရေအစက်အပြောက်များကို အသုံးပြု၍ ဒလက်မပါသော လေရဟတ်တစ်မျိုးကို တီထွင်ခဲ့ပါသည်။
သမားရိုးကျ လေရဟတ်များတွင် လေ၏အရွေ့စွမ်းအင်  (Kinetic Energy)   ကိုအသုံးပြုကာ ဒလက် များကို လည်ပတ်စေခြင်းဖြင့် စက်မှုစွမ်းအင်   (Mechanical Energy)   ရရှိစေကာ ၎င်းမှတစ်ဆင့် ဂျင်နရေတာကို ဆက်လက် လည်ပတ်စေခြင်းဖြင့် လျပ်စစ်မီးကို ထုတ်ယူရရှိပါသည်။

ဤစနစ်သစ်တွင်မူ တင်းနစ်ရိုက်တံကဲ့သို့ စတီးဖြင့်ပြုလုပ်ထားသည့် ဖရိမ် (Frame)တစ်ခုပါရှိပြီး ၎င်းဖရိမ်  အတွင်းတွင် လျပ်စစ်ဓာတ်မကူးနိုင်သော ပြွန်ချောင်း ၄ဝ ခန့်ကို ဇကာကွက်ပုံစံ တပ်ဆင်ထားပါသည်။ ၎င်းပြွန်ချောင်းလေးများသည် လျပ်စစ်ခေါင်း  (Electrode) သဖွယ် လည်းကောင်း၊ ရေပန်းခရားသဖွယ် လည်းကောင်း အလုပ်လုပ်ကာ ၎င်းမှလျပ်စစ်ဓာတ်ဝင်နေသော ရေပန်းများကို ပန်းထုတ်ပါသည်။
၎င်းပန်းထွက်နေသော လျပ်စစ်အမဓာတ်ဆောင်သည့် ရေပန်းရေမွှားလေးများထံသို့ လေထဲမှ သဘာဝအလျောက် လျပ်စစ်အဖိုဓာတ်ဆောင်သည့် အမှုန်လေးများ (Positive Charged Particles) ဝင်ရောက်ထိတွေ့မိပြီး လျပ်စစ်ဓာတ်ကို ထုတ်ယူရရှိပါသည်။ လေတိုက်နှုန်းများပေါ် မူတည်၍ ဓာတ်အား ထုတ်ယူရရှိမှု ပြောင်းလဲနိုင်ပါသည်။

aw
ဤစနစ်တွင် ဘက်ထရီ၊ အင်ဗာတာ၊HDVC Source  ၊ ရေစုပ်စက်နှင့် အားသွင်းစနစ်တို့ ပါဝင်ပါသည်။ထို့ပြင် ရွှေ့လျားလည်ပတ်ရသော အစိတ်အပိုင်းများ မပါဝင်သောကြောင့် အသံတိတ်ဆိတ်ခြင်း၊ တုန်ခါမှု မရှိခြင်း၊ ပြုပြင်ထိန်းသိမ်း စရိတ်သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ဤနည်းပညာအား Delft University Of Technology မှပညာရှင်များဖြစ်သော ဂျိုဟန်စမစ် နှင့်ဂျီရာဒီဂျာရမ်တို့ တီထွင်ခဲ့ခြင်းဖြစ်ပြီး ပိုမိုကြီးမားသော မော်ဒယ်တစ်ခု  တည်ဆောက်ရန် ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

Source:www.wired.co.uk/news/archive/2013-04/3/bladeless-wind-turbine-ewicon

4 comments

  • ဖော့(စ)ထရော့ချာလီ

    April 22, 2013 at 10:30 am

    ကြည့်လုပ်ကြပါဦးကွယ်…
    တော်ကြာ လေထဲက ဓာတ်လိုက်နေပါဦးမယ်… ခိခိ

    Renewable Energy အကြောင်းလေး ကြုံရင်လုပ်ပါဦးဗျာ… စိတ်ဝင်စားလို့ပါ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • ခေတ်တွေ အတော် ပြောင်းလဲလာပြီဗျ နော့ …
    တဖြည်းဖြည်းနဲ့ သုတေသနတွေ ပြု
    တီထွင်မှုတွေ လုပ်နဲ့ပဲ ..
    ကြီးရာက သေး …
    မလိုအပ်တာတွေ လျှော့ချ …
    စိတ်ကူးတွေကို လက်တွေ့ အကောင်အထည် ဖော်လာကြနဲ့ …
    ကမ္ဘာကြီးလည်း ဟုတ်တော့ ဟုတ်လာပြီ ….
    ဒါကို ဝမ်းသာရမလား ဝမ်းနည်းရမလားတော့ မသိဘူးရယ် … 🙄 🙄

  • uncle gyi

    April 23, 2013 at 10:34 pm

    ရေမော်တာပျက်သွားရင်
    နော်ဇယ်ဂေါင်းပျက်သွားရင်
    ပြုပြင်ထိမ်းသိမ်းမှုကလေရဟတ်ထက်ပိုမယ်နဲ့တူတယ်
    မောင်ခိုင်မာရေ

Leave a Reply