ကျိုက်ထီးရိုးနှစ်ကျော့ပြန်နှင့်ဘားအံဘုရားဖူး(ဆုံး)

Ko chogyiApril 22, 20132min1488

ဘားအံမြို့ကပြန်အထွက် သံလွင်တံတားကိုဖြတ်ပြီးပြီးချင်း ဘယ်ဖက်ကိုခွဲထွက်တဲ့ လမ်းကလေးကို တွေ့ရပါမယ်။ ဖားကပ်ရွာသို့ဆိုတဲ့ လမ်းညွှန်လေးအတိုင်းဝင်ခဲ့ရင် ကွန်ပြူတာကောလိပ်(ဘားအံ) အကျော်မှာ ရသေ့ပျံဂူသို့ ဆိုတာတွေ့ရပါလိမ့်မယ်။ အဲဒီလမ်းကလေးအတိုင်း မိနစ် ၂ဝ လောက်မောင်းသွားရင် ရသေ့ပျံဂူကို ရောက်ပါတယ်။   တောင်ခြေမှာ မဏ္ဍပ်ထိုးပြီး သင်္ကြန်ထမင်းကျွေးနေကြပါတယ်။ ဒီတစ်ခါတော့ မဆာလို့ မစားခဲ့တော့ပါဘူး။ ရသေ့ပျံတောင်ပေါ်ဂူထဲမှာ အေးအေးဆေးဆေးခဏနားပြီး ဓာတ်ပုံတွေလည်းရိုက်ခဲ့ပါတယ်။ ရသေ့ပျံ လှိုဏ်ဂူက ကျယ်ပြီး မီးတွေလည်းထွန်းထားလို့ တောင်ရဲ့ ဟိုဖက်တစ်ခြမ်းအထိ ဂူထဲကနေ သွားနိုင် ပါတယ်။( ဆြာအုပ်ရဲ့ပို့စ် https://myanmargazette.net/166480/travel ) ရသေ့ပျံဘုရားမှာပဲ ကင်မရာလည်း အားကုန်သွားပါတော့တယ်။

DSC01141

DSC01143

DSC01153

DSC01152

DSC01135

               ရသေ့ပျံကနေ ပြန်ထွက်လာတော့ ကော့ကွန်းဂူကို သွားခဲ့ပါတယ်။ ကော့ဂွန်းဂူမှာတော့ ဖုန်းနဲ့ပဲဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ နံရံကျောက်စာ၊ အုတ်ခွက်ဘုရားများနဲ့ သဲကျောက်ရုပ်ကြွများဟာ အေဒီ(၇)ရာစုက ရှေ့ဟောင်း လက်ရာတွေဖြစ်ပါတယ်။ အခုတော့ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိပါတယ်။ (ဆြာအုပ်ပို့စ် https://myanmargazette.net/166464/travel) ကော့ဂွန်းဂူကပြန်အထွက် ဈေးဆိုင်တန်းလေး မှာ  ကရင်မုန့်ဟင်းခါး ငရုတ်သီးစပ်စပ်လေး စားခဲ့ပါသေးတယ်။ အဲဒီကနေ ရန်ကုန်ကို တန်းပြန်ခဲ့ပါတော့တယ်။ လမ်းမှာ မြိုင်ကလေး၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုလမ်းတစ်လျှောက် နှစ်ဆန်း တစ်ရက်နေ့မှာ ပဲ ရေကစားသူများ နဲ့ အထူးစည်ကားနေပါတယ်။ ရေပက်ခံထွက်တဲ့ ဆိုင်ကယ်တွေကလည်း လမ်းတလျှောက်မပြတ်ပါပဲ။ စစ်တောင်းတံတားကျော်မှပဲ ရေကစားသူတွေ ရှင်းသွားတော့တယ်။ ဝေါကို ည ၈ နာရီလောက်ရောက်ပြီး အစ်ကိုနဲ့မိသားစုဆင်းပါတယ်။ ခဏနား၊ ထမင်းစား စကားပြောပြီး ၉ နာရီလောက်ပြန်ထွက်ခဲ့တာ ရန်ကုန်ကို ည ၁ဝ နာရီခွဲမှ ပြန်ရောက်ပါတော့တယ်။

DSC_00107

DSC_00114

DSC_00109

8 comments

  • ခင်ခ

    April 22, 2013 at 2:57 pm

    ဘားအံ ဘက်တော့ တစ်ခါမှ မရောက်ဖူးဗျ။
    ဓာတ်ပုံတွေတော့ ကြည့်ကာအားပေးသွားတယ်ဗျို့။

    • P chogyi

      April 23, 2013 at 10:49 am

      အားပေးတာကျေးဇူးပါ။

  • ဦးကြောင်ကြီး

    April 23, 2013 at 10:09 am

    နှစ်ကျော့ပြန်
    ကန်တော့ခံ
    အဒေါ့်ဟန်
    မလျော့စံ..။

  • P chogyi

    April 23, 2013 at 10:49 am

    မလျော့စံ
    တောပြန်
    ဘောကန်
    အော်ကျော့လန်

  • Ma Ei

    April 23, 2013 at 1:46 pm

    ဆြာအုပ် ပို့စ်ဖတ်ပြီးထဲက သွားချင်ခဲ့တာ…
    ခု ကိုချိုကြီး ပို့စ်တွေ ထပ်ဖတ်ရတော့
    ခုတစ်ခေါက် ခရီးစဉ်ကို ဘားအံဘက်သွားဘို့
    အဆိုတင်လိုက်တော့မယ်….

    • P chogyi

      April 23, 2013 at 8:19 pm

      ဘားအံဘက်မှာအချိန်ယူပြီး သွားစရာ လေ့လာစရာနေရာတွေအများကြီးပါ
      ဟိုအရင်ကသွားလို့မရတဲ့နေရာတွေမို့ သွားသင့်ပါတယ်လို့ အကြံပြုပါရစေ

  • ကျိုက်ထီးရိုးနှစ်ကျော့ပြန်နှင့်ဘားအံဘုရားဖူး(ဆုံး)
    ….. ဆိုဒေါ့ …….
    ဆုံးသွားပြီ မှတ်တာ …. :mrgreen:
    ဆုံးလည်း ဆုံးတွားဘီဘဲနော့ …
    (( ခရီးဂို ပေါဘာဒယ် ))
    :kwi:

  • P chogyi

    April 23, 2013 at 8:20 pm

    ညီလေးမောင်အံ
    ကိုယ်တမင်တကာ
    မင်းတို့ပြောလို့ရအောင်
    အမှတ်(၄)လို့ မတပ်ဘဲ ဆုံး ဆိုပြီးတပ်လိုက်တာ
    ဟွင်း ဟွင်း ဟွင်း……………..

Leave a Reply