နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၅)

အပိုင်း (၆)

 

အခန်း (၇)

Akar Bo : သိပ်ပျော်နေတယ်ပေါ့လေ။

ဟု စာတန်းလေးပေါ်လာတော့ ကျွန်မကျိတ်ပြုံးမိသည်။

Honey : ဒါပေါ့ ဒါပေါ့

Akar Bo : ဟာ ကောင်မလေးတစ်ယောက် ရှက်လဲမရှက်ဘူး ကြည့်စမ်း

Honey : အိုး ရှက်စရာလား ပျော်လို့ပျော်တယ်ပြောတဲ့ဟာ

Akar Bo : ကြိုက်တယ်

ံHoney : ဟင် ဘာကိုပြောတာလဲ

Akar Bo : အဲ တစ်မျိုးမထင်နဲ့နော် စိတ်ဓာတ်ကိုပြောတာပါ

Honey : တော်သေးတာပေါ့

Akar Bo : စိတ်ကူးယဉ်မနေပါနဲ့ဗျာ ခင်ဗျားကိုမကြိုက်ပါဘူး

ံHoney : အောင်မယ် မယဉ်ပါဘူးနော် ဘယ်သူက ကြိုက်ခိုင်းနေလို့လဲ

Akar Bo : ထူးဆန်းတယ်ဗျ ကျွန်တော့်စိတ်ထဲ ခင်ဗျားကိုရင်းနှီးနေသလိုပဲ

သူ အဲလိုဝန်ခံလာတော့ ကျွန်မရယ်ချင်သွားမိသည်။ ကျွန်မကိုယ်တိုင်လည်းအဲလိုခံစားနေမိတာမဟုတ်လား

Honey : အမှန်အတိုင်း ဝန်ခံရရင် ကျွန်မလည်းရှင့်လိုပဲခံစာနေမိတာ ရှေးရေစက်တစ်မျိုးဖြစ်မယ်ထင်တယ်နော်

Akar Bo : ဖြစ်နိုင်တယ်ဗျ မထင်မှတ်ဘဲ ခဏခဏတွေ့ခဲ့တာတွေကအစပေါ့

ံHoney : ကောင်မလေးတွေအများကြီးပါတာလည်းထည့်ပြောအုံးလေ

Akar Bo : ဒါတော့ ခွင့်လွှတ်ဟာ မွေးရာပါအားနည်းချက်က ဆော်ကြည်တာ

Honey : အဟက် ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့နော်

Akar Bo : သူတော်ကောင်းလည်းမဖြစ်ချင်ပါဘူးကွာ ကိုယ့်အကြောင်းကိုယ်သိပါတယ်

ံ့Honey : မဆိုးဘူး အဲဒါတော့ သိသားဘဲ ကဲမောင်လေးတစ်မှတ်ယူ

Akar Bo : မင်းကအရမ်းပွင့်လင်းတယ် အဲဒါကောင်းတယ် ဒါပေမယ့် တစ်ခုပဲ မင်းစတိုင်လ်နဲ့ ကိုကြီးနဲ့ဘယ်လိုပက်သက်မိသွားလဲလို့

ကိုကြီးက မင်းလို type တော့မဟုတ်ဖူးကွ

Honey : အင်း အဲဒါကပဲ ကျွန်မအတွက်တော့စိတ်ဝင်စားစရာပေါ့ ဟီး

Akar Bo : မင်း ဒီဇာတ်လမ်းလေးကိုဘယ်လိုဆက်ကမလဲဆိုတာစိတ်ဝင်စားနေပြီ

ံHoney : လူကိုတော့မဝင်စားနဲ့နော် ရှင်နဲ့ကျွန်မကဖြစ်မှာမဟုတ်ဖူး

Akar Bo : အကဲခတ်တော်သားဘဲ စိတ်ချပါကွာ မင်းကိုချစ်မသွားပါဘူး ဒါပေမယ့် အရင်းနှီးဆုံးသူငယ်ချင်းတော့ဖြစ်ခွင့်ရချင်တယ်

ံHoney : ဟန်နီ့မှာလဲ အဲဒီစိတ်ကလေးရှိနေတယ်ရှင့် DEAL ~

Arkar Bo : ကိုထူးခြားနဲ့အခြေအနေကော တိုးတက်နေပြီလား

ံHoney : ဘာကိုတိုးတက်ရမှာလဲဟ ငါတို့ကမောင်နှမတွေဟာကို

Arkar Bo : ဟန်နီ တခြားသူကိုသွားညာနော် ကျွန်တော့်ကိုတော့မရဘူး ကျွန်တော်ကလူတွေရဲ့စိတ်ကိုဖတ်တတ်တယ်ဗျ

Honey : အလဲ့ တကယ်ဟုတ်ပါလား ဒါဆို ဟန်နီ့စိတ်ကိုဖတ်ကြည့်လေ

Arkar Bo : ဖတ်ကြည့်လို့မေးနေတာပေါ့ ဟန်နီက ကိုကြီးထူးခြားကိုချစ်နေတာလို့

Honey : ဒါဆို ရှင့်ကိုကြီးကကော

Arkar Bo : ကိုကြီးကထူးဆန်းတဲ့လူတစ်မျိုးဗျ နားလည်ရနည်းနည်းခက်တယ် သူ့ဘဝမှာ      မိန်းကလေးသူငယ်ချင်းအပေါင်းအသင်းနည်းတယ်

ကိုကြီးနိုင်ငံခြားကိုထွက်သွားပြီးနောက်ပိုင်း ပထမဆုံးကိုကြီးနဲ့ပက်သက်နေတာ ဟန်နီပဲ

Honey : အောင်မလေးနော် ဘဝတောင်မြင့်ချင်သွားပြီ ဒါဆို ဖြိုးဆိုတဲ့တစ်ယောက်ကရော

Arkar Bo : ဒါကတော့ တခါတုန်းကတက္ကသိုလ်မှာပေါ့ဗျာ .. ထားလိုက်ပါ ကြာပါပြီ

ံHoney : ရှင်က ရိပ်မိနေတယ်ဆိုတော့လည်း မထူးတော့ပါဘူးလေ ရှင်ကဆရာကြီးဆိုတော့မေးရအုံးမယ်

ဟန်နီဘာလုပ်သင့်တယ်လို့ရှင်ထင်လဲဟင် ရှင့်အကိုက ရေခဲတုံးကြီး

Arkar Bo : ရေခဲတုံးလည်း အချိန်တန်ရင်တော့ အရည်ပျော်မှာပဲမဟုတ်လား နည်းသိဖို့ပဲလိုတယ်လေ

Honey : ဟုတ်ပါပြီ ဆရာကြီးရဲ့ အဲဒါကြောင့် အဲဒီနည်းကိုတောင်းနေတာလေ ဘယ်လိုလုပ်ရမလဲဆိုတာတကယ်ပဲမသိတော့ဘူး

အမှန်အတိုင်းပြောရရင် ဟန်နီခံစားနေရတယ် ဟန်နီ့ကိုကူညီပါအုံးဟယ်

Arkar Bo : အားကိုးတယ်ပေါ့လေ

Honey : အင်း ဘာလို့လဲမသိဘူး ရှင့်ကိုမြင်တည်းက စိတ်ထဲကအလိုလိုယုံနေတာ ရှင်က ဟန်နီ့ကိုဘယ်တော့မှ ဒုက္ခပေးမယ့်လူတစ်ယောက်မဟုတ်ဖူးလို့လေ

Arkar Bo : အားးးး အပြောလေးကတော့ကွာ ဒါကြောင့်လည်း ကိုကြီးကညီမလေး ညီမလေးနဲ့ဖြစ်နေတာနေမှာ ကူညီပါ့မယ်ဗျာနော်

နောက်နေ့တွေ့မှပြောပြမယ် အိုကေ … ကဲ ခုချိန်က သားသားလေး အာကာဗိုလ်ရဲ့ phoning time ရောက်ပြီမို့ out တော့မယ်နော်

Honey : ဟဟ ကောင်းပါပြီရှင် ဒါနဲ့ ဘယ်တစ်ယောက်နဲ့လဲဟင်

Arkar Bo : ဟန်နီမသိတဲ့ ကောင်မလေးပါ ဟန်လေးတဲ့ ကျွန်တော်ကတော့ ကလေးလို့ ခေါ်တယ်

Honey : အော် … ညနေတုန်းကသွားကြိုတဲ့ကောင်မလေးလား

Akar Bo : ဟန်နီကသိနေတာလား

Honey : ကိုကိုနဲ့ ကိုသက်အောင်ပြောနေတာကြားမိတာပါ ညီမလေးဆို

Akar Bo : အဲဒီလိုပဲဆိုပါတော့ အဲဒီကိစ္စကိုနောက်မှအေးဆေးရှင်းပြတော့မယ်

Honey : ကောင်းပါပြီရှင် carry on

Akar Bo : အော် ကျွန်တော့်ဖုန်းနံပါတ်က 095 -xxxxxx

ံHoney : ဟန်နီက .. 095 -xxxxx

 

အဲဒီနေ့ညက ကျွန်မ အချိန်တော်တော်ကြာ အာကာဗိုလ်နဲ့ အွန်လိုင်းမှာစကားတွေပြောဖြစ်ခဲ့တယ်

ရုတ်တရက် ကျွန်မဘေးမှာ ပန်းတွေလာပွင့်သလို လေနုအေးလာတိုက်ခတ်သလို ခံစားရသည်။

ဘာကြောင့်မှန်းမသိ ဒီနေ့ညက တခြားညတွေထက် နူးညံ့မှုတစ်မျိုးနဲ့အသက်ဝင်နေသလိုပဲ။

ချစ်လွန်းလှပါတယ်ဆိုတဲ့ ကိုထူးခြားကိုလည်းသတိမရနိုင်။ တွေးနေမိတာ အာကာဗိုလ့်အကြောင်း။

သူကပြောသည် ကျွန်မကိုမချစ်ဘူးတဲ့။ တခြားကောင်လေးတွေ ကျွန်မကိုစိတ်မဝင်စားဘူးလို့ ကြွေးကြော်တဲ့ကောင်လေးတွေကိုအရမ်းမုန်းတတ်သည့် ကျွန်မ။

ဲအဲဒီလိုကောင်လေးတွေရဲ့ အသည်းကို မရမကခွဲတတ်သည့် ကျွန်မ။

အာကာဗိုလ့်ရဲ့စကားကို ကြားရချိန်မှာ ဘာမှမခံစားရ .. ရယ်ချင်နေခဲ့ရုံသာရှိသည်။

သူ့ကို ချစ်နေတာလားလို့ရိုးရိုးလေး ကိုယ့်ဘာသာပြန်မေးကြည့်တော့လည်း အဖြေက ဟင့်အင်း။

ဒါဆို ဘာလို့များ ကျွန်မသူ့အကြောင်းတွေ တွေးနေမိတာလဲ။

ထူးဆန်းတဲ့ခံစားမှုတွေနဲ့ ကျွန်မရင်ထဲဝင်လာတဲ့ အာကာဗိုလ်ရေ … ဘာတွေဆက်ဖြစ်ကြမလဲ သိချင်ပါရဲ့ကွယ်

တကယ်ပဲသူပြောသလို ကျွန်မတို့ကြား ထူးဆန်းတဲ့ဆက်နွယ်မှုတစ်ခုများ ရှိနေခဲ့သလား

သူ့အကြောင်းတွေးနေချိန် သူ့ဆီက မက်ဆေ့ချ်အရှည်ကြီးတစ်စောင်ဝင်လာခဲ့သည်။

 

“ ဟန်နီ .. အိပ်နေပြီလားဟင် ကျွန်တော်အခုလေးတင်ပဲ ဟန်လေးနဲ့ဖုန်းပြောပီးတာ အခုလိုဟန်နီနဲ့သူငယ်ချင်းဖြစ်ခွင့်ရခဲ့တာကို ကျွန်တော်တကယ်ပဲပျော်မိတယ်

ပထမဆုံးပြောချင်တာကတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဗိုလ်လို့သုံးလို့ရမလားဟင် ဗိုလ်ဆိုတဲ့နာမည်ကို ငယ်ငယ်တုန်းကကျွန်တော့်အဘွားကခေါ်ခဲ့တာလေ

ဟန်နီ့ကိုလည်းအဲလိုခေါ်စေချင်မိတာ ဗိုလ် ဟာလူလိမ္မာတစ်ယောက်မဟုတ်ဖူး ဟန်နီ

ဗိုလ် ဆိုးပါတယ် ကောင်မလေးတွေယုံကြည်ချင်စရာမကောင်းတဲ့ကောင်လေးတစ်ယောက်ပါ ဒါပေမယ့် ဟန်နီပြောခဲ့တယ်နော်

ဘာလို့မှန်းမသိဘူး ဗိုလ်ကဟန်နီ့ကိုဒုက္ခပေးမယ့်လူမဟုတ်ဖူးဆိုတာယုံတယ်တဲ့ ကျေးဇူးပါ ဟန်နီ စိတ်ချပါ ဘယ်သူမှမယုံကြည်တဲ့ ဗိုလ့်ကို

ယုံကြည်ပေးတဲ့ ဟန်နီလေးအတွက် ဗိုလ်ဆိုတဲ့ကောင်ဟာ ယုံကြည်စရာကောင်းတဲ့ကောင်လေးတစ်ယောက်အဖြစ် ဟန်နီ့နားမှာရှိနေပေးမှာပါ

တစ်နေ့တော့ ဗိုလ့်အကြောင်းတွေအများကြီး ဟန်နီ့ကိုပြောပြဖြစ်မှာပါ နည်းနည်းချင်းစီပေါ့ ကဲ ခုတော့ ဗိုလ်အိပ်ပြီ

good night honey ”

 

အာကာဗိုလ့်ရဲ့ မက်ဆေ့ချ်ကိုဖတ်ပြီး ကျွန်မနှုတ်ခမ်းလေး စက္ကန့်အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

“ ဗိုလ် ” ……

=====================

 

အခန်း (၈)

 

 

ရည်းစားခပ်များများထားတတ်တဲ့ကျွန်မကို မြားနတ်မောင်ကစိတ်ဆိုးနေသည်ထင်။

ဒီတစ်ခါတော့ သေပေတော့ဆိုပြီး ကျွန်မကို ခပ်လှလှ ပညာပြနေလေပြီ။

အချစ်ရေးက ခုတလော ကားဈေးကွက်လိုပဲ .. တည်ငြိမ်မှုသိပ်မရှိပေ။

ဒီတစ်ယောက်ကိုအတည်တွဲမည်ဟု စိတ်ကူးထားမှပဲ ဟန်နီ့ထုံးစံအတိုင်း အဆင်မပြေဖြစ်နေရပြီ။

ရှေ့တည့်တည့်ကိုကြည့်မိတော့ မျက်နှာကျက် ပန်းရောင်ဖျော့ဖျော့က အင်အားမပါသလို ကျွန်မကိုပြန်ကြည့်နေသည်။

ဒီအတိုင်းအိမ်မှာဆက်နေလို့မဖြစ်တော့ … ကြာရင် စိတ်ရောဂါရသွားနိုင်သည် ဟု ကျွန်မဘာသာစဉ်းစားကာ အပြင်သွားဖို့ ကုတင်ပေါ်မှဆင်းလိုက်သည်။

အလှပြင်ရမှာပျင်းတဲ့ထုံးစံအတိုင်း အလှပြင်ဖို့မစဉ်းစားတော့ … ဝတ်နေကျ polo sport shirt အဖြူတစ်ထည် နဲ့

ဂျင်းဘောင်းဘီကို အမြန်လဲလိုက်သည်။

အိမ်အောက်ထပ်အရောက် ဂျင်းဘောင်းဘီနဲ့အဆင်ပြေမယ့် all star လည်တိုလေးကို ကောက်စွပ်နေစဉ်မှာပဲ ကျွန်မဖုန်းက message tone လေးမြည်လာတော့သည်။

ဖိနပ်နောက်တစ်ဖက်မစီးသေးဘဲ မက်ဆေ့ချ်ကိုဖွင့်ကြည့်မိတော့ ညစ်နေတဲ့စိတ်ကလေးတောင်နည်းနည်းမြူးသွားသလိုခံစားလိုက်ရသည်။

 

“ မောနင်းပါ မိဟန်နီ မနက်စာလေးဘာလေးများထွက်စားဖို့အစီအစဉ်ရှိရင် ကျွန်တော်မျိုးကိုသံချောင်းခေါက်လိုက်ပါ ” နော်တဲ့။

ကျွန်မလက်ကလေးကို ခပ်မြန်မြန်အသက်သွင်းကာ နံပါတ်လေးများကိုနှိပ်လိုက်မိသည်။

“ ဝယ်ကျွေးမယ်ပေါ့လေ ”

“ ဟုတ်ကဲ့ပါ ခင်ဗျာ ”

“ လူကိုရွှတ်နောက်နောက်မလုပ်ပါနဲ့ ”

“ မလုပ်ရပါဘူးဗျာ ကဲ မရွှေချော ဘယ်မှာစားမှာလဲ ”

“ ရှင်ကျွေးမယ်ဆိုမှ စားမှာနော် ကျုပ်မှာ ဘတ်ကျပ်ရှိဝူး ခစ်ခစ် ”

“ အမိန့်တော်အတိုင်းပါ စားချင်တဲ့ဆိုင်သာရွေးတော်မူ ”

“ ဒါဆို … အင်းယားလမ်းက ခေမရ၌ မှာတွေ့မယ် ”

“ အိုကေ see you ”

 

ကျွန်မ taxi ငှားပြီး ခေမရ၌ ကိုထွက်လာခဲ့လိုက်သည်။ ကျွန်မ ဆိုင်ကိုရောက်တော့ အာကာဗိုလ်မရောက်သေး။

အေးအေးလူလူပဲ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးကြော်လေးမှာပြီးစောင့်နေလိုက်သည်။

ဘာဖြစ်လို့ စောင့်ဆိုင်းရတာကိုမုန်းတတ်တဲ့ကျွန်မ အာကာဗိုလ်ဆိုတဲ့တစ်ယောက်ကို အေးအေးဆေးဆေးစောင့်နေမိပါလိမ့်။

ထူးတော့ ထူးဆန်းနေပါပြီ ကောင်ကလေးရယ် … ရှင့်ကို ကျွန်မ ချစ်နေမိတာလည်းမဟုတ်ပါပဲနဲ့ …

 

—————————

 

၁ဝမိနစ်လောက်ကြာတော့ အာကာဗိုလ်ရောက်လာသည်။ သူကလည်း တီရှပ်အဖြူရောင်နဲ့ ဂျင်းဘောင်းဘီကို ပေါ့ပေါ့ပါးပါးဝတ်လာပုံရသည်။

ခပ်ပြုံးပြုံးနဲ့ဆိုင်ထဲဝင်လာတဲ့ သူ့ကိုကြည့်ရင်း ကျွန်မပြုံးမိပါသေးရဲ့။ စိုင်း၂သီချင်းလို တိုက်ဆိုင်တာများကွာ …

“ ဘာပြုံးတာလဲ ဟန်နီအကျီဘာအရောင်ဝတ်လာမလဲဆိုတာ ဗိုလ် ကြိုပြီး မသိဘူးနော် ”

“ ရော် ဒီကဘာပြောရသေးလို့လဲ ”

“ ဟေ့ရောင် ပြောစရာမလိုဘူး အပြုံးကိုဖတ်တတ်တယ် ”

“ အိုးးးးး ဆရာကြီးပါလားနော် ”

“ မဟုတ်ရပါဘူးဗျာ ”

“ အဲဒါ ရဲလေးသီချင်းလေ ”

“ ကောင်မလေး လူကိုလာနောက်နေတယ် ”

“ မနောက်ပါဘူးနော် ပျော်လို့စတာပါ ”

“ ကျုပ်နဲ့ မနက်စာအတူစားရတာအဲလောက်ပဲပျော်သလား ညည်းပျော်အောင် နေ့တိုင်းမနက်စာအတူစားပေးရမလိုဖြစ်နေပြီ ”

“ ဟားဟား လိပ်ကြီးဟေ့ ကိုယ့်ဘက်ကိုဆွဲပြီးပြောနေလိုက်တာ ဒီဘက်က ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး ”

“ မသိရင်လည်းမပြောနဲ့တော့လေ မောင်တော်ပြောတာလက်ခံလိုက်တော့ ”

“ ဘာမှလဲဆိုင်ဘူး ”

သူနဲ့ရောက်တတ်ရာရာတွေပြောရင်း ကျွန်မပျော်ရွှင်နေမိတယ်။ မနက်တုန်းကစိတ်ညစ်နေတာတွေလည်းဘယ်ရောက်လို့ရောက်သွားမှန်းမသိတော့။

ဘဝဆိုတာ ဒီလိုလေးငြိမ်းချမ်းနေရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိတယ်။ ဒီနေ့ .. နေသာနေတယ်ပဲဆိုကြပါစို့။

 

“ ကောင်မလေး ငြိမ်သွားပါလား နိုင်အောင်ဘယ်လိုပြန်ပြောရမလဲလို့ စဉ်းစားနေတာလား စဉ်းစားမနေပါနဲ့ကွာ .. ဟန်နီ ဗိုလ့်ကိုမနိုင်ပါဘူး ”

ဗိုလ်က ကျွန်မငြိမ်ကျသွားတာနဲ့ စကားပြန်လာစလာသည်။ အဲဒီ ဗိုလ်တစ်ယောက်ဟာလေ … အချိန်တိုင်း ကျွန်မကို ဘယ်လိုစရမလဲဆိုတာပဲ စဉ်းစားနေပုံရတယ်။

“ အောင်မယ် လာသေး … နေပါနော် ဒီမှာ ကြည်နူးနေတာလေးတွေပျောက်သွားအောင် လာလာမပြောနဲ့ ဟွန်း”

“ ကြည်နူးနေတယ်ဆိုပါလား ဘာတွေလဲ လင်းစမ်းပါအုံး ”

“ ဘာရယ်လိုတော့အတိအကျမပြောတတ်ဖူးရယ် .. ဒါပေမယ့် ပျော်နေတာ .. ကြည်နူးနေတာ စိတ်ချမ်းသာနေတာ .. ဒါပဲသိတယ် မေးနဲ့တော့ ”

“ ကောင်မလေး ညည်းတော်တော်စကားတတ်တာပဲ အဲလိုလေးတွေနဲ့ပဲ ကောင်လေးတွေကို ဖမ်းစားခဲ့တယ်ပေါ့လေ .. တော်ပါပေတယ် ”

မျက်နှာကိုမဲ့ကာရွဲ့ကာနှင့် ကျွန်မကို ချီးမွမ်းခန်းဖွင့်နေတဲ့ ဗိုလ့်ရုပ်ကို ကြည့်ပြီး ကျွန်မဟက်ဟက်ပက်ပက်ကြီးကိုရယ်ချလိုက်မိတယ်။

သိပ်ကိုထူးဆန်းတဲ့အဖြစ်ကလေးတစ်ခုပါ ဗိုလ်ရယ်။ ကျွန်မဘယ်ယောကျာ်းလေးတစ်ယောက်ရဲ့ဘေးမှာမှ ခုလိုပေါ့ပါးလွတ်လပ်စွာမရယ်နေခဲ့ဖူးပါဘူး။

ဘယ်သူကမှ ကျွန်မယုံကြည်စိတ်ချရတဲ့ယောကျာ်းမဖြစ်နိုင်ခဲ့တာလည်းပါမှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ဗိုလ်။

 

အပိုင်း (၇) မျှော် …

About သူကေလး

Thu Thu Htet has written 37 post in this Website..

My personalities is just the way I am & My attitude depends on who u are :)