Mandalay Gazette သို့ အကြံပေးစာ

Myanmar Web DesignerApril 22, 20131min32636

Admin များအားလုံး မင်္ဂလာပါခင်ဗျာ။

ပထမဦးဆုံး ဒီအကြံပေးစာကို email အနေနဲ့ မပို့ပဲ post တင်ရတာက လျှို့ဝှက်ဖို့ မလိုတဲ့ ကိစ္စဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။ လျှို့ဝှက်ဖို့ မလိုတာနဲ့ပဲ ပို့စ်အနေနဲ့ တင်ရသလားဆိုတော့ ရွာထဲက လူတွေကိုလည်း ပညာရစေချင်လို့ပါ။ ပြီးတော့ ပို့စ်အနေနဲ့ တင်တော့ အားလုံး ဆွေးနွေးလို့ရတာပေါ့ဗျာ။

ကျွန်တော်က SEO သမားဆိုတော့ အကြံပေးချင်တာလည်း SEO နဲ့ ပတ်သတ်ပြီးတော့ အကြံပေးချင်တာပါပဲ။ အားလုံးလည်းဖတ်ဖြစ်ကြမှာဆိုတော့ SEO ဆိုတာကို အတိုချုပ်အနေနဲ့ ပြောချင်ပါတယ်။ SEO (Search Engine Optimization) လုပ်တယ်ဆိုတာ Google မှာ တစ်ခုခုကို ရိုက်ထည့်ပြီးရှာလိုက်ရင် အဲဒီ ရိုက်ထည့်လိုက်တဲ့စာသားက ကိုယ့် website မှာ တင်ထားတဲ့ စာသားဖြစ်နေရင် Google မှာရှာလိုက်လို့ ထွက်လာတဲ့ result မှာ ကိုယ့် ဝဘ်ဆိုက်ကို ထိပ်ဆုံးက ပေါ်အောင်လုပ်တာ ဖြစ်ပါတယ်။ ဒါများကွာ လွယ်လွယ်လေး၊ ကိုယ့်ဆိုက်မှာ တင်ထားရင် ပေါ်မှာပေါ့လို့တော့ မထင်လိုက်ပါနဲ့။ ဥပမာ Google မှာ Myanmar လို့ ရှာလိုက်တယ်ဆိုရင် မြန်မာအကြောင်းရေးထားတဲ့ ဝဘ်ဆိုက်တွေမှ အင်တာနက်မှာ အများကြီး၊ အဲဒီအများကြီးထဲကမှ ကိုယ့်ဝဘ်ဆိုက်ကို အတတ်နိုင်ဆုံး ထိပ်ဆုံးမှာပေါ်အောင်လုပ်ရတာ။ ကဲ .. ဘယ်လောက်ခက်မလဲ တွေးသာကြည့်တော့။ မန္တလေး ဂေဇက်မှာလည်း သတင်းတွေ တင်တာတွေ့ရပါတယ်။ အဲဒါကြောင့် မန်းဂေဇက်လည်း SEO ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။

မန်းဂေဇက်ကို ဝင်လို့ရတဲ့ လိပ်စာ (ကျွန်တော် သိသလောက်ဆိုရင်) သုံးခု ရှိပါတယ်။

myanmargazette.net
mandalaygazette.net
myanmargazette.net

အဲဒီမှာမှ အားလုံး အရှေ့မှာ www တပ်လိုက်ရင် နောက်ထပ်သုံးခု စုစုပေါင်း ခြောက်ခု ဖြစ်သွားတာပေါ့။

myanmargazette.net
www.myanmargazette.net

mandalaygazette.net
www.mandalaygazette.net

myanmargazette.net
www.myanmargazette.net

ပေါ့ဗျာ။ အဲဒီခြောက်ခုမှာ တစ်ချို့တွေလည်း .org နဲ့ ဆုံးတဲ့လိပ်စာကို သိကြတယ်။ တစ်ချို့လည်း .net နဲ့ ဆုံးတဲ့ လိပ်စာကို သိကြတယ်။ .com ကို သိမယ့်လူကတော့ များမှာပေါ့။ Admin များအနေနဲ့ အဲဒီ ဒိုမိန်း ခြောက်ခုကို server တစ်ခုတည်းကို point လုပ်ထားပေမယ့် Google ကတော့ website ခြောက်ခုလို့ပဲ မှတ်ယူပါတယ်။ (သာမာန် စာဖတ်သူတွေ နားလည်အောင်ပြောရမယ်ဆိုရင်တော့ မန်းဂေဇက်မှာ တင်ထားတဲ့ စာတွေကတော့ တစ်ခုတည်းပါပဲ၊ ဒါပေမယ့် မန်းဂေဇက်ကို လာလို့ရတဲ့ လိပ်စာ ခြောက်ခုဖြစ်နေတော့၊ လူတွေအနေနဲ့ကတော့ အထဲက စာကိုပဲ မြင်မှာဖြစ်တဲ့အတွက် တစ်ခုတည်းလို့ သတ်မှတ်ပေမယ့်၊ ရှာဖွေရေး အင်ဂျင် (Google, Yahoo, Bing) တို့ကတော့ website ခြောက်ခုလို့ သတ်မှတ်ပါတယ်)။ အဲဒါကြောင့် ရှာဖွေရေး အင်ဂျင်တွေက .com ကိုဝင်တဲ့ လူအရေအတွက်၊ .net ကိုဝင်ကြည့်တဲ့ အရေအတွက်၊ .org ကို ဝင်ကြည့်တဲ့ လူအရေအတွက် တို့ကို မပေါင်းပေးတော့ မန်းဂေဇက်က (ရှာဖွေရေး အင်ဂျင် တွေအတွက်) ပေါ်ပျူလာ ဖြစ်သင့်သလောက် မဖြစ်ဘူး ဖြစ်နေတာပေါ့။

 

ဖြေရှင်းနည်း

ဖြေရှင်းနည်းကတော့ domain redirect လုပ်ခြင်းပါပဲ၊ တစ်ချို့ကိုလည်း လုပ်ထားပါတယ်။ (သာမာန် စာဖတ်သူတွေအတွက်။ ။ domain redirect လုပ်တယ်ဆိုတာ အပေါ်က လိပ်စာ ခြောက်ခုထဲမှာ ဘယ်လိပ်စာနဲ့ ဝင်ဝင် လိပ်စာ တစ်ခုခုဆီကိုပဲ ရောက်သွားအောင် လမ်းလွှဲပေးလိုက်တာဖြစ်ပါတယ်။ ဥပမာ mandalaygazette.net လို့ ရိုက်ထည့်ကြည့်ပါ၊ ဝဘ်ဆိုက်ပေါ်လာပြီဆိုရင် ရိုက်ထည့်လိုက်တဲ့နေရာကို ပြန်ကြည့်လိုက်ပါ၊ myanmargazette.net ဖြစ်သွားပါတယ်။ အဲဒါကို redirect လုပ်တယ်လို့ ခေါ်ပါတယ်။) ဒါပေမယ့် domain အကုန်လုံးကို မလုပ်ထားတော့ SEO ကောင်းသင့်သလောက် မကောင်းဘူးပေါ့။ အဲဒါကြောင့် ကျွန်တော် အကြံပေးချင်တာက တစ်ခြား ဘယ်လိပ်စာနဲ့ဝင်ဝင် လူသိအများဆုံးဖြစ်တဲ့ myanmargazette.net ကို redirect လုပ်သင့်ပါတယ်။ ဆိုလိုတာက

www.myanmargazette.net
mandalaygazette.net
www.mandalaygazette.net
myanmargazette.net
www.myanmargazette.net

ငါးခုထဲက ဘယ်တစ်ခုနဲ့ ဝင်ဝင် myanmargazette.net ကို ရောက်သွားအောင်လုပ်သင့်ပါတယ်။ ကျွန်တော် အကြံပေးတာက myanmargazette.net ပါ။ .com ကို ရွေးရတာက လူတော်တော်များများက website ဆိုရင် .com လောက်သာ သိကြပါတယ်။ အဲဒီမှာ လိပ်စာ အရှေ့ဆုံးမှာ www. မပါရတာက အခုလက်ရှိမှာ

www.myanmargazette.net, www.mandalaygazette.net နဲ့ mandalaygazette.net တို့ကို ရိုက်ထည့်လိုက်ရင် myanmargazette.net ကို လမ်းညွှန်ပြီးသားဖြစ်နေလို့ပါ။ အဆင်ပြေပါစေ … Admin များ ခင်ဗျာ … 🙂 ။ တစ်ခြားအကြောင်းအရာရှိလို့ domain redirect မလုပ်တာဆိုရင်တော့ sorry ပါ … 🙂

36 comments

  • mobile

    April 22, 2013 at 10:34 pm

    ရွာကောင်းကျိုးအတွက် အကြံပြုတာ ထောက်ခံပါ၏……
    ကျုပ်တို့ကတော့ ဒါတွေသိပ်နားမလည်ဘူးရယ်….
    ဗဟုသုတလည်း ဖြစ်စေပါတယ်……………..

  • kai

    April 22, 2013 at 11:03 pm

    seo ထက်လုံခြုံရေး။ ဒေတာတွေအရေး ဦးစားပေးတာပါ။ မန်ဘာ ၁သောင်းကျော်ဝက်ဘ်ဆိုက်က seo သိပ်မလိုတော့ပါဘူး..။
    .org ကို backup အတွက်လုပ်ထားတာပါ။
    အရင်နှစ်က .com ဟက်ကာတွေတိုက်ခံရတုံး .org ကနေချက်ချင်းပြန်တင်လို့ရတယ်။
    အဲဒီ .org ဆာဗာက .com လောက်တော့မကောင်းဘူး.

    လုံခြုံရေးအတွက်ဦးစားပေးရတာမို့.. ဆာဗာတလုံးဖိုးအပြင် https အတွက် ဆာတီဖကိတ်ဖိုးလည်းအပိုကုန်ပါတယ်..။

    • လူခါး

      April 22, 2013 at 11:15 pm

      ဪ … ဒါဆိုရင်တော့

      တစ်ခြားအကြောင်းအရာရှိလို့ domain redirect မလုပ်တာဆိုရင်တော့ sorry ပါ …

      ဆိုတဲ့အတိုင်း၊ ဒါဆိုရင်တော့ ဆောရီးပါဗျာ။ SEO သမားမို့လို့ SEO ရှုထောင့်ကနေ အကြံပေးကြည့်တာပါ။ သင်ခန်းစာတစ်ခု အနေနဲ့လည်း တင်ရင်းပေါ့ :hee:

      • kai

        April 22, 2013 at 11:41 pm

        ဘာပဲဖြစ်ဖြစ်.. အကြံညဏ်ကို ကြိုဆိုပါတယ်နော..

        seo ရဲ့အဓိကအဓိပ္ပါယ်ကြီးတခုက.. Customer ရှာတာလေ..။ ငွေပေးမယ့်သူရှာတာအဓိကပေါ့..။
        ကိုလူခါးနဲ့ ecommerce website တခုလောက်တွဲလုပ်လိုက်ရင်တော့ ဝင်ငွေလေးရှိလာမလားပဲ..။ :kwi:

        • လူခါး

          April 22, 2013 at 11:43 pm

          လုပ်လိုက်လေ … ကြာသလားလို့ … မြန်မာမှာ run ဖို့ဆိုရင်တော့ အချိန်နည်းနည်းတော့ စောင့်ရမယ်ထင်တယ်ဗျ။ တစ်ချို့တွေလည်း အခုကတည်းက လူသိများအောင် run နေကြပီ … :hee:

        • kai

          April 23, 2013 at 12:32 am

          ဘစ်ဇနက်မိုဒယ်လေးစဉ်းစားကြည့်လေဗျ..။
          ယူအက်စ်ကပစ္စည်းတွေမြန်မာပြည်ပို့လို့ရမယ်..။ မြန်မာပြည်က ဆားဗစ်/ပစ္စည်းတချို့ဝယ်မယ့်သူတွေ ယူအက်စ်မှာရှိမယ်..။
          အဲဒီအပေါ်အခြေခံပေါ့..။

          တချို့လုပ်နေတယ်ထင်ပါတယ်..။

        • လူခါး

          April 23, 2013 at 12:40 am

          အင်း … လုပ်နေကြတာတွေတော့ ရှိတယ်ဗျ။ အထူးသဖြင့် မြန်မာ့ ယွန်းထည်တွေလိုမျိုး အနုပညာ ပစ္စည်းတွေရောင်းကျတာမျိုးရှိတယ်။ ယူအက်စ်ပို့မယ်ဆိုတော့ transportation charges တွေပါ ကုန်မှာပေါ့ … ?

        • kai

          April 23, 2013 at 12:53 am

          LA, Sanfran ကတလ ၂ခါလောက်လူကြုံရှိပြီး တပေါင်ကို ၇-၁ဝဒေါ်လာလောက်အထိ သယ်ခယူပါတယ်..။ ယူအက်စ်ကမြန်မာပြည်ပို့လည်း ဒီဈေးပါပဲ..။

        • လူခါး

          April 23, 2013 at 1:05 am

          ကောင်းတယ်ဗျို့၊ စိတ်ဝင်စားသွားပြီ။ အီးမေလ်းပို့ထားတယ်ဗျ … :hee:

  • လူခါး

    April 22, 2013 at 11:19 pm

    ပြီးတော့ google တို့ yahoo တို့မှာလည်း .com ကော .org ကော နှစ်ခုစလုံးကို index လုပ်ထားတာ တွေ့လို့

  • S@i S@i Fin K@i

    April 23, 2013 at 6:29 am

    တကယ်တော့ ..SEO ထက်လိုနေတာ Promotion ပါပဲ …. သဂျီးရဲ့ လူ၁သောင်းမှာ
    သန်းခေါင်စာရင်းပေါက်တာ လူ ၂၀ဝ အဲ့သည့် လူ၂၀ဝမှာမှ
    Daily active ဖြစ်နိုင်တာ လူ ၂ဝလောက် … သည်တော့ကောက်ချက်ချ
    10000 ရဲ့ 20 နော..5% တောင် အနိုင်နိုင်ရယ် … အားယီး ပျင်းစာကောင်းဒယ်..
    လူ၅ယောက်ရေးတဲ့စာကို လူ၁၀ဝ ကဝိုင်းဖတ် …မန့်ချင်သူမန့် ဒီတိုင်း ထွက်ချင်သူထွက်နဲ့
    why not 10% .. why not 20% ..
    ဆာဗာကိစ္စ ဘန်ဝတ်စ် ကိစ္စ တက္ကနစ်ကယ် ဒစ်ဖစ်ကယ်လ်တီးစ် ဘက်လည်း နည်းနည်းတူးချင်သေးတာရယ်
    (လူဂျီးတွေ တာဝန်ပေးထားပီး ရေးလက်စ အတောမသတ်နိုင်သေးတာလေးတပုဒ် ဒီရက်ပိုင်းတင်ပါ့မယ်
    ခီညာ..)

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • လူခါး

      April 23, 2013 at 9:48 am

      အင်း … ဟုတ်တယ်ဗျ … လူတစ်သောင်းသာပြောတာ သိပ်ပြီး active မဖြစ်ဘူး၊ အဲဒါကြောင့် ကိုခိုင့်ကိုကျွန်တော်တစ်ခါ အကြံပေးသေးတယ်လေ…. email subscription စနစ်လေးထည့်ပါလို့။ ဒါမှ ဆိုက်မှာ အသစ်တင်တိုင်း subscribe လုပ်ထားတဲ့လူတွေဆီ မေးလ်ပို့ပြီး အသိပေးနေမှာမို့ site ဝင်ကြည့်တဲ့လူအရေအတွက်များလာမယ်လို့။ bandwidth လေးတော့ နည်းနည်းကုန်တာပေါ့ဗျာ။ subscribe လုပ်တဲ့လူများလာရင် များများကုန်တာပေါ့ :harr:

      site လူဝင်များဖို့ကတော့ ဒီတစ်ခုတည်းတော့မဟုတ်ဘူးပေါ့ဗျာ။ update ဖြစ်တဲ့ သတင်းတွေ သူများမတင်ခင် ဒီကတင်ရမယ်။ facebook မှာ page တစ်ခုလုပ်ပြီးတော့ ဒီမှာ post တင်တိုင်း facebook မှာ အမြည်းတင်ပြီးတော့ ဒီကို လင့်ခ်ပြန်ညွှန်းပေးရမယ်။ (ကိုခိုင်ရေ … facebook သုံးတတ်အောင် လေ့ကျင့်ထားလိုက်ပါတော့၊ လူအများက facebook မှ facebook ဖြစ်နေတော့လည်း အဲ့ facebook အံတုနေမယ့်အစား အကျိုးရှိရှိ အသုံးချသင့်တယ်လို့ ကျွန်တော်ထင်တယ်။) အဲဒီ စသည် စသည် အချက်တွေပေါင်းမှ လူငါးရာ တစ်ထောင်လောက် active ဖြစ်လောက်မယ်ဗျ … :hee:

  • အလင်းဆက်

    April 23, 2013 at 9:48 am

    ဘာဘဲပြောပြော ..
    ဗဟုသုတတော ့ရတာပဲ ။
    ကျေးဇူးတင်ဒယ်ဗျို ့ ။

    ဟို …အပေါ်က လူကြီးနာမည်ကတော့
    တညျိုးပဲ.နော် .။
    စိုင်းစိုင်း…ဘာ..ဆိုလား..။
    ဟိဟိ ။
    :kwi:

  • ဦးကြောင်ကြီး

    April 23, 2013 at 10:01 am

    ကြောင်လဗျွတ်စ် ဘယ်ဈေးပေးမလဲ….

  • မင်းမင်း

    April 23, 2013 at 10:19 am

    အကြံပေးစာကိုဖတ်သွားပါတယ်။ဒါပေမဲ့ဘာမှမသိဘူးခဗျ။အနော်သိတာက
    ဒီဆိုဒ်ကိုဝင်ပြီးဖတ်ရမှတ်ရကူးရတာတော်တော်ကောင်းပါတယ်။
    ပို့စ်တင်ချင်ပေမဲ့ မလုပ်တတ်မကိုင်တတ်တာကြောင့်အောက်ကပဲမန့်
    ပါတော့မယ်။
    ဒီမှာအနော့်သဘောပြောချင်ပါတယ်။ဆန္ဒပါ။လိုချင်တာပါ။
    နားမလည်တာများတော့သီးခံပေးပါဗျာ။
    ပို့စ်တင်ရတာခက်တယ်ဗျာ။လွယ်အောင်လုပ်လို့မရဘူးလား။
    ဖေ့ဘုတ်တို့တာ့ကဒ်တို့ တွီတာတို့ဝီချက်တို့ အဲဒီလို ပိုစ်တင်ချင်တာခင်ဗျ။
    ပြီးတော့မြန်မာ့အင်တာနက်မြန်နုံးကလဲသ်တဲ့အတိုင်မို့ ရွာထဲတခါ
    ဝင်ရင်အတော်ကြာတယ်။ရွာကိုသဘောကြလွန်းလို့သာဝင်ရတာ။
    ပို့တခါတင်မလို့လုပ်တုန်းလိုင်းမနိုင်တော့ပြုတ်ကျတာခဏခဏပဲ။
    အကြံလေးဘာလေးပေးကြပါအုံးဗျာ။
    အဲ့ မန့်ရတာတော့လွယ်တယ်ဗျာ။
    ဟုတ်ကဲ့။

    • လူခါး

      April 23, 2013 at 10:43 am

      ပို့စ်တင်တာကို လွယ်အောင်လုပ်လို့ရတယ်ဗျ၊ မန်းဂေဇက်လိုမျိုး wordpress site တွေ နဲ့ blogspot တို့ ဘာတို့ တော်တော်များများမှာ email လိပ်စာတစ်ခုကို မေးလ်ပို့လိုက်တာနဲ့ website မှာ post အနေနဲ့ တင်ပြီးသားဖြစ်သွားရော … အဲဒီ email လိပ်စာကိုတော့ သူကြီးဆီက တောင်းကြည့်ပေါ့ဗျာ ပေးလို့ရရင် ပေးလိမ့်မယ်။ အဲကျရင်တော့ အဲဒီ အီးမေလ်းကို ခင်ဗျား အမြဲသုံးတဲ့ gmail or some other email တစ်ခုခုကနေ မေးလ်ပို့လိုက်ရုံပါပဲ။ ဒါပေမယ့် အဲလို အီးမေးလ်လိပ်စာတွေကတော့ မှတ်ရတာ ခက်တယ်ဗျ။
      Cheers

  • တိမ်မည်း

    April 23, 2013 at 3:45 pm

    စာရေးသူက SEO သမားဆိုတော့ Search Engine အကြောင်းလေး နဲနဲပွားမယ်ဂျာ…..
    ကျုပ်တော့ အခုထိ မြန်မာ Search Engine ကောင်းကောင်းတွေ ့သေးဖူးရယ်…..
    ပြင်ဦးလွင်သို ့ လို ့ရေးပီး ပြင်ဦးလွင်အကြောင်းရှာတာ No Results ဆိုပီး တွေ ့ဖူးလေရဲ့….
    ဂလောက်နာမည်ကြီးတဲ့မြို ့ကိုနော်…..
    ပီးတော့ Google က သုံးတဲ့ မြန်မာစာက ဦးနီကုတ်ကြီးရယ်…..
    ဒီကလူတော်တော် များများ သုံးကြတာက ဖေဇော်ဂျီ……
    ဖေဇော်ဂျီကို rendering လုပ်ပီး ဦးနီကုတ်နဲ ့ ရှာပြတယ်ပဲထားလေဦးတော့…..
    ကွဲလွဲမှူလေးတွေများရှိမလားလို ့ပါ…..
    ကျွန်တော်တို ့လည်း ဂူးဂလဲလုပ်ပေါက်နဲ ့ ဦးနီကုတ်ကြီးကို မဖြစ်မနေ ပြောင်းသုံးရမယ့်
    ဘဝရောက်နေပါရဲ့……
    အခုပဲ Google Search Engine မှာ ” အကြံပေးစာ site:www.myanmargazette.net ” ဆိုပီး ရှာတာ စာရေးသူ ပို ့စ်ကို မတွေ ့ပါလေရဲ့…..
    စာရေးသူအမြင်လေး သိပါရစေ……
    ဟို ဆြာဂီတို ့…… ဆြာ ဖက်ကတ်တို ့ ဝင်ဖြေလည်း စိတ်ဆိုးဖူးရယ်နော်…..
    :harr:

    • S@i S@i Fin K@i

      April 23, 2013 at 4:06 pm

      စာလုံးပေါင်းကိစ္စခည …
      ကျနော်တို့မြန်မာစာက ဗျည်းသရ အပြင် ပင့်-ရစ်ဆွဲထိုးတွေ ပါသေးတယ်မဟုတ်လား..
      ယင်းဂလိစာဆိုရင် ဗျည်းသရ ၂၆လုံး ကို အချင်းချင်းပြန်ပေးစားရင်းနဲ့ စကားလုံးလေးတွေ
      မွေးလာပြီး ကိစ္စပြတ်တယ်ဗျာ… မြန်မာစာကျတော့ ပင့်-ရစ်-ဆွဲ-ထိုးတွေနဲ့ ပေါင်းစပ်ပေါင်းဖက်ရတာမို့
      ကျနော်တို့မှာ အစီအစဉ်ဆိုတာလိုလာတယ်..ဥပမာ လက်နဲ့ရေးတဲ့ လက်ရေးမှာ မြ ဆိုရင်
      မအရင်ရေးပြီးမှ ြ- ကိုတည့်တာ .. ကီးဘုတ်ပေါ်မှာကျတော့ ဘယ်ကနေညာကို အစီအစဉ်နဲ့
      ရိုက်ရတာဆိုတော့ ြ- ပြီးမ မ ကိုရေးရတယ်.. ဒါလွယ်သေးတာနော.. စိုင်းစိုင်းဖမ်းကိုင် ရဲ့ စိုင်း ကို
      စ- – ိ -ု င- – ် စိုင်း (၁) pdkif; တဲ့လူရှိမှာဖြစ်သလို
      စ- – ု – ိ င -် စိုင်း(၂) pkdif; ရှိမာမို့ …
      Search engine နဲ့ရှာလိုက်တဲ့အခါ စာလုံးပေါင်းက ၁- က သပ်သပ် ၂ က သက်သက်ဖြစ်သွားတော့
      ခြားနားတဲ့စာလုံးတွေ အနေနဲ့ မှတ်ယူရှာဖွေပေးတော့တယ်… သည်တော့ စိုင်းစိုင်းဖမ်းကိုင် ကပဲ ၂ယောက်
      ဖြစ်နေသလို ..သည်တော့ စနစ်မကျဘူး ရှာမရဘူး ဆိုတာ အဲ့သည့်မှာစတယ်..
      နောက်ထပ် ဖြစ်နိုင်သေးတာက ြ- ကိစ္စ ပြီ ဆိုတဲ့စာလုံးအတွက် ြ- ပ – -ီ ဆိုတဲ့ ြ- နဲ့ ခြားနားတဲ့ ရရစ်
      ကိုသုံးတယ် စာလုံးရေ ၂လုံးစာ စပေ့စားတဲ့ ကကြီး ၊ သ။တ တို့အတွက်လည်း ြ – ြ – ခြားနားတဲ့
      ရရစ်တွေ ရှိနေပြန်သေးတယ်. .တကယ်က ရရစ် ဆိုတာ တခုပဲ ရှိတမဟုတ်လား ..ဒါဆို ယပင့်လည်း အတူတူပဲ
      -ု ု -ူ -ူ စတာတွေရောပေါ့ . ဒါဟာ Unicode မပေါ်ခင် စာပေါ်ယုံလောက် လုပ်ထားရတဲ့ စနစ်ရဲ့ အားနည်းချက်တွေပေါ့
      သည်တော့ ဒါတွေကျော်ဖြတ်ဖို့ Unicode ကို သွားကိုသွားကြရမှာပါ။ ဇော်ဂျီကို ဆက်လက်ဖက်တွယ်ထားလို့ မဖြစ်တဲ့
      အကြောင်းပေါ့။ ကျနော်တို့ အင်းဝကနေ ဇော်ဂျီပေါ် ပျော်ပျော်ကြီး ခုန်ဆင်းခဲ့သလို ကျေးဇူးပါဇော်ဂျီ ဆိုပြီး
      ကားပြောင်းစီးသလို Unicode ပေါ်ပြောင်းစီးကြရမှာဖြစ်ပါတယ်။

      အပြောင်းအလဲ ကိုစရင်တော့ နာကျင်ခက်ခဲမှု တွေ စကြုံလာမှာ အမှန်ပါပဲ … Revolution လုပ်ယူရမယ့်
      ရှေ့လူတွေ ဒုက္ခခံသုံး အကျအပေါက်တွေ ထောက်ပြ ရင်း developers တွေကလည်း ပိုကောင်းတာတွေ
      တည်ဆောက်ယူလာရင်းနဲ့ ပဲ သွားကြရမှာဖြစ်ပါတယ်။

      http://en.wikipedia.org/wiki/File:Diffusion_of_ideas.svg

      Innovators 2.5%
      Early Adopters 13.5%
      Early Majority 34%
      Late Majority 34%
      Laggards 16%
      တဲ့ …
      Innovators ထဲမပါရင်တောင်မှ Early Adopters ထဲ ပါချင်ရဲ့ဗျို့…

      • တိမ်မည်း

        April 23, 2013 at 5:34 pm

        ဗယာကြော်ပါ… ဆြာဂီ….
        တကယ်တမ်းတော့ အဲ့ပြသာနာက လွယ်မလိုလိုနဲ ့ရှုပ်နေတဲ့ပြသာနာပါ…..
        ကျုပ်ကလည်း Font ရေးဖူးသူမဟုတ်လေတော့ ဘာဖြစ်လို ့များ အဲ့လို အရှုပ်ဇယားတွေဖြစ်သွားတယ်ဆိုတာ နားမလည်တာအမှန်……
        -. -့ -့ ဇော်ဂျီမှာ အောက်ကမြင် သုံးခုရှိလေရဲ့…. Unicode မှာတော့ တခုတည်းရှိတယ်လို ့ပြောလေရဲ့…… အသေအချာတော့ စမ်းကြည့်ရသေးဖူးရယ်….
        ရိုက်ရတာ လက်ပေါက်ကပ်လို ့…. :mrgreen:
        ပီးတော့ အခုထိ မရှင်းသေးတာက ဝလုံးနဲ ့ သုည ကိစ္စ အင်္ဂလိပ် က ဇီးရိုးနဲ ့ အိုလို အပိန်အဖောင်း မရှိလေတော့ အက္ခရာ စဉ်ရင် ဘယ်လိုများ လုပ်ကြမယ် မသိ…….
        ဒီကြားထဲ HTC က လက်ကွက် တမျိုးနဲ ့ထွင်တာတွေလိုက်လေရဲ့……
        နဲနဲတောင် မူးချင်လာပီ….. လူက သထိန်း မဟုတ်လေတော့ HTC ကိုတော့ စမ်းကြည့်ရသေးဖူးရယ်….. စမ်းကြည့်ဖူးသူများ မန် ့ကြပါအုံး……
        ခေတ်အဆက်ဆက်ကလည်း နှစ် နှစ်ဆယ်လုံးလုံး လူကြီး တွေက အိုင်တီကို နားမလည်တာနဲ ့ ချောင်ထိုးထားတာ သိပ်များတယ်ကွယ်…..
        အခုထိ အိုင်တီဆို ငအ ဆိုပီး လှောင်ဖို ့ပဲ စဉ်းစားနေကြသူက ဒုနဲ ့ဒေး…….
        Programmer နဲ ့ Hardware Technician တောင် မခွဲတက်……
        Hardware Technician ကို မီးဆင်တက်ရမယ်လို ့ပြောလိုပြော…..
        အနိစ္စ… ငါလည်း စကားတွေချော်ကုန်ပါပီလေ….. 🙁
        လိုရင်းက ဒီကိစ္စ ဟာဖြင့် လွတ်တော်ထဲမှာ အရေးကြီး ကိစ္စ အနေနဲ ့ နိုင်ငံတော်အဆင့် စနစ် သတ်မှတ်ပေးရမှာပါ…. (ဒီထက်အရေးကြီးကိစ္စတွေတော့ ရှိမှာပါ… ကျုပ်ကတော့ ကျုပ်အမြင်မှာ ဒီကစ္စဟာ အရေးကြီးတယ်လို ့မြင်ပါတယ်…. ဒါတွေ အဆင်ပြေမှာ… ရှိသမျှ ဒေတာတွေ အားလုံးက တသက်မှတ်တည်း တဖောင့်တည်းနဲ ့ တပြေးညီဖြစ်မှာလေ….)
        ကျုပ်ကတော့ မခံနိုင်လွန်းလို ့သာ ပြောရတာ… ရင်ထဲမှာတော့ ချိဖူးရယ်……
        အိုင်တီသမားဆိုတာ ဖိနှိပ်ခံ လူတန်းစားလေးတွေပါဂျာ……
        🙁

        • လူခါး

          April 23, 2013 at 5:46 pm

          လွှတ်တော်ထဲ … လောက်ထိတော့ မရောက်ပါနဲ့တော့။ facebook မှာလည်း myanmar version ကို unicode နဲ့ လုပ်ဖို့ ပြင်ဆင်နေကြလေရဲ့။ လုပ်ပြီးသွားရင်တော့ တစ်မျိုး တစ်ဖုံ ပြောင်းသွားမယ်ထင်တာပဲ … 🙂

        • S@i S@i Fin K@i

          April 24, 2013 at 7:25 am

          ဟောဒါက သုံည “၀”
          အလုံးရဲ့ အပေါ်နဲ့အောက်မှာ အပေါက်ကလေးတွေပါတယ်ခည..
          ဂဏန်း တွေရဲ့ Zero “0” ကိုရိုက်ရင်ထွက်လာတဲ့ကောင်ပါ
          ဒါကတော့ ဝလုံး ဖြစ်ပါတယ် “ဝ” Shift + , ပါ
          သူကတော့အပေါက်တွေ မပါပါဘု ..

          သို့သော်ကျနော်အပါအဝင်လူအတော်များများ သုံညကို ဝလုံးအနေနဲ့ ရိုက်နေကြတာရယ်..
          အလွယ်လိုက်တာဆိုပါတော့ …(တချို့ဆို သိတောင်မသိသေးဘု)
          သည်တော့ Search engine တိုင်ပတ်တာ သိပ်မဆန်း …
          အဲ … ဈ (Shift + .) ရှိပေမယ့် အလွယ်ပဲ စလုံး ကို -ျ တပ်ပြီး ဈ လုပ်ကြတာလည်း
          မနည်းဘု။ ထားပါတော့ဗျာ စာလုံးပေါင်းအကြောင်း။
          ဖောင့်အကြောင်းလဲ မပြောချင်တော့ဘာဘု .. သိတဲ့အတိုင်း သူတို့တွေကြားမှာလဲ ..အဲအဲ..
          (သား ဘာမှ မသိဘာဘု..)

          ထားပါတော့ ပြောချင်တာ HTC အကြောင်း … ။ အဲ့သည့်အရွယ် တက္ကနစ်ကယ်လ် ဂျိုင်းယန့်အတွက်တော့
          စာလုံးပုံစံသစ်တခု ချပြဖို့ R & D လုပ်ရတာ သိပ် ဝန်မကြီးဘူး လို့ ယူဆမိပါရဲ့ ..။
          အထက်မှာ ကျုပ်ပြောခဲ့သလို အနောက်ကလာတဲ့ တခြားဘာသာတွေလို သရနဲ့ ဗျည်းသက်သက်
          ပေးစားလိုက်ရုံနဲ့ စာလုံးထွက်ကျတာမဟုတ် ..ပင့်-ရစ်-ဆွဲ-ထိုး တွေပါပေါင်းစပ်မှ စာလုံးဖြစ်တဲ့
          ဘာသာဖြစ်နေလေတော့ (စာချင်းအမျိုးတော်တဲ့ ယပက်လက်တွေ ခမာတွေ ဘယ်စနစ်သုံးတယ် ဘယ်လို သွားတယ်ဆိုတာ)
          ဒီဆြာဒွေ ပိုသိပါတယ်ဗျာ… အဲ့ဒီလမ်းတွေ လိုက်ရမယ် ဆိုတာ … အဲ့ဒီတွေမှာလည်း လုပ်စားခဲ့ပီးမင့် ..ဥစ္စာ..
          ကိုယ်ပိုင်အမြင်ပြောရရင်တော့ ..အဲ့သလို Lead မလုပ်ပေးဘဲ ရှိတဲ့ဟာ (စနစ်မကျသေးတာ) ကိုပဲ
          မြင်ရအောင် သုံးရအောင် လုပ်ပြီး ဖုန်းထုတ်ရောင်းတာကိုတော့ဖြင့် ..အနည်းငယ် ရေတိုဆန်လွန်းသော
          မဟာဗျူဟာ .. အလောတကြီး နေရာဦးဝင်ရောက်မှု လို့သာ မြင်ကြောင်းပါ…။
          (နောက်ကွယ်မှာတော့ R&D လုပ်နေ ချင်လုပ်နေမပေါ့လေ..) သို့သော် ထွက်မလာမချင်း HTC
          ယောင်လို့တောင် မဝယ်ဘု။

          ဒါဗျဲ။

          :byae:

      • Mr. MarGa

        April 23, 2013 at 6:01 pm

        နည်းနည်း သိသလောက် ပွားရရင်
        လက်ရှိ ယူနီကုတ်ကို လက်တွန့်နေတဲ့ အကြောင်းရင်းကတော့ ပထမ လက်ပေါက်ကပ်လို့
        နောက်ပြီး မူကွဲတွေ များနေလို့
        ယူနီကုတ်အတွက် အနိမ့်ဆုံး လက်ကွက်ပုံစံတောင်မှ သူတစ်မျိုး ငါတစ်ဖုံ ကွဲနေကြတယ်။
        ယူနီကုတ်ကို ပြောရင်း သူ့ထက် နည်းနည်း ပိုကျယ်တဲ့ nlp(natural language processing) ကို ပြောချင်မိတယ်
        ယူနီကုတ်ဖောင့်၊ လက်ကွက်ဆိုတာက သူ့ရဲ့ အစိတ်အပိုင်း တစ်ခုသာရယ်……………..
        သို့သော် အဲဒီ nlp project ကိုတောင် ဝန်ကြီးဌာနတွေကော ပြင်ပက လူတွေကော လုပ်နေကြတယ်
        မပေါင်းမိကြဘူး
        ဆိုတော့ ထွက်လာရင်လဲ မူကွဲတွေ ပါလာဦးမယ့်သဘောရှိတယ်။
        ဘာနဲ့ သွားတူသလဲဆိုတော့ မြန်မာပြည်ကို နယ်ချဲ့တွေသိမ်းတော့ အသီးသီး ထ တော်လှန်ကြသလို
        ပေါင်းစည်းမှု လိုနေတယ်လို့ မြင်တယ်ဗျ။
        သိပ်မတတ်လို့ သိပ်မပြောတော့ပါဘူးရယ်……………………

    • လူခါး

      April 23, 2013 at 4:07 pm

      Unicode က တစ်ကယ်လည်း မဖြစ်မနေ သုံးသင့်ပါတယ်။ ဇော်ဂျီထက်စာရင် အားသာချက် အများကြီးရှိလို့ပါ။ ဒါပေမယ့် အခုထိ မတွင်ကျယ်သေးတာက ဇော်ဂျီက အရင်ရောက်နှင့်နေတာက တစ်ကြောင်း၊ အားနည်းချက်တွေရှိနေပြီးတော့ ရှိနေတဲ့ အားနည်းချက်တွေက user တွေ ကြောက်ရွံ့တဲ့ အားနည်းချက်တွေ ဖြစ်နေတာ တို့ကြောင့် ဖြစ်ပါတယ်။ Google ကတော့ ဘာကြီးနဲ့ပဲ ရိုက်ထား ရိုက်ထား သူ့ index ထဲမှာ ရှိရင်တော့ ရှာပေးမှာဖြစ်ပါတယ်။ အဲဒီနေရာမှာ ဇော်ဂျီနဲ့ unicode နဲ့ ကွာသွားတဲ့အချက်လည်းဖြစ်၊ unicode က အားသာတဲ့အချက်လည်း ဖြစ်တာကတော့ ဇော်ဂျီနဲ့က စာလုံးရှေ့နောက် လွဲရင် result က မထွက်လာတတ်ပါဘူး။ unicode ကျတော့ ရှေ့နောက်လွဲလည်း အနီးစပ်ဆုံး result ထွက်လာပါတယ်။ အဲလို ဘာလို့ဖြစ်ရလဲဆိုတော့ unicode ကို google က သိပြီးတော့ ဖတ်တတ်တဲ့အတွက်ကြောင့် ရှေ့နောက်လွဲလို့ရပါတယ်။ zawgyi ကတော့ unicode မဟုတ်လို့ google က မသိပါဘူး။ ဒါပေမယ့် လူတွေလိုပဲ ကျွန်တော်တို့ တရုတ်စာ မတတ်ရင်တောင် စာလုံး တစ်လုံးနဲ့ တစ်လုံး တူမတူတော့ ခွဲတတ်ပါတယ်။ google ကလည်း zawgyi ကို မသိပေမယ့် တူတာရှာပြီးတော့ result ချပေးတာဖြစ်ပါတယ်။ ဒါကြောင့် သူက ရှေ့နောက် လွဲလို့မရတာဖြစ်ပါတယ်။ နောက်တစ်ခုက ကိုမိုးညို၊ အဲ … ကို တိမ်မည်း ရှာထားတဲ့ special search command ဖြစ်တဲ့ site: ဆိုတာက အဲဒီ website မှာရှိပြီး google က index လုပ်ထားတဲ့ စာမျက်နှာတွေကို ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခြားဟာနဲ့ တွဲရှာလို့ မရပါဘူး။ “အကြံပေးစာ myanmargazette.net” သို့မဟုတ် “အကြံပေးစာ mandalaygazette” လို့ရှာကြည့်ပါ။

      Google search features တွေကို သိချင်သေးတယ်ဆိုရင်တော့ google search features မှာ ဝင်ကြည့်လို့ရပါတယ်။

      • kai

        April 23, 2013 at 4:19 pm

        ဇော်ဂျီက Adobe InDesign မှာအလုပ်လုပ်ပေမယ့်.. ယူနီကုဒ်က မလုပ်ဖူးဗျ..
        အဲဒါလေးတခု..ထစ်နေတယ်လို့.. ယူနီကုဒ်သမားတွေ ကြုံရင်ပြောပေးဗျာ..

        • လူခါး

          April 23, 2013 at 4:22 pm

          ဇော်ဂျီက pagemaker 7.0 မှာလားမသိဘူး အလုပ်မလုပ်ဘူးဗျ၊ unicode အလုပ်မလုပ်ဘူးဆိုတော့ font က အလုပ်မလုပ်တာဖြစ်ပါလိမ့်မယ်။ unicode ကတော့ အလုပ်လုပ်ပါမယ်။ ဘယ် unicode သုံးတာလဲဗျ (မြန်မာ unicode font တစ်ခုတည်း မရှိတာကလည်း အားနည်းချက် တစ်ခုပါပဲ)။ unicode ပြောင်းသုံးကြည့်ပါ။ အဆင်ပြေမယ်ထင်ပါတယ်။

        • ခု လောလောဆယ် အထိတော့ ..
          ယူနီကုတ် ဆိုပြီး သုံးနှုန်းနေကြပေမယ့် ..
          ယူနီကုတ် စံနှုန်းနဲ့ ညီတဲ့ ဖောင့် မရှိသေးပါဘူး …

          ပြီးတော့လည်း ယူနီကုတ် က Adobe အုပ်စုမှာ အလုပ်မလုပ်ဘူးလို့ ဆိုပါတယ် …

        • လူခါး

          April 23, 2013 at 4:34 pm

          ဟုတ်လား … ကျွန်တော်တော့ သိပ်မသိဘူးရယ် … :harr:

        • kai

          April 23, 2013 at 4:36 pm

          အဲဒါ.. ယူအက်စ်ရောက်နေတဲ့.. ယူနီကုဒ်သမားတယောက်က.. အဒိုဘီကိုမေးဖူးတယ်တဲ့..
          အဒိုဘီက.. မြန်မာပြည်ထဲက..သူ့ပစ္စည်းဝယ်ထားသူစာရင်းမရှိတာမို့.. ပြင်ပေးဖို့စိတ်မဝင်စားဘူးတဲ့လေ…

          ကျုပ်သုံးတာ.. စီအက်စ်၅ပါ..
          ဇော်ဂျီက အလုပ်ကောင်းကောက်းလုပ်ပါတယ်..

        • လူခါး

          April 23, 2013 at 4:40 pm

          အင်း … ကျွန်တော်ကတော့ ဇော်ဂျီကို နှမြောသဗျာ၊ သိပ်မကြာခင်အချိန်မှာ စွန့်လွှတ်ရတော့မယ်လေ။ google ကလည်း unicode support ပေးလိုက်ပြီ။ facebook ကလည်း support ပေးနိုင်ဖို့ ဒီကလူတွေလုပ်နေကြပီ။ ဇော်ဂျီသာ အစကတည်းက prototype သေသေချာချာလုပ်ခဲ့မယ်ဆိုရင် ဇော်ဂျီကိုယ်တိုင်လည်း နေရာဖယ်ပေးရမှာမဟုတ်ဘူး။

        • ကိုလူခါး က ကျုပ်ကို လှောင်ပြီ …
          အဟဲ …
          တားလည်း အိုက်ဒါ ရမ်းတုတ်ထားဒါ ..
          ဂယ်မှတ်ဂျနဲ့ .. ဟီးး :mrgreen:

        • လူခါး

          April 23, 2013 at 4:44 pm

          မလှောင်ရပါဘူးဗျာ .. လွှတ်ပေးထား .. အဲ အတည်ပြောတာပါ … :kwi:

        • S@i S@i Fin K@i

          April 24, 2013 at 7:31 am

          အာဟိ…
          ကျုပ်တို့ဖြင့် ဖောင့်ပါတဲ့ အချပ်တွေတိုင်းကို .jpg, .pdf .png ချည်း ခုတ်ပြီး
          စိတ်ကြိုက် စီတာရယ်..ကြိုက်တဲ့ဖောင့်နဲ့ ရိုက်ထား ..အေးချေး..
          အဲ ..မအေးချေးတာက အောက်ဆုံးက ကော်ပီရိုက် ၂၀၁၂© ဘလားဘလား ဆိုတဲ့
          နေရာမှာ …
          ဂိန် ဂိန်… နှစ်တိုင်း နှစ်သစ်ရောက်ရင် တခြားဟာအကုန်ရပ် ..အနှီ နေရာထိုင်ပြင်နေရတယ်။

    • ဖော့(စ)ထရော့ချာလီ

      April 24, 2013 at 11:38 am

      ဖက်ကက်ကိုတော့ မတပါနဲ့ဗျာ… အနှီကိစ္စမှာ… ယူနီကုတ်အကြောင်းမသိလို့ပါ…
      သို့ပေမယ့်…
      ကျွန်တော့်အမြင်မှာတော့…
      ငယ်ငယ်တုန်းက Macromedia ကထုတ်တဲ့ Fontographer ဆိုတဲ့ Software ကိုသုံးပြီး
      ကိုယ်ပိုင် Fonts တွေရေးခဲ့ဖူးပါတယ်…
      အဲဒီအတွေ့အကြုံအရပြောရရင်… တစ်ချောင်းငင်က အရှည်အတိုနှစ်မျိုးဖြစ်နေတာရယ်…
      ရရစ် အကြီးအသေး၊ အတိုအပြတ် အဲဒါတွေမှာပြသနာတွေရှိမယ်လို့ထင်တယ်ဗျာ…
      အဓိပ္ပာယ်တူပြီးတော့ ပုံစံကွဲနေတာတွေက ပြသနာဖြစ်မယ်ထင်တာပဲ…
      သေချာတော့နားမလည်ပါ…
      နောက်တစ်ခုက မြန်မာပြည်မှာ ပြီးပြည့်စုံတဲ့ Unicode တော့ Standard အနေနဲ့ရှိသင့်ပါပြီ…
      တကယ်လို့ Standard အနေနဲ့ရှိလာတဲ့အချိန်မှာ… Zawgyi ကို စွန့်လွှတ်ဖို့ ဝန်မလေးသလို…
      အသစ်ပြောင်းသုံးဖို့လဲ ဝန်မလေးပါဘူး…
      ပြီးပြည့်စုံဖို့ပဲလိုတာပါ…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • MaMa

    April 23, 2013 at 3:50 pm

    ဒီလိုပဲ တစ်ယောက်တစ်လက် တတတ်တအားနဲ့ဆိုရင် ရွာထဲမှာ အစစအရာရာ ပိုမိုပြည့်စုံကောင်းမွန်လာမှာမို့ …….
    ကိုယ်တတ်ကျွမ်းတဲ့ဘက်ကနေ အကြံပေးတာ ကောင်းပါတယ်။
    ကြိုဆိုပါတယ် လူခါးရေ။ :hee:

  • အရီးခင်လတ်

    April 23, 2013 at 5:00 pm

    ရွာထဲ ကို ဝင်ရတာ သာမာန် Site တွေထက် ပိုကြာတာကို ဖြေရှင်း လိုက်နိုင်ရင် အင်အားပိုပိုပြီး များလာမယ် ထင်တာပါဘဲ။
    Connection အရမ်းကောင်းတဲ့ နေရာကတောင် အချိန်နဲနဲ စောင့်နေရတာမို့ မြန်မာပြည်က နေ ဝင်လာရသူတွေကို တကယ်ဘဲ ချီးကျူးပါတယ်။
    ရွာအပေါ်ထားတဲ့ သံယောဇဉ်ကို လဲ တကယ်လေးစားပါတယ်။
    အဓိက မှတ်ချက်တွေ Submit လုပ်ရင် စောင့်ရတာ။

Leave a Reply